iMyanmarHouse.com - Best Property Website for Myanmar
×

ကမာၻေပၚရွိ အျမင့္ဆံုး ဘုရားေစတီမွာ ၃၂၆-ေပ ရွိေသာ ေရႊတိဂံု ေစတီေတာ္ပင္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ရွိ သိဂၤုတၱရ ကုန္းေတာ္ေပၚတြင္ တည္ရွိသည္။ ေလးဆူဓာတ္ပံု ေရႊတိဂံု ဟုလည္း ေခၚတြင္သည္။ ေစတီအစ ေရႊတိဂံုက ဟုဆိုၾကသည္။ တည္ေနရာ..... ရန္ကုန္ၿမိဳ႕သိဂၤုတၱရ ကုန္းေတာ္ ဉာဏ္ေတာ္.......ဖိနပ္ေတာ္မွ စိန္ဖူးေတာ္ထိ                      (၃၂၆) ေပ ေက်ာ္ၾကားမႈ.......အေစာဆံုး ေစတီေတာ္ႀကီး           ...
ကမာၻေပၚရွိ အျမင့္ဆံုး ဘုရားေစတီမွာ ၃၂၆-ေပ ရွိေသာ ေရႊတိဂံု ေစတီေတာ္ပင္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ရွိ သိဂၤုတၱရ ကုန္းေတာ္ေပၚတြင္ တည္ရွိသည္။ ေလးဆူဓာတ္ပံု ေရႊတိဂံု ဟုလည္း ေခၚတြင္သည္။ ေစတီအစ ေရႊတိဂံုက ဟုဆိုၾကသည္။

တည္ေနရာ..... ရန္ကုန္ၿမိဳ႕သိဂၤုတၱရ ကုန္းေတာ္
ဉာဏ္ေတာ္.......ဖိနပ္ေတာ္မွ စိန္ဖူးေတာ္ထိ
                      (၃၂၆) ေပ
ေက်ာ္ၾကားမႈ.......အေစာဆံုး ေစတီေတာ္ႀကီး
                       (ကမာၻ႕အံ့ဘြယ္)

အမည္ေခၚတြင္ပံု

ရန္ကုန္တုိင္းကုိ မြန္လူမ်ဳိးတုိ႔သည္ ဒဂုံတုိင္းဟု သမုတ္ခဲ့ၾကသည္။ ဒဂုံတုိင္းမွာ တည္ထားေသာ ဘုရားျဖစ္သည့္ အတြက္ေၾကာင့္ ဒဂုံတုိင္းကဘုရားဟု ေခၚေ၀ၚေျပာဆုိခဲ့ၾကသည္။ မြန္ဘာသာျဖင့္ က်ာ္လဂုင္ ဟုေရးသားျပီး က်ဳိက္လဂုံဟုအသံထြက္ဆုိခဲ့ၾကသည္။ တတိယျမန္မာနုိင္ငံကုိ တည္ေထာင္ခဲ႔ေသာ အေလာင္းမင္းတရားၾကီးလက္ထက္တြင္ မြန္တုိ႔ကုိ တုိက္ခုိက္ေအာင္ျမင္ျပီးေနာက္ ဒဂုံကုိ ရန္ကုန္ဟု အမည္နာမ ေျပာင္းလည္ခဲ႔သည္။ က်ဳိက္လဂုံကုိ က်ဳိက္ဒဂုံ ဟု ေခၚဆုိၾကသည္။ ေနာက္ပုိင္းတြင္ က်ဳိက္လဂုံ(သုိ႔) က်ဳိက္ဒဂုံသည္ ျမန္မာျပည္၏ မူပုိင္သေကၤတ အျဖစ္ေက်ာ္ၾကားလာခဲ့သည္။ မူပုိင္က်ဳိက္ဆုိေသာ စကားလုံးေနရာတြင္ ေရႊနုိင္ငံ(Golden land)ကုိ ကုိယ္စားျပဳေသာ ေရႊ ဆုိေသာ စကားလုံးျဖင့္ အစားထုိးခဲ့ၾကသည္။ ထုိ႔အတူ လဂုံ လုိလုိ ဒဂုံ လုိလုိ ျဖစ္ေနေသာစကားလုံးကုိလည္း တိဂုံ ျဖင့္ အတည္ျပဳေပးလုိက္ၾကသည္။ ထိုအခ်ိန္မွစ၍ က်ဳိက္လဂုံ သည္ ျမန္မာျပည္တြင္မွာ သာမက ကမာၻ ႔ တ၀ွမ္းမွာ ေရႊတိဂုံ ဟူေသာ အမည္နာမျဖင့္ ေခၚေ၀ၚခဲ့ၾကသည္။

သမိုင္းေၾကာင္း

သဗၺညဳ ျမတ္စြာဘုရားရွင္သည္ ေဗာဓိပင္ရင္း သတ္ၱဌာန၌ (၇)ရက္စီ အလွည့္က်စံေတာ္မူၿပီး (၄၅)ရက္ သီတင္းသုံး ေနေတာ္မူ ခဲ့သည္။ ဤသို႔ ေနေတာ္မူ (၄)ရက္ျပည့္ေျမာက္ၿပီး ေနာက္ တစ္ေန႔၌ ""ရာပဒတန္သတ္ၱဟ"" ျဖစ္သည့္ လင္းလြန္းပင္ရင္း၌ သီတင္းသုံး စံေတာ္မူစဥ္ကာလ။

ကုန္သည္ညီေနာင္

ထိုစဥ္ကာလ၌ မြန္တုိ႔ဌာေန၊ ဥကၠလာပမင္းႀကီး၏ ႏိုင္ငံေတာ္တြင္ ပါ၀င္ေသာ အသိၪၥနၿမိဳ႕၌ သု၀ဏၰအမည္ရွိေသာ သူေဌးႀကီးတစ္ဦးရွိေလသည္။ ထိုသူေဌးႀကီးတြင္ တပုႆႏွင့္ ဘလႅိက ဟူေသာ သားႏွစ္ေယာက္ရွိသည္။ ၎တို႔သည္ ကုန္သည္မ်ား ျဖစ္ၾကသည္။ ၎ကုန္သည္ ညီေနာင္တို႔သည္ ကုန္မ်ားကို သေဘၤာျဖင့္ တင္ေဆာင္ကာ မဇ်ၥိမေဒသသို႔ ကုန္ေရာင္းသြားၾကသည္။ မဇ်ၥိမေဒသပင္လယ္ဆိပ္ကမ္းသို႔ ေရာက္ေသာအခါ သေဘၤာကို ဆိုက္ကပ္ေက်ာက္ခ်၍ ကုန္မ်ားကို လည္းအစီးေပါင္း (၅၀၀)ေပၚသို႔ တင္ေဆာင္ကာ မဇ်ၥိမေဒသ၌ လွည့္လည္ေရာင္းခ်ၾကသည္။ တဖုႆ ဘလ္ႅိက ကုန္သည္ညီေနာင္အဖြဲ႕သည္ ေဗာဓိပင္အနီးသို႔ ေရာက္ရွိ လာခဲ့ၾက၏။ ကုန္သည္တို႔ မဟာေဗာဓိပင္ အနီးသို႔ေရာက္ၿပီး တစ္ေန႔ သို႔မဟုတ္ တစ္ည၌ ႐ုက္ၡစိုးနတ္သည္ ကုန္သည္ညီေနာင္အား ကိုယ္ထင္ျပခဲ့၏။ ကုန္သည္ညီေနာင္တို႔သည္ ႐ုက္ၡစိုးနတ္အား ျမင္လွ်င္ အံ့ၾသသြားၾက၏။ အသင္မည္သူနည္း ဟုေမး၏။

႐ုက္ၡစိုးနတ္က .`အေမာင္တို႔ နားေထာင္ေလာ့ ကၽြႏ္ုပ္က တျခားမဟုတ္၊ ကၽြႏ္ုပ္သည္ ဟိုးဘ၀က အေမာင္တို႔ႏွင့္ ေဆြမ်ဳိးေတာ္စပ္ခဲ့သူမ်ား ျဖစ္ၿပီး၊ ကၽြႏ္ုပ္သည္ ဟိုးေရွးဘ၀က ေကာင္းမႈေကာင္းက်ဳိးမ်ား ျပဳခဲ့သူ ျဖစ္သျဖင့္ ယခုဘ၀တြင္ ႐ုက္ၡစိုးနတ္ျဖစ္ခဲ့သည္။ အေမာင္တို႔ ယခု သင္တို႔ထံသို႔ ေရာက္ခဲ့သည္မွာ သင္တို႔ႏွင့္ကၽြႏ္ုပ္သည္ ယခင္ ဘ၀ေဆြမ်ဳိးေတာ္စပ္ဖူးသူ ျဖစ္သျဖင့္ သင္တို႔အား အက်ဳိးျပဳရန္ ဤသို႔ ကိုယ္ထင္ျပရျခင္းျဖစ္သည္ အေမာင္တို႔´ဟုေျပာသည္။ ကုန္သည္ညီေနာင္က `အသင္က မည္သို႔ အက်ဳိးျပဳဖို႔လာသနည္း´ဟု ႐ုကၡစိုးနတ္ကို ေမး၏။ ထိုအခါ ႐ုက္ၡစိုးနတ္က`နားေထာင္ေလာ့ အေမာင္တို႔ ကၽြႏ္ုပ္သင္တို႔အား အက်ဳိးျပဳသည္ဆိုသည္မွာ အျခားမဟုတ္ပါ။ ေျပာရလွ်င္ အေမာင္တို႔ ေရာက္ရွိေနသည့္ မဇၩိမေဒသတြင္ သုံးေလာကထြဋ္ထား ရွင္ေတာ္ျမတ္ဘုရားဟာ ပြင့္ေတာ္မူၿပီး လင္းလြန္းပင္ေျခရင္းမွာ သီတင္းသုံး စံေတာ္မူေနတာမို႔ အေမာင္တို႔ သြားေရာက္ ပူေဇာ္ေလာ့ တိုက္တြန္းလမ္းညႊန္လိုတယ္ အေမာင္တို႔´ဟုဆိုလွ်င္ တဖုႆႏွင့္ ဘလ္ႅိက ကုန္သည္ညီေနာင္တို႔ အလြန္တရာ ၀မ္းေျမာက္ၾကည္ႏူးသြားၾက၏။ ခ်က္ျခင္းပင္ "ဒါဆို ကၽြႏ္ုပ္အား လမ္းညႊန္ျပပါ ႐ုကၡစိုးနတ္" ဟုေျပာ၏။ "ေကာင္းၿပီ ၊ အေမာင္တို႔၊"ထို႔ေနာက္ ႐ုက္ၡစိုးနတ္သည္ တဖုႆႏွင့္ ဘလ္ႅိက ကုန္သည္ညီေနာင္တို႔အား ဘုရားရွင္ သီတင္း သုံးရာ လင္းလြန္းပင္အား လမ္းညႊန္ျပခဲ့၏။ သည္အခါ ကုန္သည္ ညီေနာင္တို႔သည္ သဒၵါပီတိအျပည့္ႏွင့္ ဘုရားရွင္ သီတင္းသုံးရာ လင္းလြန္းပင္ရင္းသို႔ သြားၾက၏။ ျမတ္စြာဘုရားရွင္အား မုန္႔ႂကြပ္ေၾကာ္၊ ပ်ားမုန္႔ထုပ္ တို႔ႏွင့္ ဘုရားရွင္အား လွဴဒါန္းပူေဇာ္ျခင္းျပဳ၏။
ပထမဆုံး သရဏဂုံတည္သူ

ကုန္သည္ညီေနာင္တို႔ ျမတ္စြာဘုရားရွင္အား မုန္႔ႂကြပ္ ေၾကာ္၊ ပ်ားမုန္႔ထုပ္တို႔ႏွင့္ ပူေဇာ္သက္ၠာကျပဳ လွဴဒါန္းခဲ့သည္။ ဘုရားရွင္မွ ဤသို႔ လွဴဒါန္းပူေဇာ္ခဲ့သည့္အတြက္ ဗုဒ္ၶံသရဏံ ဂစၦာမိ၊ ဓမ္ၼံသရဏ ဂစၦာမိ ဟူသည့္ "ေဒြး၀ါဓိက" သရဏံဂုံ တည္ခဲ့ကုန္၏။ ထိုစဥ္က "ဘုရားရတနာ၊ တရားရတနာ" တည္းဟူသည့္ "ရတနာႏွစ္ပါး"သည္သာ ေပၚထြန္းခဲ့ၿပီး၊ သံဃာရတနာသည္ ေပၚေပါက္ခဲ့ျခင္းမရွိေသးေပ။ ထို႔ေၾကာင့္ လူသူအမ်ားသည္ ရတနာႏွစ္ပါးအားသာ ဆည္းကပ္ပူေဇာ္ေနၾကကုန္၏။ ဗုဒၶ၀င္သမိုင္းကို ျပန္ၾကည့္လွ်င္ ေဂါတမဘုရားရွင္ လက္ထက္၌ တဖုႆႏွင့္ ဘလ္ႅိက ကုန္သည္ညီေနာင္တို႔သည္ ထူးျခားစြာ ဘုရားရွင္အား ပထမဆုံး ဆြမ္းကပ္ရသူႏွင့္ ပထမဆုံး သရဏဂုံ တည္သူမ်ား ျဖစ္ခဲ့၏။

ဆံေတာ္ရွစ္ဆူ

ဘုရားရွင္အား ပူေဇာ္ခြင့္၊ ဆြမ္းကပ္ခြင့္ရခဲ့သည့္အတြက္ ပီတိျဖစ္ခဲ့ရသည္။ တဖုႆႏွင့္ ဘလ္ႅိက ကုန္သည္ညီေနာင္တို႔သည္ ဆြမ္းကပ္လွဴပူေဇာ္ၿပီးလွ်င္."အရွင္ဘုရား၊ တပည့္ေတာ္တို႔ အရွင္ျမတ္ဘုရားအား ထာ၀ရကိုးကြယ္ဆည္းကပ္ပူေဇာ္ႏိုင္ရန္ ဘုရားရွင္ကိုယ္စား ပူေဇာ္ရာ တစ္ခုအား ေပးသနားေတာ္ မူပါဘုရား" ဟုေလွ်ာက္ထား ေလ၏။ "ေကာင္းၿပီးခ်စ္သားတို႔" မိန္႔ေတာ္မူၿပီး သကာလ ဦးေခါင္းေတာ္အား သုံးသပ္ၿပီး ဆံေတာ္ျမတ္ (၈)ဆူအား ကုန္သည္ညီေနာင္တို႔ အားေပးသနားေတာ္မူရာ တဖုႆႏွင့္ ဘလ္ႅိက ကုန္သည္ ညီေနာင္တို႔သည္ ၀မ္းေျမာက္ပီတိ အျပည့္ႏွင့္ ဗုဒၶဘုရားရွင္၏ ဆံေတာ္(၈)ဆူအား သေဘၤာႏွင့္ပင့္ေဆာင္ကာ ဥကၠလာပတိုင္းျပည္ သို႔ ျပန္ခဲ့၏။ တဖုႆႏွင့္ ဘလိ္ႅက ကုန္သည္ညီေနာင္တို႔ ဘုရားရွင္၏ ဆံေတာ္(၈)ဆူအား ပင့္ေဆာင္ကာ ဥကၠလာပတိုင္းျပည္သို႔ ျပန္လာလွ်င္ ဥကၠလာပတိုင္း၏ ျပည့္ရွင္မင္းျမတ္ ဥက္ၠလာပမင္းႀကီး ႏွင့္တကြ ျပည္သူတို႔က ေသာင္းေသာင္းဖ်ဖ်ႀကိဳဆိုကာ ဖူးေမွ်ာ္ ၾကည္ညိဳၾက၏။

ေနာင္ေတာ္ႀကီးေစတီ
ထို႔အတူ ဆံေတာ္(၈)ဆူအား ေစတီေတာ္အျဖစ္ တည္ထား ကိုးကြယ္ရန္ ဆံုးျဖတ္ၾက၏။ ေစတီေတာ္အား "သိဂၤုတၱရကုန္းေတာ္" ၌ တည္ထားကိုးကြယ္ရန္ မင္းႏွင့္ျပည္သူတို႔က ဆံုးျဖတ္ၿပီး သိဂၤုတၱရ ကုန္းေတာ္သို႔ ပင့္ေဆာင္ခဲ့၏။ သိဂုၤတၱရကုန္းေတာ္ သို႔ေရာက္လွ်င္ ဗုဒ္ၶဘုရားရွင္၏ ဆံေတာ္(၈)ဆူအား ႀကီးက်ယ္ခန္းနားသည့္ စံေက်ာင္း၊ မ႑ာပ္ႀကီး ေဆာက္လုပ္၍ပူေဇာ္ခဲ့သည္။ ယင္းစံေက်ာင္း မ႑ာပ္ေနရာ၌ အထိမ္းအမွတ္ေစတီတစ္ဆူ တည္ထားခဲ့ၾက၏။ ထုိေစတီသည္ "ေနာင္ေတာ္ႀကီးေစတီ"ဟု အမည္တြင္၏။

ဌာပနာထားေသာ ဓာတ္ေတာ္ျမတ္ ၄-ပါး

ဥကၠလာပမင္းႀကီးတည္ထားကိုးကြယ္ေတာ္မူေသာ ေရႊတိဂံု ေစတီေတာ္ႀကီး၌ ဘုရား ၄-ဆူ၏ ဓာတ္ေတာ္ျမတ္ေလးဆူကို ဌာပနာထားသည္ဟု အဆိုရွိသည္။ ဗုဒၶျမတ္စြာတို႕၏ ဆံေတာ္ျမတ္၊ ဓာတ္ေတာ္ျမတ္တို႔အား ရန္သူတို႔ အလြယ္တကူ မဖ်က္ဆီးႏိုင္ရန္အတြက္ နတ္တို႔သည္ ဌာပနာ တုိက္ထည့္သြင္းတည္ရန္ ႀကံ႐ြယ္ၿပီး သိဂုၤတၱရကုန္းေတာ္ အလယ္တည့္တည့္၌ "ေဇာက္ ၄၀၄ေတာင္၊ အနံ ၄၄ ေတာင္ရွိသည့္ ဥမင္လိုဏ္ေခါင္းတစ္ခုတူးခဲ့၏။ ထိုဥမင္လိုဏ္ေခါင္းအတြင္း၌

၁...ဆူးေလနက္ႀကီးထံမွ ရရွိေသာ ကကုႆန္ျမတ္စြာဘုရားရွင္၏ ေတာင္ေ၀ွးေတာ္
၂..ေရာဟဏီမည္ေသာ ဗိုလ္တေထာင္နတ္ႀကီးထံမွ ရရွိသည့္ ေကာဂမန ျမတ္စြာဘုရားရွွင္၏ ေရစစ္ေတာ္
၃..ဒကၡိဏ မည္ေသာ သကၤန္းကြ်န္း က်ိဳကၠဆံ နတ္ႀကီးထံမွ ရရွိသည့္ ကႆပျမတ္စြာဘုရားရွင္၏ ေရသႏုပ္သကၤန္းေတာ္ျမတ္
၄..တဖုႆႏွင့္ ဘလႅိက ညီေနာင္တို႔ထံမွ ရရွိေသာ ေဂါတမျမတ္စြာဘုရားရွင္၏ ဆံေတာ္ျမတ္(၈)ဆူအား မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္၊ တေပါင္း လျပည့္ေန႔၌ ေက်ာက္ဖ်ာအခင္းအကာမ်ား ျပဳလုပ္၍ ဌာပနာတုိက္ ထည့္သြင္းေတာ္မူခဲ့သည္။ ထိုဆံေတာ္ဓာတ္တို႔ကို 'အၿမိႆရ' မည္ေသာ ေမွာ္ဘီနတ္ႀကီးက ေစာင့္ရသည္ဟု ေမာ္ေဓာ ရာဇာ၀င္သမိုင္းႏွင့္ ေရႊတိဂံုသမိုင္း၊ အျခား ပညာရွိတို႔ကဆိုၾကသည္။ ထုိ႔ေနာက္ ေက်ာက္ဖ်ာတိုက္၏ အထက္ ၌ ေက်ာက္ဖ်ာတင္၍ ဌာပနာတုိက္အား ပိတ္ခဲ့၏။

Credit: Forward
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။ တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော် ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ                      (၃၂၆) ပေ ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး           ...
ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။

တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ
                      (၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး
                       (ကမ္ဘာ့အံ့ဘွယ်)

အမည်ခေါ်တွင်ပုံ

ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့ တဝှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။

သမိုင်းကြောင်း

သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ""ရာပဒတန်သတ်္တဟ"" ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။

ကုန်သည်ညီနောင်

ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇျ္စိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇျ္စိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇျ္စိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။

ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘဝက အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘဝက ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘဝတွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘဝဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ဝမ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် "ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်" ဟုပြော၏။ "ကောင်းပြီ ၊ အမောင်တို့၊"ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
ပထမဆုံး သရဏဂုံတည်သူ

ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် "ဒွေးဝါဓိက" သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က "ဘုရားရတနာ၊ တရားရတနာ" တည်းဟူသည့် "ရတနာနှစ်ပါး"သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။

ဆံတော်ရှစ်ဆူ

ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်."အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား" ဟုလျှောက်ထား လေ၏။ "ကောင်းပြီးချစ်သားတို့" မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ဝမ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။

နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား "သိင်္ဂုတ္တရကုန်းတော်" ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုၤတ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် "နောင်တော်ကြီးစေတီ"ဟု အမည်တွင်၏။

ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး

ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုၤတ္တရကုန်းတော် အလယ်တည့်တည့်၌ "ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌

၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှှင်၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
၄..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

Credit: Forward

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top