iMyanmarHouse.com - Best Property Website for Myanmar
×

 အကယ္၍ ဆီးလမ္းေၾကာင္းေရာဂါမ်ား UTIS မၾကာခဏ ခံစားေနရသူျဖစ္ပါက Cranberry ဟုေခၚေသာ အနီေရာင္ဘယ္ရီသီး မ်ား စားေပးသင့္ေၾကာင္း ပညာရွင္မ်ားက အႀကံေပးထားသည္။

ဆီးလမ္းေၾကာင္းေရာဂါ ေရွ႕ေျပးလကၡဏာမ်ား ေလွ်ာ့ခ်ရာ တြင္ အနီေရာင္ဘယ္ရီသီးမ်ား စားေပးျခင္းမွာ အာဟာရဆိုင္ရာ နည္းလမ္းတစ္ရပ္ျဖစ္ႏိုင္ေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။

တစ္ေန႔လွ်င္ Cranberry သီးေဖ်ာ္ရည္ ၂၄၀ မီလီဂရမ္ေသာက္ သံုးေပးျခင္းျဖင့္ ဆီးလမ္းေၾကာင္းေရာဂါ ထပ္မံျဖစ္ပြားေနသည့္ အမ်ိဳးသမီးမ်ားတြင္ ယင္းေရာဂါ၏ ေရွ႕ေျပးအေျခအေနမ်ားကို ၄၀ ရာခိုင္ႏႈန္းခန္႔ ေလ်ာ့က်ေစႏိုင္ၿပီး ယင္းေရာဂါဒဏ္ကို ေလ်ာ့ပါးေစ ကာ ပဋိဇီ၀ေဆး၀ါးမ်ား အသံုးျပဳမႈပမာဏကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ ေၾကာင္း သုေတသီမ်ားက ေျပာသည္။

လက္ရွိတြင္ ဆီးလမ္းေၾကာင္းေရာဂါ လကၡဏာမ်ားကိုေလွ်ာ့ခ် ရန္ အဓိကနည္းလမ္းမွာ ယင္းေရာဂါကို ႏွိမ္နင္းမႈအတြက္ ျပင္းထန္ ေသာ ပဋိဇီ၀ေဆးမ်ားအသံုးျပဳေသာ နည္းလမ္းပင္ျဖစ္ၿပီးေဘးထြက္ ဆိုးက်ိဳးမ်ား၊ ပဋိဇီ၀မေဆး မတိုးေတာ့ေသာ အေျခအေန ျဖစ္ေပၚ လာႏိုင္သည့္ အႏၲရာယ္ရွိသည္ဟု ေဘာ္စတြန္တကၠသိုလ္မွ ကူးစက္ ေရာဂါဆိုင္ရာ ပါေမာကၡေဒါက္တာဂူပတာကေျပာၾကားသည္။

တစ္ေန႔လွ်င္ Cranberry သီးေဖ်ာ္ရည္ ၂၄၀ မီလီဂရမ္ေသာက္ ေပးျခင္းျဖင့္ ဆီးလမ္းေၾကာင္းေရာဂါ ေရွ႕ေျပးလကၡဏာမ်ားကို ေလ်ာ့က်ေစႏိုင္ၿပီး ပဋိဇီ၀ေဆး၀ါးမ်ား အသံုးျပဳျခင္းကိုလည္း ေရွာင္ လႊဲႏိုင္သည္ဟု ေလ့လာမႈက ေဖာ္ျပေၾကာင္း ေဒါက္တာဂူပတာက ေျပာသည္။

ယင္းကဲ့သို႔ ဘယ္ရီသီးမ်ား စားေပးျခင္းျဖင့္ ကမၻာတစ္၀န္း ပဋိဇီ၀ေဆး၀ါး အသံုးျပဳေနရမႈ ပမာဏကို ေလ်ာ့က်ေစႏိုင္ၿပီး ဆီး လမ္းေၾကာင္းေရာဂါ အႀကိမ္ႀကိမ္ခံစားေနရသည့္ အမ်ိဳးသမီးမ်ားအ တြက္ က်န္းမာေရးအရည္အေသြး သိသိသာသာ တိုးတက္လာေစႏိုင္မည္ဟု ယံုၾကည္ေၾကာင္း သုေတသီမ်ားကေျပာသည္။

ယခုေလ့လာမႈအတြင္း အားလံုးက်န္းမာသန္စြမ္းသည့္ ပ်မ္းမွ် အသက္(၄၀)အရြယ္ အမ်ိဳးသမီးမ်ားပါ၀င္ၿပီး တခ်ိဳ႕ကို ဘယ္ရီသီး ေဖ်ာ္ရည္တိုက္ကာ တခ်ိဳ႕ကို ဘယ္ရီသီးမပါေသာ ပံုစံတူ ေဖ်ာ္ရည္ တိုက္ေကြၽး၍ ေလ့လာျခင္းျဖစ္သည္။

ဘယ္ရီသီးေဖ်ာ္ရည္ ေသာက္သံုးေသာ အမ်ိဳးသမီးမ်ား၏ ဆီး လမ္းေၾကာင္း ေရာဂါျဖစ္ပြားမႈႏႈန္းသည္ အျခားအမ်ိဳးသမီးမ်ားထက္ မ်ားစြာ ပိုနည္းေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။

ယခုေလ့လာမႈကို Clinical Mutrition ဂ်ာနယ္တြင္ ေဖာ္ျပထား ၿပီး ဆီးလမ္းေၾကာင္းေရာဂါ ခံစားေနရသူ အမ်ိဳးသမီးမ်ားအေနျဖင့္ အာဟာရဆိုုင္ရာ ကုသနည္းတစ္ခုအျဖစ္ ဘယ္ရီသီးေဖ်ာ္ရည္ကို ယံုၾကည္စြာ ေသာက္သံုးႏိုင္သည္ဟု သုေတသီမ်ားကေျပာသည္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : 7day daily

#Unicode Version

 အကယ်၍ ဆီးလမ်းကြောင်းရောဂါများ UTIS မကြာခဏ ခံစားနေရသူဖြစ်ပါက Cranberry ဟုခေါ်သော အနီရောင်ဘယ်ရီသီး များ စားပေးသင့်ကြောင်း ပညာရှင်များက အကြံပေးထားသည်။

ဆီးလမ်းကြောင်းရောဂါ ရှေ့ပြေးလက္ခဏာများ လျှော့ချရာ တွင် အနီရောင်ဘယ်ရီသီးများ စားပေးခြင်းမှာ အာဟာရဆိုင်ရာ နည်းလမ်းတစ်ရပ်ဖြစ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

တစ်နေ့လျှင် Cranberry သီးဖျော်ရည် ၂၄၀ မီလီဂရမ်သောက် သုံးပေးခြင်းဖြင့် ဆီးလမ်းကြောင်းရောဂါ ထပ်မံဖြစ်ပွားနေသည့် အမျိုးသမီးများတွင် ယင်းရောဂါ၏ ရှေ့ပြေးအခြေအနေများကို ၄၀ ရာခိုင်နှုန်းခန့် လျော့ကျစေနိုင်ပြီး ယင်းရောဂါဒဏ်ကို လျော့ပါးစေ ကာ ပဋိဇီဝဆေးဝါးများ အသုံးပြုမှုပမာဏကိုလည်း လျှော့ချပေးနိုင် ကြောင်း သုတေသီများက ပြောသည်။

လက်ရှိတွင် ဆီးလမ်းကြောင်းရောဂါ လက္ခဏာများကိုလျှော့ချ ရန် အဓိကနည်းလမ်းမှာ ယင်းရောဂါကို နှိမ်နင်းမှုအတွက် ပြင်းထန် သော ပဋိဇီဝဆေးများအသုံးပြုသော နည်းလမ်းပင်ဖြစ်ပြီးဘေးထွက် ဆိုးကျိုးများ၊ ပဋိဇီဝမဆေး မတိုးတော့သော အခြေအနေ ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်ရှိသည်ဟု ဘော်စတွန်တက္ကသိုလ်မှ ကူးစက် ရောဂါဆိုင်ရာ ပါမောက္ခဒေါက်တာဂူပတာကပြောကြားသည်။

တစ်နေ့လျှင် Cranberry သီးဖျော်ရည် ၂၄၀ မီလီဂရမ်သောက် ပေးခြင်းဖြင့် ဆီးလမ်းကြောင်းရောဂါ ရှေ့ပြေးလက္ခဏာများကို လျော့ကျစေနိုင်ပြီး ပဋိဇီဝဆေးဝါးများ အသုံးပြုခြင်းကိုလည်း ရှောင် လွှဲနိုင်သည်ဟု လေ့လာမှုက ဖော်ပြကြောင်း ဒေါက်တာဂူပတာက ပြောသည်။

ယင်းကဲ့သို့ ဘယ်ရီသီးများ စားပေးခြင်းဖြင့် ကမ္ဘာတစ်ဝန်း ပဋိဇီဝဆေးဝါး အသုံးပြုနေရမှု ပမာဏကို လျော့ကျစေနိုင်ပြီး ဆီး လမ်းကြောင်းရောဂါ အကြိမ်ကြိမ်ခံစားနေရသည့် အမျိုးသမီးများအ တွက် ကျန်းမာရေးအရည်အသွေး သိသိသာသာ တိုးတက်လာစေနိုင်မည်ဟု ယုံကြည်ကြောင်း သုတေသီများကပြောသည်။

ယခုလေ့လာမှုအတွင်း အားလုံးကျန်းမာသန်စွမ်းသည့် ပျမ်းမျှ အသက်(၄၀)အရွယ် အမျိုးသမီးများပါဝင်ပြီး တချို့ကို ဘယ်ရီသီး ဖျော်ရည်တိုက်ကာ တချို့ကို ဘယ်ရီသီးမပါသော ပုံစံတူ ဖျော်ရည် တိုက်ကျွေး၍ လေ့လာခြင်းဖြစ်သည်။

ဘယ်ရီသီးဖျော်ရည် သောက်သုံးသော အမျိုးသမီးများ၏ ဆီး လမ်းကြောင်း ရောဂါဖြစ်ပွားမှုနှုန်းသည် အခြားအမျိုးသမီးများထက် များစွာ ပိုနည်းကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

ယခုလေ့လာမှုကို Clinical Mutrition ဂျာနယ်တွင် ဖော်ပြထား ပြီး ဆီးလမ်းကြောင်းရောဂါ ခံစားနေရသူ အမျိုးသမီးများအနေဖြင့် အာဟာရဆိုုင်ရာ ကုသနည်းတစ်ခုအဖြစ် ဘယ်ရီသီးဖျော်ရည်ကို ယုံကြည်စွာ သောက်သုံးနိုင်သည်ဟု သုတေသီများကပြောသည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top