iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ကိုယ္ခံအား မေကာင္း

ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္မရွိတဲ့လူတစ္ေယာက္ဟာ ကိုယ္ခံအား မေကာင္းႏုိင္ပါဘူး။ ကိုယ္ခံအားစနစ္ဟာ ေရာဂါေတြကို ကာကြယ္ေပးထားတဲ့ စနစ္ျဖစ္ပါတယ္။  အေအးမိ ႏွာေစးေခ်ာင္းဆိုးအျဖစ္မ်ားတဲ့ ရာသီေတြေရာက္တဲ့အခါ ပိန္လြန္းတဲ့လူေတြက ပိုအျဖစ္မ်ားေလ့ရွိပါတယ္။

၂ - ေသြးအားနည္း

ပိန္တဲ့လူေတြဟာ တစ္ခ်ိန္လံုး ေမာပန္းႏြမ္းနယ္ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလိုျဖစ္ရတာဟာ ရသင့္တဲ့ အဟာရဓာတ္ကို လံုေလာက္ေအာင္ မရတာေၾကာင့္ျဖစ္ျပီး ေသြးလည္ပတ္မႈစနစ္ကိုပါ သက္ေရာက္လာကာ ေသြးအားနည္းတာ ျဖစ္ပါတယ္။ ေဖာ္လိတ္နဲ႔ ဗီတာမင္ဘီ ခ်ိဳ႕တဲ့တာေတြေၾကာင့္ ျဖစ္ပါတယ္။

၃ - ေမြးဖြားမႈျပႆနာ

ပိန္တဲ့ အမ်ိဳးသမီးေတြမွာ ကေလးေမြးဖြားမႈနဲ႔ ပတ္သက္တဲ့ ျပႆနာေတြ ရွိတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္မွာ သေႏၶသားေလာင္း အဟာရဓာတ္ရရွိမႈကို သက္ေရာက္တာေၾကာင့္ ျဖစ္ပါတယ္။

၄ - အရိုးျပႆနာ

ပိန္လြန္းတဲ့လူေတြမွာ အရိုးအဆစ္နဲ႔ ပတ္သက္တဲ့ ျပႆနာေတြ ပိုအျဖစ္မ်ားပါတယ္။ ဟိုမုန္းနဲ႔ဆုိင္တဲ့ အေျပာင္းအလဲေတြ၊ ဗီတာမင္ဒီ ခ်ိဳ႕တဲ့တာေတြ၊ ကယ္ဆီယမ္ဓာတ္ခ်ိဳ႕တဲ့တာေတြေၾကာင့္ ျဖစ္ပါတယ္။ ေတာ္ရုံထိမႈခိုက္မႈေလးေတြေၾကာင့္ အရိုးထိခိုက္တာေတြ ျဖစ္တတ္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : duwun

#Unicode Version

၁ - ကိုယ်ခံအား မကောင်း

ရှိသင့်တဲ့ ကိုယ်အလေးချိန်မရှိတဲ့လူတစ်ယောက်ဟာ ကိုယ်ခံအား မကောင်းနိုင်ပါဘူး။ ကိုယ်ခံအားစနစ်ဟာ ရောဂါတွေကို ကာကွယ်ပေးထားတဲ့ စနစ်ဖြစ်ပါတယ်။  အအေးမိ နှာစေးချောင်းဆိုးအဖြစ်များတဲ့ ရာသီတွေရောက်တဲ့အခါ ပိန်လွန်းတဲ့လူတွေက ပိုအဖြစ်များလေ့ရှိပါတယ်။

၂ - သွေးအားနည်း

ပိန်တဲ့လူတွေဟာ တစ်ချိန်လုံး မောပန်းနွမ်းနယ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ရသင့်တဲ့ အဟာရဓာတ်ကို လုံလောက်အောင် မရတာကြောင့်ဖြစ်ပြီး သွေးလည်ပတ်မှုစနစ်ကိုပါ သက်ရောက်လာကာ သွေးအားနည်းတာ ဖြစ်ပါတယ်။ ဖော်လိတ်နဲ့ ဗီတာမင်ဘီ ချို့တဲ့တာတွေကြောင့် ဖြစ်ပါတယ်။

၃ - မွေးဖွားမှုပြဿနာ

ပိန်တဲ့ အမျိုးသမီးတွေမှာ ကလေးမွေးဖွားမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားလောင်း အဟာရဓာတ်ရရှိမှုကို သက်ရောက်တာကြောင့် ဖြစ်ပါတယ်။

၄ - အရိုးပြဿနာ

ပိန်လွန်းတဲ့လူတွေမှာ အရိုးအဆစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပိုအဖြစ်များပါတယ်။ ဟိုမုန်းနဲ့ဆိုင်တဲ့ အပြောင်းအလဲတွေ၊ ဗီတာမင်ဒီ ချို့တဲ့တာတွေ၊ ကယ်ဆီယမ်ဓာတ်ချို့တဲ့တာတွေကြောင့် ဖြစ်ပါတယ်။ တော်ရုံထိမှုခိုက်မှုလေးတွေကြောင့် အရိုးထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top