iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက္်ားမ်ားကိုထိန္းနည္း ၄ နည္းရွိသည္။
၁. အစားေကာင္းမ်ားျဖင့္ထိန္းနည္း (အစာအိမ္ကိုထိန္းနည္း)
၂. ပိုက္ဆံကိုထိန္းနည္း
၃. လူကိုထိန္းနည္း
၄. မိမိကိုယ္ကိုယ္ထိန္းနည္း

၁. အစားေကာင္းမ်ားျဖင့္ထိန္းနည္း (အစာအိမ္ကိုထိန္းနည္း)

နံပါတ္တစ္နည္းကိုအသံုးျပဳေသာ မိန္းကေလးသည္ သေဘာထား အျဖဴစင္ဆံုးျဖစ္သည္။ ထိုမိန္းကေလးမ်ဳိးကို အိမ္ေထာင္ဖက္ အျဖစ္ေရြးခ်ယ္ေသာယာက္်ားသည္ ကံေကာင္းေသာသူျဖစ္သည္။ သူမသည္ သူခ်စ္ေသာက္်ားကို လြတ္လပ္ခြင့္ ေပးထားေသာေၾကာင့္ျဖစ္သည္။ သူမအတြက္ တစ္ခုေသာေမွ်ာ္လင့္ခ်က္မွာ မိမိ ျပင္ဆင္ခ်က္ျပဳတ္ထားေသာ အရသာရွိရွိ ထမင္းေကာင္းဟင္းလွ်ာမ်ားကို မိမိေယာက္်ား အခ်ိန္မွန္မွန္ျပန္လာစားရန္သာျဖစ္သည္။

၂. ပိုက္ဆံကိုထိန္းနည္း

နံပါတ္ႏွစ္နည္းကိုအသံုးျပဳေသာ မိန္းကေလးသည္ လည္လြန္းေသာသူျဖစ္သည္။ ေငြသည္ ေယာက္်ား၏အသက္၊ ေငြသည္ ေယာက္်ား၏မာန၊ ေယာက္်ားမ်ားကိုေငြျဖင့္ ထိန္းခ်ဳပ္ျခင္းသည္ အထိေရာက္ဆံုးဟု ထင္ျမင္ထားေသာေၾကာင့္ျဖစ္သည္။ မိန္းကေလးအမ်ားစုသည္ ဒီနည္းကို ၾကိဳက္ၾကသည္။ သူမ၏မ်က္စိထဲတြင္ ေငြျဖင့္အရာရာကို ျမန္ျမန္ဆန္ဆန္ၿပီးနိုင္သည္ဟု ျမင္ထားေသာေၾကာင့္ျဖစ္သည္။

၃. လူကိုထိန္းနည္း

နံပါတ္သံုးနည္းကိုအသံုးျပဳေသာ မိန္းကေလးသည္ ဆင္ျခင္စဥ္းစားဉာဏ္ နည္းေသာသူျဖစ္သည္။ ေယာက္်ားတစ္ေယာက္ကို လြတ္လပ္ခြင့္မေပးဘဲ ၾကိဳးခ်ည္ျပီး ထိန္းခ်ဳပ္ထားခ်င္ေသာ မိန္းကေလးသည္ ဒီနည္းကိုအသံုးျပဳေလသည္။ ဘယ္ေယာက္်ားမွ် မိန္းကေလးတစ္ေယာက္၏ ၾကိဳးဆဲြရာတြင္ လိုက္မကခ်င္ၾက၊ ႏြားဖာၾကဳိးဆဲြျပီး ေစလိုရာေစဆိုတာမ်ဳိးကို မခံခ်င္ၾကေပ။ ဒီနည္းကိုအသံုးျပဳေသာ မိန္းကေလး၏ အိမ္ေထာင္ေရးသည္ ေနဝင္ခ်ိန္နီးကပ္ေနၿပီျဖစ္ေၾကာင့္ သတိျပဳသင့္သည္။

၄. မိမိကိုယ္ကိုယ္ထိန္းနည္း

နံပါတ္ေလးနည္းကိုအသံုးျပဳေသာ မိန္းကေလးသည္ အသိဉာဏ္ပညာရွိေသာ သူျဖစ္သည္။ ထိုမိန္းကေလးမ်ဳိးသည္ ေလာကၾကီးသည္ မျမဲျခင္းတရား ပိုင္ဆုိုင္ထားသည္ကို ေသခ်ာနားလည္ထားေသာေၾကာင့္ျဖစ္သည္။ ေယာက္်ားမ်ားကို အစားေကာင္းျဖင့္ျဖစ္ေစ ၊ ေငြေၾကးျဖင့္ျဖစ္ေစ၊ လူကိုျဖစ္ေစ အရာရာကို ပိုင္ဆိုင္ႏိုင္ျပီး မိမိကိုယ္ကိုမထိန္းႏိုင္ပါက လူျဖစ္ရသည္မွာ အဓိပၸာယ္ ကင္းမဲ့လွသည္ဟု ယံုၾကည္ထားေသာေၾကာင့္ျဖစ္သည္။

မိန္းကေလးတစ္ေယာက္ျဖစ္လွ်င္ မိမိကိုယ္ကိုထိန္းခ်ဳပ္ႏိုင္ရမည္။ တစ္ပါးသူအတြက္ အသက္ရွင္ေနျခင္းမဟုတ္ပဲ မိမိဘာသာ ရပ္တည္နိုင္ေသာ၊ ေပ်ာ္ရႊင္မႈကိုရွာနိုင္ေသာ မိန္းကေလးျဖစ္ရမည္။

အရာရာကိုဆင္ျခင္တံုတရားျဖင့္ ခြင့္လႊတ္ေနတတ္ရမည္။ ထိုမိန္းကေလးမ်ဳိး၏ စိတ္သည္ အျမဲတည္ျငိမ္ေနသည္။ မိမိေယာက္်ားသည္ မည္မွ်ပင္ခ်မ္းသာပါေစ ထိုစည္းစိမ္တြင္ သူယစ္မူးမေနေပ၊ မွီခိုမေနေပ။ မိမိလုပ္နိုင္သမွ်၊ ရွာနိုင္သမွ်ကို လုပ္ရင္းဘဝကို ရိုးရိုးရွင္းရွင္းျဖစ္ ကုန္လြန္ေစခ်င္ေသာ မိန္းကေလးမ်ဳိးျဖစ္သည္။

မိမိကိုယ္ကိုယ္အသိတရားျဖင့္ထိန္းခ်ဳပ္နိုင္ေသာ မိန္းကေလးမ်ဳိးသည္ မိမိေယာက္်ားက ကိုယ့္ကိုထားခဲ့၊ ခ်စ္သူက ထားခဲ့ပါေစ၊ ျဖစ္လာသမွ်ကို ျပံဳးျပံဳးေလးနွွင့္ ရင္ဆိုင္ႏိုင္ေသာ မိန္းကေလးျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူမ၏အသက္သည္ ေယာက္်ားအတြက္၊ ခ်စ္သူအတြက္မဟုတ္၊ မိမိကိုယ္ကိုယ္အတြက္သာျဖစ္သည္ဟု နားလည္ထားေသာေၾကာင့္ျဖစ္သည္။

သင္သည္ ဘယ္လိုမိန္းကေလးမ်ဳိးလဲ
သင္သည္ ဘယ္လိုမိန္းကေလးမ်ဳိးကို လက္ထပ္ယူခ်င္ပါသလဲ။


*** ႏိုင္းႏိုင္းစေန ဟင္းေကာင္းေကာင္းလည္း မခ်က္တတ္ဘူး။ ပိုက္ဆံထိန္းဖို႔ ပိုက္ဆံလည္းမရွိဘူး။ လူကိုလည္း မထိန္းရဲဘူး။ ကိုယ့္ကိုယ္ကိုလည္း မထိန္းတတ္ဘူး။ ႏိုင္းႏိုင္းစေန အပ်င္းႀကီးၿပီး အစားႀကီးတယ္

ဟိုး စာေရးစ ေျမစမ္းခရမ္းပ်ဳိးကာလက ဘာသာျပန္ထားတဲ့စာေလးပါ .. အားလံုး အပ်င္းေျပပါေစ..

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ႏိုင္းႏိုင္းစေန

Unicode Version

ယာက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၄. မိမိကိုယ်ကိုယ်ထိန်းနည်း

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)

နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သောယာက်ျားသည် ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သောက်ျားကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသောမျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်းဟင်းလျှာများကို မိမိယောက်ျား အချိန်မှန်မှန်ပြန်လာစားရန်သာဖြစ်သည်။

၂. ပိုက်ဆံကိုထိန်းနည်း

နံပါတ်နှစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် လည်လွန်းသောသူဖြစ်သည်။ ငွေသည် ယောက်ျား၏အသက်၊ ငွေသည် ယောက်ျား၏မာန၊ ယောက်ျားများကိုငွေဖြင့် ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။ မိန်းကလေးအများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏မျက်စိထဲတွင် ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန်ပြီးနိုင်သည်ဟု မြင်ထားသောကြောင့်ဖြစ်သည်။

၃. လူကိုထိန်းနည်း

နံပါတ်သုံးနည်းကိုအသုံးပြုသော မိန်းကလေးသည် ဆင်ခြင်စဉ်းစားဉာဏ် နည်းသောသူဖြစ်သည်။ ယောက်ျားတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး ထိန်းချုပ်ထားချင်သော မိန်းကလေးသည် ဒီနည်းကိုအသုံးပြုလေသည်။ ဘယ်ယောက်ျားမျှ မိန်းကလေးတစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊ နွားဖာကြိုးဆွဲပြီး စေလိုရာစေဆိုတာမျိုးကို မခံချင်ကြပေ။ ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေဝင်ချိန်နီးကပ်နေပြီဖြစ်ကြောင့် သတိပြုသင့်သည်။

၄. မိမိကိုယ်ကိုယ်ထိန်းနည်း

နံပါတ်လေးနည်းကိုအသုံးပြုသော မိန်းကလေးသည် အသိဉာဏ်ပညာရှိသော သူဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို သေချာနားလည်ထားသောကြောင့်ဖြစ်သည်။ ယောက်ျားများကို အစားကောင်းဖြင့်ဖြစ်စေ ၊ ငွေကြေးဖြင့်ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကို ပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကိုမထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပာယ် ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

မိန်းကလေးတစ်ယောက်ဖြစ်လျှင် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ တစ်ပါးသူအတွက် အသက်ရှင်နေခြင်းမဟုတ်ပဲ မိမိဘာသာ ရပ်တည်နိုင်သော၊ ပျော်ရွှင်မှုကိုရှာနိုင်သော မိန်းကလေးဖြစ်ရမည်။

အရာရာကိုဆင်ခြင်တုံတရားဖြင့် ခွင့်လွှတ်နေတတ်ရမည်။ ထိုမိန်းကလေးမျိုး၏ စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမိယောက်ျားသည် မည်မျှပင်ချမ်းသာပါစေ ထိုစည်းစိမ်တွင် သူယစ်မူးမနေပေ၊ မှီခိုမနေပေ။ မိမိလုပ်နိုင်သမျှ၊ ရှာနိုင်သမျှကို လုပ်ရင်းဘဝကို ရိုးရိုးရှင်းရှင်းဖြစ် ကုန်လွန်စေချင်သော မိန်းကလေးမျိုးဖြစ်သည်။

မိမိကိုယ်ကိုယ်အသိတရားဖြင့်ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည် မိမိယောက်ျားက ကိုယ့်ကိုထားခဲ့၊ ချစ်သူက ထားခဲ့ပါစေ၊ ဖြစ်လာသမျှကို ပြုံးပြုံးလေးနှှင့် ရင်ဆိုင်နိုင်သော မိန်းကလေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အသက်သည် ယောက်ျားအတွက်၊ ချစ်သူအတွက်မဟုတ်၊ မိမိကိုယ်ကိုယ်အတွက်သာဖြစ်သည်ဟု နားလည်ထားသောကြောင့်ဖြစ်သည်။

သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ
သင်သည် ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ယူချင်ပါသလဲ။


*** နိုင်းနိုင်းစနေ ဟင်းကောင်းကောင်းလည်း မချက်တတ်ဘူး။ ပိုက်ဆံထိန်းဖို့ ပိုက်ဆံလည်းမရှိဘူး။ လူကိုလည်း မထိန်းရဲဘူး။ ကိုယ့်ကိုယ်ကိုလည်း မထိန်းတတ်ဘူး။ နိုင်းနိုင်းစနေ အပျင်းကြီးပြီး အစားကြီးတယ်

ဟိုး စာရေးစ မြေစမ်းခရမ်းပျိုးကာလက ဘာသာပြန်ထားတဲ့စာလေးပါ .. အားလုံး အပျင်းပြေပါစေ..

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:နိုင်းနိုင်းစနေ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top