iMyanmarHouse.com - Best Property Website for Myanmar
×

ေအဒီ ၉ ရာစုတြင္ အီသီယိုးပီးယား ႏိုင္ငံမွ စတင္ ေတြ႔႐ွိ သံုးစြဲခဲ့တဲ့ ေကာ္ဖီဟာ ကမာၻ တစ္ဝွမ္း ေသာက္သံုးမႈ မ်ားေသာ သံုးေဆာင္ စရာမ်ားထဲ အနက္ တစ္ခု အပါ အဝင္ ျဖစ္ ပါတယ္.. ေကာ္ဖီဟာ အာ႐ံု ႏိုးၾကားေစေသာ ေသာက္သံုးစရာ တစ္မ်ဳိးျဖစ္ျပီး အဓိက ပါ၀င္တဲ့ ဓါတ္ပစၥည္းကေတာ့ ထ႐ိုင္မီသိုင္းဇန္သင္း (Trimethylxanthine) ေခၚ ကဖင္း (caffeine) ဓါတ္ပဲ ျဖစ္ပါတယ္.. ကဖင္းဓါတ္ဟာ ေကာ္ဖီေစ့ထဲမွာ ၁% မွ ၂ % ထိ ပါ၀င္ ပါတယ္.. အျခား ပါ၀င္တဲ့ ဓါတ္ပစၥည္း မ်ားျဖစ္တဲ့ ဟိုက္ဒ ေရာက္ဆီ ဆစ္ထရစ္ အက္စစ္ (Hydroxycitric acid)၊ ခ႐ိုမီယမ္ (Chromium)၊ လိေမၼာ္ခါး (Bitter Orange) တို႔ဟာ ခႏၶာကိုယ္ ဖီ၀ကမၼ ျဖစ္ပ်က္ မႈႏႈန္း (metabolic rate) ကို ၃၀%ထိ ပိုမို ျမန္ေစ ပါတယ္.. ေကာ္ဖီ ေသာက္သံုးျခင္းျဖင့္ အယ္လ္ဇိုင္းမား ေရာဂါ (Alzheimer's disease)၊ ပါကင္ဆန္ ေရာဂါ (Parkinson's disease)၊ လူၾကီး သူငယ္ျပန္ ေရာဂါ (Demantia)၊ ႏွလံုးေရာဂါ (heart disease)၊ အမ်ဳိးအစား-၂ ဆီးခ်ဳိ ေသြးခ်ဳိ ေရာဂါ (diabetes mellitus type 2)၊ အသည္းေျခာက္ ေရာဂါ (cirrhosis of the liver)၊ ေဂါက္ေရာဂါ (Gout) ျဖစ္ပြားႏႈန္း တို႔ကို ေလ်ာ့က် ေစပါတယ္.. အစားအေသာက္ ပ်က္သူမ်ား အေနျဖင့္ ေကာ္ဖီန႔ံ ရ႐ွိပါက အစာ စားခ်င္စိတ္ ျပန္လည္ ျဖစ္ေပၚ ေစပါတယ္.. အရက္မူး လြန္ျပီး ေလးလံထိုင္း မႈိင္းသူမ်ား အဖို႔ ေကာ္ဖီ ေသာက္လိုက္ပါက လန္းဆန္းမႈကို ရ႐ွိေစ ပါတယ္.. ေကာ္ဖီသည္ ဆီး႐ႊင္ ေစေသာ (Diuretic effect) သတၱိ ႐ွိပါတယ္..

ေကာ္ဖီဟာ စြဲေစတတ္ေသာ သတၱိ ႐ွိတဲ့အတြက္ ေန႔စဥ္ ေကာ္ဖီ ၃ ခြက္မွ ၅ ခြက္ ေသာက္သံုး ေနသူမ်ားထဲမွ ၁၀% ခန္႔ဟာ ေကာ္ဖီ ျဖတ္လိုက္တဲ့ အခ်ိန္မွာ စိတ္ဓါတ္က်ဆင္းျခင္း (Depression)၊ စိတ္ပူပန္မႈ မ်ားလာျခင္း (Anxiety) တို႔ ျဖစ္ေပၚ လာတတ္ေၾကာင္း ေတြ႔႐ွိရ ပါတယ္.. အူမွ သံဓါတ္ စုပ္ယူမႈကို အဟန္႔အတား ျဖစ္ေစ ႏိုင္သျဖင့္ ႏို႔တိုက္ မိခင္ႏွင့္ ကေလးငယ္ တို႔တြင္ သံဓါတ္ ခ်ဳိ႕တဲ့ေသာ ေသြးအားနည္း ေရာဂါ (Iron deficiency anaemia) ျဖစ္ေစ ႏိုင္ပါတယ္.. ေကာ္ဖီ ေသာက္သံုး ျခင္းေၾကာင့္ ေသြးလႊတ္ ေၾကာ နံရံ မ်ား တင္းမာမႈ ျဖစ္ေပၚေစျပီး ေကာ္ဖီေၾကာင့္ ႏွလံုး ေသြးေၾကာဆိုင္ရာ ေရာဂါ ျဖစ္ပြားေၾကာင္း မေတြ႔ ႐ွိရေသးေပ.. ေကာ္ဖီ သည္ ႏွလံုးခုန္ႏႈန္း ျမန္ေစသျဖင့္ ေသြးတိုး အနည္းငယ္ ျမင့္မား ေစပါတယ္.. အစာအိမ္ အက္စစ္ ျပန္ကန္မႈ (acid reflux) ျဖစ္ေပၚ ေစတတ္ သျဖင့္ ေလတက္ ရင္ပူ တတ္သူမ်ား (Heart burn) အဖို႔ သတိထား သံုးစြဲ သင့္ပါတယ္..

မည္သို႔ပင္ ဆိုေစကာမူ တန္ေဆး လြန္ေဘး ဆိုသည့္ စကားအတိုင္း သင့္တင့္ေသာ ေသာက္သံုးမႈ ျဖင့္ က်န္းမာေရး အတြက္ ဂ႐ုစိုက္ ရန္ လိုအပ္ပါတယ္.. သင့္တင့္ေသာ သံုးစြဲမႈ သည္ ဆိုးက်ဳိးထက္ ေကာင္းက်ဳိး မ်ားေၾကာင္း ပညာ႐ွင္ မ်ားမွ ဆိုထားပါတယ္.. ေကာ္ဖီႏွင့္ က်န္းမာေရး ဆက္စပ္ေသာ ေကာင္းက်ဳိး ဆိုးက်ဳိး မ်ားကိုလည္း ဆက္လက္ ေလ့လာ သုေတသန ျပဳေနဆဲ ပင္ ျဖစ္ပါေၾကာင္း တင္ျပ လိုက္ရပါတယ္..

Credit:drwinthein
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

အေဒီ ၉ ရာစုတွင် အီသီယိုးပီးယား နိုင်ငံမှ စတင် တွေ့ရှိ သုံးစွဲခဲ့တဲ့ ကော်ဖီဟာ ကမ္ဘာ တစ်ဝှမ်း သောက်သုံးမှု များသော သုံးဆောင် စရာများထဲ အနက် တစ်ခု အပါ အဝင် ဖြစ် ပါတယ်.. ကော်ဖီဟာ အာရုံ နိုးကြားစေသော သောက်သုံးစရာ တစ်မျိုးဖြစ်ပြီး အဓိက ပါဝင်တဲ့ ဓါတ်ပစ္စည်းကတော့ ထရိုင်မီသိုင်းဇန်သင်း (Trimethylxanthine) ခေါ် ကဖင်း (caffeine) ဓါတ်ပဲ ဖြစ်ပါတယ်.. ကဖင်းဓါတ်ဟာ ကော်ဖီစေ့ထဲမှာ ၁% မှ ၂ % ထိ ပါဝင် ပါတယ်.. အခြား ပါဝင်တဲ့ ဓါတ်ပစ္စည်း များဖြစ်တဲ့ ဟိုက်ဒ ရောက်ဆီ ဆစ်ထရစ် အက်စစ် (Hydroxycitric acid)၊ ခရိုမီယမ် (Chromium)၊ လိမ္မော်ခါး (Bitter Orange) တို့ဟာ ခန္ဓာကိုယ် ဖီဝကမ္မ ဖြစ်ပျက် မှုနှုန်း (metabolic rate) ကို ၃၀%ထိ ပိုမို မြန်စေ ပါတယ်.. ကော်ဖီ သောက်သုံးခြင်းဖြင့် အယ်လ်ဇိုင်းမား ရောဂါ (Alzheimer's disease)၊ ပါကင်ဆန် ရောဂါ (Parkinson's disease)၊ လူကြီး သူငယ်ပြန် ရောဂါ (Demantia)၊ နှလုံးရောဂါ (heart disease)၊ အမျိုးအစား-၂ ဆီးချို သွေးချို ရောဂါ (diabetes mellitus type 2)၊ အသည်းခြောက် ရောဂါ (cirrhosis of the liver)၊ ဂေါက်ရောဂါ (Gout) ဖြစ်ပွားနှုန်း တို့ကို လျော့ကျ စေပါတယ်.. အစားအသောက် ပျက်သူများ အနေဖြင့် ကော်ဖီနံ့ ရရှိပါက အစာ စားချင်စိတ် ပြန်လည် ဖြစ်ပေါ် စေပါတယ်.. အရက်မူး လွန်ပြီး လေးလံထိုင်း မှိုင်းသူများ အဖို့ ကော်ဖီ သောက်လိုက်ပါက လန်းဆန်းမှုကို ရရှိစေ ပါတယ်.. ကော်ဖီသည် ဆီးရွှင် စေသော (Diuretic effect) သတ္တိ ရှိပါတယ်..

ကော်ဖီဟာ စွဲစေတတ်သော သတ္တိ ရှိတဲ့အတွက် နေ့စဉ် ကော်ဖီ ၃ ခွက်မှ ၅ ခွက် သောက်သုံး နေသူများထဲမှ ၁၀% ခန့်ဟာ ကော်ဖီ ဖြတ်လိုက်တဲ့ အချိန်မှာ စိတ်ဓါတ်ကျဆင်းခြင်း (Depression)၊ စိတ်ပူပန်မှု များလာခြင်း (Anxiety) တို့ ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရ ပါတယ်.. အူမှ သံဓါတ် စုပ်ယူမှုကို အဟန့်အတား ဖြစ်စေ နိုင်သဖြင့် နို့တိုက် မိခင်နှင့် ကလေးငယ် တို့တွင် သံဓါတ် ချို့တဲ့သော သွေးအားနည်း ရောဂါ (Iron deficiency anaemia) ဖြစ်စေ နိုင်ပါတယ်.. ကော်ဖီ သောက်သုံး ခြင်းကြောင့် သွေးလွှတ် ကြော နံရံ များ တင်းမာမှု ဖြစ်ပေါ်စေပြီး ကော်ဖီကြောင့် နှလုံး သွေးကြောဆိုင်ရာ ရောဂါ ဖြစ်ပွားကြောင်း မတွေ့ ရှိရသေးပေ.. ကော်ဖီ သည် နှလုံးခုန်နှုန်း မြန်စေသဖြင့် သွေးတိုး အနည်းငယ် မြင့်မား စေပါတယ်.. အစာအိမ် အက်စစ် ပြန်ကန်မှု (acid reflux) ဖြစ်ပေါ် စေတတ် သဖြင့် လေတက် ရင်ပူ တတ်သူများ (Heart burn) အဖို့ သတိထား သုံးစွဲ သင့်ပါတယ်..

မည်သို့ပင် ဆိုစေကာမူ တန်ဆေး လွန်ဘေး ဆိုသည့် စကားအတိုင်း သင့်တင့်သော သောက်သုံးမှု ဖြင့် ကျန်းမာရေး အတွက် ဂရုစိုက် ရန် လိုအပ်ပါတယ်.. သင့်တင့်သော သုံးစွဲမှု သည် ဆိုးကျိုးထက် ကောင်းကျိုး များကြောင်း ပညာရှင် များမှ ဆိုထားပါတယ်.. ကော်ဖီနှင့် ကျန်းမာရေး ဆက်စပ်သော ကောင်းကျိုး ဆိုးကျိုး များကိုလည်း ဆက်လက် လေ့လာ သုတေသန ပြုနေဆဲ ပင် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်..



Credit:drwinthein

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top