iMyanmarHouse.com - Best Property Website for Myanmar
×

၁။ မိန္းမကိုယ္သန္႔စင္တဲ့ေဆးရည္ PH Care တို႔ အေမႊးကၽြတ္ေဆး Fem တို႔ မိန္းမကိုယ္ထဲ၀င္ရင္ အႏၱရာယ္ျဖစ္ႏိုင္ပါသလား။
၂။ Latt acid ဆိုတဲ့ဆပ္ျပာနဲ႔ေဆးျပီးရင္ျဖစ္လာတာမ်ားပါတယ္ ဆရာ။ ဒီဆပ္ျပာမသံုးသင့္ဘူးထင္တယ္ေနာ္။
၃။ အမ်ိဳးသမီးေတြ တစ္ကိုယ္ေရသန္႔ရွင္းေရးနဲ႔ပက္သက္ျပီး တင္ပါဦးဆရာ။ ေက်းလတ္ေန ျမန္မာအမ်ိဳးသမီးေတြ အဒီဘက္မွာ အားနည္းသလားလို႔။

တကိုယ္ေရ သန္႔ရွင္းေရး လိုတာထက္မပိုသင့္ပါ။ အဆန္းေတြ မသံုးသင့္ပါ။ ဗဂ်ိဳင္းနားမွာ အက်ိဳးရွိေစတဲ့ ပိုးေတြ ရွိေနတာ ေကာင္းတယ္။ သန္႔ရွင္းေအာင္ ေဆးေတြနဲ႔လုပ္ရင္ အေကာင္းေတြေရာ ေသေစျပီး မိႈပိုးဝင္လာေစတတ္တယ္။ ရိုးရုိးဆပ္ျပာနဲ႔ ေရသန္႔ဆိုရင္ လံုေလာက္ပါတယ္။ ေမႊးတိုင္း မေကာင္းပါ။ ေစ်းၾကီးတိုင္း မေကာင္းပါ။ အတြင္းခံ (ေကာ္တြန္) သာသံုပါ။ ဖံုးကြယ္ထားအပ္တဲ့ အတြင္းေနရာေတြ ပူေႏြး စိုထိုင္းေနတာ ၾကာရင္ မေကာင္းပါ။ ေရေဆးျပီး ေရကိုေျခာက္ေသြ႔ေစပါ။ ေလသလပ္တာ ျဖစ္ႏိုင္သေလာက္ လုပ္ေပးပါ။”

အမ်ိဳးသမီးေတြ အျဖဴဆင္းရင္
ရာသီလာေနခ်ိန္ဆိုတာ ပိုးဝင္ဘို႔ အေျခအေနေကာင္းတခုျဖစ္တယ္။ အျဖဴဆင္းလို႔ ေဆးေသာက္၊ ေဆးထည့္ေနရရင္ ရာသီလာေနခ်ိန္မွာလဲ ဆက္လုပ္ရမယ္။ အိမ္ေထာင္သည္ေတြဆိုရင္ ႏွစ္ေယာက္လံုးကို ေဆးတျပိဳင္တည္းကုသရမယ္။ အမ်ိဳးသမီး-မိန္းကေလးေတြမွာ အျဖဴဆင္းျပီး၊ ယားတာက ခဏခဏျဖစ္ေလ့ရွိတယ္။ မိႈ (ဖန္းဂတ္စ္) ပိုးဝင္လို႔ျဖစ္တယ္။ လိင္ဆက္ဆံမႈနဲ႔မဆိုင္ဘဲျဖစ္တတ္တယ္။ (ထရြိဳင္ကိုမိုးနပ္စ္) အမ်ိဳးအစားကေတာ့ လိင္ကတဆင့္ကူးစက္တယ္။ အမ်ိဳးသမီးအဂၤါေနရာကို သန္႔ရွင္းေရး လုပ္ရင္ ဆပ္ျပာက (အယ္လ္ကာလီ) ဓါတ္ပါတာမ်ိဳး မသင့္ပါ။ ေရေမႊးမသံုးပါနဲ႔။ ပိုးေသေဆးပါတဲ့ ေဆးေၾကာအရည္ မသံုးပါနဲ႔။ ဝါဂြမ္းနဲ႔လုပ္တဲ့ အတြင္းခံသာဝတ္ဆင္ပါ။ ရာသီလာစဥ္သံုးပစၥည္း သန္႔ပါေစ။ ေနရာကို ေျခာက္ေသြ႔ေနပါေစ။ မိုးရာသီမွာ အထူးဆင္ျခင္ပါ။ ခပ္စိုထိုင္းထိုင္းနဲ႔ ပူေႏြးေႏြးအေျခအေနကို ဖန္းဂတ္ေတြက ၾကိဳက္တယ္။

ကူးစက္ေရာဂါ မဟုတ္တာေတြ
အသံုးအေဆာင္ပစၥည္း၊ ေဆးဝါးေတြနဲ႔ ကိုယ္နဲ႔ မတည့္-မသင့္လို႔ျဖစ္ႏိုင္တယ္။ ေမြးလမ္း သန္႔ရွင္းေအာင္ သံုးတဲ့ ဗဂ်ိဳင္းနားကို ျဖန္းေဆး-ပန္းေဆးနဲ႔ သုတ္ပိုးေသဆး ေတြေၾကာင့္ ျဖစ္တတ္တယ္။ တခ်ိဳ႕ အေမႊးအၾကိဳင္ ဆပ္ျပာေတြ မတည့္ဘူး။ တခ်ိဳ႕ အဝတ္ေလွ်ာ္သံုး Fabric softeners ေတြနဲ႔ မတည့္ဘူး။ ကိုယ္ဝန္ မရေအာင္ထည့္တဲ့ IUCD ထည့္သူ ၅% မွာ ပိုးဝင္တတ္တယ္။

ဆရာဝန္မလိုတဲ့ အေထာက္အကူနည္းေတြ
(ေရာဂတ္) ဒိန္ခ်ဥ္ စားေပးသင့္တယ္။ (အင္တီ-ဟစ္တမင္း) လိမ္းေဆး၊ ထံုေဆးလိမ္းရင္ နာတာ၊ ယားတာ သက္သာေစမယ္။ Vinegar douches ဆိုတဲ့ (ဗဂ်ိဳင္းနား) သန္႔ေအာင္ ဗနီဂါနဲ႔ ေဆးေၾကာနည္း မသင့္ပါ။ မ-အဂၤါေနရာ သန္႔ရွင္းေရးကို လိုတာထက္ မပိုေစနဲ႔။ (ဗဂ်ိဳင္းနား) ဟာ သူ႔အလိုလို သန္႔ေအာင္ၾကိဳးစားႏိုင္တယ္။ မိႈေတြက စိုထိုင္းျပီး ပူေႏြးတာကိုၾကိဳက္တယ္။ အတြင္းခံ (ေကာ္တြန္) သာသံုးပါ။ အတြင္းေနရာေတြကို ေလသလပ္ခ်ိန္ လုပ္ယူပါ။ လိင္ဆက္ဆံတာမွာ အထူးသတိထားပါ။ ပဋိဇီဝေဆးကို လိုမွသာသံုးပါ။

ေမြးလမ္းေၾကာင္းေရာင္တာ
သန္႔ရွင္းေရး နည္းလို႔လည္း ျဖစ္တတ္တယ္။ ပိုးက အဝတ္စိုလိုမ်ိဳးမွာ ၁ နာရီေလာက္ ရွင္ေနႏိုင္လို႔ အဝတ္စိုကို အတူသံုးမိရင္ ကူးႏိုင္တယ္။ ဖိုဆိုရင္ ယင္ဖိုေတာင္ မသန္းဘူးတဲ့ အမ်ိဳးသမီးမ်ားမွာေတာင္မွ ဗက္တီးရီးယား အေရအတြက္ အေျပာင္းအလဲေၾကာင့္ ျဖစ္ရတတ္တယ္။ (ဗဂ်ိဳင္းနား) သန္႔ခ်င္လို႔ ပိုးသန္႔ေဆးပါတဲ့ ေဆးရည္သံုးရင္ ျဖစ္တာမ်ိဳး ေျပာတာပါ။ အဲလိုေဆးရည္ကို ဆရာဝန္မညႊန္ဘဲ မသံုးပါနဲ႔။

ေမြးလမ္းေၾကာင္းယားတာ
အပ်ိဳစင္ေတြအတြက္ အားနာရတယ္။ သူတို႔လဲျဖစ္ၾကတယ္။ အျဖစ္မနည္းပါ။ တခ်ိဳ႕မွာ တခါတေလသာ ျဖစ္ျပီး တခ်ိဳ႕ တာရွည္ျဖစ္တယ္။ တာရွည္နဲ႔ ခဏခဏ ျဖစ္ဖန္မ်ားရင္ ေနာင္မွာ ကင္ဆာအထိ ျဖစ္မလာဘူးလို႔ မေျပာႏိုင္ပါ။ မစိုးရိမ္ပါနဲ႔၊ ရွားလြန္းပါတယ္။

ေအာက္ခံေရာဂါ တခုခုရွိေနလို႔ျဖစ္တာ မ်ားတယ္။ ေရာဂါရယ္လို႔ မဟုတ္ဘဲ အစိုဓါတ္ကေနလဲ ျဖစ္ေစႏိုင္တယ္။ အစိုဓါတ္ဆိုတာ ဆီးစိုေနတာ၊ ဝမ္းသြားတာ နဲနဲေပက်န္တာ၊ ေခြ်းထြက္မ်ားတာ။ အစားအေသာက္ထဲမွာ ကိုယ္နဲ႔ အဆင္မေျပတာ ဥပမာ ေကဖင္း၊ ခရမ္းခ်ဥ္သီးနဲ႔ ေျမပဲ ပါေနတာေတြကေန ျဖစ္ေစႏိုင္တယ္။

ဗဂ်ိဳင္းနား အနံ႔ဆိုးေနတာျဖစ္ေနရင္ ဘာလုပ္ရမလဲ -
• အနံ႔ဆိုးက ေတာ္ေတာ္နဲ႔ မေပ်ာက္ေသးရင္ စိတ္ဖိစီးမႈ ရွိလာတတ္တယ္။ လူေတာသူေတာ တိုးဘို႔ရာမွာ အခက္အခဲ ရွိလာႏိုင္တယ္။
• တကိုယ္ေရသန္႔ရွင္းမႈ နည္းလို႔လားဆိုျပီး သန္႔ရွင္းေရကို ပိုလုပ္ပါလိမ့္မယ္။ သန္႔ရွင္းေရးလုပ္ရာမွာ သတိထားစရာေတြ ရွိတယ္။ ေဆးဆိုင္ေတြက ေဆးေၾကာရည္တိုင္းက ေနရာတိုင္းအတြက္ မသံုးသင့္ပါ။ ပိုးရွိသမွ်ကို ေသေစတာ မေကာင္းပါ။ ကိုယ္ထဲ၊ ကိုယ္ေပၚမွာ ပိုးဆိုတာေတြ အျမဲရွိေနတယ္။ သူ႔ေရာမွာ သူ႔အမ်ိဳးအစားရွိေနတာက ေကာင္းတယ္။ ရွိသင့္တာေတြကု ရွင္းလိုက္ရင္ မွ်ေျခပ်က္မယ္။ ဗဂ်ိဳင္းနားကို ပိုးေသေဆးနဲ႔ ေဆးတာမ်ိဳးေၾကာင့္ မိႈ (ဖန္းဂတ္စ္) ပိုး ဝင္လာႏိုင္တယ္။
• (ဗဂ်ိဳင္းနား-ဖလိုရာ) ဆိုတာ သူ႔ဖါသူရွိေနသင့္တဲ့ ပိုးေတြကိုေခၚတယ္။ မိုက္ခရိုဖီးလစ္ ဗက္တီးရီးယားေတြ အမ်ားၾကီး ရွိတယ္။ (လက္တိုဗက္ဆီးလိုင္) ဆိုတာေတြက အဓိကက်တယ္။ အကာကြယ္ေပးေနတ့ဲ ပိုးမ်ိဳးသာျဖစ္တယ္။ အက္စစ္ဓါတ္ကို ထိန္းေပးတယ္။ ဒါေၾကာင့္ ဗဂ်ိဳင္းနားကို လိုတာထက္ပိုျပီး ေဆးေၾကာရင္ ဒီအက္စစ္ဓါတ္အေျခအေန ေျပာင္းသြားျပီး ပိုးသစ္ေတြ ဝင္လာေစႏိုင္တယ္။ အသစ္ဝင္တဲ့ပိုးေတြကို ေရာဂါရေစတဲ့ပိုးေတြလို႔ေခၚတယ္။
• အလြန္အကြ်ံေဆးေၾကာျခင္း၊ ေဆးျဖန္းျပီးေဆးေၾကာျခင္း၊ အဝတ္အစား တင္းၾကပ္ေနေအာင္ ဝတ္ဆင္ျခင္း၊ ဓါတုေဆးေတြ ဥပမာ အေမႊးအၾကိဳင္ပါတဲ့ေဆးေၾကာရည္၊ ပိုးေသေဆးဆပ္ျပာေတြသံုးရာကေန ဗဂ်ိဳင္းနားေရာင္တာနဲ႔ မိႈပိုးဝင္တာေတြျဖစ္ေစႏိုင္တယ္။
• ကိုယ္ဝန္တားနည္း၊ ဗဂ်ိဳင္းနားထဲ ပစၥည္းထည့္ထားတာ၊ အသြင္းအထုတ္ လုပ္တာ၊ အတူေနတာမွာ စအိုလမ္းနည္းကို ဗဂ်ိဳင္းနားလမ္းနည္းနဲ႔တြဲျပီး ဆက္ဆံတာ၊
• အိမ္ေထာင္သည္ေတြဟာ အတူေနျပီးတဲ့ေနာက္ ဆီးသြားတဲ့ အေလ့အက်င့္ လုပ္သင့္တယ္။ ဗဂ်ိဳင္းနာထဲကို အသစ္ဝင္လာတဲ့ ပိုးေတြက ဆီးလမ္းကို ေရာက္လာမွာကို တားရာ ေရာက္တယ္။ ဒါေၾကာင့္ မဂၤလာေဆာင္ကာစ သတို႔သမီး အေတာ္မ်ားမ်ားမွာ ဟန္းနီးမြန္း ဆီးေအာင္တာ ျဖစ္ၾကရတယ္။
• မိန္းကေလးတိုင္း ကိုယ္နံ႔ မတူတတ္တာထဲမွာ ဒီေနရာက အနံ႔လဲပါတယ္။ သဘာဝပါ။ ရာသီဆင္းခ်ိန္မွာလဲ အနံ႔မတူ ျဖစ္လာႏိုင္တယ္။ ဆင္းတဲ့ရာသီေသြးက ေဟာင္းေနတာဆိုရင္ တမ်ိဳးျဖစ္ႏိုင္တယ္။ ေမ့ေလွ်ာ့ျပီး ရာသီလာတံုးသံုးတဲ့ Tampon ကို မထုတ္ဘဲထားမိရင္လဲ ျဖစ္တတ္တယ္။

မိန္းမကိုယ္ ယားျခင္း ျဖစ္ရင္ -
• Moisturisers (Emollients) ေဆးကို ခရင္၊ လိမ္းေဆးအေနနဲ႔ လာတယ္။ ဘာလို႔ ယားတာ ျဖစ္ျဖစ္ေနေန သက္သာေစမယ္။ ေဆးမ်ားသြားလို႔လဲ ကိစၥမရွိဘူး။
• ယားလို႔ ကုပ္ရင္ ပိုဆိုးေစတယ္။ အတတ္ႏိုင္ဆံုး မကုပ္မိေအာင္ ထိန္းပါ။ (ေကာ္တြန္) လက္အိတ္သံုးပါ။ လက္သည္း အတိုျဖတ္ပါ။ လက္သည္းနီဆိုးတာ သတိထားပါ။
• (ေကာ္တြန္) ၁ဝဝ% ခပ္ေခ်ာင္ေခ်ာင္ကိုသာ ဝတ္ဆင္ပါ။ အၾကပ္ေတြ မဝတ္ပါနဲ႔။
• အတြင္းခံကို ေန႔တိုင္းလဲလွယ္ပါ။ စိုထိုင္းတာမ်ားရင္ တေန႔တခါမက လဲပါ။
• ေနလို႔ရတဲ့ ေနရာ-အခ်ိန္ေတြမွာ အတြင္းခံ မဝတ္ဘဲေနပါ။ ေလသလပ္ခံပါ။
• ေရနဲ႔ ေန႔တိုင္း မိန္းမကိုယ္ကို အသာအယာ ေဆးေၾကာပါ။ Feminine hygiene sprays and douches ကရိယာေတြ၊ အသံုးအေဆာင္ေတြ မသံုးဘဲသာ ေဆးပါ။
• ေရကို အေပၚကေနေလာင္းခ်နည္းက စည္ပိုင္းထဲ စိမ္ခ်ိဳးတာထက္ ေကာင္းတယ္။
• ေရမေျခာက္ေသးခင္ အတြင္းခံ မဝတ္ပါနဲ႔။
• ဆံပင္ ေခါင္းေလွ်ာ္တာကို သီးသန္႔လုပ္ပါ။ တခ်ိဳ႕ ေခါင္းေလွ်ာ္ရည္က ကိုယ္နဲ႔မသင့္တာျဖစ္ႏိုင္တယ္။
• ဆပ္ျပာ၊ ေရေမႊး၊ ေခြ်းနံ႔ေပ်ာက္ေဆးေတြက ကိုယ္နဲ႔ သင့္-မသင့္ သတိထားပါ။ လိုမယ္ထင္ရင္ ေျပာင္းသံုးပါ။ မသံုးဘဲ ေနလို႔ရရင္ မသံုးပါနဲ႔။
• (ကြန္ဒြမ္) မွာ သုက္ပိုးသတ္ေဆးလဲ တြဲထားတာဆိုရင္ ကိုယ္နဲ႔ သင့္-မသင့္ ၾကည့္ပါ။
• ဆီးစပ္ေမႊး မရိတ္ပါနဲ႔။
• စိတ္ဖိအား မ်ားေနရင္ ေလွ်ာ့ခ်ပါ။
• သန္႔ရွင္းေရးလုပ္တာမွာ (ထိုင္ေနတဲ့ အေနအထားမွာ) လက္ကို ေရွ႕ကေန ေနာက္ဖက္ဆီသာ တလမ္းသြား လႈပ္ရွားပါ။
• ကိုယ္အေလးခ်ိန္ မ်ားေနရင္ ေလွ်ာ့ခ်ပါ။


Credit:ေဒါက္တာတင္ေဆြ


Unicode Version

၁။ မိန်းမကိုယ်သန့်စင်တဲ့ဆေးရည် PH Care တို့ အမွှေးကျွတ်ဆေး Fem တို့ မိန်းမကိုယ်ထဲဝင်ရင် အန္တရာယ်ဖြစ်နိုင်ပါသလား။
၂။ Latt acid ဆိုတဲ့ဆပ်ပြာနဲ့ဆေးပြီးရင်ဖြစ်လာတာများပါတယ် ဆရာ။ ဒီဆပ်ပြာမသုံးသင့်ဘူးထင်တယ်နော်။
၃။ အမျိုးသမီးတွေ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ပက်သက်ပြီး တင်ပါဦးဆရာ။ ကျေးလတ်နေ မြန်မာအမျိုးသမီးတွေ အဒီဘက်မှာ အားနည်းသလားလို့။

တကိုယ်ရေ သန့်ရှင်းရေး လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေ ရှိနေတာ ကောင်းတယ်။ သန့်ရှင်းအောင် ဆေးတွေနဲ့လုပ်ရင် အကောင်းတွေရော သေစေပြီး မှိုပိုးဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ ရေသန့်ဆိုရင် လုံလောက်ပါတယ်။ မွှေးတိုင်း မကောင်းပါ။ ဈေးကြီးတိုင်း မကောင်းပါ။ အတွင်းခံ (ကော်တွန်) သာသုံပါ။ ဖုံးကွယ်ထားအပ်တဲ့ အတွင်းနေရာတွေ ပူနွေး စိုထိုင်းနေတာ ကြာရင် မကောင်းပါ။ ရေဆေးပြီး ရေကိုခြောက်သွေ့စေပါ။ လေသလပ်တာ ဖြစ်နိုင်သလောက် လုပ်ပေးပါ။”

အမျိုးသမီးတွေ အဖြူဆင်းရင်
ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဘို့ အခြေအနေကောင်းတခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုသရမယ်။ အမျိုးသမီး-မိန်းကလေးတွေမှာ အဖြူဆင်းပြီး၊ ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ မှို (ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့မဆိုင်ဘဲဖြစ်တတ်တယ်။ (ထရွိုင်ကိုမိုးနပ်စ်) အမျိုးအစားကတော့ လိင်ကတဆင့်ကူးစက်တယ်။ အမျိုးသမီးအင်္ဂါနေရာကို သန့်ရှင်းရေး လုပ်ရင် ဆပ်ပြာက (အယ်လ်ကာလီ) ဓါတ်ပါတာမျိုး မသင့်ပါ။ ရေမွှေးမသုံးပါနဲ့။ ပိုးသေဆေးပါတဲ့ ဆေးကြောအရည် မသုံးပါနဲ့။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ နေရာကို ခြောက်သွေ့နေပါစေ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေးအခြေအနေကို ဖန်းဂတ်တွေက ကြိုက်တယ်။

ကူးစက်ရောဂါ မဟုတ်တာတွေ
အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်နိုင်တယ်။ မွေးလမ်း သန့်ရှင်းအောင် သုံးတဲ့ ဗဂျိုင်းနားကို ဖြန်းဆေး-ပန်းဆေးနဲ့ သုတ်ပိုးသေဆး တွေကြောင့် ဖြစ်တတ်တယ်။ တချို့ အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ တချို့ အဝတ်လျှော်သုံး Fabric softeners တွေနဲ့ မတည့်ဘူး။ ကိုယ်ဝန် မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။

ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ
(ရောဂတ်) ဒိန်ချဉ် စားပေးသင့်တယ်။ (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင် ဗနီဂါနဲ့ ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။

မွေးလမ်းကြောင်းရောင်တာ
သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အဝတ်စိုကို အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုး ပြောတာပါ။ အဲလိုဆေးရည်ကို ဆရာဝန်မညွှန်ဘဲ မသုံးပါနဲ့။

မွေးလမ်းကြောင်းယားတာ
အပျိုစင်တွေအတွက် အားနာရတယ်။ သူတို့လဲဖြစ်ကြတယ်။ အဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာ ဖြစ်ပြီး တချို့ တာရှည်ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ မစိုးရိမ်ပါနဲ့၊ ရှားလွန်းပါတယ်။

အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

ဗဂျိုင်းနား အနံ့ဆိုးနေတာဖြစ်နေရင် ဘာလုပ်ရမလဲ -
• အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဘို့ရာမှာ အခက်အခဲ ရှိလာနိုင်တယ်။
• တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစားရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကု ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ ဆေးတာမျိုးကြောင့် မှို (ဖန်းဂတ်စ်) ပိုး ဝင်လာနိုင်တယ်။
• (ဗဂျိုင်းနား-ဖလိုရာ) ဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ မိုက်ခရိုဖီးလစ် ဗက်တီးရီးယားတွေ အများကြီး ရှိတယ်။ (လက်တိုဗက်ဆီးလိုင်) ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။
• အလွန်အကျွံဆေးကြောခြင်း၊ ဆေးဖြန်းပြီးဆေးကြောခြင်း၊ အဝတ်အစား တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေသုံးရာကနေ ဗဂျိုင်းနားရောင်တာနဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။
• ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊ အတူနေတာမှာ စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး ဆက်ဆံတာ၊
• အိမ်ထောင်သည်တွေဟာ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနာထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင်တာ ဖြစ်ကြရတယ်။
• မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။

မိန်းမကိုယ် ယားခြင်း ဖြစ်ရင် -
• Moisturisers (Emollients) ဆေးကို ခရင်၊ လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။
• ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
• (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။
• အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။
• နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။
• ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။
• ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။
• ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။
• ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
• (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။
• ဆီးစပ်မွှေး မရိတ်ပါနဲ့။
• စိတ်ဖိအား များနေရင် လျှော့ချပါ။
• သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုပ်ရှားပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။


Credit:ဒေါက်တာတင်ဆွေ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top