iMyanmarHouse.com - Best Property Website for Myanmar
×

ညဥ့္နက္မွ အိပ္ေလ့ရွိသူေတြအတြက္ မနက္ဘက္ အလုပ္သြားဖို႔၊ ေက်ာင္းသြားဖို႔ အခ်ိန္မီေအာင္ လုပ္ရတဲ့အလုပ္က မာရသြန္ျပိဳင္ပြဲဝင္ေနသလိုပါပဲ။ အခ်ိန္ကပ္မွ အိပ္ယာကႏုိး၊ ကေသာင္ကနင္းေတြျဖစ္၊ ယူသြားရမွာေတြ မယူျဖစ္၊ မနက္စာေကာင္းေကာင္းမစားရနဲ႔ ေတာ္ေတာ္ကို အျပင္းအထန္ရုန္းကန္ျပီးမွ အိမ္ကေန ထြက္ႏုိင္ေလ့ရွိၾကပါတယ္။ မနက္ခင္းေလးမွာ အိပ္ယာေလးေစာေစာႏုိးျပီး အလုပ္ကို အခ်ိန္မီ သြားႏုိင္ရင္ ကံေကာင္းတဲ့ေန႔ပဲ။ ဒါေပမဲ့ ကိုယ္က ညည့္နက္မွ အိပ္ထားေတာ့ မနက္ေစာေစာထတဲ့အခါ ေခါင္းမၾကည္၊ မထႏုိင္ျဖစ္။ ဒီလို သံသရာလည္ေနတာေတြ ရပ္သြားေအာင္ မနက္ေစာေစာထႏုိင္မယ့္ နည္းေလးေတြကို ေျပာျပပါမယ္။

ညစာကို ေစာေစာေလးစားလုိက္
မနက္ေစာေစာႏုိးဖို႔အတြက္ ႏႈိးစက္ကို ၂ နာရီေလာက္ေစာျပီး အခ်က္ေပးထားရုံနဲ႔ မရပါဘူး။ ကိုယ့္ရဲ႕ တစ္ေန႔တာလုပ္ရမယ့္အလုပ္ေတြကိုလည္း အခ်ိန္နည္းနည္းစီ ေရွ႕တုိးေအာင္လုပ္ထားရပါမယ္။ အဓိကကေတာ့ ခႏၶာကိုယ္ရဲ႕ အစာေခ်စနစ္ပါ။ မနက္ျဖန္ မနက္ ၆ နာရီေလာက္ အိပ္ယာထခ်င္တယ္ဆုိရင္ ဒီေန႔ည ၈ နာရီေလာက္မွာ ညစာစားထား။ ဒါမွ မအိပ္ခင္မွာ အစာေခ်ဖို႔အတြက္ ၂ နာရီေလာက္အခ်ိန္ရွိမွာ ျဖစ္ပါတယ္။ ဒါမွ ႏုိးတဲ့အခါ ၾကည္ၾကည္လင္လင္နဲ႔ႏိုးဖို႔ အေထာက္အကူျဖစ္ႏုိင္ပါတယ္။

ေကာ္ဖီေသာက္တဲ့အခ်ိန္ကုိ ထိန္းလုိက္ပါ
မနက္ေစာေစာထဖို႔ ၾကိဳးစားခ်င္တယ္ဆုိရင္ ကဖင္းဓာတ္ကို ေန႔လည္ ၁ နာရီေနာက္ပိုင္း အားမေပးပါနဲ႔ေတာ့။ မနက္ပိုင္း ေကာ္ဖီေသာက္တာက ေကာင္းေပမဲ့ ေနဝင္ျပီဆုိတာနဲ႔ ေကာ္ဖီအစား ေဆးဖက္ဝင္လက္ဖက္ေျခာက္တုိ႔၊ လက္ဖက္စိမ္းေဖ်ာ္ရည္တုိ႔ပဲ ေသာက္ေပးသင့္ပါတယ္။

တီဗီ၊ ဖုန္းေတြကို အိပ္ခ်ိန္နဲ႔ ေဝးေဝးမွာထားလုိက္ပါ
အခုေခတ္လူေတြအတြက္ ည ၈ နာရီဆုိတာ လုပ္စရာရွိတာေတြ လုပ္ခ်င္တာေတြ လုပ္လို႔ေကာင္းတုန္းအခ်ိန္ျဖစ္ေနပါတယ္။ ညစာစား၊ တီဗီေရွ႕ထုိင္ အဆီပါတဲ့ အစားအေသာက္ေတြစားျပီး မအိပ္ခင္အခ်ိန္ထိ ဖုန္းတစ္လုံးနဲ႔ အလုပ္ရႈပ္ေနတာေတြေၾကာင့္ ညဥ္႔နက္လို႔ နက္မွန္းမသိဘဲ ျဖစ္သြားတတ္ပါတယ္။ လွ်ပ္စစ္ပစၥည္းေတြကထြက္တဲ့ အလင္းေရာင္ေတြကလည္း အိပ္မေပ်ာ္ျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္ အေကာင္းဆုံးက အိပ္ခါနီးကုိ စာအုပ္တစ္အုပ္ဖတ္လိုက္ပါ။ အခန္းတစ္ခန္းမျပီးခင္မွာပဲ အိပ္ေပ်ာ္သြားတာကို ေတြ႔ရပါလိမ့္မယ္။

ႏႈိးစက္နဲ႔ တူတူပုန္းတမ္းကစားလုိက္
ႏႈိးစက္ေတာ့ေပးျပီးအိပ္ေပမဲ့ လက္တကမ္းမွာရွိေနရင္ ပိတ္ျပီး ခဏျပန္ မွိန္းေနတာနဲ႔ ျပန္အိပ္ေပ်ာ္သြားတတ္တာ အျမဲပါ။ ဒါေၾကာင့္ ႏႈိးစက္ကုိ တစ္ညကို တစ္ေနရာ ေျပာင္းေျပာင္း ထားေပး။ ဒီေန႔ ကုတင္ေအာက္မွာထား၊ ေနာက္တစ္ေန႔က်ရင္ အခန္းဝမွာသြားထား၊ ဒါမွမဟုတ္ အခန္းေထာင့္ မွာ သြားထားလိုက္။

အိပ္ေရးမဝတဲ့ရက္နည္းနည္းကို လက္ခံလိုက္
ညဘက္လည္း ညည့္နက္မွ အိပ္ယာထဲဝင္ျပီး မနက္ဘက္ အေစာၾကီးမထႏုိင္ျဖစ္ေနတဲ့ ဇာတ္လမ္းေတြ ရပ္သြားေအာင္ ညည့္နက္မွ အိပ္ယာဝင္ျဖစ္လည္း မနက္ကို ေစာေစာထလိုက္။ နည္းနည္းေတာ့ ႏုံးေနသလို၊ အိပ္ေရးမဝသလုိ ခံစားရလိမ့္မယ္။ နည္းနည္းေလး သည္းခံျပီး အက်င့္လုပ္လိုက္တဲ့အခါ မနက္ခင္းရဲ႕လွပတဲ့အရသာကို ခံစားမိလာလိမ့္မယ္။

အိပ္ယာဝင္ခ်ိန္ကို တသမတ္တည္းျဖစ္ေအာင္ၾကိဳးစား
 ေသာၾကာေန႔ညဘက္မွာ ေနာက္တစ္ေန႔ အလုပ္ေတြ၊ ေက်ာင္းေတြပိတ္ရက္ျဖစ္ေတာ့ ညလုံးေပါက္ အခ်ိန္ျဖဳန္း၊ ေနာက္တစ္ေန႔က်ေတာ့ ေန႔လည္ခင္းအထိ အိပ္တာမ်ဳိးေတြ မလုပ္မပါနဲ႔။ အိပ္ခ်ိန္မမွန္တာက ခႏၶာကိုယ္ရဲ႕ ဇီဝနာရီကုိ ထိခိုက္မႈေတြ ျဖစ္ေစတတ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : trend myanmar


#Unicode Version
ညဥ့်နက်မှ အိပ်လေ့ရှိသူတွေအတွက် မနက်ဘက် အလုပ်သွားဖို့၊ ကျောင်းသွားဖို့ အချိန်မီအောင် လုပ်ရတဲ့အလုပ်က မာရသွန်ပြိုင်ပွဲဝင်နေသလိုပါပဲ။ အချိန်ကပ်မှ အိပ်ယာကနိုး၊ ကသောင်ကနင်းတွေဖြစ်၊ ယူသွားရမှာတွေ မယူဖြစ်၊ မနက်စာကောင်းကောင်းမစားရနဲ့ တော်တော်ကို အပြင်းအထန်ရုန်းကန်ပြီးမှ အိမ်ကနေ ထွက်နိုင်လေ့ရှိကြပါတယ်။ မနက်ခင်းလေးမှာ အိပ်ယာလေးစောစောနိုးပြီး အလုပ်ကို အချိန်မီ သွားနိုင်ရင် ကံကောင်းတဲ့နေ့ပဲ။ ဒါပေမဲ့ ကိုယ်က ညည့်နက်မှ အိပ်ထားတော့ မနက်စောစောထတဲ့အခါ ခေါင်းမကြည်၊ မထနိုင်ဖြစ်။ ဒီလို သံသရာလည်နေတာတွေ ရပ်သွားအောင် မနက်စောစောထနိုင်မယ့် နည်းလေးတွေကို ပြောပြပါမယ်။

ညစာကို စောစောလေးစားလိုက်
မနက်စောစောနိုးဖို့အတွက် နှိုးစက်ကို ၂ နာရီလောက်စောပြီး အချက်ပေးထားရုံနဲ့ မရပါဘူး။ ကိုယ့်ရဲ့ တစ်နေ့တာလုပ်ရမယ့်အလုပ်တွေကိုလည်း အချိန်နည်းနည်းစီ ရှေ့တိုးအောင်လုပ်ထားရပါမယ်။ အဓိကကတော့ ခန္ဓာကိုယ်ရဲ့ အစာချေစနစ်ပါ။ မနက်ဖြန် မနက် ၆ နာရီလောက် အိပ်ယာထချင်တယ်ဆိုရင် ဒီနေ့ည ၈ နာရီလောက်မှာ ညစာစားထား။ ဒါမှ မအိပ်ခင်မှာ အစာချေဖို့အတွက် ၂ နာရီလောက်အချိန်ရှိမှာ ဖြစ်ပါတယ်။ ဒါမှ နိုးတဲ့အခါ ကြည်ကြည်လင်လင်နဲ့နိုးဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

ကော်ဖီသောက်တဲ့အချိန်ကို ထိန်းလိုက်ပါ
မနက်စောစောထဖို့ ကြိုးစားချင်တယ်ဆိုရင် ကဖင်းဓာတ်ကို နေ့လည် ၁ နာရီနောက်ပိုင်း အားမပေးပါနဲ့တော့။ မနက်ပိုင်း ကော်ဖီသောက်တာက ကောင်းပေမဲ့ နေဝင်ပြီဆိုတာနဲ့ ကော်ဖီအစား ဆေးဖက်ဝင်လက်ဖက်ခြောက်တို့၊ လက်ဖက်စိမ်းဖျော်ရည်တို့ပဲ သောက်ပေးသင့်ပါတယ်။

တီဗီ၊ ဖုန်းတွေကို အိပ်ချိန်နဲ့ ဝေးဝေးမှာထားလိုက်ပါ
အခုခေတ်လူတွေအတွက် ည ၈ နာရီဆိုတာ လုပ်စရာရှိတာတွေ လုပ်ချင်တာတွေ လုပ်လို့ကောင်းတုန်းအချိန်ဖြစ်နေပါတယ်။ ညစာစား၊ တီဗီရှေ့ထိုင် အဆီပါတဲ့ အစားအသောက်တွေစားပြီး မအိပ်ခင်အချိန်ထိ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာတွေကြောင့် ညဥ့်နက်လို့ နက်မှန်းမသိဘဲ ဖြစ်သွားတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေကထွက်တဲ့ အလင်းရောင်တွေကလည်း အိပ်မပျော်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အိပ်ခါနီးကို စာအုပ်တစ်အုပ်ဖတ်လိုက်ပါ။ အခန်းတစ်ခန်းမပြီးခင်မှာပဲ အိပ်ပျော်သွားတာကို တွေ့ရပါလိမ့်မယ်။

နှိုးစက်နဲ့ တူတူပုန်းတမ်းကစားလိုက်
နှိုးစက်တော့ပေးပြီးအိပ်ပေမဲ့ လက်တကမ်းမှာရှိနေရင် ပိတ်ပြီး ခဏပြန် မှိန်းနေတာနဲ့ ပြန်အိပ်ပျော်သွားတတ်တာ အမြဲပါ။ ဒါကြောင့် နှိုးစက်ကို တစ်ညကို တစ်နေရာ ပြောင်းပြောင်း ထားပေး။ ဒီနေ့ ကုတင်အောက်မှာထား၊ နောက်တစ်နေ့ကျရင် အခန်းဝမှာသွားထား၊ ဒါမှမဟုတ် အခန်းထောင့် မှာ သွားထားလိုက်။

အိပ်ရေးမဝတဲ့ရက်နည်းနည်းကို လက်ခံလိုက်
ညဘက်လည်း ညည့်နက်မှ အိပ်ယာထဲဝင်ပြီး မနက်ဘက် အစောကြီးမထနိုင်ဖြစ်နေတဲ့ ဇာတ်လမ်းတွေ ရပ်သွားအောင် ညည့်နက်မှ အိပ်ယာဝင်ဖြစ်လည်း မနက်ကို စောစောထလိုက်။ နည်းနည်းတော့ နုံးနေသလို၊ အိပ်ရေးမဝသလို ခံစားရလိမ့်မယ်။ နည်းနည်းလေး သည်းခံပြီး အကျင့်လုပ်လိုက်တဲ့အခါ မနက်ခင်းရဲ့လှပတဲ့အရသာကို ခံစားမိလာလိမ့်မယ်။

အိပ်ယာဝင်ချိန်ကို တသမတ်တည်းဖြစ်အောင်ကြိုးစား
 သောကြာနေ့ညဘက်မှာ နောက်တစ်နေ့ အလုပ်တွေ၊ ကျောင်းတွေပိတ်ရက်ဖြစ်တော့ ညလုံးပေါက် အချိန်ဖြုန်း၊ နောက်တစ်နေ့ကျတော့ နေ့လည်ခင်းအထိ အိပ်တာမျိုးတွေ မလုပ်မပါနဲ့။ အိပ်ချိန်မမှန်တာက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ထိခိုက်မှုတွေ ဖြစ်စေတတ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top