iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္ရႊင္မႈဟာ ဖန္တီးယူလို႔ရတယ္လို႔ သုေတသနပညာရွင္ေတြကေတာ့ ဆိုပါတယ္။ ေပ်ာ္ရႊင္မႈရဲ႔ ၄၀ရာခိုင္ႏႈန္းဟာ ေန႔စဥ္ အေလ့အက်င့္ေတြ၊  ၅၀ရာခိုင္ႏႈန္းကေတာ့ မ်ိဳးရိုးဗီဇနဲ႔ ၁၀ရာခိုင္ႏႈန္းကေတာ့ ပတ္၀န္းက်င္ အေၿခအေနနဲ႔ သက္ဆိုင္ပါတယ္။ တကယ္လို႔ သင္ဟာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနခ်င္သူ တစ္ေယာက္ဆိုရင္ေတာ့ ေအာက္ပါ အခ်က္(၁၁)ခ်က္ကို ေလ့လာၾကည္႔သင့္ပါတယ္။

(၁) မိမိမတတ္ႏိုင္တဲ့ ကိစၥအတြက္ မိမိကိုယ္ကို အၿပစ္တင္ၿခင္း
ေပ်ာ္ေပ်ာ္ေနတတ္သူေတြဟာ သူတို႔ တတ္ႏိုင္တာ/လုပ္ႏိုင္တာကိုပဲ အာရံုစိုက္ေလ့ရွိၾကပါတယ္။ သူတို႔မတတ္ႏိုင္တဲ့ ကိစၥေတြအတြက္  စိတ္ေသာကေရာက္ေလ့မရွိၾကပါဘူး။

(၂) လူမႈကြန္ရက္ေပၚတြင္ အခ်ိန္ၿဖဳန္းၿခင္း
Facebook ၊ Instagram အစရွိတဲ့ လူမႈကြန္ရက္ေတြဟာ အသံုး၀င္တယ္ဆိုေပမဲ့ အလြန္အကၽြံြသံုးစြဲၿခင္းကေတာ့ စိတ္ကိုေလးလံထိုင္းမိႈင္းေစပါတယ္။

(၃) အဆိုးၿမင္၀ါဒီမ်ားႏွင့္အတူရွိၿခင္း
ေန႔ရက္ဆိုးေတြေတာ့ လူတိုင္းမွာ ရွိတတ္ၾကပါတယ္။ ဒါေပမဲ့ အဆိုးၿမင္တတ္တဲ့လူေတြရဲ႔ အၿမင္အတိုင္း လိုက္ၿပီး ေနထိုင္အသက္ရွင္ဖို႔ေတာ့ မလိုအပ္ပါဘူး။

(၄) အတိတ္မွာ ေနထိုင္ၿခင္း
ေပ်ာ္ေပ်ာ္ေနတတ္သူေတြဟာ ၿဖစ္ရပ္ဆိုးေတြကို ဆုပ္ကိုင္မထားဘဲနဲ႔ ေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ပဲ ေရွ႔ဆက္ေနထိုင္လိုက္ၾကပါတယ္။

(၅) ေရရွည္ေပ်ာ္ရႊင္မႈထက္ ေရတိုေပ်ာ္ရႊင္မႈကိုေရြးခ်ယ္ၿခင္း
အၿမဲတမ္းေပ်ာ္ရႊင္ေနခ်င္တယ္ဆိုရင္ေတာ့ ဘယ္လိုေရြးခ်ယ္မႈမ်ိဳးကိုမဆို ေခတၱခဏအတြက္ပဲ ၾကည့္မယ့္အစား ေရရွည္ေတြးတတ္တဲ့ အက်င့္ေကာင္းကို ေမြးၿမဴၾကည့္သင့္ပါတယ္။

(၆) အဆင္မေၿပတဲ့ သမီးရည္းစားဆက္ဆံေရးအတြင္း ေနထိုင္ၿခင္း
သမီးရည္းစားဆက္ဆံေရးဆိုတာ လံုၿခံဳတယ္ ၊ အေထာက္အကူၿဖစ္တယ္ ၊ ခိုင္ၿမဲတယ္။ ဒါေပမဲ့ အဲဒါေတြထဲကမွ တစ္ခုမွ မရွိဘူးဆိုရင္ေတာ့ ေၿပာင္းလဲပစ္လိုက္ဖို႔ စဥ္းစားသင့္ပါၿပီ။

(၇) အရာအားလံုးကို “ဟုတ္ကဲ့”လိုက္ၿခင္း
အစစအရာရာကို ဟုတ္ကဲ့ခ်ည္းပဲ လုပ္ေနရင္ေတာ့ အခ်ိန္ၾကာလာတာနဲ႔အမွ် စိတ္ဖီးစီးမႈမ်ားၿပီး မေပ်ာ္မရႊင္ၿဖစ္လာႏိုင္ပါတယ္။

(၈) မအိပ္ဘဲေနၿခင္း
မအိပ္ဘဲေနၿခင္းဟာ အလုပ္အကိုင္နဲ႔ အၿခားေသာ ဆက္ဆံေရးေတြကိုပါ ထိခိုက္ေစႏိုင္ၿပီး စိတ္က်ေရာဂါအထိပါ ၿဖစ္ပြားေစႏိုင္ပါတယ္။

(၉) ၿပႆနာတစ္ခုအေပၚ ပါ၀င္ခံစားၿခင္း
ေပ်ာ္ေပ်ာ္ေနတတ္သူေတြဟာ ပဋိပကၡတစ္ခုအေပၚမွာ အၾကံဥာဏ္သာေပးၿပီး လိုက္လံခံစားမေနတတ္ၾကပါဘူး။

(၁၀) အၿခားသူမ်ားႏွင့္ မိမိကိုယ္ကို ႏႈိင္းယွဥ္ၿခင္း
ဖ်က္လိုဖ်က္ဆီးစိတ္ခံစားခ်က္ေတြနဲ႔အၿပဳအမူေတြ အမ်ားဆံုးလုပ္သူေတြသာ အၿခားသူမ်ားနဲ႔ မိမိကိုယ္ကို ႏႈိင္းယွဥ္ေလ့ရွိၾကပါတယ္။]

(၁၁) အေကာင္းၿမင္၀ါဒကို လ်စ္လ်ဴရႈၿခင္း
ၿဖစ္ရပ္ဆိုးေတြကို လ်စ္လ်ဴရႈလိုက္တာကလဲြလို႔ အေကာင္းၿမင္စိတ္ကိုေတာ့ ဘယ္ေတာ့မွ လႊတ္မခ်လိုက္ပါဘူး။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit ; trend myanmar

#Unicode Version

ပျော်ရွှင်မှုဟာ ဖန်တီးယူလို့ရတယ်လို့ သုတေသနပညာရှင်တွေကတော့ ဆိုပါတယ်။ ပျော်ရွှင်မှုရဲ့ ၄၀ရာခိုင်နှုန်းဟာ နေ့စဉ် အလေ့အကျင့်တွေ၊  ၅၀ရာခိုင်နှုန်းကတော့ မျိုးရိုးဗီဇနဲ့ ၁၀ရာခိုင်နှုန်းကတော့ ပတ်ဝန်းကျင် အခြေအနေနဲ့ သက်ဆိုင်ပါတယ်။ တကယ်လို့ သင်ဟာ ပျော်ပျော်ရွှင်ရွှင်နေချင်သူ တစ်ယောက်ဆိုရင်တော့ အောက်ပါ အချက်(၁၁)ချက်ကို လေ့လာကြည့်သင့်ပါတယ်။

(၁) မိမိမတတ်နိုင်တဲ့ ကိစ္စအတွက် မိမိကိုယ်ကို အပြစ်တင်ခြင်း
ပျော်ပျော်နေတတ်သူတွေဟာ သူတို့ တတ်နိုင်တာ/လုပ်နိုင်တာကိုပဲ အာရုံစိုက်လေ့ရှိကြပါတယ်။ သူတို့မတတ်နိုင်တဲ့ ကိစ္စတွေအတွက်  စိတ်သောကရောက်လေ့မရှိကြပါဘူး။

(၂) လူမှုကွန်ရက်ပေါ်တွင် အချိန်ဖြုန်းခြင်း
Facebook ၊ Instagram အစရှိတဲ့ လူမှုကွန်ရက်တွေဟာ အသုံးဝင်တယ်ဆိုပေမဲ့ အလွန်အကျွွံသုံးစွဲခြင်းကတော့ စိတ်ကိုလေးလံထိုင်းမှိုင်းစေပါတယ်။

(၃) အဆိုးမြင်ဝါဒီများနှင့်အတူရှိခြင်း
နေ့ရက်ဆိုးတွေတော့ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အဆိုးမြင်တတ်တဲ့လူတွေရဲ့ အမြင်အတိုင်း လိုက်ပြီး နေထိုင်အသက်ရှင်ဖို့တော့ မလိုအပ်ပါဘူး။

(၄) အတိတ်မှာ နေထိုင်ခြင်း
ပျော်ပျော်နေတတ်သူတွေဟာ ဖြစ်ရပ်ဆိုးတွေကို ဆုပ်ကိုင်မထားဘဲနဲ့ မေ့မေ့ပျောက်ပျောက်နဲ့ပဲ ရှေ့ဆက်နေထိုင်လိုက်ကြပါတယ်။

(၅) ရေရှည်ပျော်ရွှင်မှုထက် ရေတိုပျော်ရွှင်မှုကိုရွေးချယ်ခြင်း
အမြဲတမ်းပျော်ရွှင်နေချင်တယ်ဆိုရင်တော့ ဘယ်လိုရွေးချယ်မှုမျိုးကိုမဆို ခေတ္တခဏအတွက်ပဲ ကြည့်မယ့်အစား ရေရှည်တွေးတတ်တဲ့ အကျင့်ကောင်းကို မွေးမြူကြည့်သင့်ပါတယ်။

(၆) အဆင်မပြေတဲ့ သမီးရည်းစားဆက်ဆံရေးအတွင်း နေထိုင်ခြင်း
သမီးရည်းစားဆက်ဆံရေးဆိုတာ လုံခြုံတယ် ၊ အထောက်အကူဖြစ်တယ် ၊ ခိုင်မြဲတယ်။ ဒါပေမဲ့ အဲဒါတွေထဲကမှ တစ်ခုမှ မရှိဘူးဆိုရင်တော့ ပြောင်းလဲပစ်လိုက်ဖို့ စဉ်းစားသင့်ပါပြီ။

(၇) အရာအားလုံးကို “ဟုတ်ကဲ့”လိုက်ခြင်း
အစစအရာရာကို ဟုတ်ကဲ့ချည်းပဲ လုပ်နေရင်တော့ အချိန်ကြာလာတာနဲ့အမျှ စိတ်ဖီးစီးမှုများပြီး မပျော်မရွှင်ဖြစ်လာနိုင်ပါတယ်။

(၈) မအိပ်ဘဲနေခြင်း
မအိပ်ဘဲနေခြင်းဟာ အလုပ်အကိုင်နဲ့ အခြားသော ဆက်ဆံရေးတွေကိုပါ ထိခိုက်စေနိုင်ပြီး စိတ်ကျရောဂါအထိပါ ဖြစ်ပွားစေနိုင်ပါတယ်။

(၉) ပြဿနာတစ်ခုအပေါ် ပါဝင်ခံစားခြင်း
ပျော်ပျော်နေတတ်သူတွေဟာ ပဋိပက္ခတစ်ခုအပေါ်မှာ အကြံဉာဏ်သာပေးပြီး လိုက်လံခံစားမနေတတ်ကြပါဘူး။

(၁၀) အခြားသူများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ခြင်း
ဖျက်လိုဖျက်ဆီးစိတ်ခံစားချက်တွေနဲ့အပြုအမူတွေ အများဆုံးလုပ်သူတွေသာ အခြားသူများနဲ့ မိမိကိုယ်ကို နှိုင်းယှဉ်လေ့ရှိကြပါတယ်။]

(၁၁) အကောင်းမြင်ဝါဒကို လျစ်လျူရှုခြင်း
ဖြစ်ရပ်ဆိုးတွေကို လျစ်လျူရှုလိုက်တာကလွဲလို့ အကောင်းမြင်စိတ်ကိုတော့ ဘယ်တော့မှ လွှတ်မချလိုက်ပါဘူး။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit ; trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top