iMyanmarHouse.com - Best Property Website for Myanmar
×







Credit : 7day daily

#Unicode Version

အသက်အရွယ်ရလာတဲ့ လက္ခဏာတွေထဲက တစ်ခုက တော့ ဆံပင်တွေဖြူလာတာဖြစ်ပြီးသဘာဝတရားအရ ပြောင်းလဲလာ တာမို့ လုံးဝရပ်တန့်လို့မရပေမယ့် ဆံပင်ဖြူတာသက်သာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေရှိပါ တယ်။

ဆံပင်ဖြူစတွေ့တာနဲ့ ဆံပင် ဆိုးဆေးအကူအညီယူကြတဲ့အခါ ဆိုးဆေးတွေမှာပါတဲ့ ဓာတုဆေး တွေကြောင့် ဆံသားနဲ့ ဦးရေပြား ကို ဒုက္ခပေးတာတွေ ကြုံရပြန်တဲ့ အတွက် အန္တရာယ်ကင်းတဲ့ သဘာဝနည်းနဲ့ ဆံပင်ဖြူသက်သာအောင် လုပ်ချင်သူတွေအနေနဲ့ အာလူးခွံ အကူအညီယူနိုင်တယ်လို့ သိရပါ တယ်။

အာလူးခွံနဲ့ ဘယ်လိုလုပ်ရ မလဲဆိုရင်တော့ အာလူး တစ်လုံး ဒါမှမဟုတ် နှစ်လုံးကို အခွံနွှာပါ။ အိုးအသေးတစ်လုံးထဲကို အာလူး ခွံတွေထည့်ပြီး ရေလက်ဖက်ရည် နှစ်ပန်းကန်လောက်နဲ့ ၁၅ မိနစ် ပြုတ်ပါ။ အာလူးခွံပြုတ်ရည်ကို အအေးခံထားပြီးနောက် အရည် ချည်းပဲစစ်ထုတ်လိုက်ပါ။ ပြီးရင် တော့ ခါတိုင်းခေါင်းလျှော်သလိုပဲ ခေါင်းလျှော်ပြီး ဆံပင်တွေကို ခြောက်အောင်သုတ်ပါ။ ခုနအာ လူးခွံကို အရည်စစ်ထားတဲ့ အညို ရောင်အရည်ကို ဆံပင်အရင်းက နေ အဖျားထိ ဘရပ်ရှ်အသေးတစ် ခုနဲ့ လိုက်သုတ်ပြီး ခြောက်တဲ့အ ထိထားပါ။

ဆံပင်ဖြူတာချက်ချင်းကြီး မသိသာပေမယ့် အာလူးခွံပြုတ် ရည်ကို ခေါင်းလျှော်ရည်ပုလင်း ဟောင်းတစ်ခုထဲထည့်ထားပြီး ပုံ မှန်သုတ်လိမ်းပေးရင် ဆံပင်ဖြူ တွေ တဖြည်းဖြည်းချင်းလျော့သွားတာတွေ့ရမှာပါ။ ဆိုးဆေးနဲ့ ဓာတ်မတည့်သူတွေ သုံးလို့အဆင်ပြေ မယ့် အာလူးခွံပြုတ်ရည်နဲ့ ဆံပင် ဆေးဆိုးလိုက်တဲ့ သဘောပဲ ဖြစ်ပါ တယ်။  
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7day daily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top