iMyanmarHouse.com - Best Property Website for Myanmar
×

စႏိုက္ေက်ာ္ဆုိတဲ့စကား အရမ္းရုိင္းတယ္။ တကယ္ေတာ့ အရွက္မရိွတာရဲ႕ ေနာက္ကြယ္မွာ သူမ်ားခ်စ္သူ ၊ ရည္းစားကုိ လိုခ်င္တဲ့စိတ္ေလး ကပ္ပါလာတာပါ။ စႏုိက္ေက်ာ္ေတြဆုိတာ လူပ်ိဳလူလြတ္ကိုေတာင္ အျဖစ္ရွိေအာင္ မယူႏိုင္ေတာ့လို႔ နံပါတ္ခ်ိတ္ၿပီးသား ၊ တံဆိပ္ကပ္ၿပီးသား သူမ်ားပိုင္ႀကီးကို အတင္းကုတ္ဖက္လုတတ္တဲ့အျပင္ ကိုယ့္ေျခေထာက္ေပၚရပ္တည္ၿပီး မိမိကုိယ္ကုိ အားကုိးဖုိ႔ထက္ သူမ်ားအသင့္ျပင္ထားတဲ့ ထမင္းဝိုင္းကို ေၾကာင္ေတာင္ႏိႈက္ အတင္းဝင္ထိုင္လုစားၿပီး သူမ်ား မသဒၶါေရစာကို မ်ိဳက်ၾကသူေတြ ျဖစ္ပါတယ္။ စႏုိက္ေက်ာ္ေတြဆုိတာ ေနရာအႏွံ႔မွာ ရွိတဲ့အျပင္ ခ်ိဳမပါတဲ့အမ်ိဳးျဖစ္တဲ့အတြက္ ကုိယ့္ခ်စ္သူ ၊ ကုိယ့္ရည္းစားေတြကုိ စႏုိက္ေက်ာ္ရန္မွ ကာကြယ္ေစမယ့္ နည္းလမ္းမ်ားကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ ကိုယ့္ရည္းစား အားငယ္ေနခ်ိန္မွာ အရင္ကထက္္ အခ်ိန္ေပးပါ။

စႏုိက္ေက်ာ္ေတြဟာ ကိစၥတစ္ခုကုိ လုပ္ၿပီဆုိရင္ မဟာဗ်ဴဟာက်က် ဝင္လာတတ္ပါတယ္။ သူတုိ႔ေက်ာ္ခ်င္တဲ့ ေကာင္ေလးဟာ စိတ္ဓာတ္က်ေနတဲ့အခ်ိန္မွာဆုိရင္ သူတုိ႔ေတြဟာ တကယ့္အားေပးေဖာ္ မဟာကရုဏာရွင္ႀကီးေတြလုိ ဒုိင္ဗင္ထုိးၿပီး ဝင္လာေလ့ရွိပါတယ္။ ေနာက္ၿပီးေတာ့လည္း “ေအာင္ျမင္ခ်ိန္မွာ အားေပးတဲ့လက္ခုပ္သံေတြထက္ က်ရႈံးခ်ိန္မွာ မ်က္ရည္သုတ္ေပးတဲ့ လက္တစ္စုံက ပုိၿပီး တန္ဖုိးရွိိတယ္” ဆုိတဲ့ စကားလုံးကုိ တြင္က်ယ္ေအာင္ အသုံးျပဳၿပီး ေကာင္ေလးရဲ႕ ရင္ထဲကုိ တစ္စစဝင္ေရာက္လာေလ့ရွိပါတယ္။ အဲဒီေတာ့ ကုိယ့္ရည္းစားေကာင္ေလးဟာ လုပ္ငန္းအဆင္မေျပလုိ႔ပဲျဖစ္ျဖစ္ ၊ စာေမးပြဲက်လုိ႔ပဲ ျဖစ္ျဖစ္ ၊ အိမ္တြင္းေရးအဆင္မေျပလုိ႔ပဲ ျဖစ္ျဖစ္ စိတ္ဓာတ္က်ေနခ်ိန္မွာ စႏုိက္ေက်ာ္ေတြဟာ အခြင့္ေကာင္းယူၿပီး ဝင္လာတတ္တာမုိ႔ အရင္ကထက္ ပုိၿပီးဂရုစို္က္ပါေလ။

 ၂။ ၾကည္ႏူးတဲ့အခ်ိန္မွာဆုိလည္း ဝင္လာတတ္တယ္။

ကုိယ္ေတြက စုံတြဲပုံေလးေတြတင္ၿပီး ၾကည္ႏူးေနၿပီဆုိရင္လည္း “အကုိတုိ႔စုံတြဲက အားက်စရာေကာင္းလုိက္တာ ၊ အကုိ႔ရည္းစားကုိ အရမ္းခ်စ္မွာပဲေနာ္။ အကုိလုိ ရည္းစားမ်ိဳးေလး လုိခ်င္လုိက္တာ ။ ညီမေလးမွာေတာ့ ဟင့္အင့္” ဆုိၿပီး အစြန္းမလြတ္တဲ့ စကားလုံးေတြနဲ႕ တစ္ဖက္သားရင္ထဲကုိ ပစ္သြင္းပါေတာ့တယ္။ ကိုယ့္တင္တဲ့ Status တုိင္းမွာ မ်က္ႏွာေျပာင္ၿပီး Love Reaction ေတြ ေပးတတ္ရုံသာမက မထိတထိ Status ေလးေတြ တင္ေလ့ရွိၾကပါတယ္။

၃။ သမီးရည္းစား အဆင္မေျပတဲ့အခ်ိန္မွာ စႏုိက္ေက်ာ္ေတြ ဝင္လာေလ့ရွိတယ္။

သမီးရည္းစားေတြရဲ႕ဘဝမွာ ဘာမဟုတ္တဲ့ ကိစၥေလးေတြကေန အစျပဳၿပီး စကားကေတာက္ကဆျဖစ္တတ္တာ ထုံးစံလုိေတာင္ ျဖစ္ေနပါၿပီ။ တစ္ညလုံးစကားမ်ား ရန္ျဖစ္ထားေပမယ့္ မနက္ပုိင္းမွာ ျပန္ခ်စ္သြားတဲ့အခုိက္အတန္႔ဆုိတာလည္း တကယ္ခ်စ္တဲ့စုံတြဲတိုင္းမွာ ရွိၾကပါတယ္။ ဒါေပမယ့္ အဲဒီလုိ အဆင္မေျပတဲ့အခ်ိန္မွာ စႏုိက္ေက်ာ္ေတြက အခြင့္ေကာင္းယူၿပီး ဝင္လာတတ္ပါတယ္။ “ပြဲလန္႔တုန္း ဖ်ာခင္း” တဲ့သေဘာပဲ ျဖစ္ပါတယ္။ “ အကုိ ရည္စားနဲ႔ ဘာအဆင္မေျပျဖစ္လုိ႔လဲ ညီမေလး ရွိတာပဲ ပြင့္ပြင့္လင္းလင္း ရင္ဖြင့္လုိ႔ရတယ္ေနာ္” လုိ႔ စႏုိက္ေက်ာ္ေတြက စကားလုံးလွလွေလးေတြ ပစ္သြင္းလုိက္ၿပီဆုိရင္ ဟုိႏြားေတြကလည္း သြားၿဖီးၿပီး ဖီးလ္ေတြကုိ တက္ေနၾကပါတယ္။ “အကုိ႔ေကာင္မေလးကလည္းေနာ္ ဘယ္လုိႀကီးမွန္းလည္း မသိဘူး ။ သူ႕ေနရာ ညီမ သာဆုိရင္ . . . ” ဆုိၿပီး လက္ရွိရည္းစားရဲ႕ အားနည္းခ်က္ေတြကုိ စႏုိက္ေက်ာ္ေတြရဲ႕ အားသာခ်က္အသြင္ေျပာင္းယူၿပီး တန္ျပန္တုိက္စစ္အသြင္ႏွင့္ ခြင္ဆင္လာပါေတာ့တယ္။ စႏုိက္ေက်ာ္ဘက္မွ ဖုန္းေတြဘာေတြ စဆက္ေလ့ရွိၿပီး ရည္းစားမရွိေၾကာင္း ေရလာေျမာင္းေပးစကားေတြ ဆုိလာေလ့ရွိပါတယ္။

၄။ ကိုယ့္ရည္းစားဟာ လူသိမ်ားရင္ အထူးဂရုစုိက္ပါ။

စႏုိက္ေက်ာ္ေတြဟာ ဘဝအတြက္ တုိးတက္ေအာင္ျမင္ေအာင္ ကုိယ္တုိင္တည္ေဆာက္ႀကိဳးစားရမယ့္အစား ကုိယ့္ရည္းစားေအာင္ျမင္တာနဲ႕ ကုိယ္လည္း ေအာင္ျမင္မယ္လုိ႔ ခပ္ညံ့ညံ့အေတြးေတြ ဝင္လာတတ္ပါတယ္။ ကုိယ့္ရည္းစားဟာ ေအာင္ျမင္ေနတဲ့ လူငယ္တစ္ေယာက္ျဖစ္မယ္ဆုိရင္ ပုိၿပီးဂရုစုိက္သင့္ပါတယ္။ ေအာင္ျမင္ေနတဲ့လူငယ္တစ္ေယာက္ကုိ အပုိင္ၾကံခ်င္တဲ့ အေတြးေတြပုိက္ေထြးၿပီး အကြင္ဆင္ဝင္ေရာက္တတ္ပါတယ္။ ဆိုေတာ့ စႏိုက္ေက်ာ္ရန္က လြတ္ခ်င္တယ္ဆိုရင္ ေအာင္ျမင္ေနတဲ့ရည္းစားကို ဘယ္သြားသြား လက္ခ်ိတ္ၿပီးသာ သြားပါေလ။

Credit: akhayar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စနိုက်ကျော်ဆိုတဲ့စကား အရမ်းရိုင်းတယ်။ တကယ်တော့ အရှက်မရှိတာရဲ့ နောက်ကွယ်မှာ သူများချစ်သူ ၊ ရည်းစားကို လိုချင်တဲ့စိတ်လေး ကပ်ပါလာတာပါ။ စနိုက်ကျော်တွေဆိုတာ လူပျိုလူလွတ်ကိုတောင် အဖြစ်ရှိအောင် မယူနိုင်တော့လို့ နံပါတ်ချိတ်ပြီးသား ၊ တံဆိပ်ကပ်ပြီးသား သူများပိုင်ကြီးကို အတင်းကုတ်ဖက်လုတတ်တဲ့အပြင် ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး မိမိကိုယ်ကို အားကိုးဖို့ထက် သူများအသင့်ပြင်ထားတဲ့ ထမင်းဝိုင်းကို ကြောင်တောင်နှိုက် အတင်းဝင်ထိုင်လုစားပြီး သူများ မသဒ္ဓါရေစာကို မျိုကျကြသူတွေ ဖြစ်ပါတယ်။ စနိုက်ကျော်တွေဆိုတာ နေရာအနှံ့မှာ ရှိတဲ့အပြင် ချိုမပါတဲ့အမျိုးဖြစ်တဲ့အတွက် ကိုယ့်ချစ်သူ ၊ ကိုယ့်ရည်းစားတွေကို စနိုက်ကျော်ရန်မှ ကာကွယ်စေမယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ့်ရည်းစား အားငယ်နေချိန်မှာ အရင်ကထက် အချိန်ပေးပါ။

စနိုက်ကျော်တွေဟာ ကိစ္စတစ်ခုကို လုပ်ပြီဆိုရင် မဟာဗျူဟာကျကျ ဝင်လာတတ်ပါတယ်။ သူတို့ကျော်ချင်တဲ့ ကောင်လေးဟာ စိတ်ဓာတ်ကျနေတဲ့အချိန်မှာဆိုရင် သူတို့တွေဟာ တကယ့်အားပေးဖော် မဟာကရုဏာရှင်ကြီးတွေလို ဒိုင်ဗင်ထိုးပြီး ဝင်လာလေ့ရှိပါတယ်။ နောက်ပြီးတော့လည်း “အောင်မြင်ချိန်မှာ အားပေးတဲ့လက်ခုပ်သံတွေထက် ကျရှုံးချိန်မှာ မျက်ရည်သုတ်ပေးတဲ့ လက်တစ်စုံက ပိုပြီး တန်ဖိုးရှိတယ်” ဆိုတဲ့ စကားလုံးကို တွင်ကျယ်အောင် အသုံးပြုပြီး ကောင်လေးရဲ့ ရင်ထဲကို တစ်စစဝင်ရောက်လာလေ့ရှိပါတယ်။ အဲဒီတော့ ကိုယ့်ရည်းစားကောင်လေးဟာ လုပ်ငန်းအဆင်မပြေလို့ပဲဖြစ်ဖြစ် ၊ စာမေးပွဲကျလို့ပဲ ဖြစ်ဖြစ် ၊ အိမ်တွင်းရေးအဆင်မပြေလို့ပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကျနေချိန်မှာ စနိုက်ကျော်တွေဟာ အခွင့်ကောင်းယူပြီး ဝင်လာတတ်တာမို့ အရင်ကထက် ပိုပြီးဂရုစိုက်ပါလေ။

 ၂။ ကြည်နူးတဲ့အချိန်မှာဆိုလည်း ဝင်လာတတ်တယ်။

ကိုယ်တွေက စုံတွဲပုံလေးတွေတင်ပြီး ကြည်နူးနေပြီဆိုရင်လည်း “အကိုတို့စုံတွဲက အားကျစရာကောင်းလိုက်တာ ၊ အကို့ရည်းစားကို အရမ်းချစ်မှာပဲနော်။ အကိုလို ရည်းစားမျိုးလေး လိုချင်လိုက်တာ ။ ညီမလေးမှာတော့ ဟင့်အင့်” ဆိုပြီး အစွန်းမလွတ်တဲ့ စကားလုံးတွေနဲ့ တစ်ဖက်သားရင်ထဲကို ပစ်သွင်းပါတော့တယ်။ ကိုယ့်တင်တဲ့ Status တိုင်းမှာ မျက်နှာပြောင်ပြီး Love Reaction တွေ ပေးတတ်ရုံသာမက မထိတထိ Status လေးတွေ တင်လေ့ရှိကြပါတယ်။

၃။ သမီးရည်းစား အဆင်မပြေတဲ့အချိန်မှာ စနိုက်ကျော်တွေ ဝင်လာလေ့ရှိတယ်။

သမီးရည်းစားတွေရဲ့ဘဝမှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကနေ အစပြုပြီး စကားကတောက်ကဆဖြစ်တတ်တာ ထုံးစံလိုတောင် ဖြစ်နေပါပြီ။ တစ်ညလုံးစကားများ ရန်ဖြစ်ထားပေမယ့် မနက်ပိုင်းမှာ ပြန်ချစ်သွားတဲ့အခိုက်အတန့်ဆိုတာလည်း တကယ်ချစ်တဲ့စုံတွဲတိုင်းမှာ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီလို အဆင်မပြေတဲ့အချိန်မှာ စနိုက်ကျော်တွေက အခွင့်ကောင်းယူပြီး ဝင်လာတတ်ပါတယ်။ “ပွဲလန့်တုန်း ဖျာခင်း” တဲ့သဘောပဲ ဖြစ်ပါတယ်။ “ အကို ရည်စားနဲ့ ဘာအဆင်မပြေဖြစ်လို့လဲ ညီမလေး ရှိတာပဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ရတယ်နော်” လို့ စနိုက်ကျော်တွေက စကားလုံးလှလှလေးတွေ ပစ်သွင်းလိုက်ပြီဆိုရင် ဟိုနွားတွေကလည်း သွားဖြီးပြီး ဖီးလ်တွေကို တက်နေကြပါတယ်။ “အကို့ကောင်မလေးကလည်းနော် ဘယ်လိုကြီးမှန်းလည်း မသိဘူး ။ သူ့နေရာ ညီမ သာဆိုရင် . . . ” ဆိုပြီး လက်ရှိရည်းစားရဲ့ အားနည်းချက်တွေကို စနိုက်ကျော်တွေရဲ့ အားသာချက်အသွင်ပြောင်းယူပြီး တန်ပြန်တိုက်စစ်အသွင်နှင့် ခွင်ဆင်လာပါတော့တယ်။ စနိုက်ကျော်ဘက်မှ ဖုန်းတွေဘာတွေ စဆက်လေ့ရှိပြီး ရည်းစားမရှိကြောင်း ရေလာမြောင်းပေးစကားတွေ ဆိုလာလေ့ရှိပါတယ်။

၄။ ကိုယ့်ရည်းစားဟာ လူသိများရင် အထူးဂရုစိုက်ပါ။

စနိုက်ကျော်တွေဟာ ဘဝအတွက် တိုးတက်အောင်မြင်အောင် ကိုယ်တိုင်တည်ဆောက်ကြိုးစားရမယ့်အစား ကိုယ့်ရည်းစားအောင်မြင်တာနဲ့ ကိုယ်လည်း အောင်မြင်မယ်လို့ ခပ်ညံ့ညံ့အတွေးတွေ ဝင်လာတတ်ပါတယ်။ ကိုယ့်ရည်းစားဟာ အောင်မြင်နေတဲ့ လူငယ်တစ်ယောက်ဖြစ်မယ်ဆိုရင် ပိုပြီးဂရုစိုက်သင့်ပါတယ်။ အောင်မြင်နေတဲ့လူငယ်တစ်ယောက်ကို အပိုင်ကြံချင်တဲ့ အတွေးတွေပိုက်ထွေးပြီး အကွင်ဆင်ဝင်ရောက်တတ်ပါတယ်။ ဆိုတော့ စနိုက်ကျော်ရန်က လွတ်ချင်တယ်ဆိုရင် အောင်မြင်နေတဲ့ရည်းစားကို ဘယ်သွားသွား လက်ချိတ်ပြီးသာ သွားပါလေ။

Credit: akhayar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top