iMyanmarHouse.com - Best Property Website for Myanmar
×

တကယ္ေတာ့ အမ်ိဳးသားေတြရဲ႕ လိင္တံမွာ အရိုးတေခ်ာင္းမွ မရွိပါဘူး။ ဒါေပမယ့္ က်ိဳးနိုင္ပါတယ္။ “က်ိဳးတယ္ဆိုတာက အရိုး က်ိဳးသလို မ်ိဳးေတာ့ မဟုတ္ပါဘူး။ လိင္တံက tunica albuginea လို႔ေခၚတဲ့ တစ္သ်ႉး အမွ်င္ စုတ္ၿပဲသြားတာျဖစ္ပါ တယ္။” လို႔ နယူးေယာက္ၿမိဳ႕ Weill Cornell Medical Center က ဆီးလမ္းေၾကာင္း ဆိုင္ရာ အထူးကုဆရာဝန္ ေဒါက္တာ Darius Paduch ကေျပာပါတယ္။

မၾကာေသးခင္က ဒီကိစၥနဲ႕ ပတ္သက္လို႔ ဘရာဇီးနို္င္ငံမွာ သုေတသီေတြ ေလ့လာမႈျပဳလုပ္ၿပီးေတာ့ Advances in Urology ဂ်ာနယ္မွာ ေဖာ္ျပခဲ့ပါတယ္။ သူတို႔က ဘရာဇီးနိုင္ငံက ေဆး႐ုံေတြမွာ အေရးေပၚဌာနကို လိင္တံက်ိဳးတဲ့ ျပႆနာနဲ႕ ေရာက္ ရွိလာသူေတြရဲ႕ မွတ္တမ္းေတြကို ေလ့လာခဲ့ၾကတာ ျဖစ္ပါတယ္။

သူတို႔ရဲ႕ ေလ့လာေတြ႕ရွိခ်က္အရ အမ်ိဳးသမီးက အေပၚကေနဆက္ဆံတဲ့ ပုံစံကို သေဘာက် သူေတြဟာ လိင္တံက်ိဳးတဲ့ ျပႆနာကို ရင္ဆိုင္ရဖို႔ အႏၲရာယ္ အမ်ားဆုံး ျဖစ္ေၾကာင္း သတိေပးခဲ့ပါတယ္။

“ေလ့လာေတြ႕ရွိခ်က္အရ အမ်ိဳးသမီးက အေပၚကေန ၿပီးဆက္ဆံေပးတဲ့ အခ်ိန္မွာ လႈပ္ရွားမႈကို သူကိုယ္တိုင္ ထိန္းခ်ဳပ္ရ သလို အမ်ိဳးသမီး တကိုယ္လုံးရဲ႕ အေလးခ်ိန္က အမ်ိဳးသားလိင္တံေပၚမွာ သက္ေရာက္ေနပါ တယ္။

တကယ္လို႔ ထိုးသြင္းမႈ ေနရာ လမ္းေၾကာင္း မွားယြင္းခြၽတ္ေခ်ာ္ခဲ့လို႔ လိင္တံမွာ နာက်င္မႈတစုံတရာ ျဖစ္လာ ရင္လည္း သူ႕အေနနဲ႕ သိနိုင္မွာ ထိန္းခ်ဳပ္နိုင္မွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ လိင္ဆက္ဆံခ်ိန္မွာ နာက်င္မႈ အနည္းငယ္ျဖစ္တာက သူတို႔အတြက္ မထူးဆန္းလို႔ပါ။” လို႔ ဘရာဇီးသုေတသီေတြက ဆိုပါတယ္။

ေနာက္ထပ္ အႏၲရယ္ရွိတဲ့ ပုံစံေတြကေတာ့ doggy လို႔ေခၚၾကတဲ့ ေလးဘက္ေထာက္ ဆက္ဆံတဲ့နည္းနဲ႕ စအိုကို အသုံးျပဳ ၿပီးလိင္ဆက္ဆံတဲ့ နည္းျဖစ္ပါတယ္။

အကယ္၍ အမ်ိဳးသားက ဦးေဆာင္ ဆက္ဆံေနမယ္ဆိုရင္ေတာ့ နာက်င္မႈျဖစ္လာခ်ိန္မွာ ထိုးသြင္းမႈကို ခ်က္ခ်င္း ရပ္တန႔္ လိုက္နိုင္ မယ္လို႔ သူတို႔ကေျပာပါတယ္။ နာက်င္မႈအျပင္ လိင္တံက်ိဳးေၾကာင္း ေဖာ္ျပေနတဲ့ ေနာက္ထပ္ လကၡဏာေတြ လည္း ရွိပါေသးတယ္။ လိင္တံက်ိဳးတဲ့ ျဖစ္ရပ္ရဲ႕ ၅၀ ရာခိုင္ႏႈန္းမွာ တဖ်စ္ဖ်စ္ကြဲတဲ့ အသံမ်ိဳးၾကားရတယ္လို႔ ဆိုပါတယ္။

အဲဒီလို အသံမ်ိဳးၾကားလိုက္ရတဲ့ အမ်ိဳးသားေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္က လိင္တံတင္းမာမႈ ေပ်ာက္ဆုံးသြားတာကို ေတြရပါတယ္။ ၂၀ ရာခိုင္ႏႈန္းေလာက္ကေတာ့ ဘာမွ မျဖစ္ပါဘူး။ ၾကားလိုက္ရတဲ့ အသံက လိင္ဆက္ဆံစဥ္မွာ ၾကားရ တတ္တဲ့ ေလသံလည္းျဖစ္နိုင္လို႔ပါ။

အဲဒီလို ခြဲစိတ္ကုသ ျခင္းမျပဳခဲ့ရင္ လိင္တံ ပုံပ်က္သြားနိုင္ေခ် ၅၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္လို႔ ဆိုပါတယ္။ လိင္တံတင္း မာနိုင္မႈ ခက္ခဲျခင္း၊ လိင္ဆက္ဆံရာမွာ နာက်င္ျခင္းေတြကိုလည္း တသက္လုံး ခံစားသြားရနိုင္တယ္လို႔သိရပါတယ္။ ဒါေပမယ့္ ဒီလို အေၾကာင္းေတြရွိေနလို႔ ပုံစံေျပာင္းၿပီး ဆက္ဆံၾကဖို႔ကိုေတာ့ သုေတသီေတြက မတိုက္တြန္းခဲ့ပါဘူး။ ဘာ ေၾကာင့္လဲ ဆိုေတာ့ သူတို႔ ေလ့လာခြင့္ရတဲ့ လူနာ အေရအတြက္က နည္းပါးခဲ့တဲ့ အတြက္ ေၾကာင့္ ျဖစ္ပါတယ္။

သုေတသီေတြ ေလ့လာဖို႔ အတြက္ လူနာ ၄၄ ေယာက္ပဲ ရရွိခဲ့ပါတယ္။ အဲဒီ ၄၄ ေယာက္ထဲမွာ ၂၈ ေယာက္က အမ်ိဳးသမီး ေတြနဲ႕ ဆက္ဆံရာမွာ ျဖစ္ခဲ့ၾကၿပီးေတာ့ ၄ ေယာက္ကေတာ့ လိင္တူ ဆက္ဆံရင္း ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ လည္းအဲဒါကိုၾကည့္ၿပီးေတာ့ လိင္ကြဲဆက္ဆံျခင္းက လိင္တူဆက္ဆံျခင္းထက္ လိင္တံက်ိဳးတဲ့ ျပႆနာ ပိုၿပီး ေတြ႕ရနိုင္ ေခ် ရွိတယ္လို႔ ေျပာလို႔ မရဘူးလို႔ သူတို႔ကေျပာပါတယ္။

က်န္တဲ့သူေတြထဲက ၆ ေယာက္ကေတာ့ လိင္တံကို လက္နဲ႕ ႏွိုးဆြ ကစားရင္း ျဖစ္ခဲ့ၿပီးေတာ့ ၄ ေယာက္က ဘာေၾကာင့္ျဖစ္ တယ္ဆိုတာ ေရေရရာရာ မသိဘူးလို႔ ဆိုပါတယ္။

နယူးေယာက္ၿမိဳ႕ Weill Cornell Medical Center ေဒါက္တာ Darius Paduch ကေတာ့ သူေလ့လာၾကည့္ခဲ့တဲ့ လူနာ ၁၆ ဦးမွာ တဝက္ေလာက္က အလြန္အကြၽံ အင္အားသုံးၿပီး ဆက္ဆံျခင္းေၾကာင့္ ျဖစ္ခဲ့တာလို႔ ဆိုပါတယ္။ အိပ္ခန္းလို ေနရာမ ဟုတ္တဲ့ ကားထဲမွာ၊ ႐ုံးမွာ၊ ဘီရိုထဲမွာ၊ ေရခ်ိဳးခန္းထဲမွာ အစရွိသျဖင့္ ပုံမွန္မဟုတ္တဲ့ ေနရာေတြမွာ အေလာတႀကီးဆက္ ဆံရင္းနဲ႕လည္း ျဖစ္တတ္တယ္လို႔ သူကေျပာပါတယ္။ တခ်ိဳ႕ အသက္ႀကီးတဲ့ အမ်ိဳးသားေတြက လိင္တံ ၁၀၀ ရာခိုင္ႏႈန္း တင္း မာမႈ မရွိဘဲ ဆက္ဆံျခင္းေၾကာင္း ျဖစ္ၾကတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ အသံၾကားရင္၊ နာက်င္လာရင္ ၊ တင္းမာမႈေလ်ာ့က်သြားရင္ သတိထားပါ၊ လိင္တံက်ိဳးတာ ျဖစ္နိုင္တယ္ လို႔ ေဒါက္တာ Darius Paduchက ဆိုပါတယ္။ “ဆီးလမ္းေၾကာင္း အထူးကု ဆရာဝန္နဲ႕ ၂၄ နာရီအတြင္း ျပဖို႔လိုပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ၂၄ နာရီအတြင္း ကုသတာက ရလဒ္ေကာင္းတယ္ဆိုတာ ေတြ႕ရလို႔ ျဖစ္ပါတယ္။” လို႔လည္း သူက အႀကံျပဳလိုက္ပါတယ္။

ဆရာဝန္ေတြက စစ္ေဆးၿပီး လိုအပ္ရင္ ခ်က္ခ်င္းခြဲစိတ္ကုသေပးပါလိမ့္မယ္။ တကယ္လို႔ က်ိဳးတာ(တစ္သ်ႉး စုတ္ၿပဲတာ) က အနည္းငယ္ပဲဆိုရင္ေတာ့ ေရခဲကပ္ေပးဖို႔ေလာက္ပဲ လိုအပ္မွာျဖစ္ၿပီး ၃ပတ္ ၄ ပတ္ေလာက္ လိင္ကိစၥကို ေရွာင္ရွား ထားလိုက္ရင္ အဆင္ေျပသြားနိုင္ပါတယ္။

Credit:Irrawaddy
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

တကယ်တော့ အမျိုးသားတွေရဲ့ လိင်တံမှာ အရိုးတချောင်းမှ မရှိပါဘူး။ ဒါပေမယ့် ကျိုးနိုင်ပါတယ်။ “ကျိုးတယ်ဆိုတာက အရိုး ကျိုးသလို မျိုးတော့ မဟုတ်ပါဘူး။ လိင်တံက tunica albuginea လို့ခေါ်တဲ့ တစ်သျှူး အမျှင် စုတ်ပြဲသွားတာဖြစ်ပါ တယ်။” လို့ နယူးယောက်မြို့ Weill Cornell Medical Center က ဆီးလမ်းကြောင်း ဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ Darius Paduch ကပြောပါတယ်။

မကြာသေးခင်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဘရာဇီးနိုင်ငံမှာ သုတေသီတွေ လေ့လာမှုပြုလုပ်ပြီးတော့ Advances in Urology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ သူတို့က ဘရာဇီးနိုင်ငံက ဆေးရုံတွေမှာ အရေးပေါ်ဌာနကို လိင်တံကျိုးတဲ့ ပြဿနာနဲ့ ရောက် ရှိလာသူတွေရဲ့ မှတ်တမ်းတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးက အပေါ်ကနေဆက်ဆံတဲ့ ပုံစံကို သဘောကျ သူတွေဟာ လိင်တံကျိုးတဲ့ ပြဿနာကို ရင်ဆိုင်ရဖို့ အန္တရာယ် အများဆုံး ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

“လေ့လာတွေ့ရှိချက်အရ အမျိုးသမီးက အပေါ်ကနေ ပြီးဆက်ဆံပေးတဲ့ အချိန်မှာ လှုပ်ရှားမှုကို သူကိုယ်တိုင် ထိန်းချုပ်ရ သလို အမျိုးသမီး တကိုယ်လုံးရဲ့ အလေးချိန်က အမျိုးသားလိင်တံပေါ်မှာ သက်ရောက်နေပါ တယ်။

တကယ်လို့ ထိုးသွင်းမှု နေရာ လမ်းကြောင်း မှားယွင်းချွတ်ချော်ခဲ့လို့ လိင်တံမှာ နာကျင်မှုတစုံတရာ ဖြစ်လာ ရင်လည်း သူ့အနေနဲ့ သိနိုင်မှာ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လိင်ဆက်ဆံချိန်မှာ နာကျင်မှု အနည်းငယ်ဖြစ်တာက သူတို့အတွက် မထူးဆန်းလို့ပါ။” လို့ ဘရာဇီးသုတေသီတွေက ဆိုပါတယ်။

နောက်ထပ် အန္တရယ်ရှိတဲ့ ပုံစံတွေကတော့ doggy လို့ခေါ်ကြတဲ့ လေးဘက်ထောက် ဆက်ဆံတဲ့နည်းနဲ့ စအိုကို အသုံးပြု ပြီးလိင်ဆက်ဆံတဲ့ နည်းဖြစ်ပါတယ်။

အကယ်၍ အမျိုးသားက ဦးဆောင် ဆက်ဆံနေမယ်ဆိုရင်တော့ နာကျင်မှုဖြစ်လာချိန်မှာ ထိုးသွင်းမှုကို ချက်ချင်း ရပ်တန့် လိုက်နိုင် မယ်လို့ သူတို့ကပြောပါတယ်။ နာကျင်မှုအပြင် လိင်တံကျိုးကြောင်း ဖော်ပြနေတဲ့ နောက်ထပ် လက္ခဏာတွေ လည်း ရှိပါသေးတယ်။ လိင်တံကျိုးတဲ့ ဖြစ်ရပ်ရဲ့ ၅၀ ရာခိုင်နှုန်းမှာ တဖျစ်ဖျစ်ကွဲတဲ့ အသံမျိုးကြားရတယ်လို့ ဆိုပါတယ်။

အဲဒီလို အသံမျိုးကြားလိုက်ရတဲ့ အမျိုးသားတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က လိင်တံတင်းမာမှု ပျောက်ဆုံးသွားတာကို တွေရပါတယ်။ ၂၀ ရာခိုင်နှုန်းလောက်ကတော့ ဘာမှ မဖြစ်ပါဘူး။ ကြားလိုက်ရတဲ့ အသံက လိင်ဆက်ဆံစဉ်မှာ ကြားရ တတ်တဲ့ လေသံလည်းဖြစ်နိုင်လို့ပါ။

အဲဒီလို ခွဲစိတ်ကုသ ခြင်းမပြုခဲ့ရင် လိင်တံ ပုံပျက်သွားနိုင်ချေ ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ လိင်တံတင်း မာနိုင်မှု ခက်ခဲခြင်း၊ လိင်ဆက်ဆံရာမှာ နာကျင်ခြင်းတွေကိုလည်း တသက်လုံး ခံစားသွားရနိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီလို အကြောင်းတွေရှိနေလို့ ပုံစံပြောင်းပြီး ဆက်ဆံကြဖို့ကိုတော့ သုတေသီတွေက မတိုက်တွန်းခဲ့ပါဘူး။ ဘာ ကြောင့်လဲ ဆိုတော့ သူတို့ လေ့လာခွင့်ရတဲ့ လူနာ အရေအတွက်က နည်းပါးခဲ့တဲ့ အတွက် ကြောင့် ဖြစ်ပါတယ်။

သုတေသီတွေ လေ့လာဖို့ အတွက် လူနာ ၄၄ ယောက်ပဲ ရရှိခဲ့ပါတယ်။ အဲဒီ ၄၄ ယောက်ထဲမှာ ၂၈ ယောက်က အမျိုးသမီး တွေနဲ့ ဆက်ဆံရာမှာ ဖြစ်ခဲ့ကြပြီးတော့ ၄ ယောက်ကတော့ လိင်တူ ဆက်ဆံရင်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လည်းအဲဒါကိုကြည့်ပြီးတော့ လိင်ကွဲဆက်ဆံခြင်းက လိင်တူဆက်ဆံခြင်းထက် လိင်တံကျိုးတဲ့ ပြဿနာ ပိုပြီး တွေ့ရနိုင် ချေ ရှိတယ်လို့ ပြောလို့ မရဘူးလို့ သူတို့ကပြောပါတယ်။

ကျန်တဲ့သူတွေထဲက ၆ ယောက်ကတော့ လိင်တံကို လက်နဲ့ နှိုးဆွ ကစားရင်း ဖြစ်ခဲ့ပြီးတော့ ၄ ယောက်က ဘာကြောင့်ဖြစ် တယ်ဆိုတာ ရေရေရာရာ မသိဘူးလို့ ဆိုပါတယ်။

နယူးယောက်မြို့ Weill Cornell Medical Center ဒေါက်တာ Darius Paduch ကတော့ သူလေ့လာကြည့်ခဲ့တဲ့ လူနာ ၁၆ ဦးမှာ တဝက်လောက်က အလွန်အကျွံ အင်အားသုံးပြီး ဆက်ဆံခြင်းကြောင့် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အိပ်ခန်းလို နေရာမ ဟုတ်တဲ့ ကားထဲမှာ၊ ရုံးမှာ၊ ဘီရိုထဲမှာ၊ ရေချိုးခန်းထဲမှာ အစရှိသဖြင့် ပုံမှန်မဟုတ်တဲ့ နေရာတွေမှာ အလောတကြီးဆက် ဆံရင်းနဲ့လည်း ဖြစ်တတ်တယ်လို့ သူကပြောပါတယ်။ တချို့ အသက်ကြီးတဲ့ အမျိုးသားတွေက လိင်တံ ၁၀၀ ရာခိုင်နှုန်း တင်း မာမှု မရှိဘဲ ဆက်ဆံခြင်းကြောင်း ဖြစ်ကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် အသံကြားရင်၊ နာကျင်လာရင် ၊ တင်းမာမှုလျော့ကျသွားရင် သတိထားပါ၊ လိင်တံကျိုးတာ ဖြစ်နိုင်တယ် လို့ ဒေါက်တာ Darius Paduchက ဆိုပါတယ်။ “ဆီးလမ်းကြောင်း အထူးကု ဆရာဝန်နဲ့ ၂၄ နာရီအတွင်း ပြဖို့လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၂၄ နာရီအတွင်း ကုသတာက ရလဒ်ကောင်းတယ်ဆိုတာ တွေ့ရလို့ ဖြစ်ပါတယ်။” လို့လည်း သူက အကြံပြုလိုက်ပါတယ်။

ဆရာဝန်တွေက စစ်ဆေးပြီး လိုအပ်ရင် ချက်ချင်းခွဲစိတ်ကုသပေးပါလိမ့်မယ်။ တကယ်လို့ ကျိုးတာ(တစ်သျှူး စုတ်ပြဲတာ) က အနည်းငယ်ပဲဆိုရင်တော့ ရေခဲကပ်ပေးဖို့လောက်ပဲ လိုအပ်မှာဖြစ်ပြီး ၃ပတ် ၄ ပတ်လောက် လိင်ကိစ္စကို ရှောင်ရှား ထားလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။


Credit:Irrawaddy

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top