iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔တစ္ေန႔ လူ႔ဘဝႀကီးက စိတ္ကုန္စရာေကာင္းပါတယ္။ တစ္ခ်ိဳ႕ရက္ေတြဆို ဘယ္အေပါက္က ဝင္လာမွန္းမသိဘဲ စိတ္ရွဳပ္စရာေတြတစ္မ်ိဳးၿပီးတစ္မ်ိဳး ေရာက္လာတတ္တယ္။ တစ္ခါတစ္ေလ ကိုယ့္ကိုယ္ကိုေတာင္ သတိမထားမိဘဲ အဓိပၸာယ္မရွိတဲ့ အလုပ္ေတြ တစ္ေနကုန္လုပ္မိေနတတ္တယ္။ အေတြးေပါင္းမ်ားစြာနဲ႔ ဆူညံေနတာေၾကာင့္ျဖစ္ရတဲ့ စိတ္အေႏွာင့္အယွက္ေတြ မ်ားလာတယ္။ အာရုံစိုက္ၿပီး ႀကိဳးစားအလုပ္လုပ္ေနတဲ့အခ်ိန္မွာ စိတ္ပင္ပန္းေနရင္ အလုပ္ေတြမၿပီးတာမ်ိဳးျဖစ္လာတယ္။ သင့္ကို ဒီလိုမ်ိဳးျဖစ္ေအာင္လုပ္ေနတဲ့အရာေတြကို သင္သိပါသလား။ သင့္ကို ဒီလိုမ်ိဳး အာရုံေထြျပားသြားေစေအာင္လုပ္တဲ့အရာေတြကို သင္သိထားရင္ သင့္တစ္ေန႔တာကို အက်ိဳးရွိရွိအသံုးခ်ႏိုင္မွာ အမွန္ပါပဲ။

၁။ အီးေမးလ္စစ္မယ့္ အခ်ိန္တစ္ခုသတ္မွတ္ပါ

ကိုယ္အီးေမးလ္စစ္မယ့္ အခ်ိန္ကို လုပ္ေဖာ္ကိုင္ဖက္ေတြကို အသိေပးပါ။ တစ္ေန႔ကို မနက္၊ ေန႔လည္၊ ညေန အလုပ္မဆင္းခင္ သံုးခါေလာက္ဆုိ လံုေလာက္ပါတယ္။ လုပ္စရာရွိတာေတြကို လုပ္ေနရင္းက ဟိုကအီးေမးလ္ဝင္လာ၊ ဒီကအီးေမးလ္ဝင္လာနဲ႔ လုပ္ေနလက္စကေန တစ္ျခားကို စိတ္ကေရာက္သြားၿပီး လုပ္လက္စအလုပ္ေတြ တုိ႔လို႔တဲြေလာင္းျဖစ္ျခင္းကေန ကာကြယ္ေပးပါလိမ့္မယ္။

၂။ သင့္လက္ထဲမွာ အခုကိုင္ထားတဲ့ သင့္ဖုန္းပါ

အာရုံေနာက္ေစတဲ့အရာေတြမွာ ေနာက္တစ္ခုထိပ္ဆံုးကပါတာကေတာ့ မရွိရင္မေနႏိုင္တဲ့ ဖုန္း ပါ။ အလုပ္လုပ္ေနရင္း အလုပ္ထဲက သင္ႀကိတ္ခိုက္ေနတဲ့သူကို လွမ္းလွမ္းၾကည့္ျဖစ္တာထက္ သင့္ဖုန္းစခရင္ကို ပိုၾကည့္ျဖစ္တာ ဝန္ခံလိုက္ပါ။ ဖုန္းေတြ၊ အပလီေကးရွင္းေတြ သံုးရလြယ္ကူလာတာ တစ္မ်ိဳးေကာင္းေပမယ့္ ဒီအရာေတြကပဲ သင့္ကို စိတ္အေႏွာင့္အယွက္အလြန္ေပးႏိုင္တဲ့အစြမ္းေတြ ရွိေနပါတယ္။ အလုပ္မွာ အာရုံစိုက္ႏိုင္ဖို႔ အေရးႀကီးတဲ့အတြက္ အလုပ္ခ်ိန္အတြင္းမွာ ဖုန္းကို ကလိတာေလ်ာ့သင့္ပါတယ္။

၃။ ေဖ့စ္ဘြတ္ေလ်ာ့သံုးပါ

့ ကိုယ္နဲ႔မဆိုင္တဲ့ အျခားသူေတြဆီက တက္လာမယ့္ ပို႔စ္ေတြၾကည့္ၿပီး စိတ္ဓာတ္က်ႏႈန္းျမင့္တက္လာေစႏိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ဆိုပါတယ္။ ဒါေၾကာင့္မို႔ Facebook သံုးမယ္ဆိုလည္း အခ်ိန္အတိုင္းအတာေလးနဲ႔သံုးတာပဲေကာင္းပါတယ္။ ေနာက္တစ္ခုက Facebook သံုးတဲ့အခါမွာ သင္ တစ္ကယ္မသိတဲ့သူေတြကို Unfollow လုပ္ပစ္ပါ။ သင္ၾကည့္မရတဲ့သူရွိရင္ Unfriend ပါလုပ္ပစ္တာ အေကာင္းဆံုးကပါပဲ။ ကိုယ္မႀကိဳက္တဲ့သူရဲ့ ပို႔စ္ေတြၾကည့္ၿပီး အာရုံေနာက္စရာမလိုေတာ့ပါဘူး။

၄။ တရားထိုင္ပါ

စိတ္ကုိ ၾကည္လင္ေအာင္၊ တည္ၿငိမ္ေအာင္၊ အေတြးမ်ဳိးစံုနဲ႔ ရွဳပ္ေထြးမေနေအာင္ ညိွတတ္ဖို႔ လိုမယ္။ ကိုယ္နဲ႔ မဆိုင္တဲ့ကိစၥေတြေတြးၿပီး စိတ္ရွဳပ္ေထြးေနရင္ အခုလုပ္ေနတဲ့အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့ အေကာင္းဆံုးအႀကံဉာဏ္ေတြ၊ စိတ္ကူးေတြ ထြက္မလာႏိုင္ေတာ့ပါဘူး။ ဘယ္အရာေတြက သင့္စိတ္ကို ရွဳပ္ေထြးေစလဲဆုိတာ ေသေသခ်ာခ်ာသိရင္ ရွင္းလို႔ရတယ္။ စိတ္ရွင္းရွင္းနဲ႔ ေနတတ္တယ္ဆိုရင္ လုပ္သင့္တာေတြ ပိုလုပ္ႏိုင္လာတယ္။ မလုပ္သင့္တာေတြကို ေရွာင္လာတယ္။ ထုိင္ေတြးၿပီး ေတြေဝေနတာမ်ိဳးေတြ မရွိေတာ့ဘူး။ ဒီနည္းလမ္းေတြနဲ႔ စိတ္ရွဳပ္စရာေတြကို ဖယ္ထုတ္ႏိုင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: duwun

#Unicode Version


တစ်နေ့တစ်နေ့ လူ့ဘဝကြီးက စိတ်ကုန်စရာကောင်းပါတယ်။ တစ်ချို့ရက်တွေဆို ဘယ်အပေါက်က ဝင်လာမှန်းမသိဘဲ စိတ်ရှုပ်စရာတွေတစ်မျိုးပြီးတစ်မျိုး ရောက်လာတတ်တယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိဘဲ အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေ တစ်နေကုန်လုပ်မိနေတတ်တယ်။ အတွေးပေါင်းများစွာနဲ့ ဆူညံနေတာကြောင့်ဖြစ်ရတဲ့ စိတ်အနှောင့်အယှက်တွေ များလာတယ်။ အာရုံစိုက်ပြီး ကြိုးစားအလုပ်လုပ်နေတဲ့အချိန်မှာ စိတ်ပင်ပန်းနေရင် အလုပ်တွေမပြီးတာမျိုးဖြစ်လာတယ်။ သင့်ကို ဒီလိုမျိုးဖြစ်အောင်လုပ်နေတဲ့အရာတွေကို သင်သိပါသလား။ သင့်ကို ဒီလိုမျိုး အာရုံထွေပြားသွားစေအောင်လုပ်တဲ့အရာတွေကို သင်သိထားရင် သင့်တစ်နေ့တာကို အကျိုးရှိရှိအသုံးချနိုင်မှာ အမှန်ပါပဲ။

၁။ အီးမေးလ်စစ်မယ့် အချိန်တစ်ခုသတ်မှတ်ပါ

ကိုယ်အီးမေးလ်စစ်မယ့် အချိန်ကို လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးပါ။ တစ်နေ့ကို မနက်၊ နေ့လည်၊ ညနေ အလုပ်မဆင်းခင် သုံးခါလောက်ဆို လုံလောက်ပါတယ်။ လုပ်စရာရှိတာတွေကို လုပ်နေရင်းက ဟိုကအီးမေးလ်ဝင်လာ၊ ဒီကအီးမေးလ်ဝင်လာနဲ့ လုပ်နေလက်စကနေ တစ်ခြားကို စိတ်ကရောက်သွားပြီး လုပ်လက်စအလုပ်တွေ တို့လို့တွဲလောင်းဖြစ်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။

၂။ သင့်လက်ထဲမှာ အခုကိုင်ထားတဲ့ သင့်ဖုန်းပါ

အာရုံနောက်စေတဲ့အရာတွေမှာ နောက်တစ်ခုထိပ်ဆုံးကပါတာကတော့ မရှိရင်မနေနိုင်တဲ့ ဖုန်း ပါ။ အလုပ်လုပ်နေရင်း အလုပ်ထဲက သင်ကြိတ်ခိုက်နေတဲ့သူကို လှမ်းလှမ်းကြည့်ဖြစ်တာထက် သင့်ဖုန်းစခရင်ကို ပိုကြည့်ဖြစ်တာ ဝန်ခံလိုက်ပါ။ ဖုန်းတွေ၊ အပလီကေးရှင်းတွေ သုံးရလွယ်ကူလာတာ တစ်မျိုးကောင်းပေမယ့် ဒီအရာတွေကပဲ သင့်ကို စိတ်အနှောင့်အယှက်အလွန်ပေးနိုင်တဲ့အစွမ်းတွေ ရှိနေပါတယ်။ အလုပ်မှာ အာရုံစိုက်နိုင်ဖို့ အရေးကြီးတဲ့အတွက် အလုပ်ချိန်အတွင်းမှာ ဖုန်းကို ကလိတာလျော့သင့်ပါတယ်။

၃။ ဖေ့စ်ဘွတ်လျော့သုံးပါ

့ ကိုယ်နဲ့မဆိုင်တဲ့ အခြားသူတွေဆီက တက်လာမယ့် ပို့စ်တွေကြည့်ပြီး စိတ်ဓာတ်ကျနှုန်းမြင့်တက်လာစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့်မို့ Facebook သုံးမယ်ဆိုလည်း အချိန်အတိုင်းအတာလေးနဲ့သုံးတာပဲကောင်းပါတယ်။ နောက်တစ်ခုက Facebook သုံးတဲ့အခါမှာ သင် တစ်ကယ်မသိတဲ့သူတွေကို Unfollow လုပ်ပစ်ပါ။ သင်ကြည့်မရတဲ့သူရှိရင် Unfriend ပါလုပ်ပစ်တာ အကောင်းဆုံးကပါပဲ။ ကိုယ်မကြိုက်တဲ့သူရဲ့ ပို့စ်တွေကြည့်ပြီး အာရုံနောက်စရာမလိုတော့ပါဘူး။

၄။ တရားထိုင်ပါ

စိတ်ကို ကြည်လင်အောင်၊ တည်ငြိမ်အောင်၊ အတွေးမျိုးစုံနဲ့ ရှုပ်ထွေးမနေအောင် ညှိတတ်ဖို့ လိုမယ်။ ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စတွေတွေးပြီး စိတ်ရှုပ်ထွေးနေရင် အခုလုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့ အကောင်းဆုံးအကြံဉာဏ်တွေ၊ စိတ်ကူးတွေ ထွက်မလာနိုင်တော့ပါဘူး။ ဘယ်အရာတွေက သင့်စိတ်ကို ရှုပ်ထွေးစေလဲဆိုတာ သေသေချာချာသိရင် ရှင်းလို့ရတယ်။ စိတ်ရှင်းရှင်းနဲ့ နေတတ်တယ်ဆိုရင် လုပ်သင့်တာတွေ ပိုလုပ်နိုင်လာတယ်။ မလုပ်သင့်တာတွေကို ရှောင်လာတယ်။ ထိုင်တွေးပြီး တွေဝေနေတာမျိုးတွေ မရှိတော့ဘူး။ ဒီနည်းလမ်းတွေနဲ့ စိတ်ရှုပ်စရာတွေကို ဖယ်ထုတ်နိုင်ပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: duwun




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top