iMyanmarHouse.com - Best Property Website for Myanmar
×

ေအေသြးပိုင္ရွင္မ်ားအေၾကာင္း

ေသြးအမ်ိဳးအစားကို လိုက္ျပီး လူေတြရဲ႕ စိတ္ေနစိတ္ထားေတြကို
ခန္႔မွန္းလို႔လည္း ရပါတယ္..ဒီေန႔ေတာ့
ေသြးအုပ္စု ေလးမ်ိဳးထဲက ေအေသြးပိုင္ရွင္မ်ားရဲ႕ စိတ္ေနစိတ္ထားမ်ားကို
ေဖာ္ျပေပးလိုက္ပါတယ္..
ေအေသြးပိုင္ရွင္မ်ားရဲ႕ စိတ္ေနစိတ္ထားကေတာ့ ေအာက္ပါအတို္င္းပါ..
ငယ္စဥ္ဘ၀မွာေတာ့ သူတပါးကို
စဥ္းစားေပးတယ္ဆိုတာ သိပ္မရွိခဲ့ဘဲ ကိုယ္အတြက္ကိုသာ စဥ္းစားတတ္ၾကပါသတဲ့… သူတပါးကို
ေနာက္ေျပာင္ရတာကိုလဲ ၾကိဳက္ႏွစ္သက္ပါသတဲ့… ဒါေပမယ့္ ၾကီးျပင္းလာတာနဲ႔
အမွ် ငယ္စဥ္က
စရိုက္သဘာ၀မ်ားက တျဖည္းျဖည္း ေျပာက္ကြယ္သြားျပီး သူမ်ားတကာေတြ အံ့အားသင့္ေလာက္ေအာင္
ေအးေဆးတည္ျငိမ္တဲ့သူ ျဖစ္လာပါတယ္တဲ့…
အရြယ္ေရာက္လာတဲ့ အခါမွာေတာ့ ကိုယ္လုပ္ရမည့္
အရာအားလံုးကို တာ၀န္သိစြာ လုပ္ကိုင္တတ္သူမ်ား ျဖစ္လာပါတယ္တဲ့… တခါတေလ ပတ္၀န္းက်င္
အေျခအေန မေကာင္းတဲ့ အခါမွာ စိတ္ေလလြင့္တတ္ပါတယ္တဲ့… အသစ္အဆန္းေတြကို
စမ္းသပ္လုပ္ကိုင္တာထက္ က်င့္သားရေနတဲ့ ပတ္၀န္းက်င္မွာ ေအးေအးခ်မ္းခ်မ္း
က်င္လည္ရတာကို
ႏွစ္သက္သူမ်ား ျဖစ္ၾကပါတယ္… အလုပ္တစ္ခုကို လုပ္ျပီဆိုရင္လည္း
အလ်င္လိုတာမ်ိဳး မရွိဘဲ အဆင့္လိုက္
အဆင့္လိုက္ တျဖည္းျဖည္းခ်င္း ေျဖရွင္းတတ္တဲ့ စတိုင္လ္ ပါ… သပ္သပ္ရပ္ရပ္
ေစ့ေစ့စပ္စပ္နဲ႔
အလုပ္တစ္ခုကို ျပီးဆံုးေအာင္ လုပ္တတ္သူမ်ားပါ… ေန႔စဥ္ေန႔တိုင္း
လုပ္ေနၾက အလုပ္ေတြကိုပဲ
လုပ္ေနတတ္လို႔ အသစ္အဆန္းကို မရွိဘူးလို႔ အေျပာခံရတာကိုလည္း
ခံရတတ္ပါတယ္… ဒါ့အျပင္ ဘယ္လို
အေျခအေနမ်ိဳး မဆို ၾကိဳက္တယ္ မၾကိဳက္ဘူးဆိုတဲ့ အေတြးဟာ ျပတ္သားလြန္းတာေၾကာင့္
မာဆတ္ဆတ္ႏိုင္တယ္… ဘုၾကတယ္ ဆိုျပီး အေျပာခံရတာမ်ိဳးလည္း ရွိႏိုင္ပါတယ္…
ေအေသြးပိုင္ရွင္မ်ားရဲ႕ သူမ်ားနဲ႔ မတူ ထူးျခားခ်က္ကေတာ့ တေန႔တာအတြင္း
ေပၚေပါက္ ရင္ဆိုင္ရတဲ့ အလုပ္
မွန္သမွ်ကို စနစ္တက် ေဆာင္ရြက္တတ္ေပမယ့္ စိတ္ရႈတ္လြယ္တဲ့
လူမ်ိဳးေတြပါတဲ့… ကိုယ္နဲ႔ ဆက္ဆံေနတဲ့
လူေတြကို ေႏြးေႏြးေထြးေထြး ဆက္ဆံတတ္ျပီး သူတပါကို
ေပ်ာ္ရႊင္မႈေပးခ်င္ၾကသူမ်ား ျဖစ္ပါတယ္…
တခါတေလမွာေတာ့ သူမ်ားကို မယံုမၾကည္ ျဖစ္တတ္လို႔ ကိုယ့္အေၾကာင္းေတြကို ဘယ္သူ႔ကိုမွ
မေျပာဘဲလည္း ေနတတ္ပါသတဲ့… ဒီလို မယံုၾကည္တတ္တဲ့ သေဘာထားေၾကာင့္ လူေတြနဲ႔
ဆက္ဆံတဲ့အခါမွာ ကန္႔လန္႔ကာ တစ္ခ်ပ္ခ်ထားျပီး ဆက္ဆံတတ္ၾကပါတယ္တဲ့… ဒီသဘာ၀ေလးကေတာ့
သူတို႔ရဲ႕ မေကာင္းတဲ့ အက်င့္ေလး တစ္ခုပါတဲ့… ဘ၀ရဲ႕ အႏွစ္သာရကို
တစ္ေနရာမွာဘဲ မရွာဘဲ
အားလပ္ရက္ကိုလည္း ခံုမင္တတ္ပါတယ္တဲ့… အားလပ္တဲ့ အခါမွာ ေလွ်ာက္လည္ရတာကိုလည္း
ႏွစ္သက္သလို ေလွ်ာက္လည္လို႔ ကုန္က်တဲ့ စရိတ္ကိုလည္း မႏွေမ်ာပါဘူးတဲ့…
တစ္ေယာက္တည္း သီးသန္႔
ကမာၻေလးကို တည္ေဆာက္ခ်င္သူမ်ား ျဖစ္ပါတယ္… အထက္လူၾကီးရဲ႕
အဆူခံရတာမ်ိဳးကို ခံျပီးျပီဆိုရင္
ေမ့လို႔ မရဘဲ စိတ္ထဲမွာ သိမ္းထားတတ္တာေၾကာင့္ စိတ္ဖိစီးမႈမ်ားရွိေနတတ္ပါတယ္…
ေဒါသထြက္တဲ့အခါမွာလည္း ေဒါသကို ေဖာ္ျပေလ့မရွိတာေၾကာင့္ စိတ္ဖိစီးမႈ
ပိုမ်ားတာ ျဖစ္ပါတယ္…
စိတ္ဖိစီးမႈေတြမ်ားေနတာေၾကာင့္ စိတ္ဓါတ္က်ေနရတဲ့ ေနရက္ေတြလည္း
ရွိတတ္ပါတယ္တဲ့… ဒါေၾကာင့္မို႔
စိတ္ထဲက မေၾကနပ္ခ်က္ေလးေတြကို တခါတေလ ေဖာ္ျပဘို႔ လိုပါတယ္..

ေအေသြးပိုင္ရွင္ ႏွင့္လုိက္ဖက္မည့္သူ .

.အရင့္အရင္ အပတ္ေတြက ေသြးအုပ္စုမ်ား အေၾကာင္း ေဖာ္ျပျပီးခဲ့လို႕ ဒီကေန႕ေတာ့
ဘယ္ေသြးအမ်ိဳးအစားဟာ ဘယ္ေသြးအမ်ိဳးအစားနဲ႕ လိုက္ဖက္ညီသလဲဆိုတာကို ဆက္လက္
ေဖာ္ျပေပးလိုက္ပါတယ္။ ဒီေန႔ေတာ့ ေအေသြးအတြက္ ေပါ့ေနာ္။

ေအ-ေအ (၇၀%)

ေအေသြးေယာကၤ်ားနဲ႕ ေအေသြးမိန္းမရဲ႕ လိုက္ဖက္ညီ သေဘာေတြ႕ႏိုင္တဲ့
ရာခိုင္ႏႈန္းကေတာ့ ၇၀%
ျဖစ္ပါတယ္။ ပထမဆံုး စေတြ႕တဲ့ အခါမွာေတာ့ တစ္ေယာက္နဲ႕ တစ္ေယာက္ သေဘာ မေတြ႕မႈေလးေတြ
ရွိေနတတ္ပါတယ္။ ဒါေပမယ့္ တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈ
ရသြားျပီဆိုရင္ေတာ့ ခြဲထားလို႕ကို
မရေလာက္ေအာင္ ရင္းႏွီးသြားတတ္ပါတယ္။ အၾကိဳက္ကလည္း တူသလို သူမ်ားေတြအျမင္မွာလည္း
အဆင္ေျပတဲ့ အတြဲလို႕ ျမင္ေစပါတယ္။ အကယ္၍ ခ်စ္ခင္စံုမက္လို႕ လက္ထပ္ခ်င္တာကို မိဘေတြက
သေဘာမတူတာမ်ိဳး ရွိခဲ့မယ္ဆိုရင္ ေတာထဲ ေတာင္ထဲက ဘုန္းၾကီးေက်ာင္းသြားျပီး
ႏွစ္ေယာက္ထဲ
လက္ထပ္ရဲတဲ့ စိတ္ဓါတ္လည္း ရွိၾကပါတယ္။ ေအေသြးအခ်င္းခ်င္းရဲ႕
ေတြ႕ဆံုျခင္းကေတာ့ စိတ္အခ်ရဆံုးနဲ႕
ႏွစ္ဦးျခားမွာ ရွိတဲ့ ခ်စ္ျခင္းေမတၱာကိုလည္း ၾကာရွည္ ထိမ္းထားႏိုင္ပါတယ္။
တစ္ခုပဲ သတိထားစရာ
လိုပါတယ္။ တစ္ေယာက္ရဲ႕ အေၾကာင္းကို တစ္ေယာက္က စပ္စုလြန္းလို႕ မေၾကနပ္မႈေလးေတြ
ျဖစ္ႏိုင္လို႕ပါပဲ။ ေအးေသြးပိုင္ရွင္ မိန္းကေလးေတြကေတာ့ တစ္ခါ
ခ်စ္ျပီဆိုရင္ ဘယ္ေတာ့မွ
မေျပာင္းလဲတတ္တဲ့ စတိုင္လ္မ်ိဳးလည္း ျဖစ္ပါတယ္။ ဒီလို ေအေသြးပိုင္ရွင္
အခ်င္းခ်င္း ခ်စ္မိျပီဆိုရင္ေတာ့
သန္႕ရွင္းျဖဴစင္တဲ့ အခ်စ္ကို ရမွာ အေသခ်ာပါဘဲ။

ေအ-ဘီ (၂၅%)

ေအးေသြးနဲ႕ ဘီေသြးေတြ႕ျပီဆိုရင္ေတာ့ တစ္ဘက္သတ္ အခ်စ္က ပိုမ်ားပါတယ္။ အကယ္၍ ေအေသြး
ေယာကၤ်ားက ဘီေသြးမိန္းမကို ဇနီးအေနရဲ႕ ရထားတယ္ဆိုရင္ေတာ့ အဲဒီ့ ေယာကၤ်ားဟာ အျမဲတမ္း
စိတ္အပူအပင္မရွိဘဲ ေနထိုင္သြားလို႕ ရပါတယ္။ အကယ္၍ ေယာကၤ်ားက
ဘီေသြးဆိုရင္ေတာ့ ဇနီးသည္ကို
ခ်စ္ခ်စ္ခင္ခင္ ၾကင္ၾကင္နာနာနဲ႕ ဆက္ဆံတတ္ျပီး အားလံုးကို
နားလည္ေပးႏိုင္ပါတယ္။ ေအေသြး
ေယာကၤ်ားမ်ားကို ၾကည့္ရင္ အျမဲတမ္းလိုလို ေတြ႕ႏိုင္တဲ့ ေအးစက္တည္ျငိမ္မႈ
အေတြးနက္နဲတဲ့ ပံုစံေတြက
အျမဲတမ္း ပ်ာယာခတ္ေနတတ္တဲ့ ဘီေသြး မိန္းကေလးမ်ားရဲ႕ စိတ္ကို
ညႈိ႕ယူႏိုင္ပါတယ္။ ဒါေပမယ့္
လုိက္ဖက္ညီမႈကေတာ့ ၂၅%ပဲ ရွိပါတယ္။

ေအ-အို (၉၀%)

အိုေသြးပိုင္ရွင္မိန္းကေလးမ်ားရဲ႕ ပြင့္လင္းတဲ့ အက်င့္နဲ႕
ေအေသြးပိုင္ရွင္အမ်ိဳးသားမ်ားရဲ႕ ေစ့စပ္ေသခ်ာတဲ့
အက်င့္ကို ေပါင္းစပ္လိုက္ရင္ေတာ့ ေတာ္ေတာ္ကို လိုက္ဖက္ညီတဲ့ အတြဲေလး
ျဖစ္သြားႏိုင္ပါတယ္။ ဒါေပမယ့္
တခါတေလမွာေတာ့ အိုေသြးမ်ားရင့္ ပြင့္လင္းမႈ၊ တက္ၾကြမႈေတြက ေအေသြးမ်ားရဲ႕ အေရာင္ကို
ဖံုးသြားတတ္တဲ့ အခါလည္း ရွိပါတယ္။ ေအေသြးမ်ား ပိုျပီး
သေဘာထားၾကီးဘို႕ေတာ့ လိုပါတယ္။
တခါတေလမွာ ေအေသြးပိုင္ရွင္မ်ားက အိုေသြးပိုင္ရွင္ လက္တြဲေဖာ္ကို အရမ္း
သြက္လက္လြန္းတယ္လို႕
ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ ႏွစ္ေယာက္လံုး ေအးစက္ေနတာထက္စာရင္ ဒီလို အတြဲေလးက ပိုျပီး
သင့္ေတာ္ပါတယ္တဲ့။

ေအ-ေအဘီ (၅၀%)

အျမဲတမ္း အံ့ၾသစရာေတြနဲ႕ ထူးဆန္းစရာေတြနဲ႕ ျပည့္ေနတတ္တဲ့
ေအဘီေသြးပိုင္ရွင္မိန္းကေလးေတြက
ေအေသြးပိုင္ရွင္ ေယာကၤ်ားေလးမ်ားရဲ႕ စိတ္ကို ပိုျပီးလြယ္လြယ္နဲ႕
ခ်ဥ္းကပ္ႏိုင္သူမ်ား ျဖစ္ပါတယ္။
အေၾကာင္းရင္းကေတာ့ ေအဘီေသြးပိုင္ရွင္ မိန္းကေလးမ်ားရဲ႕ အျမင္မွာ ေအေသြး
ေယာကၤ်ားေလးမ်ားဟာ
ယံုၾကည္စရာေကာင္းျပီး သေဘာေကာင္းတယ္လို႕ ျမင္ေနလို႕ပါပဲ။ ေအဘီေသြးရဲ႕
ထူးျခား ဆန္းၾကယ္မႈကို
ေအေသြးပိုင္ရွင္မ်ားက နားလည္ လက္ခံႏိုင္တာေၾကာင့္ အခ်င္းခ်င္း ရင္းႏွီးမႈ
ပိုမ်ားတတ္ပါတယ္။
တခါတေလမွာေတာ့ မီးနဲ႕ တူတဲ့ အခ်စ္နဲ႕ ေတြ႕ရတတ္ပါတယ္။ ေအဘီေသြးပိုင္ရွင္
မိန္းကေလးမ်ားက
ေအးေဆးျပီး ပံုမွန္ေနတတ္တဲ့ ေယာကၤ်ားမ်ားထက္ ေခတ္ဆန္ျပီး သတ္သတ္ရပ္ရပ္
ထက္ထက္မ်က္မ်က္
ရွိတဲ့ ေယာကၤ်ားမ်ိဳးကို ပိုျပီး ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္မို႕လည္း
ဒီလို အခ်က္ေတြကို ပိုင္ဆိုင္ထားတဲ့
ေအေသြးပိုင္ရွင္မ်ားနဲ႕ ပိုျပီး ရင္းႏွီးႏိုင္တဲ့ အေျခအေနကမ်ားတာပါတဲ့။
ဒါေပမယ့္လည္း လိုက္ဖက္မႈ
ရာခိုင္ႏႈန္းကေတာ့ ၅၀%ပါ။

ဘီေသြးပိုင္ရွင္မ်ားအေၾကာင္း

ဘီေသြးပိုင္ရွင္မ်ားကေတာ့ အရမ္းငယ္စဥ္မွာေတာ့ သြက္လက္ဖ်က္လတ္ျပီး တက္တက္ၾကြၾကြနဲ႔
လႈပ္ရႈားတတ္ေပမယ့္ ေက်ာင္းစတတ္တဲ့ အရြယ္ေလာက္ကစျပီး ပတ္၀န္းက်င္က လူေတြနဲ႔
လိုက္ေလ်ာညီေထြေအာင္ မေနတတ္ဘဲ ေလလြင့္ေနတတ္ျပန္ပါသတဲ့… ဒါေပမယ့္
ကိုယ့္ကိုကိုယ္ယံုၾကည္မႈရွိျပီ ဆိုရင္ေတာ့ အားလံုးထက္ ပိုျပီး
ၾကိဳးၾကိဳးစားစားေနတတ္ၾကတဲ့ သူမ်ားျဖစ္လို႔
ရံႈးနိမ့္မႈကို မေၾကာက္ဘဲ မျပတ္ေသာ ဇြဲလံု႔လနဲ႔သာ ဆက္လက္ျပီး
ၾကိဳးစားပါ… ကိုယ္သေဘာက်တဲ့
အလုပ္တစ္ခုတည္းမွာဘဲ အာရံုအားလံုးကို ႏွစ္ျမဳပ္ထားတတ္တဲ့ စတိုင္လ္
ျဖစ္ပါတယ္… ဒါေပမယ့္
ပတ္၀န္းက်င္ အေျခအေနက မေပးခဲ့ဘူးဆိုရင္ေတာ့ သိပ္မၾကိဳးစားတတ္ၾကပါဘူးတဲ့…
ေပါင္းသင္းဆက္ဆံေရးနဲ႔ ပတ္သက္ျပီး ေျပာရမယ္ဆိုရင္ေတာ့
ဘီေသြးပိုင္ရွင္မ်ားဟာ သတ္မွတ္ထားတဲ့
ပံုစံအတိုင္း ဆက္ဆံရတာမ်ိဳးကို မႏွစ္သက္ၾကပါဘူး… ကိုယ္နဲ႔ သိပ္
မခင္လွတဲ့ မိတ္ေဆြေတြနဲ႔ အတူရွိတဲ့
အခ်ိန္မွာေတာ့ ဟန္မပ်က္ အလိုက္တသင့္ ေနတတ္ၾကသူမ်ားလည္း ျဖစ္ပါတယ္…
မ်က္ႏွာခြဲျခားတတ္ျပီးေတာ့ တျခားသူေတြရဲ႕ ေရွ႕မွာ လူတတ္လုပ္ရတာမ်ိဳးကိုလည္း
မႏွစ္သက္တတ္ၾကပါဘူး… ဘီေသြးပိုင္ရွင္မ်ားဟာ ပံုစံခြက္ထဲမွာ
ခ်ဳပ္ေႏွာင္ခံရတာမ်ိဳးကို မုန္းျပီး
လြတ္လြတ္လပ္လပ္ သြားလာလႈပ္ရွားရတာကို ႏွစ္သက္ၾကပါတယ္တဲ့… ဒါေပမယ့္ သတိျပဳစရာ
တစ္ခုကေတာ့ လြတ္လပ္မႈကိုဘဲ အစဥ္ ေတာင့္တေနျခင္းေၾကာင့္ ပတ္၀န္းက်င္က လူေတြကို
ဒုကၡေပးတတ္တယ္ဆိုတာကိုပါဘဲ…

ဘီေသြးပိုင္ရွင္မ်ားရဲ႕ သူမ်ားနဲ႔မတူ တမူထူးျခားေနတာကေတာ့ လြတ္လပ္စြာ
ေတြးေခၚတတ္တဲ့အျပင္
သူတပါးကို မွီခိုအားကိုေနရတာမ်ိဳးကို မႏွစ္သက္ၾကပါဘူး…
ကိုယ္အားကိုကိုးျပီး အလုပ္အားလံုးကို
ေဆာင္ရြက္ခ်င္ၾကပါတယ္… အလုပ္တစ္ခုကို လုပ္ေနစဥ္မွာေတာင္
တျခားအလုပ္တစ္ခုကို တျပိဳင္တည္း
ေဆာင္ရြက္တတ္သူမ်ားလည္း ျဖစ္ပါတယ္… စည္းမ်ဥ္းစည္းကမ္းေတြကို သိပ္
ဂရုမစိုက္တတ္လို႔ ကိုယ့္ထက္
အငယ္ေတြရဲ႕ ခ်စ္ခင္မႈကို ခံရတတ္ေပမယ့္ လူၾကီးေတြဆီကေတာ့ ဆူပူၾကိမ္းေမာင္းတာကို
ခံရတတ္ပါတယ္… တခါ ေဒါသထြက္ျပီဆိုရင္လည္း အျဖဴအမည္း
မခြဲျခားႏိုင္ေလာက္ေအာင္ပါဘဲတဲ့…
ေဒါသေျပတဲ့ အခါမွ အေျခအေနေတြကို ျပန္ရွင္းျပျပီး နားလည္မႈကို ယူတတ္ၾကတဲ့
စတိုင္လ္မ်ိဳးပါတဲ့…
အမွားတစ္ခုကို လုပ္မိတယ္ ဆိုရင္လည္း ကိုယ္လုပ္တဲ့ အမွားအတြက္
ေတာင္းပန္ဘို႔ ၀န္မေလးသူမ်ားလည္း
ျဖစ္ပါတယ္… တနည္းအားျဖင့္ အတြင္းစိတ္ထား ပြင့္လင္းသူမ်ား ျဖစ္ၾကလို႔
အထင္အလြဲခံရတာတို႔ ရန္ညိွးတို႔
မရွိတဲ့ ေသြးပိုင္ရွင္မ်ား ျဖစ္ပါတယ္။

ဘီေသြးပိုင္ရွင္နဲ႔ လုိက္ဖက္မယ့္သူ

ဘီ-ေအ (၂၀%)
ရွက္တတ္တဲ့ မိန္းကေလးမ်ိဳးေတြကို ဘီေသြးေယာကၤ်ားေလးမ်ားက ႏွစ္သက္ၾကပါတယ္တဲ့။ ဘီေသြး
ေယာကၤ်ားေလးမ်ားရဲ႕ သြက္လက္ဖ်တ္လတ္မႈနဲ႕ ေအေသြးမိန္းကေလးမ်ားရဲ႕ ႏူးညံ့မႈကို
ေပါင္းစပ္လိုက္ရင္ေတာ့ အေရာင္လင္းလက္တဲ့ ခ်စ္သူေတြ ျဖစ္ႏိုင္ပါတယ္။
အထူးသျဖင့္ ႏွစ္ေယာက္တည္း
ရွိေနမယ္ဆိုရင္ေတာ့ ပိုျပီး ရင္းႏွီးႏိုင္ပါတယ္။ ဒါေပမယ့္ လိုက္ဖက္မႈကေတာ့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)
ဘီေသြးေယာကၤ်ားေလးနဲ႕ ဘီေသြးမိန္းကေလး ေတြ႕ၾကျပီ ဆိုရင္ေတာ့ အခ်င္းခ်င္း
နားလည္မႈရွိျပီး
လိုက္ဖက္ပါတယ္တဲ့။ ဒီစံုတြဲကေတာ့ အခ်င္းခ်င္း ေပ်ာ္ရႊင္တဲ့
သူငယ္ခ်င္းအေနနဲ႕ ေသာ္လည္းေကာင္း၊
လိုက္ဖက္ညီတဲ့ စံုတြဲ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ခ်စ္သူအခ်င္းခ်င္း
မေျပာေလာက္ဘူးလို႕ ထင္ႏိုင္တဲ့
စကားၾကမ္းၾကမ္းေတြကို ေျပာေနတတ္တဲ့ စံုတြဲေတြကို ေတြ႕ရင္ ဘီေသြးစံုတြဲ
ျဖစ္တာက မ်ားပါတယ္တဲ့။
ေဘးမွာရွိေနတဲ့ လူေတြက ဒီစံုတြဲကို ၾကည့္ျပီး ရန္ျဖစ္ေတာ့မယ္လို႕
စိုးရိမ္ရေလာက္တဲ့ အထိပါပဲ။
ဘီေသြးပိုင္ရွင္မ်ားက လြတ္လပ္မႈကို ႏွစ္သက္ျပီး ကိုယ္လုပ္ခ်င္တာကို
လုပ္ေနတတ္တဲ့ အတြက္ ဒီအတြဲ
အဆင္ေျပဘို႕ကေတာ့ ေတာ္ေတာ္ခက္ပါတယ္။ ရန္ျဖစ္ရင္းနဲ႕ သံေယာစဥ္
ျဖစ္သြားႏိုင္သလို အခ်င္းခ်င္း
စိတ္ဆင္းရဲမႈေတြ ေပးျပီး ျပီးသြားတတ္တဲ့ အခါေတြလည္း ရွိပါတယ္တဲ့။

ဘီ-အို (၈၀%)

တခါတေလေတာ့ ျပႆနာ အၾကီးၾကီး ျဖစ္တတ္တဲ့ အတြဲလည္း ျဖစ္ပါတယ္။ ျပႆနာ ေျဖရွင္းမႈလည္း
သိပ္မရွိပါဘူး။ ဒါေပမယ့္ ဘီေသြးေယာကၤ်ားေလးမ်ားရဲ႕ တက္ၾကြမႈနဲ႕
အိုေသြးမိန္းကေလးမ်ားရဲ႕
လႈပ္ရွားမႈကို ေပါင္းစပ္လိုက္မယ္ဆိုရင္ေတာ့ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့
အခ်ိန္ေလးေတြကို ပိုင္ဆိုင္ႏိုင္ပါတယ္။
ဒါေပမယ့္ အျမဲတမ္း တစ္ခုခုကို စိတ္ပူေနရတတ္ပါတယ္။ ဒီစံုတြဲရဲ႕
တူညီခ်က္ကေတာ့ အျမဲတမ္း
ပြဲလမ္းသဘင္ကို သြားဘို႕ စိတ္လႈပ္ရွားေနသလိုမ်ိဳး အျမဲတမ္း
စိတ္လႈပ္ရွားေနတယ္ဆိုတာပါပဲ။ ဒါေၾကာင့္
ဒီစံုတြဲ ေတြ႕ၾကျပီဆိုရင္ေတာ့ ကမၻာေျမၾကီး ေပၚမွာ ရွိတဲ့
ပူပင္ေသာကမွန္သမွ်ကို ေမ့ျပီး
ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အေျခအေနကို ဖန္တီးတတ္ၾကပါတယ္။ တစ္ေယာက္ကမ်ား အၾကံတစ္ခုေလာက္
ေပးလိုက္ျပီဆိုရင္ ေနာက္တစ္ေယာက္က လက္၀ါးရိုက္ လက္ခံတတ္တဲ့ အတြဲလည္း ျဖစ္ပါတယ္။

ဘီ-ေအဘီ (၉၀%)

ဆန္႔က်င္ဘက္ အဆံုးစြန္ ႏွစ္ခု ေတြ႕ၾကတာပါပဲ။ အခ်င္းခ်င္း လံုး၀ကို မတူတဲ့ အတြက္
ပတ္၀န္းက်င္ကလူေတြက အဆင္မေျပေလာက္ဘူးလို႕ ထင္ၾကေပမယ့္ တကယ္ေတာ့ အရမ္းကို
အဆင္ေျပျပီး အခ်င္းခ်င္း နားလည္တတ္တဲ့ အတြဲလည္း ျဖစ္ပါတယ္။ အခ်င္းခ်င္း
ေပါင္းစပ္လုပ္ကိုင္ႏိုင္တဲ့
စြမ္းရည္လည္း ျမင့္မားျပီး သူမ်ားေတြအျမင္မွာ ၾကက္သီးထေလာက္ေအာင္
ကဲၾကသဲၾကတဲ့ အတြဲလည္း
ျဖစ္ပါတယ္။ ေျမေအာက္ရထားစီတဲ့အခါမွာပဲ ျဖစ္ျဖစ္ ဘတ္စ္ စီးတဲ့အခါမွာပဲ
ျဖစ္ျဖစ္ တပူးကပ္ကပ္နဲ႕ ေနတဲ့
အတြဲေတြက ဒီလို ဘီ-ေအဘီေသြးပိုင္ရွင္မ်ား ျဖစ္တတ္ၾကပါတယ္။ ဘီေသြး
ေယာကၤ်ားေလးမ်ားကေတာ့
ေအဘီေသြးပိုင္ရွင္ မိန္းကေလးမ်ားနဲ႕ အတူတူ ရွိတဲ့အခါမွာ အျမဲတမ္း
ေပ်ာ္ရႊင္ေနတတ္ပါတယ္။
ကိုယ္ကိုယ္တိုင္က ၾကင္ၾကင္နာနာနဲ႕ မဆက္ဆံတတ္ေပမယ့္ ခ်စ္သူလုပ္တဲ့ မိန္းကေလးက
ခၽြဲႏြဲ႕လိုက္ရင္ေတာ့ ၾကင္ၾကင္နာနာျပန္ ဆက္ဆံတတ္ၾကတယ္။ ေအဘီေသြးပိုင္ရွင္
မိန္းကေလးေတြကေတာ့
အရမ္း ၾကင္နာဖြဲ႕ႏြဲ႕ လြန္းတဲ့ ေယာကၤ်ားမ်ား၊ မနားမေန စကားေျပာတတ္တဲ့
ေယာကၤ်ားမ်ားကို
သိပ္မၾကိဳက္လွပါဘူး။ ကိုယ္တိုင္ကသာ ေယာကၤ်ားလုပ္သူကို စကား
အဆက္မျပတ္ေျပာခ်င္တတ္ေပမယ့္
တဘက္သားက ပူညံပူညံ လုပ္တာကိုေတာ့ မၾကိဳက္ၾကပါဘူးတဲ့။ ဒါေပမယ့္ ဒီအတြဲက
ျဖစ္ႏိုင္စြမ္း
အမ်ားဆံုးပါပဲ။

အိုေသြးပိုင္ရွင္မ်ားအေၾကာင္း

ဒီတစ္ခါ အိုေသြးပိုင္ရွင္မ်ား အေၾကာင္း တင္ျပသြားမွာျဖစ္ပါတယ္…
အိုေသြးပိုင္ရွင္မ်ားကေတာ့
စရိုက္သဘာ၀က ထူးျခားပါတယ္…
အိုေသြးပိုင္ရွင္မ်ားကေတာ့ အိမ္မွာေတာ့ ျပႆနာရွာတတ္ၾကေပမယ့္
သူငယ္ခ်င္းေတြနဲ႔ဆိုရင္ေတာ့
သူငယ္ခ်င္းေတြကို ၾကည့္ရႈေစာင့္ေရွာက္တတ္ျပီး လူတကာနဲ႔ လိုက္ေလ်ာညီေထြေအာင္
ေနတတ္သူမ်ားျဖစ္ၾကပါတယ္… အရာအားလံုးကို တက္တက္ၾကြၾကြနဲ႔ ပါ၀င္ေဆာင္ရြက္တတ္သူမ်ား
ျဖစ္ၾကပါတယ္… အလုပ္အားလံုးကိုလည္း ကိုယ့္အလုပ္လို႔ သတ္မွတ္ျပီး ၾကိဳးၾကိဳးစားစား
ေဆာင္ရြက္တတ္ၾကသူမ်ား ျဖစ္ပါတယ္… လုပ္ငန္းခြင္ကို ေရာက္ျပီဆိုရင္လည္း သူတပါးကို
စာနာေထာက္ထားတတ္ၾကပါသတဲ့… အနာဂတ္အတြက္ ရည္မွန္းခ်က္ တစ္ခု ရွိျပီဆိုရင္
တစိုက္မတ္မတ္နဲ႔
လုပ္ကိုင္တတ္ေပမယ့္ ေမွ်ာ္လင့္ခ်က္ မရွိဘူးလို႔ ထင္မိျပီဆိုရင္ေတာ့
အစြဲအလမ္း တစ္ခုမွမထားဘဲ
လက္ေလွ်ာ့ပစ္တဲ့ အက်င့္ေလးမ်ားလည္း ရွိပါတယ္တဲ့… အလုပ္တစ္ခုကို
လုပ္ကိုင္ႏိုင္စြမ္း ျမင့္မားသလို
အေျခအေန အလိုက္ စိတ္စုစည္းမႈလည္း ေကာင္းမြန္ပါသတဲ့… ရလဒ္ကိုဘဲ
ဦးစားေပးသူမ်ားလို႔လည္း
ဆိုႏိုင္ပါသတဲ့… အလုပ္တစ္ခုကို လုပ္ေတာ့မယ္ဆိုရင္ plan အရင္ခ်ျပီးမွ
လုပ္ကိုင္ေလ့လည္း ရွိပါသတဲ့…
ကိုယ့္ စတိုင္လ္နဲ႔ကို ေနတတ္သူမ်ားျဖစ္သလို ကိုယ္ပိုင္ အေတြးအေခၚမ်ားကို
ပိုင္ဆိုင္သူမ်ားလည္း
ျဖစ္ပါတယ္… ဒီလို စရိုက္ေတြကို ပိုင္ဆိုင္ထားသူေတြ ျဖစ္တာမို႔
အႏုပညာေလာကကို ေျခခ်မယ္ဆိုရင္လည္း
ေအာင္ျမင္ႏိုင္တဲ့သူမ်ား ျဖစ္ပါတယ္တဲ့…. ဒါေပမယ့္ ကိုယ္ရဲ႕
အေတြးအျမင္ကသာ အမွန္ျဖစ္တယ္ဆိုတဲ့
ယံုၾကည္မႈ ျပင္းထန္ခ်င္းက တျခားသူမ်ားရဲ႕ ယံုၾကည္မႈကို လစ္လွ်ဴရႈသလို
ျဖစ္ေနတတ္ပါတယ္…
အပန္းေျဖတာတုိ႔ ၀ါသနာကို အေကာင္အထည္ ေဖာ္တာတို႔ကိုေတာ့ သိပ္မႏွစ္သက္လွပါဘူး…
အိုေသြးပိုင္ရွင္မ်ားက လက္ေတြ႔က်က် လုပ္ကိုင္ရတာကို ႏွစ္သက္ၾကသူမ်ားလည္း
ျဖစ္ပါတယ္…
တခါတေလမွာေတာ့ Romantic ဆန္တာေလးေတြကိုလည္း ၾကိဳက္ႏွစ္သက္ၾကပါတယ္တဲ့…
အိုေသြးပိုင္ရွင္မ်ားရဲ႕ ထူးျခားခ်က္ကေတာ့ ကိုယ့္အတြက္ အေရးၾကီးတဲ့
အရာေတြအတြက္ အမ်ားၾကီး
သည္းခံတတ္ေပမယ့္ ေရရွည္ေတာ့ သည္းမခံႏိုင္ပါဘူးတဲ့… လူေတြနဲ႔ ဆက္ဆံတဲ့
အခါမွာ ယံုၾကည္မႈ ရွိရွိနဲ႔
ဆက္ဆံတတ္ျပီး ကိုယ့္ထက္ အားနည္းသူနဲ႔ ဆက္ဆံတဲ့ အခါမွာေတာ့ ေႏြးေႏြးေထြးေထြး သေဘာထား
ၾကီးၾကီးနဲ႔ ဆက္ဆံတတ္ ၾကပါသတဲ့… ျပိဳင္ခ်င္တဲ့ စိတ္ဓာတ္ ျပင္းထန္လို႔
တခါတေလမွာ မလိုအပ္ဘဲ
စိတ္ဆင္းရဲရတာမ်ိဳးလည္း ရွိပါတယ္… အိုေသြးပိုင္ရွင္မ်ားက တခါတေလမွာ စကားနည္းျပီး
ေအးေအးေဆးေဆး တစ္ေယာက္တည္း ေတြးေခၚေနရတာကို ၾကိဳက္ႏွစ္သက္ၾကပါသတဲ့…
တစ္ေယာက္ေယာက္နဲ႔ စိတ္ကသိကေအာင့္ ျဖစ္တဲ့ အခါတုိင္း စိတ္ထဲမွာ စုမထားဘဲ တဘက္သားကို
ျပတ္ျပတ္သားသား ေျပာတတ္ပါသတဲ့… ဒါေပမယ့္ အားလံုး ျပီးသြားတဲ့ အခါမွာေတာ့ ဒါေတြ ငါ
ဘယ္တုန္းက လုပ္ခဲ့လို႔လဲ ဆိုတဲ့ ပံုစံမ်ိဳး အားလံုးကို ေမ့ျပီးေနႏိုင္သူမ်ားပါ…

အိုေသြးပုိင္ရွင္မ်ားနဲ႔ လုိက္ဖက္မယ့္သူ

အို-ေအ (၁၀၀%)

အိုေသြး ေယာကၤ်ားေလးမ်ားရဲ႕ လြတ္လြတ္လပ္လပ္ ေနတတ္တဲ့ သေဘာနဲ႕ ေအေသြးပိုင္ရွင္
မိန္းကေလးမ်ားရဲ႕ အေလးနက္ထားတတ္တဲ့ အက်င့္ေတြကို ေပါင္းစပ္လိုက္ရင္ေတာ့
သဘာ၀က်တဲ့ အတြဲကို
ျဖစ္ေစပါတယ္။ ေအေသြးပိုင္ရွင္မိန္းကေလးမ်ားကေတာ့ အိုေသြးပိုင္ရွင္
ေယာကၤ်ားေလးမ်ားကို အိုေအစစ္လို
ေအးျမေစခ်င္ၾကပါတယ္တဲ့။ အျမဲတမ္း ကံေကာင္းမႈကို ျဖစ္ေစပါတယ္တဲ့။
မိတ္ေဆြအဆင့္ဆိုရင္ေတာ့
အက်ိဳးရွိေစမယ့္ စကားမ်ားကို ဖလွယ္ရင္းနဲ႕ ခင္မင္မႈကို ပိုမို
ျဖစ္ေစပါတယ္။ အခ်င္းခ်င္း
ေနာက္ေျပာင္ေျပာဆိုတဲ့ အခါမွာလည္း အျပန္အလွန္ ဖလွယ္ႏိုင္တာေၾကာင့္ လိုက္ဖက္ညီတဲ့
အတြဲေလးလည္း ျဖစ္ႏိုင္ပါတယ္တဲ့။

အို-ဘီ (၇၅%)
မိန္းကေလးဘက္က လိုက္ကပ္ေနတတ္တဲ့ အေျခအေနမ်ိဳးေတြ ရွိပါတယ္တဲ့။ အျမဲတမ္း
ဘီေသြးမိန္းကေလးမ်ားရဲ႕ စိတ္အသြားအလာကိုလည္း
မခန္႕မွန္းႏိုင္ေလာက္ေအာင္ပါတဲ့။ စိတ္ကေတာ့
ၾကင္ၾကင္နာနာ ဆက္ဆံခ်င္ေပမယ့္ လုပ္လိုက္တဲ့ အလုပ္တိုင္းကေတာ့
အဆင္မေျပတာခ်ည္းပါပဲ။ ဒါေပမယ့္
မိန္းကေလးဘက္ကေတာ့ သင့္ကို ေကာင္းေကာင္း ဆံုးျဖတ္ႏိုင္စြမ္းရွိတဲ့
ေယာကၤ်ားတစ္ေယာက္လို႕
ယံုၾကည္ေနတတ္ပါတယ္။ ဒီအခ်က္ကို သတိထားျပီး သူမကို ဆြဲေဆာင္ပါတဲ့။ ဒီလိုသာ
လုပ္မယ္ဆိုရင္ေတာ့
ပိုျပီးခ်စ္လာႏိုင္ပါတယ္တဲ့။ အခ်င္းခ်င္း အေလးထားတာေရာ ကတိကိုတည္ခ်င္တဲ့
စိတ္ဓါတ္ေတြအားလံုးေၾကာင့္ အခ်င္းခ်င္း သစၥာေဖာက္တာမ်ိဳး လံုး၀မရွိပါဘူး။ တကယ္ေတာ့
အိုေသြးပိုင္ရွင္ေယာကၤ်ားေလးမ်ားက ကေလးဆန္ျပီး ခၽြဲတတ္တဲ့
မိန္းကေလးမ်ိဳးကို လိုလားသလို
အိုေသြးမိန္းကေလးမ်ားကလည္း ၾကင္နာျပီး ေႏြးေထြးတဲ့ ေယာကၤ်ားမ်ိဳးကို
လိုလားပါတယ္တဲ့။
ဒီအခ်က္မွာေတာ့ နည္းနည္း အဆင္မသင့္တာမ်ိဳးေတာ့ ရွိတတ္ပါတယ္။

အို-အို (၄၀%)

အခ်င္းခ်င္း အရမ္းကို လိုက္ဖက္ညီတယ္လို႕ ထင္ရပါတယ္။ သာမန္ ေယာကၤ်ားေလးနဲ႕
မိန္းကေလးၾကားမွာ
မေျပာႏိုင္ေလာက္တဲ့ အေၾကာင္းေတြကိုေတာင္ ေျပာႏိုင္ေလာက္ေအာင္
ရင္းႏွီးႏိုင္ပါတယ္တဲ့။ အခ်င္းခ်င္း
ေယာကၤ်ားမိန္းမရယ္လို႕ မေတြးပဲ သူငယ္ခ်င္းအေနနဲ႕ ဆက္ဆံတတ္ၾကပါတယ္။
လမ္းမွာ သူေတာင္းစားမ်ား
ေတြ႕ရင္ ဒီတိုင္းမသြားႏိုင္ပါဘူး။ စိတ္ထားေကာင္းတယ္လို႕
ဆိုလိုလို႕ရပါတယ္။ အိုေသြးအခ်င္းခ်င္း အားလံုး
အိုေကမွာပဲလို႕ ထင္ႏိုင္ၾကေပမယ့္ တကယ္ေတာ့ အဲဒီလို မဟုတ္ပါဘူး။
လိုက္ဖက္မႈ ရာခိုင္ႏႈန္းက ၄၀%ပါ။

အို-ေအဘီ (၉၅%)

အခ်င္းခ်င္း သိပ္အဆင္မေျပဘူးလို႕ ထင္ရတဲ့ အတြဲပါ။ တစ္ကုိယ္ေကာင္းဆန္တတ္တဲ့
အက်င့္ေလးေတြေၾကာင့္ စိတ္အခန္႕မသင့္တာေလးေတြ ရွိတတ္ပါတယ္။ ရန္ျဖစ္ရာကေန
သံေယာစဥ္တြယ္တတ္တဲ့ အတြဲေတြလည္း ရွိႏိုင္ပါတယ္။ အခ်င္းခ်င္း လက္ေတြ႕က်က် စဥ္းစား
ကပ္သပ္ေနတတ္တဲ့ အတြက္ သူမ်ားေတြ အျမင္မွာေတာ့ နည္းနည္း စိတ္ပင္ပန္းေနရတတ္ပါတယ္။
ဒါေပမယ့္ လိုက္ဖက္ညီမယ့္ ရာခိုင္ႏႈန္းကေတာ့ ၉၅% ပါ။

ေအဘီေသြးပိုင္ရွင္မ်ားအေၾကာင္း

ေအဘီေသြးပိုင္ရွင္မ်ားရဲ႕ ထူးျခားခ်က္ကေတာ့ ဒီလို ျဖစ္ပါတယ္…
ေအဘီေသြးပိုင္ရွင္မ်ားဟာ သိပ္ျပီး
မထူးျခားလွတဲ့ စရိုက္သဘာ၀ကို ပိုင္ဆိုင္ထားပါတယ္တဲ့…
မိဘကို ဆိုးတာမ်ိဳးလည္း မရွိတဲ့ ေအဘီေသြးပိုင္ရွင္မ်ားက အရာအားလံုးကို
ကြက္ေက်ာ္ျမင္တတ္လို႔
အဆူခံရတာမ်ိဳးလည္း လံုး၀ မရွိသေလာက္ပါတဲ့… ကိုယ့္ပတ္၀န္းက်င္မွာ
ဘာေတြျဖစ္ေနတယ္ ဆိုတာကို
လ်င္လ်င္ျမန္ျမန္ အကဲခတ္ႏိုင္စြမ္းရွိသူမ်ားလည္း ျဖစ္ပါတယ္…
ဒါေၾကာင့္မို႔ ပတ္၀န္းက်င္က လူေတြက
ေအဘီေသြးပိုင္ရွင္မ်ားကို စကားနည္းျပီး ဘုက်က်ႏိုင္လိုက္တာလို႔ အေျပာခံရတာမ်ိဳးလည္း
ၾကံဳရတတ္ပါတယ္… ဒါေပမယ့္ ၾကီးျပင္းလာတာနဲ႔ အမွ် ပတ္၀န္းက်င္နဲ႔
လိုက္ေလ်ာညီေထြေအာင္
ေနတတ္လာျပီး လူမႈဆက္ဆံေရးလည္း ေကာင္းမြန္ေျပျပစ္လာပါတယ္တဲ့… အစပိုင္းမွာေတာ့
အလုပ္တစ္ခုကို ၾကာရွည္လုပ္ႏိုင္တဲ့ ဇြဲ နည္းပါးတာေၾကာင့္ အလုပ္တစ္ခုကို
လုပ္တဲ့ အခါမွာ ျမန္ျမန္
ပင္ပန္းအားေလ်ာ့ လြယ္ပါတယ္တဲ့… ဒါေပမယ့္လည္း ၀ီရိယစိုက္ျပီး
ၾကိဳးစားေနတဲ့ ကိုယ္ကိုတိုင္ရဲ႕ ပံုစံကို
ႏွစ္သက္သူမ်ား ျဖစ္လို႔ ဘယ္အရာကိုမဆို လုပ္လိုစိတ္ ျပင္းထန္ျပီး
ၾကိဳးၾကိဳးစားစား တက္တက္ၾကြၾကြနဲ႔
လုပ္ေဆာင္တတ္ပါတယ္တဲ့… လူေတြနဲ႔ ဆက္ဆံတဲ့ အခါမွာလည္း အေျပာအဆိုကို အတတ္ႏိုင္ဆံုး
သတိထားတတ္ျပီး လုပ္ငန္းခြင္မွဆိုရင္လည္း အမွားမလုပ္မိေအာင္ သတိထား
လုပ္ကိုင္တတ္သူမ်ား
ျဖစ္ပါတယ္… လူတစ္ေယာက္နဲ႔ ေတာ္ေတာ္ေလး ရင္းႏီွးလာတာေတာင္မွ အဲဒီလူနဲ႔
ကိုယ့္ရဲ႕ ၾကားမွာ
အတားအဆီး တစ္ခုကို ထားျပီးဆက္ဆံတတ္သူမ်ားလည္းျဖစ္ပါတယ္… ဒါကေတာ့ သူတပါးအေပၚမွာ
အမွားလုပ္မိမွာကို စိုးရိမ္တတ္တဲ့ ေအဘီေသြးပိုင္ရွင္မ်ားရဲ႕
အေသးစိတ္လွတဲ့ အေတြမ်ားေၾကာင့္ဘဲ
ျဖစ္ပါတယ္… ဒါ့ျပင္ ေအဘီေသြးပိုင္ရွင္မ်ားဟာ တစ္ေယာက္တည္းကိုဘဲ ခင္တတ္တဲ့
အက်င့္လည္းမရွိပါဘူးတဲ့… အလုပ္အမ်ားၾကီးကို တစ္ျပိဳင္နက္တည္း
လုပ္ကိုင္ႏိုင္စြမ္းရွိသူမ်ား ျဖစ္သလို
အရာအားလံုးကို လက္ေတြ႕က်က် ေတြးေခၚဆင္ခ်င္တတ္သူမ်ားလည္း ျဖစ္ပါတယ္… အလုပ္တစ္ခုကို
လုပ္တဲ့အခါမွာလည္း ေထာင့္ေပါင္းစံုကေန ေတြးေခၚဆင္ခ်င္တတ္သူမ်ား
ျဖစ္ပါတယ္တဲ့… မိဘေဆြမ်ိဳး
သူငယ္ခ်င္းရယ္ဆိုျပီး သီးသန္႔ မခြဲျခားတတ္ဘဲ လူသားအားလံုးကို တန္းတူညီတူ
ဆက္ဆံတတ္သူမ်ားလည္း
ျဖစ္ပါတယ္… ဒါေပမယ့္ တဘက္မွာလည္း အျမဲတမ္း ေငြေရးေၾကးေရးကို စိတ္ပူေနတာေၾကာင့္
ပိုက္ဆံရွာႏိုင္မယ့္ အေျခအေနမ်ားကို အပူတျပင္း ရွာေဖြေနတတ္ပါတယ္တဲ့…
ေအဘီေသြးပိုင္ရွင္မ်ားက
ကိုယ့္ရဲ႕ ခံစားခ်က္ကို မ်က္ႏွာမွာ မေဖာ္ျပတတ္သူမ်ား ျဖစ္သလို
ေတာ္ရံုတန္ရံုနဲ႔ ေဒါသလည္း
မထြက္တတ္ပါဘူးတဲ့… ကိုယ့္ကို သစၥာေဖာက္သြားတဲ့သူကိုေတာ့ ေသခ်ာ
မွတ္ထားျပီး ကလဲ့စားေျခတတ္တဲ့
စရိုက္သဘာ၀ကို ပိုင္ဆိုင္သူမ်ား ျဖစ္ပါတယ္… တခါတေလေတာ့ ႏူးညံ့တဲ့
စိတ္ေနစိတ္ထားကို
ေအဘီေသြးပိုင္ရွင္မ်ားရဲ႕ မ်က္ႏွာမွာ ျမင္ႏိုင္သလို တခါတေလမွာေတာ့ ခက္ထန္မႈေတြကိုသာ
ျမင္ရတတ္ပါတယ္…. ဒါေတြအားလံုးကေတာ့ ေအဘီေသြးပိုင္ရွင္မ်ား အေၾကာင္းသာ
ျဖစ္ပါတယ္…

ေအဘီ ေသြးပိုင္ရွင္ ႏွင့္လုိက္ဖက္မည့္သူ

ေအဘီ-ေအ (၆၅%)

ဒီႏွစ္ေယာက္သာ ေတြ႕ၾကျပီဆိုရင္ေတာ့ ပတ္၀န္းက်င္ၾကီး တစ္ခုလံုးဟာ
ေျခာက္ကပ္သြားေတာ့တာပါပဲ။
စကားေတြအမ်ားၾကီး လိုအပ္တယ္လို႕ ထင္ရျပီး အခ်င္းခ်င္း အျပိဳင္ ေခါင္းမာေနတတ္လို႕
စိတ္အခန္႕မသင့္မႈေလးေတြလည္း မ်ားတတ္ပါတယ္။ ေအဘီေသြးပိုင္ရွင္
ေယာကၤ်ားမ်ားရဲ႕ ထူးျခားခ်က္ကို
နားမလည္ ႏိုင္တာေၾကာင့္ စိတ္ပင္ပန္းရတဲ့ အတြဲလည္း ျဖစ္ပါတယ္။ ေမးတာကတျခား
ေျဖတာက တျခား
ျဖစ္တဲ့ အခါေတြလည္း မ်ားပါတယ္။ ဒီစံုတြဲေလးက ျပီးျပည့္စံုတဲ့ အတြဲေလးလို႕
ေျပာလို႕ မရႏိုင္သလို လံုး၀
ေပါင္းစပ္လို႕မရဘူးလို႕လည္း ေျပာလို႕ မရပါဘူး။ ေအေသြး မိန္းကေလးနဲ႕
ေအဘီေသြးေယာကၤ်ားေလးေတြကေတာ့ ႏွစ္ဦးႏွစ္ဘက္လံုးက ေသခ်ာပိရိတဲ့အျပင္ အခ်င္းခ်င္းရဲ႕
အားသာခ်က္ေလးေတြကိုလည္း လက္ခံအသိအမွတ္ျပဳတတ္ၾကတာမို႕ အဆင္ေျပတဲ့ အေျခအေနေလးကို
ဖန္တီးႏိုင္ပါတယ္။ ေအေသြးမိန္းကေလးေတြက စိတ္၀င္စားစရာေကာင္းတဲ့ စကား၊ ဟာသေလးေတြ
ေျပာတတ္တဲ့ ေယာကၤ်ားမ်ိဳးကို သေဘာက်တတ္ၾကပါတယ္။

ေအဘီ-ဘီ (၉၀%)

ေအဘီေသြးေယာကၤ်ားေလးမ်ားရဲ႕ ပညာရွိရွိျပဳမူတတ္တဲ့ အက်င့္ေလးေတြက
ဘီေသြးမိန္းကေလးမ်ားကို
ဆြဲေဆာင္ႏိုင္စြမ္းရွိပါတယ္။ ေအဘီေသြးေယာကၤ်ားေလးမ်ားကလည္း ဘီေသြးမိန္းကေလးမ်ားရဲ႕
စမ္းသပ္လုပ္ကိုင္ခ်င္စိတ္၊ တက္ၾကြဖ်တ္လတ္မႈကို ႏွစ္သက္ၾကပါတယ္တဲ့။
ဘီေသြးမိန္းကေလးမ်ားက
ေအဘီေသြးေယာကၤ်ားေလးမ်ား ပြင့္ပြင့္လင္းလင္းနဲ႕ ခ်စ္ခြင့္ပန္တဲ့
ပံုစံမ်ိဳးကို သေဘာၾကသလို ညင္းလည္း
မညင္းႏိုင္ပါဘူး။ ပြင္းလင္းတဲ့ စတိုင္လ္ကို လိုလားတာဟာ ဘီေသြးေတြရဲ႕
စတိုင္လ္မို႕ပါ။
ေယာကၤ်ားေလးဘက္ကေတာ့ နည္းနည္း တစ္ကိုယ္ေကာင္းဆန္တဲ့ အခါေလးေတြလည္း ရွိတတ္ၾကျပီး
ရင္ထဲမွာ ခံစားရတဲ့အတိုင္း ေဖာ္ျပတတ္ေပမယ့္ ဘီေသြးမိန္းကေလးမ်ားရဲ႕
ခံစားခ်က္ကို သို၀ွက္တတ္တဲ့
အက်င့္ေလးေတြကို ႏွစ္သက္ၾကပါတယ္တဲ့။

ေအဘီ-အို (၃၀%)

အခ်င္းခ်င္း လံုး၀ စရိုက္သဘာ၀ကို ပိုင္ဆိုင္ထားတာေတာင္မွ ေတာ္ေတာ္
လိုက္ဖက္ညီတဲ့ အတြဲေလးလည္း
ျဖစ္ပါတယ္။ ခ်စ္သူအျဖစ္အေနထက္ အစ္ကိုတစ္ေယာက္လို ခင္မင္တြယ္တာတာမ်ိဳးက
ပိုမ်ားပါတယ္။
ေအဘီေသြး ေယာကၤ်ားေလးမ်ားရဲ႕ ပြင့္လင္းတဲ့ စရိုက္ဟာ
အိုေသြးပိုင္ရွင္မိန္းကေလးမ်ားရဲ႕ မ်က္စိမွာေတာ့
ေတာ္ေတာ္ ဆြဲေဆာင္မႈရွိေနတတ္ပါတယ္တဲ့။ ေအးစက္ျပီး တရားက်က် စဥ္းစားတတ္တဲ့
ေအဘီေသြးပိုင္္ရွင္
ေယာကၤ်ားေလးမ်ားကို အိုေသြးမိန္းကေလးမ်ားက ေတာင့္တင္းခိုင္မာတဲ့
မွီခိုအားထားရာတစ္ခုလို႕လည္း
ထင္တတ္ၾကပါတယ္။ ဒါေပမယ့္ သူတို႕ႏွစ္ေယာက္ရဲ႕ လုိက္ဖက္ညီမႈကေတာ့ ၃၀%ပါ။

ေအဘီ-ေအဘီ (၉၀%)

အခ်င္းခ်င္း ေကာင္းေကာင္းနားလည္ႏိုင္တဲ့အျပင္ တဘက္သားကိုလည္း
အေလးအနက္ထားတတ္ၾကပါတယ္။ အဆင္ေျပတဲ့ အတြဲေလးတစ္တြဲျဖစ္ေပမယ့္ သူမ်ားေတြအျမင္မွာေတာ့
သိပ္ျပီး မထူးျခားလွတဲ့ အတြဲေလး တစ္တြဲပါ။ တပူးကပ္ကပ္ေနတတ္တဲ့
အတြဲေလးလည္း ျဖစ္ပါတယ္။
နွစ္ေယာက္စလံုးက စဥ္းစားဥာဏ္ရွိတဲ့အတြက္ တဘက္သားရဲ႕ စရိုက္သဘာ၀ေတြအားလံုးကို
နားလည္ေပးႏိုင္သလို မၾကိဳက္တဲ့ အျပဳအမူကို ေရွာင္က်ဥ္ၾကပါတယ္။ တခါတေလမွာေတာ့
အေတြးအေခၚေတြ မတိုက္ဆိုင္တဲ့အခါေလးေတြလည္းရွိပါတယ္။ တစ္ေယာက္နဲ႕ တစ္ေယာက္
အေပးအယူမွ်တဲ့ အတြဲျဖစ္တာေၾကာင့္ ေပ်ာ္စရာေကာင္းတဲ့ အတြဲေလးလည္း ျဖစ္ပါတယ္။

.....................................................................................

ကဲ… ဒီေလာက္ဆိုရင္ ေသြးပိုင္ရွင္ေတြရဲ႕ စရိုက္ေလးေတြကို
သိၾကျပီေပါ႔ေနာ္။ သူငယ္ခ်င္းတို႔လည္း ကိုယ္ရဲ႕ေသြးအမ်ဳိးအစားနဲ႔
လိုက္ဖက္တဲ႔
ဖူးစာရွင္ကို ေရြးခ်ယ္ႏိုင္ပါေစ။ ဟုတ္ေသာ္ရွိ, မဟုတ္ေသာ္ရွိ အမ်ားသူငါ
ဖတ္ရွဳဖို႔ သူငယ္ခ်င္းတို႔ရဲ႕ အေပါင္းအသင္းမ်ားကို မွ်ေ၀ေပးေစခ်င္ပါတယ္။
ခ်စ္သူတိုင္း, ခ်စ္သူတိုင္း” ခ်စ္တိုင္း ညား၍ ညားတိုင္း
ပိုခ်စ္ႏိုင္ၾကပါေစ “….

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: Original Writer

Unicode Version

အသွေးပိုင်ရှင်များအကြောင်း

သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့
သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကို
ဖော်ပြပေးလိုက်ပါတယ်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..
ငယ်စဉ်ဘဝမှာတော့ သူတပါးကို
စဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာ စဉ်းစားတတ်ကြပါသတဲ့… သူတပါးကို
နောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့… ဒါပေမယ့် ကြီးပြင်းလာတာနဲ့
အမျှ ငယ်စဉ်က
စရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်
အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့…
အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်
အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့… တခါတလေ ပတ်ဝန်းကျင်
အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့… အသစ်အဆန်းတွေကို
စမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း
ကျင်လည်ရတာကို
နှစ်သက်သူများ ဖြစ်ကြပါတယ်… အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း
အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်
အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ… သပ်သပ်ရပ်ရပ်
စေ့စေ့စပ်စပ်နဲ့
အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ… နေ့စဉ်နေ့တိုင်း
လုပ်နေကြ အလုပ်တွေကိုပဲ
လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း
ခံရတတ်ပါတယ်… ဒါ့အပြင် ဘယ်လို
အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့်
မာဆတ်ဆတ်နိုင်တယ်… ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်…
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ်
မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့
လူမျိုးတွေပါတဲ့… ကိုယ်နဲ့ ဆက်ဆံနေတဲ့
လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို
ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်…
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့… ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့… ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့… ဘဝရဲ့ အနှစ်သာရကို
တစ်နေရာမှာဘဲ မရှာဘဲ
အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့… အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း
နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့…
တစ်ယောက်တည်း သီးသန့်
ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်… အထက်လူကြီးရဲ့
အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင်
မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်…
ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှု
ပိုများတာ ဖြစ်ပါတယ်…
စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း
ရှိတတ်ပါတယ်တဲ့… ဒါကြောင့်မို့
စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..

အေသွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ .

.အရင့်အရင် အပတ်တွေက သွေးအုပ်စုများ အကြောင်း ဖော်ပြပြီးခဲ့လို့ ဒီကနေ့တော့
ဘယ်သွေးအမျိုးအစားဟာ ဘယ်သွေးအမျိုးအစားနဲ့ လိုက်ဖက်ညီသလဲဆိုတာကို ဆက်လက်
ဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့တော့ အေသွေးအတွက် ပေါ့နော်။

အေ-အေ (၇၀%)

အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့
ရာခိုင်နှုန်းကတော့ ၇၀%
ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ
ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု
ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို
မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။ အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း
အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက
သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး
နှစ်ယောက်ထဲ
လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။ အေသွေးအချင်းချင်းရဲ့
တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့
နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည် ထိမ်းထားနိုင်ပါတယ်။
တစ်ခုပဲ သတိထားစရာ
လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ
ဖြစ်နိုင်လို့ပါပဲ။ အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ
ချစ်ပြီဆိုရင် ဘယ်တော့မှ
မပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင်
အချင်းချင်း ချစ်မိပြီဆိုရင်တော့
သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။

အေ-ဘီ (၂၅%)

အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက
ဘီသွေးဆိုရင်တော့ ဇနီးသည်ကို
ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို
နားလည်ပေးနိုင်ပါတယ်။ အေသွေး
ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု
အတွေးနက်နဲတဲ့ ပုံစံတွေက
အမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကို
ညှို့ယူနိုင်ပါတယ်။ ဒါပေမယ့်
လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။

အေ-အို (၉၀%)

အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ ပွင့်လင်းတဲ့ အကျင့်နဲ့
အေသွေးပိုင်ရှင်အမျိုးသားများရဲ့ စေ့စပ်သေချာတဲ့
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး
ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်
တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး
သဘောထားကြီးဘို့တော့ လိုပါတယ်။
တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း
သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။

အေ-အေဘီ (၅၀%)

အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့
အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက
အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့
ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး
ယောင်္ကျားလေးများဟာ
ယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့
ထူးခြား ဆန်းကြယ်မှုကို
အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှု
ပိုများတတ်ပါတယ်။
တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးများက
အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ်
ထက်ထက်မျက်မျက်
ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း
ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့
အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။
ဒါပေမယ့်လည်း လိုက်ဖက်မှု
ရာခိုင်နှုန်းကတော့ ၅၀%ပါ။

ဘီသွေးပိုင်ရှင်များအကြောင်း

ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့
လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့
လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့… ဒါပေမယ့်
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး
ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့
ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီး
ကြိုးစားပါ… ကိုယ်သဘောကျတဲ့
အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ်
ဖြစ်ပါတယ်… ဒါပေမယ့်
ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့…
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့
ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့
ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး… ကိုယ်နဲ့ သိပ်
မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့
အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်…
မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်း
မနှစ်သက်တတ်ကြပါဘူး… ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ
ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး
လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့… ဒါပေမယ့် သတိပြုစရာ
တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို
ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ…

ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာ
တွေးခေါ်တတ်တဲ့အပြင်
သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး…
ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို
ဆောင်ရွက်ချင်ကြပါတယ်… အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင်
တခြားအလုပ်တစ်ခုကို တပြိုင်တည်း
ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်… စည်းမျဉ်းစည်းကမ်းတွေကို သိပ်
ဂရုမစိုက်တတ်လို့ ကိုယ့်ထက်
အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကို
ခံရတတ်ပါတယ်… တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်း
မခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့…
ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့
စတိုင်လ်မျိုးပါတဲ့…
အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက်
တောင်းပန်ဘို့ ဝန်မလေးသူများလည်း
ဖြစ်ပါတယ်… တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့
အထင်အလွဲခံရတာတို့ ရန်ညှိးတို့
မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။

ဘီသွေးပိုင်ရှင်နဲ့ လိုက်ဖက်မယ့်သူ

ဘီ-အေ (၂၀%)
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး
ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို
ပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် နှစ်ယောက်တည်း
ရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။

ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း
နားလည်မှုရှိပြီး
လိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့
သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊
လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း
မပြောလောက်ဘူးလို့ ထင်နိုင်တဲ့
စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေးစုံတွဲ
ဖြစ်တာက များပါတယ်တဲ့။
ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့
စိုးရိမ်ရလောက်တဲ့ အထိပါပဲ။
ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကို
လုပ်နေတတ်တဲ့ အတွက် ဒီအတွဲ
အဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ်
ဖြစ်သွားနိုင်သလို အချင်းချင်း
စိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။

ဘီ-အို (၈၀%)

တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်း
သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့
အိုသွေးမိန်းကလေးများရဲ့
လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့
အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။
ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့
တူညီချက်ကတော့ အမြဲတမ်း
ပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်း
စိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့်
ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့
ပူပင်သောကမှန်သမျှကို မေ့ပြီး
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက်
ပေးလိုက်ပြီဆိုရင် နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။

ဘီ-အေဘီ (၉၀%)

ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက်
ပတ်ဝန်းကျင်ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကို
အဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချင်းချင်း
ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့
စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင်
ကဲကြသဲကြတဲ့ အတွဲလည်း
ဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ
ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့
အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။ ဘီသွေး
ယောင်္ကျားလေးများကတော့
အေဘီသွေးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ အမြဲတမ်း
ပျော်ရွှင်နေတတ်ပါတယ်။
ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးက
ချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင်
မိန်းကလေးတွေကတော့
အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊ မနားမနေ စကားပြောတတ်တဲ့
ယောင်္ကျားများကို
သိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကား
အဆက်မပြတ်ပြောချင်တတ်ပေမယ့်
တဘက်သားက ပူညံပူညံ လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက
ဖြစ်နိုင်စွမ်း
အများဆုံးပါပဲ။

အိုသွေးပိုင်ရှင်များအကြောင်း

ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်…
အိုသွေးပိုင်ရှင်များကတော့
စရိုက်သဘာဝက ထူးခြားပါတယ်…
အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့်
သူငယ်ချင်းတွေနဲ့ဆိုရင်တော့
သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်
နေတတ်သူများဖြစ်ကြပါတယ်… အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ
ဖြစ်ကြပါတယ်… အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား
ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်… လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို
စာနာထောက်ထားတတ်ကြပါသတဲ့… အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင်
တစိုက်မတ်မတ်နဲ့
လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့
အစွဲအလမ်း တစ်ခုမှမထားဘဲ
လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့… အလုပ်တစ်ခုကို
လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို
အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့… ရလဒ်ကိုဘဲ
ဦးစားပေးသူများလို့လည်း
ဆိုနိုင်ပါသတဲ့… အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ
လုပ်ကိုင်လေ့လည်း ရှိပါသတဲ့…
ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို
ပိုင်ဆိုင်သူများလည်း
ဖြစ်ပါတယ်… ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့
အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း
အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့…. ဒါပေမယ့် ကိုယ်ရဲ့
အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို
ဖြစ်နေတတ်ပါတယ်…
အပန်းဖြေတာတို့ ဝါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး…
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း
ဖြစ်ပါတယ်…
တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့…
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့
အရာတွေအတွက် အများကြီး
သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့… လူတွေနဲ့ ဆက်ဆံတဲ့
အခါမှာ ယုံကြည်မှု ရှိရှိနဲ့
ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား
ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့… ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့
တခါတလေမှာ မလိုအပ်ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်… အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး
အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့…
တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို
ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့… ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ…

အိုသွေးပိုင်ရှင်များနဲ့ လိုက်ဖက်မယ့်သူ

အို-အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင်
မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့
သဘာဝကျတဲ့ အတွဲကို
ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင်
ယောင်္ကျားလေးများကို အိုအေစစ်လို
အေးမြစေချင်ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။
မိတ်ဆွေအဆင့်ဆိုရင်တော့
အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို
ဖြစ်စေပါတယ်။ အချင်းချင်း
နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့
အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။

အို-ဘီ (၇၅%)
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း
ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း
မခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့
ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့
အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့်
မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့
ယောင်္ကျားတစ်ယောက်လို့
ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ
လုပ်မယ်ဆိုရင်တော့
ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့
စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့
အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့
မိန်းကလေးမျိုးကို လိုလားသလို
အိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို
လိုလားပါတယ်တဲ့။
ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို-အို (၄၀%)

အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ်လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့
မိန်းကလေးကြားမှာ
မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင်
ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်း
ယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။
လမ်းမှာ သူတောင်းစားများ
တွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့
ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံး
အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။
လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။

အို-အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့
အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ
သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား
ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။
ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။

အေဘီသွေးပိုင်ရှင်များအကြောင်း

အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်…
အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး
မထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့…
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို
ကွက်ကျော်မြင်တတ်လို့
အဆူခံရတာမျိုးလည်း လုံး၀ မရှိသလောက်ပါတဲ့… ကိုယ့်ပတ်ဝန်းကျင်မှာ
ဘာတွေဖြစ်နေတယ် ဆိုတာကို
လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်…
ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေက
အေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်း
ကြုံရတတ်ပါတယ်… ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေအောင်
နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့… အစပိုင်းမှာတော့
အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကို
လုပ်တဲ့ အခါမှာ မြန်မြန်
ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့… ဒါပေမယ့်လည်း ဝီရိယစိုက်ပြီး
ကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကို
နှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီး
ကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့
လုပ်ဆောင်တတ်ပါတယ်တဲ့… လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံး
သတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထား
လုပ်ကိုင်တတ်သူများ
ဖြစ်ပါတယ်… လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့
ကိုယ့်ရဲ့ ကြားမှာ
အတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်… ဒါကတော့ သူတပါးအပေါ်မှာ
အမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲ
ဖြစ်ပါတယ်… ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့
အကျင့်လည်းမရှိပါဘူးတဲ့… အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း
လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလို
အရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်… အလုပ်တစ်ခုကို
လုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ
ဖြစ်ပါတယ်တဲ့… မိဘဆွေမျိုး
သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူ
ဆက်ဆံတတ်သူများလည်း
ဖြစ်ပါတယ်… ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်
ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့…
အေဘီသွေးပိုင်ရှင်များက
ကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလို
တော်ရုံတန်ရုံနဲ့ ဒေါသလည်း
မထွက်တတ်ပါဘူးတဲ့… ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာ
မှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်… တခါတလေတော့ နူးညံ့တဲ့
စိတ်နေစိတ်ထားကို
အေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာ
မြင်ရတတ်ပါတယ်…. ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ
ဖြစ်ပါတယ်…

အေဘီ သွေးပိုင်ရှင် နှင့်လိုက်ဖက်မည့်သူ

အေဘီ-အေ (၆၅%)

ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ
ခြောက်ကပ်သွားတော့တာပါပဲ။
စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့
စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
ယောင်္ကျားများရဲ့ ထူးခြားချက်ကို
နားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မေးတာကတခြား
ဖြေတာက တခြား
ဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့
ပြောလို့ မရနိုင်သလို လုံးဝ
ပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့
အေဘီသွေးယောင်္ကျားလေးတွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့
အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကို
ဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေ
ပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။

အေဘီ-ဘီ (၉၀%)

အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက
ဘီသွေးမိန်းကလေးများကို
ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အေဘီသွေးယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့
စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။
ဘီသွေးမိန်းကလေးများက
အေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့
ပုံစံမျိုးကို သဘောကြသလို ညင်းလည်း
မညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့
စတိုင်လ်မို့ပါ။
ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီး
ရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့
ခံစားချက်ကို သိုဝှက်တတ်တဲ့
အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။

အေဘီ-အို (၃၀%)

အချင်းချင်း လုံး၀ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော်
လိုက်ဖက်ညီတဲ့ အတွဲလေးလည်း
ဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးက
ပိုများပါတယ်။
အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ
အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့
တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့
အေဘီသွေးပိုင်ရှင်
ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့
မှီခိုအားထားရာတစ်ခုလို့လည်း
ထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။

အေဘီ-အေဘီ (၉၀%)

အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း
အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့် သူများတွေအမြင်မှာတော့
သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့
အတွဲလေးလည်း ဖြစ်ပါတယ်။
နှစ်ယောက်စလုံးက စဉ်းစားဉာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကို
နားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့
အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်
အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။

.....................................................................................

ကဲ… ဒီလောက်ဆိုရင် သွေးပိုင်ရှင်တွေရဲ့ စရိုက်လေးတွေကို
သိကြပြီပေါ့နော်။ သူငယ်ချင်းတို့လည်း ကိုယ်ရဲ့သွေးအမျိုးအစားနဲ့
လိုက်ဖက်တဲ့
ဖူးစာရှင်ကို ရွေးချယ်နိုင်ပါစေ။ ဟုတ်သော်ရှိ, မဟုတ်သော်ရှိ အများသူငါ
ဖတ်ရှုဖို့ သူငယ်ချင်းတို့ရဲ့ အပေါင်းအသင်းများကို မျှဝေပေးစေချင်ပါတယ်။
ချစ်သူတိုင်း, ချစ်သူတိုင်း” ချစ်တိုင်း ညား၍ ညားတိုင်း
ပိုချစ်နိုင်ကြပါစေ “….

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: Original Writer
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top