iGREEN Promotion Singapore
×

လြန္ခဲ့တဲ့ ၁၆ႏွစ္ေလာက္တုန္းက ျမန္မာျပည္က ဂ်ပန္စာသင္တန္းတခုမွာ က်မဂ်ပန္စာ သင္ယူခဲ့စဥ္ကေပါ့။ ဆရာမက ဂ်ပန္လူမ်ဳိး။ သင္ခန္းစာထဲမွာ ” ရင္ (လ ွ်င္)” ဆိုတဲ့ စကားစပ္သဒၵါကို ဆရာမက ဥပမာတခုနဲ႔ ရွင္းျပဖို႔ လုပ္တယ္။
သူက ဥပမာတခုအေနနဲ႔ ေမးတယ္
” ဥပမာ ပိုက္ဆံမရွိရင္(လ ွ်င္)၊ ပိုက္ဆံလိုတယ္ဆိုရင္ (လ ွ်င္) ဘာလုပ္မလဲ ” တဲ့။

ကၽြႏ္ုပ္အပါအဝင္ အားလံုးေသာ ျမန္မာသင္တန္းသားမ်ားက ပိုက္ဆံမရွိလ ွ်င္ ပိုက္ဆံေခ်းမယ္၊
ပိုက္ဆံလိုရင္ ဆြဲၾကိဳးေပါင္မယ္၊
ပိုက္ဆံမရွိလ ွ်င္ အေမ့ဆီက ေတာင္းမယ္၊
ပိုက္ဆံလိုရင္ အိ္မ္က တီဗီေရာင္းမယ္…. စသျဖင့္ တစ္ေယာက္တစ္မ်ဳိး ၾကိဳးစားပမ္းစားဂ်ပန္လို ဝါက်တည္ေဆာက္ျပီး ေျဖၾကတယ္။

ဒီမွာတင္ ဂ်ပန္လူမ်ဳိး ဆရာမေလးက တခ်က္ျငိမ္သြားတယ္။ ျပီးေတာ့ အခုလိုေျပာတယ္။

ေျဖတဲ့ အေျဖေတြက သဒၵါနည္းအရ မွန္ပါတယ္တဲ့၊ ဒါေပမယ့္ တမ်ဳိးပဲေနာ္တဲ့။ ဒီသင္ခန္းစာအတြက္ သဒၵါေရာ၊ အဓိပၺါယ္ေရာ၊ ယုတၱိအရွိဆံုးျဖစ္တဲ့ အေကာင္းဆံုး အေျဖေတာ့ မဟုတ္ဘူး တဲ့။
ကၽြႏ္ုပ္တို႔အေျဖေတြကို သူက ယုတၱိမရွိဘူးဆိုပါ့လား။

ျပီးေတာ့ သူက အခုလိုဆက္ျပီး ေမးေျပာ ေျပာလိုက္ပါတယ္။
တကယ္ဆို ေလာကမွာ လူတစ္ေယာက္ ပိုက္ဆံမရွိဘူးဆိုရင္၊ ပိုက္ဆံလိုတယ္ဆိုရင္ အေျဖက
” အလုပ္လုပ္ရမယ္ ” မဟုတ္ဘူးလားတဲ့။
ဒါဟာ သူ႔ရဲ႕ ယုတၱိရွိတဲ့ အေျဖလား။

သူက မခ်ိတင္ကဲ ထပ္ေျပာျပန္တယ္။
” ပိုက္ဆံမရွိရင္ အလုပ္လုပ္မယ္ေလ ”
” ပိုက္ဆံလိုခ်င္ရင္ အလုပ္လုပ္ရမယ္ေလ ”
အဲ့လိုမဟုတ္ဘူးလားဟင္ တဲ့။

တျခားသူေတြေတာ့ ဘယ္ႏွယ့္ရွိတယ္ မေျပာတတ္ဘူး၊ ကၽြႏ္ုုပ္ကေတာ့ အဲ့သည့္တုန္းက ဂ်ပန္လူမ်ဳိးဆရာမေလးရဲ႕ မ်က္ေပါက္က်ဥ္းက်ဥ္းေလးေတြ ဝိုင္းသြားတဲ့အထိ ကၽြႏ္ုုပ္တို႔အေပၚၾကည့္တဲ့ နားမလည္တဲ့ အၾကည့္၊ အံ့ၾသတဲ့အၾကည့္ေတြကို မွတ္မိေနတုန္းပဲ။

ကၽြႏ္ုုပ္တို႔ ေျဖလိုက္တဲ့ အေျဖေတြဟာ ကၽြႏ္ုုပ္တို႔ေန႔စဥ္ျဖတ္သန္းေနရတဲ့ ဘဝအေနအထားမ်ားအရ လတ္တေလာပိုက္ဆံလိုရင္ တကယ္လုပ္ျဖစ္မယ့္ ကိစၥေတြဆိုတာကို ကၽြႏ္ုုပ္တို႔အခ်င္းခ်င္းပဲ နားလည္ႏိုင္ပါတယ္။

တနည္းအားျဖင့္ေျပာရရင္ သူက သိပ္မမွန္ဘူးလို႔ေျပာတဲ့ ကၽြႏ္ုပ္တို႔အတြက္ အမွန္တရားကို သူ မခံစားတတ္ဘူးျဖစ္ေနတယ္။
ဘယ္ခံစားတတ္ပါ့မလဲ၊ သူက ဂ်ပန္ျပည္က ဂ်ပန္ကိုး။

အဲ့သည့္တုန္းက ကၽြႏ္ုုပ္တို႔ကလည္း ” ပိုက္ဆံလိုရင္ အလုပ္လုပ္ရမယ္ ” ဆိုတဲ့ သူ႔အမွန္တရားကို လက္မခံခ်င္ဘူး။ မခံစားတတ္ဘူး ျဖစ္ေနတယ္။ ဘယ္ခံစားတတ္ပါ့မလဲ၊ ကၽြႏ္ုပ္တို႔က ျမန္မာျပည္က ျမန္မာကိုး။

ျမန္မာျပည္မွာက တစ္ရက္အတြင္း၊ တစ္ပါတ္အတြင္း၊ တစ္လအတြင္း လတ္တေလာ ပိုက္ဆံလိုေနရင္ ခ်က္ခ်င္းအလုပ္ေကာက္လုပ္၊ ခ်က္ခ်င္းပိုက္ဆံရတဲ့ အေနအထားမ်ဳိးမွ မရွိတာ။

အဲ့သည္လို အေနအထားမ်ဳိးရွိတဲ့ (ဂ်ပန္ကဲ့သို႔ေသာ) တိုင္းျပည္တျပည္မွာ တိုင္းသူျပည္သားျဖစ္ရတဲ့ အရသာကို အဲ့တုန္းက ဂ်ပန္မေရာက္ဖူးေသးေတာ့ ကၽြႏ္ုပ္လည္း မသိခဲ့ဘူးေပါ့။

လူတစ္ေယာက္မွာ ” အလုပ္လုပ္ရင္ ပိုက္ဆံရမယ္ ” ဆိုတဲ့စိတ္အေတြးမ်ဳိး ငယ္စဥ္ကတည္းက ကိန္းေအာင္းေနျခင္းဟာ အဲ့သည့္လူအဖို႔ ဘာမဆိုျဖစ္ႏိုင္တယ္ဆိုတဲ့၊ အင္မတန္တန္ဖိုးရွိတဲ့ စိတ္ရတနာတပါးကို ပိုင္ဆိုင္ထားသလို ျဖစ္ေနတယ္ဆိုတာကို အခုေတာ့ က်မေကာင္းေကာင္းၾကီး နားလည္ခဲ့ရျပီ။

အလားတူပဲ လူတစ္ေယာက္ဟာ ” ပိုက္ဆံမရွိရင္ အလုပ္လုပ္ဖို႔ထက္ တျခားေသာ ျဖတ္လမ္းနည္းမ်ားကိုသာ စဥ္းစားေတြးတတ္ျခင္းဟာလည္း အဲ့သည့္လူတစ္ေယာက္ရဲ႕ အနာဂတ္အတြက္ ဘယ္ေလာက္ေတာင္ အႏၱရာယ္ၾကီးတယ္၊ ပ်က္စီးေစတယ္ ” ဆိုတာကိုလည္း အခုေတာ့ က်မေကာင္းေကာင္းၾကီး သိခဲ့ရျပီ။

တဆက္တည္းမွာပဲ အဲ့ဒီလို ျဖတ္လမ္းသမားမ်ား စုစည္းေနတဲ့ တိုင္းျပည္တျပည္ရဲ႕ အနာဂတ္ဟာလည္း ဘယ္ေလာက္ေတာင္ အႏၱရာယ္ၾကီးသလဲဆိုတာ အခုေတာ့ က်မေကာင္းေကာင္းၾကီး သေဘာေပါက္ခဲ့ရျပီ။

ေနာက္ဆံုးမွာေတာ့ အဲ့သည္လို တိုင္းသူျပည္သားမ်ားရဲ႕ စိတ္ဓါတ္ေတြ၊ အနာဂတ္ေတြ ပ်က္စီးေအာင္ အုပ္ခ်ဳပ္မႈညံ့ဖ်င္းလွတဲ့ အစိုးရတရပ္ဟာလည္း အဲ့သည့္တိုင္းျပည္အတြက္ ဘယ္ေလာက္ေတာင္ ဆိုးရြားတဲ့၊ အႏၱရာယ္ၾကီးတဲ့ အစိုးရျဖစ္တယ္ဆိုတာကို အခုေတာ့ က်မေကာင္းေကာင္းၾကီး ႏႈိင္းယွဥ္တတ္ခဲ့ျပီ။

ဒါ့အျပင္ ” ဘယ္အစိုးရတက္တက္ ကိုယ္လုပ္မွ ကိုယ္စားရတာပဲ” ဆိုတဲ့ ရုတ္တရက္ၾကားရရင္ အမွန္တရားလိုလိုရွိတဲ့ ထုိစကားကိုုလည္း ဖြံ႔ျဖိဳးတိုးတက္ၾကီးပြားေနတဲ့ တိုင္းျပည္မ်ားမွာ လူျဖစ္ခြင့္ရတဲ့ ဘယ္တိုင္းသူျပည္သားကမွ ကိုယ့္တိုင္းျပည္အစိုးရနဲ႔ပါတ္သက္ျပီး လက္လြတ္စပယ္ ေျပာေလ့မရွိေၾကာင္းကိုလည္း ေလ့လာေတြ႔ရွိခဲ့ရျပီ။

ျမန္မာျပည္ၾကီးကိုလည္းေလ…. တေခတ္တခါ တခ်ီတေမာင္းေလာက္ေတာ့ အစိုးရေကာင္းတရပ္က အုပ္ခ်ဳပ္တာ ခံၾကည့္ခ်င္စမ္းလွတယ္။

အရသာဆိုတာ ေျပာျပတာထက္ ကိုယ္တိုင္ခံစားရမွ သိတာမ်ဳိးကလား။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:  Ma Nandar

Unicode Version

လွန်ခဲ့တဲ့ ၁၆နှစ်လောက်တုန်းက မြန်မာပြည်က ဂျပန်စာသင်တန်းတခုမှာ ကျမဂျပန်စာ သင်ယူခဲ့စဉ်ကပေါ့။ ဆရာမက ဂျပန်လူမျိုး။ သင်ခန်းစာထဲမှာ ” ရင် (လ ျှင်)” ဆိုတဲ့ စကားစပ်သဒ္ဒါကို ဆရာမက ဥပမာတခုနဲ့ ရှင်းပြဖို့ လုပ်တယ်။
သူက ဥပမာတခုအနေနဲ့ မေးတယ်
” ဥပမာ ပိုက်ဆံမရှိရင်(လ ျှင်)၊ ပိုက်ဆံလိုတယ်ဆိုရင် (လ ျှင်) ဘာလုပ်မလဲ ” တဲ့။

ကျွန်ုပ်အပါအဝင် အားလုံးသော မြန်မာသင်တန်းသားများက ပိုက်ဆံမရှိလ ျှင် ပိုက်ဆံချေးမယ်၊
ပိုက်ဆံလိုရင် ဆွဲကြိုးပေါင်မယ်၊
ပိုက်ဆံမရှိလ ျှင် အမေ့ဆီက တောင်းမယ်၊
ပိုက်ဆံလိုရင် အိမ်က တီဗီရောင်းမယ်…. စသဖြင့် တစ်ယောက်တစ်မျိုး ကြိုးစားပမ်းစားဂျပန်လို ဝါကျတည်ဆောက်ပြီး ဖြေကြတယ်။

ဒီမှာတင် ဂျပန်လူမျိုး ဆရာမလေးက တချက်ငြိမ်သွားတယ်။ ပြီးတော့ အခုလိုပြောတယ်။

ဖြေတဲ့ အဖြေတွေက သဒ္ဒါနည်းအရ မှန်ပါတယ်တဲ့၊ ဒါပေမယ့် တမျိုးပဲနော်တဲ့။ ဒီသင်ခန်းစာအတွက် သဒ္ဒါရော၊ အဓိပ္ဗါယ်ရော၊ ယုတ္တိအရှိဆုံးဖြစ်တဲ့ အကောင်းဆုံး အဖြေတော့ မဟုတ်ဘူး တဲ့။
ကျွန်ုပ်တို့အဖြေတွေကို သူက ယုတ္တိမရှိဘူးဆိုပါ့လား။

ပြီးတော့ သူက အခုလိုဆက်ပြီး မေးပြော ပြောလိုက်ပါတယ်။
တကယ်ဆို လောကမှာ လူတစ်ယောက် ပိုက်ဆံမရှိဘူးဆိုရင်၊ ပိုက်ဆံလိုတယ်ဆိုရင် အဖြေက
” အလုပ်လုပ်ရမယ် ” မဟုတ်ဘူးလားတဲ့။
ဒါဟာ သူ့ရဲ့ ယုတ္တိရှိတဲ့ အဖြေလား။

သူက မချိတင်ကဲ ထပ်ပြောပြန်တယ်။
” ပိုက်ဆံမရှိရင် အလုပ်လုပ်မယ်လေ ”
” ပိုက်ဆံလိုချင်ရင် အလုပ်လုပ်ရမယ်လေ ”
အဲ့လိုမဟုတ်ဘူးလားဟင် တဲ့။

တခြားသူတွေတော့ ဘယ်နှယ့်ရှိတယ် မပြောတတ်ဘူး၊ ကျွန်ုုပ်ကတော့ အဲ့သည့်တုန်းက ဂျပန်လူမျိုးဆရာမလေးရဲ့ မျက်ပေါက်ကျဉ်းကျဉ်းလေးတွေ ဝိုင်းသွားတဲ့အထိ ကျွန်ုုပ်တို့အပေါ်ကြည့်တဲ့ နားမလည်တဲ့ အကြည့်၊ အံ့သြတဲ့အကြည့်တွေကို မှတ်မိနေတုန်းပဲ။

ကျွန်ုုပ်တို့ ဖြေလိုက်တဲ့ အဖြေတွေဟာ ကျွန်ုုပ်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝအနေအထားများအရ လတ်တလောပိုက်ဆံလိုရင် တကယ်လုပ်ဖြစ်မယ့် ကိစ္စတွေဆိုတာကို ကျွန်ုုပ်တို့အချင်းချင်းပဲ နားလည်နိုင်ပါတယ်။

တနည်းအားဖြင့်ပြောရရင် သူက သိပ်မမှန်ဘူးလို့ပြောတဲ့ ကျွန်ုပ်တို့အတွက် အမှန်တရားကို သူ မခံစားတတ်ဘူးဖြစ်နေတယ်။
ဘယ်ခံစားတတ်ပါ့မလဲ၊ သူက ဂျပန်ပြည်က ဂျပန်ကိုး။

အဲ့သည့်တုန်းက ကျွန်ုုပ်တို့ကလည်း ” ပိုက်ဆံလိုရင် အလုပ်လုပ်ရမယ် ” ဆိုတဲ့ သူ့အမှန်တရားကို လက်မခံချင်ဘူး။ မခံစားတတ်ဘူး ဖြစ်နေတယ်။ ဘယ်ခံစားတတ်ပါ့မလဲ၊ ကျွန်ုပ်တို့က မြန်မာပြည်က မြန်မာကိုး။

မြန်မာပြည်မှာက တစ်ရက်အတွင်း၊ တစ်ပါတ်အတွင်း၊ တစ်လအတွင်း လတ်တလော ပိုက်ဆံလိုနေရင် ချက်ချင်းအလုပ်ကောက်လုပ်၊ ချက်ချင်းပိုက်ဆံရတဲ့ အနေအထားမျိုးမှ မရှိတာ။

အဲ့သည်လို အနေအထားမျိုးရှိတဲ့ (ဂျပန်ကဲ့သို့သော) တိုင်းပြည်တပြည်မှာ တိုင်းသူပြည်သားဖြစ်ရတဲ့ အရသာကို အဲ့တုန်းက ဂျပန်မရောက်ဖူးသေးတော့ ကျွန်ုပ်လည်း မသိခဲ့ဘူးပေါ့။

လူတစ်ယောက်မှာ ” အလုပ်လုပ်ရင် ပိုက်ဆံရမယ် ” ဆိုတဲ့စိတ်အတွေးမျိုး ငယ်စဉ်ကတည်းက ကိန်းအောင်းနေခြင်းဟာ အဲ့သည့်လူအဖို့ ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့၊ အင်မတန်တန်ဖိုးရှိတဲ့ စိတ်ရတနာတပါးကို ပိုင်ဆိုင်ထားသလို ဖြစ်နေတယ်ဆိုတာကို အခုတော့ ကျမကောင်းကောင်းကြီး နားလည်ခဲ့ရပြီ။

အလားတူပဲ လူတစ်ယောက်ဟာ ” ပိုက်ဆံမရှိရင် အလုပ်လုပ်ဖို့ထက် တခြားသော ဖြတ်လမ်းနည်းများကိုသာ စဉ်းစားတွေးတတ်ခြင်းဟာလည်း အဲ့သည့်လူတစ်ယောက်ရဲ့ အနာဂတ်အတွက် ဘယ်လောက်တောင် အန္တရာယ်ကြီးတယ်၊ ပျက်စီးစေတယ် ” ဆိုတာကိုလည်း အခုတော့ ကျမကောင်းကောင်းကြီး သိခဲ့ရပြီ။

တဆက်တည်းမှာပဲ အဲ့ဒီလို ဖြတ်လမ်းသမားများ စုစည်းနေတဲ့ တိုင်းပြည်တပြည်ရဲ့ အနာဂတ်ဟာလည်း ဘယ်လောက်တောင် အန္တရာယ်ကြီးသလဲဆိုတာ အခုတော့ ကျမကောင်းကောင်းကြီး သဘောပေါက်ခဲ့ရပြီ။

နောက်ဆုံးမှာတော့ အဲ့သည်လို တိုင်းသူပြည်သားများရဲ့ စိတ်ဓါတ်တွေ၊ အနာဂတ်တွေ ပျက်စီးအောင် အုပ်ချုပ်မှုညံ့ဖျင်းလှတဲ့ အစိုးရတရပ်ဟာလည်း အဲ့သည့်တိုင်းပြည်အတွက် ဘယ်လောက်တောင် ဆိုးရွားတဲ့၊ အန္တရာယ်ကြီးတဲ့ အစိုးရဖြစ်တယ်ဆိုတာကို အခုတော့ ကျမကောင်းကောင်းကြီး နှိုင်းယှဉ်တတ်ခဲ့ပြီ။

ဒါ့အပြင် ” ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာပဲ” ဆိုတဲ့ ရုတ်တရက်ကြားရရင် အမှန်တရားလိုလိုရှိတဲ့ ထိုစကားကိုုလည်း ဖွံ့ဖြိုးတိုးတက်ကြီးပွားနေတဲ့ တိုင်းပြည်များမှာ လူဖြစ်ခွင့်ရတဲ့ ဘယ်တိုင်းသူပြည်သားကမှ ကိုယ့်တိုင်းပြည်အစိုးရနဲ့ပါတ်သက်ပြီး လက်လွတ်စပယ် ပြောလေ့မရှိကြောင်းကိုလည်း လေ့လာတွေ့ရှိခဲ့ရပြီ။

မြန်မာပြည်ကြီးကိုလည်းလေ…. တခေတ်တခါ တချီတမောင်းလောက်တော့ အစိုးရကောင်းတရပ်က အုပ်ချုပ်တာ ခံကြည့်ချင်စမ်းလှတယ်။

အရသာဆိုတာ ပြောပြတာထက် ကိုယ်တိုင်ခံစားရမှ သိတာမျိုးကလား။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:  Ma Nandar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top