iMyanmarHouse.com - Best Property Website for Myanmar
×

ငယ္ငယ္ရြယ္ရြယ္အမ်ိဳးသမီးမ်ားထက္ အသက္ပိုႀကီးေသာ အမ်ိဳးသမီးမ်ားသည္ ကိုယ္၀န္ေဆာင္ျခင္းႏွင့္ဆိုင္ေသာ ႐ႈပ္ေထြးမႈ မ်ားျဖစ္ႏုိင္သည့္အႏၲရာယ္ ပိုျမင့္မားသည္ဟု အစဥ္မွတ္ယူထားခဲ့ ေသာ္လည္း ကိုယ္၀န္ေဆာင္ခ်ိန္ ေလျဖတ္ျခင္းျဖစ္ရပ္အတြက္ ငယ္ ရြယ္ေသာ အမ်ိဳးသမီးမ်ားက အႏၲရာယ္ပိုမ်ားေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။

အသက္အရြယ္ႀကီးေသာ ကိုယ္၀န္ေဆာင္မ်ားသည္ ကိုယ္၀န္ ေဆာင္မဟုတ္ေသာ ရြယ္တူမ်ားထက္ အလားတူအႏၲရာယ္ပိုျမင့္မား ေၾကာင္း သုေတသီမ်ားေလ့လာေတြ႕ရွိခဲ့သည္။ ငယ္ရြယ္ေသာ ကိုယ္၀န္ေဆာင္အမ်ိဳးသမီးမ်ားသည္ ၎တို႔ႏွင့္ရြယ္တူ ကိုယ္၀န္မရွိ ေသာ အမ်ိဳးသမီးမ်ားထက္ ေလျဖတ္ႏုိင္သည့္အႏၲရာယ္ႏွစ္ဆ ေက်ာ္ ျမင့္မားေၾကာင္း သုေတသီမ်ားက ေျပာသည္။

နယူးေယာက္ရွိ ကုိလံဘီယာတကၠသုိလ္ ေဆးဘက္ဆုိင္ရာ စင္တာ (CUMC) ၏ အာ႐ံုေၾကာဌာန သုေတသနေခါင္းေဆာင္ ေဒါက္တာအီလီဇာ စီမီလာႏွင့္အဖဲြ႕၏ ေလ့လာမႈရလဒ္ကို JAMA Neurology ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

တစ္ႏွစ္စီတြင္ အေမရိကန္ႏုိင္ငံရွိ လူေပါင္း ၇,၉၅၀,၀၀၀ ခန္႔ သည္ ေလျဖတ္သည့္ဒဏ္ ခံစားရၿပီး လူေပါင္း ၁၃၀,၀၀၀ ေက်ာ္ ေသဆံုးရသည့္အေၾကာင္းရင္းတစ္ခုျဖစ္ေနသည္။

ကိုယ္၀န္ေဆာင္ျခင္းေၾကာင့္ ေလျဖတ္ႏုိင္သည့္အႏၲရာယ္ျမင့္ မားေၾကာင္း၊ ဆီးခ်ိဳ၊ ေသြးတိုးေရာဂါႏွင့္ ေမြးဖြားၿပီးေနာက္ ေသြး ဆင္းမ်ားျခင္းတို႔ျဖစ္ႏုိင္သည့္အႏၲရာယ္ျမင့္မားၿပီး မိခင္ေလာင္းမ်ား ေလျဖတ္ႏုိင္ေျခပိုမ်ားသည္။

အေမရိကန္ႏုိင္ငံတြင္ ကိုယ္၀န္ေဆာင္ျခင္းႏွင့္ဆက္စပ္သည့္ ေလျဖတ္သူအေရအတြက္ျမင့္မားလာၿပီး အမ်ိဳးသမီးမ်ား အသက္ အရြယ္ႀကီးမွ ကိုယ္၀န္ေဆာင္ျခင္းေၾကာင့္ျဖစ္ႏုိင္ေၾကာင္း ေဒါက္ တာ မီလာကေျပာသည္။

အသက္ (၂၅)ႏွစ္ႏွင့္ (၃၄)ႏွစ္ၾကား ကုိယ္၀န္ေဆာင္မ်ားသည္ ကုိယ္၀န္ေဆာင္မဟုတ္္ေသာ ရြယ္တူမ်ားထက္ ေလျဖတ္ႏုိင္သည့္ အႏၲရာယ္ ၁ ဒသမ ၆ ဆ ပိုျမင့္မားေၾကာင္း သုေတသီမ်ားက ေျပာ သည္။

၎တို႔၏ ေလ့လာေတြ႕ရွိခ်က္အရ ဆရာ၀န္မ်ားအပါအ၀င္ က်န္းမာေရးေစာင့္ေရွာက္မႈေပးသူမ်ားအေနျဖင့္ အသက္အရြယ္ ႀကီးေသာ ကိုယ္၀န္ေဆာင္မ်ားသာမဟုတ္ပဲ အသက္ငယ္ေသာ ကိုယ္၀န္ေဆာင္မ်ား ေလျဖတ္ႏုိင္ေၾကာင္းကို ႀကိဳသတိထားရန္ လို အပ္သည္ဟု သုေတသီမ်ားက ေျပာၾကားသည္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version

ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးများထက် အသက်ပိုကြီးသော အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ခြင်းနှင့်ဆိုင်သော ရှုပ်ထွေးမှု များဖြစ်နိုင်သည့်အန္တရာယ် ပိုမြင့်မားသည်ဟု အစဉ်မှတ်ယူထားခဲ့ သော်လည်း ကိုယ်ဝန်ဆောင်ချိန် လေဖြတ်ခြင်းဖြစ်ရပ်အတွက် ငယ် ရွယ်သော အမျိုးသမီးများက အန္တရာယ်ပိုများကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

အသက်အရွယ်ကြီးသော ကိုယ်ဝန်ဆောင်များသည် ကိုယ်ဝန် ဆောင်မဟုတ်သော ရွယ်တူများထက် အလားတူအန္တရာယ်ပိုမြင့်မား ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။ ငယ်ရွယ်သော ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ၎င်းတို့နှင့်ရွယ်တူ ကိုယ်ဝန်မရှိ သော အမျိုးသမီးများထက် လေဖြတ်နိုင်သည့်အန္တရာယ်နှစ်ဆ ကျော် မြင့်မားကြောင်း သုတေသီများက ပြောသည်။

နယူးယောက်ရှိ ကိုလံဘီယာတက္ကသိုလ် ဆေးဘက်ဆိုင်ရာ စင်တာ (CUMC) ၏ အာရုံကြောဌာန သုတေသနခေါင်းဆောင် ဒေါက်တာအီလီဇာ စီမီလာနှင့်အဖွဲ့၏ လေ့လာမှုရလဒ်ကို JAMA Neurology ဂျာနယ်တွင် ဖော်ပြထားသည်။

တစ်နှစ်စီတွင် အမေရိကန်နိုင်ငံရှိ လူပေါင်း ၇,၉၅၀,၀၀၀ ခန့် သည် လေဖြတ်သည့်ဒဏ် ခံစားရပြီး လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံးရသည့်အကြောင်းရင်းတစ်ခုဖြစ်နေသည်။

ကိုယ်ဝန်ဆောင်ခြင်းကြောင့် လေဖြတ်နိုင်သည့်အန္တရာယ်မြင့် မားကြောင်း၊ ဆီးချို၊ သွေးတိုးရောဂါနှင့် မွေးဖွားပြီးနောက် သွေး ဆင်းများခြင်းတို့ဖြစ်နိုင်သည့်အန္တရာယ်မြင့်မားပြီး မိခင်လောင်းများ လေဖြတ်နိုင်ခြေပိုများသည်။

အမေရိကန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်ခြင်းနှင့်ဆက်စပ်သည့် လေဖြတ်သူအရေအတွက်မြင့်မားလာပြီး အမျိုးသမီးများ အသက် အရွယ်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်းကြောင့်ဖြစ်နိုင်ကြောင်း ဒေါက် တာ မီလာကပြောသည်။

အသက် (၂၅)နှစ်နှင့် (၃၄)နှစ်ကြား ကိုယ်ဝန်ဆောင်များသည် ကိုယ်ဝန်ဆောင်မဟုတ်သော ရွယ်တူများထက် လေဖြတ်နိုင်သည့် အန္တရာယ် ၁ ဒသမ ၆ ဆ ပိုမြင့်မားကြောင်း သုတေသီများက ပြော သည်။

၎င်းတို့၏ လေ့လာတွေ့ရှိချက်အရ ဆရာဝန်များအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် အသက်အရွယ် ကြီးသော ကိုယ်ဝန်ဆောင်များသာမဟုတ်ပဲ အသက်ငယ်သော ကိုယ်ဝန်ဆောင်များ လေဖြတ်နိုင်ကြောင်းကို ကြိုသတိထားရန် လို အပ်သည်ဟု သုတေသီများက ပြောကြားသည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top