iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Trend Myanmar
#Unicode Version
လျှပ်စစ်နဲ့ အီလက်ထရောနစ် ပစ္စည်းတွေ များပြားလာမှုနဲ့အတူ လူတွေဟာ မိုက်ခရိုဝေ့မီးဖို၊ ရှပ်မြင်သံကြား၊ လက်တော့ပ်၊ အဝတ်လျှော်စက်၊ ကြိတ်စက်စတာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိလာကြပါတယ်။ နောက်ပြီး power ခလုတ်ပေါ်က တစ်ခြမ်းပဲ့စက်ဝိုင်းအတွင်း မျှဉ်းကြောင်းတစ်ခုနဲ့ သင်္ကေတကို သတိထားမိကြပါလိမ့်မယ်။ ဒီသင်္ကေတလေး ဘာကိုဆိုလိုသလဲ သိချင်စိတ်ဖြစ်
ဖူးပါသလား။ World war II နဲ့ power ခလုတ်သင်္ကေတကြား ဆက်နွယ်မှုတစ်ခုရှိကြောင်း သိကြားပြီးနောက်မှာတော့ အံ့သြစရာမရှိပါဘူး။ Power ခလုတ်သင်္ကေတရဲ့ မူလအစနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်တစ်ခုရှိပါတယ်။
ကနဦးမှာတော့ အဖွင့်အပိတ် ခလုတ်တွေမှာ ON နဲ့ OFF ပြောင်းရွေ့နိုင်တဲ့ မောင်းတံ သို့မဟုတ် ဆွဲခလုတ် တစ်ခုရှိပါတယ်။ ခလုတ်ပေါ်မှာ Power ဆိုတဲ့စာလုံးလည်း မြင်တွေ့မှာပါ။
 နောက်ပိုင်းကျတော့ ဒီစာလုံး ၂ လုံးကို I and O နဲ့ အစားထိုးလိုက်ပါတယ်။ On နဲ့ off နှစ်ခုကြား မိမိလိုရာ လွှဲပြောင်းရွှေ့ပေးရပါတယ်။ ရလဒ်တစ်ခုအဖြစ် I နဲ့ O ကွဲပြားမှုရှိလာပါတယ်။
ဒါပေမယ့် microprocessors တွေရဲ့ ဆင့်ကဲပြောင်းလဲ တိုးတက်ပြီးနောက်ပိုင်း ခလုတ်တွေဟာ ဖိခလုတ်ဖြစ်လာပါတယ်။
ကွန်ပျူတာအတွင်းပိုင်းစနစ်က On နဲ့ Off ကို ခွဲခြားသဘောပေါက်နားလည်နိုင်ကြပါတယ်။ ဒီတီထွင်မှုအပြီး On နဲ့ Off ရွေးချယ်မှုနှစ်ခုစလုံး သိရှိစေတဲ့ icon သင်္ကေတတစ်ခု လိုအပ်လာခဲ့ပါတယ်။ World war II အတွင်း ပါဝါခလုတ်သင်္ကေတကို ဒွိစုံစနစ်ကို အင်ဂျင်နီယာတွေ အသုံးပြုလာကြပါတယ်။
ဒွိစုံစနစ်မှာ 1 က 'on'၊ O က 'off' လို့ အဓိပ္ပါယ်ရပါတယ်။
၁၉၇၃ ခုနှစ်ရောက်တော့ International Electrotechnical Commission (IEC) ကနေ 1 နဲ့ O ထပ်ဆင့်လုပ်ထားတဲ့ သင်္ကေတကို ပါဝါခလုတ်အဖြစ် စံသတ်မှတ်ထားလိုက်ပါတယ်။ ON/OFF ကို ပါဝါခလုတ်က အရောင်နဲ့ ခွဲခြားသိနိုင်ပါတယ်။
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Trend Myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top