iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ျခင္းက အင္မတန္အေရးၾကီးပါတယ္။ ဒါေပမယ့္ ညဘက္ ေကာင္းမြန္စြာ အိပ္စက္ဖုိ႔ မၾကာခဏ အခက္အခဲရိွတတ္ပါတယ္။ စိတ္ဖိစီးမႈနဲ႔ ေန႔စဥ္ပုံမွန္အစားအစာစတဲ့ အိပ္စက္မႈ အေႏွာင့္အယွက္ျဖစ္ေစႏုိင္တဲ့ အေၾကာင္းတရားမ်ားစြာ ရိွပါတယ္။ ဘာက ညဘက္မွာ ႏုိးၾကားေနေစလဲဆိုတာ နားလည္ဖုိ႔ မလြယ္ပါဘူး။ ဒါေပမယ့္ ပိုမိုေကာင္းမြန္စြာ အိပ္ေပ်ာ္ေစႏုိင္တဲ့ အရာတစ္ခုရိွပါတယ္။ ဒီရုိးရွင္းနည္းလမ္းက အကုန္အက်သက္သာျပီး ဆရာဝန္ေတြ အၾကံျပဳထားတဲ့ အခ်က္လည္း ျဖစ္ပါတယ္။

Sleeping mask တပ္ အိပ္တာက ပိုမိုလ်င္ျမန္စြာ အိပ္ေမာက်သြားေစမယ့္ သဘာဝနည္းလမ္းတစ္ခုျဖစ္သလုိ  အလင္းေရာင္မရိွတဲ့ အိပ္ခန္းက ႏွစ္ႏွစ္ျခိဳက္ျခဳိက္ ပိုအိပ္ေပ်ာ္ေစတယ္လုိ႔ National Sleep Foundation က ဆုိပါတယ္။ Sleeping mask တပ္တာ အိပ္ေမာက်ဖုိ႔ အခ်ိန္ကုန္သက္သာေစႏုိင္ပါတယ္။ Sleeping mask က စိတ္ဖိစီးမႈလည္း ေလွ်ာ့နည္းေစျပီး စိတ္ေျပလက္ေပ်ာက္ျဖစ္ေစႏုိင္ပါတယ္။

Sleeping mask အသုံးျပဳျခင္းရဲ႕ အၾကီးမားဆုံး အက်ဳိးေက်းဇူးေတြထဲကတစ္ခုုက အလင္းေရာင္ကာျခင္း ပါပဲ။ အလင္းေရာင္က ခႏၶာကိုယ္ကို ႏုိးမယ့္အခ်ိန္ သိႏုိင္ေစပါတယ္။ Sleeping mask ကို အိပ္စက္မႈ အေႏွာင့္အယွက္ေပးႏုိင္တဲ့ အလင္းေတြ ဟန္႔တားဖုိ႔ အသုံးျပဳသင့္ပါတယ္။ အေမွာင္ထုထဲမွာ အိပ္တာက ခႏၶကိုယ္ကို အိပ္ခ်ိန္နဲ႔႔ ႏုိးခ်ိန္ ပုံမွန္ျဖစ္ေစတဲ့ melatonin ေဟာ္မုန္းကို တတ္ႏုိင္သေလာက္ ထုတ္လုပ္ေစပါတယ္။ Sleeping mask က ခႏၶာကိုယ္ကုိ melatonin ထုတ္လုပ္ေစဖုိ႔ လြယ္ကူသဘာဝက်တဲ့ နည္းလမ္းတစ္ခု ျဖစ္ေၾကာင္း သုေတသေလ့လာမႈက ေဖာ္ျပထားပါတယ္။

Sleeping mask ဝယ္တာ က်န္းမာေရးအတြက္ ရင္းႏွီးမႈျပဳရာ ေရာက္ပါတယ္။ ျပီးေတာ သူ႔မွာ အံ့မခန္းဖြယ္ အလွအပဆုိင္ရာ အက်ဳိးေက်းဇူးေတြလည္း ရိွပါတယ္။ ပိုးထည္သားနဲ႔ လုပ္တဲ့ sleeping mask က အေရျပားကို ေလဝင္ေလထြက္ရေစျပီး ေရ၊ အရည္ေတြ စုပ္ယူေပးကာ အေရျပားကို အစိုဓာတ္ရေစပါတယ္။ Sleeping mask က ေကာင္းမြန္စြာ ညအိပ္ေပ်ာ္ေစမယ့္ အရုိးရွင္းဆုံးနည္းလမ္းတစ္ခုျဖစ္ကာ မနက္ အေကာင္းဆုံး ႏုိးထေစဖုိ႔လည္း တာဝန္ယူပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းက အင်မတန်အရေးကြီးပါတယ်။ ဒါပေမယ့် ညဘက် ကောင်းမွန်စွာ အိပ်စက်ဖို့ မကြာခဏ အခက်အခဲရှိတတ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ နေ့စဉ်ပုံမှန်အစားအစာစတဲ့ အိပ်စက်မှု အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အကြောင်းတရားများစွာ ရှိပါတယ်။ ဘာက ညဘက်မှာ နိုးကြားနေစေလဲဆိုတာ နားလည်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်တဲ့ အရာတစ်ခုရှိပါတယ်။ ဒီရိုးရှင်းနည်းလမ်းက အကုန်အကျသက်သာပြီး ဆရာဝန်တွေ အကြံပြုထားတဲ့ အချက်လည်း ဖြစ်ပါတယ်။

Sleeping mask တပ် အိပ်တာက ပိုမိုလျင်မြန်စွာ အိပ်မောကျသွားစေမယ့် သဘာဝနည်းလမ်းတစ်ခုဖြစ်သလို  အလင်းရောင်မရှိတဲ့ အိပ်ခန်းက နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်ပျော်စေတယ်လို့ National Sleep Foundation က ဆိုပါတယ်။ Sleeping mask တပ်တာ အိပ်မောကျဖို့ အချိန်ကုန်သက်သာစေနိုင်ပါတယ်။ Sleeping mask က စိတ်ဖိစီးမှုလည်း လျှော့နည်းစေပြီး စိတ်ပြေလက်ပျောက်ဖြစ်စေနိုင်ပါတယ်။

Sleeping mask အသုံးပြုခြင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးတွေထဲကတစ်ခုုက အလင်းရောင်ကာခြင်း ပါပဲ။ အလင်းရောင်က ခန္ဓာကိုယ်ကို နိုးမယ့်အချိန် သိနိုင်စေပါတယ်။ Sleeping mask ကို အိပ်စက်မှု အနှောင့်အယှက်ပေးနိုင်တဲ့ အလင်းတွေ ဟန့်တားဖို့ အသုံးပြုသင့်ပါတယ်။ အမှောင်ထုထဲမှာ အိပ်တာက ခန္ဓကိုယ်ကို အိပ်ချိန်နဲ့ နိုးချိန် ပုံမှန်ဖြစ်စေတဲ့ melatonin ဟော်မုန်းကို တတ်နိုင်သလောက် ထုတ်လုပ်စေပါတယ်။ Sleeping mask က ခန္ဓာကိုယ်ကို melatonin ထုတ်လုပ်စေဖို့ လွယ်ကူသဘာဝကျတဲ့ နည်းလမ်းတစ်ခု ဖြစ်ကြောင်း သုတေသလေ့လာမှုက ဖော်ပြထားပါတယ်။

Sleeping mask ဝယ်တာ ကျန်းမာရေးအတွက် ရင်းနှီးမှုပြုရာ ရောက်ပါတယ်။ ပြီးတော သူ့မှာ အံ့မခန်းဖွယ် အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ပိုးထည်သားနဲ့ လုပ်တဲ့ sleeping mask က အရေပြားကို လေဝင်လေထွက်ရစေပြီး ရေ၊ အရည်တွေ စုပ်ယူပေးကာ အရေပြားကို အစိုဓာတ်ရစေပါတယ်။ Sleeping mask က ကောင်းမွန်စွာ ညအိပ်ပျော်စေမယ့် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်ကာ မနက် အကောင်းဆုံး နိုးထစေဖို့လည်း တာဝန်ယူပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top