iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
ဖေ့စ်ဘုတ်ကနေ friend တစ်ယောက်ယောက်ကို အပြီးသတ်ဖယ်ရှားဖို့ လုံးဝစိတ်ပိုင်းဖြတ်ထားပါက restricted list ထဲ ပို့နိုင်ထားပါတယ်။ Unfollow နဲ့မတူတာက ပို့စ်ကို public မလုပ်ဘူးဆိုရင် restricted list က friend ကို မိမိတင်လိုက်တဲ့ ဘယ်ပို့စ်ကိုမှ မမြင်ရအောင် လုပ်ပေးပါတယ်။ ဒီရိုးရှင်းတဲ့ အဆင့် (၃) ဆင့်ကို လေ့လာကြည့်ရအောင်။
၁။ အရင်ဦးဆုံး friend ရဲ့ ပရိုဖိုင်းထဲ သွားရပါမယ်။
၂။ သူ့ရဲ့ Friend tab ကို ကလစ်ပေးပြီး ကျလာတဲ့အထဲကမှ "Add to another list" ကို ရွေးပြီး တစ်ချက်နှိပ်ပါ။
၃။ Restricted list ထဲ ထည့်ရပါမယ်။
ပြီးသွားပြီဆိုရင် အဲဒီလူဟာ သင် ပို့စ်တင်သမျှ တွေ့နိုင်တော့မှာ မဟုတ်ပါဘူး။ Friend ဖြစ်နေသေးပေမယ့် friend အဖြစ် ရုတ်သိမ်းခြင်းကိစ္စမျိုးလည်း မလုပ်ထားတာကြောင့်  အခြေအတင်စကားများစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ သတိထားရမှာက ပို့စ်တစ်ခုခုတင်ပြီး public လုပ်ထားမယ်ဆိုရင်  မြင်တွေ့နိုင်တယ်ဆိုတာ သိထားရပါမယ်။
ဒါမှမဟုတ် အဆက်အသွယ်ပြတ်လိုတဲ့ friend တွေကို Restricted list ထဲ နောက်တစ်နည်း ထည့်နိုင်ပါသေးတယ်။ News Feed ပေါ် Friend List ကို နှိပ်။ Restricted list ကို လိုက်ရှာပြီး နှိပ်ရပါမယ်။ ပြီးရင် သူတို့ profile ထဲ သွားစရာမလိုပဲ list ထဲ သွင်းနိုင်ပါပြီ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top