iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိန္အတိုင္းအတာတစ္ခုအထိ ပတ္သတ္ခဲ့ၿပိး ကိုယ့္အေၾကာင္းသူ႔အေၾကာင္းလည္းသိ၊ ေန႔ရက္ေတြကိုလည္း တူတူေက်ာ္ျဖတ္ခဲ့ၿပီးမွ အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ ခ်စ္သူနဲ႔ လမ္းခြဲလိုက္ၾကတယ္။ ေရွ႔ဆက္ၿပီးေတာ့ တစ္ေယာက္တည္းျဖစ္သြားတယ္ဆိုတာလည္း လက္ခံထားတယ္ေပါ့။ ရုတ္တရက္ေတာ့ ေတာင္ပံတစ္ဖက္က်ိဳးသလို၊ အေဖာ္မဲ့သလို ခံစားရမယ္။ ေရွ႕ေလွ်ာက္ မနက္ျဖန္ေတြမွာ သူ မပါေတာ့ဘူး။ ေအးေဆးပါလို႔ ကိုယ့္ကိုယ္ကိုယ္အားတင္းထားေပမယ့္လည္း ေလာေလာဆယ္ ညေနစာထမင္း တစ္ေယာက္တည္း ပဲစားမယ္။ ဖုန္းကလည္း လာမွာမဟုတ္ဘူး ေသခ်ာသိတာေတာင္ ေယာင္ၿပီးေတာ့ လွမ္းၾကည့္မိဦးမယ္။

ဆက္ဆံေရးတစ္ခုကို ရပ္စဲလိုက္တဲ့အခါ အနည္ထိုင္အသားက်သြားဖို႔ အခ်ိန္အတိုင္းအတာတစ္ခု နဲ႔ ကိုယ့္ကိုယ္ကိုယ္ စိတ္ရွည္သည္းခံမႈေတြ လိုအပ္ပါတယ္။ အခ်ိန္တစ္ခုၾကာရင္ေတာ့ ေမ့ေပ်ာက္ၿပီး တစ္ေယာက္တည္း အသားက်သြားမယ္ဆိုတာ သိၿပီးသားမဟုတ္လား။ လက္မတဲြျဖစ္ဘူးဆိုတာ ႀကိဳတင္ ခံစားသိထားၿပီးသားဆိုရင္ေတာ့ ဒီလိုအေျခအေနကို ရင္ဆိုင္ဖို႔ ျပင္ဆင္ထားၿပီးသား ျဖစ္လိမ့္မယ္။ ရုတ္တရက္ ခ်စ္သူက လမ္းခဲြသြားၿပီး ဒီလိုျဖစ္သြားရတာကို လက္မခံႏိုင္ေသးသူအတြက္ေတာ့ ခ်က္ခ်င္းအသားက်ၿပီး ေအးေဆးတည္ၿငိမ္ေနဖို႔က မလြယ္ကူပါဘူး။ ဒါေပမယ့္ သင့္အတြက္ ဒီလို အားရွိေစမယ့္ အၾကံဉာဏ္ေကာင္းေတြနဲ႔ အေဖာ္ျပဳၿပီး ကိုယ့္ဘဝကိုယ္ ျပန္လည္တည္ေဆာက္ႏိုင္ပါေသးတယ္။ မင္းအတြက္ မင္းရွိတယ္ဆိုတဲ့ သီခ်င္း

သူနဲ႔ လံုးဝ လံုးဝ အဆက္အသြယ္ မလုပ္ပါနဲ႔

ဟုတ္ပါတယ္။ ၿပီးတဲ့အရာေတြကို ျပန္တမ္းတမေနပါနဲ႔ေတာ့။ ကံမကုန္ရင္ တကယ္ကို ျပန္ဆံုႏိုင္ပါေသးတယ္။ ဒီေတာ့ ေလာေလာဆယ္ စိတ္ေအးခ်မ္းသက္သာမႈရွိဖို႔အတြက္ သူနဲ႔ ထိေတြ႔ အဆက္အသြယ္ရႏိုင္မယ့္ အေျခအေနေသးေသးေလး ေပးႏိုင္တဲ့အရာေတြ အကုန္လံုး ဖယ္ရွားတားဆီးလိုက္ပါ။ ဖုန္း၊ မက္ေဆ့ခ်္ပို႔တာ၊ Facebook နဲ႔လူမႈဆက္ဆံေရးကြန္ရက္မွာ ဆက္သြယ္တာမ်ိဳးေတြ မလုပ္ပါနဲ႔။ တစ္သက္လံုး အေျပာအဆိုရပ္တန္႔ရမယ္လို႔ မဆိုလိုေပမယ့္ ေလာေလာဆယ္ေတာ့ ဘေလာ့ခ္ရင္လည္း ဘေလာ့ခ္လိုက္ပါ။ Unfollow လုပ္ၿပီးလည္း မတ္ဆင္ဂ်ာကေန အလံုးေလးေပၚလာဦးမလား ေမွ်ာ္တာ ကိုယ့္ဘာသာကိုယ္ စိတ္ဒုကၡအၾကီးၾကီးေပးေနတာပါး လမ္းခဲြလိုက္တဲ့အခါ ပထမဆံုး နဲ႔ အလုပ္သင့္ဆံုး အရာလို႔ အမ်ားက လက္ခံထားၾကတဲ့ စည္းကမ္းတစ္ခုရွိပါတယ္။ ရက္ (၉၀) တိတိ သက္ဆိုင္ခဲ့ဖူးသူနဲ႔ အျပန္အလွန္ကူးလူးဆက္သြယ္တာ လံုးဝမလုပ္ရပါဘူး။ စိတ္ပညာရွင္ေတြရဲ့ အဆိုအရ အက်င့္တစ္ခုကို စဲြျမဲသြားေစဖို႔ အခ်ိန္ (၃) လပဲ လိုတယ္လို႔ဆိုပါတယ္။ ဒီနည္းက တကယ္ကို သင့္အတြက္ အမ်ားႀကီး စိတ္ေအးခ်မ္းၿပီး အပူကင္းေစမွာပါ။

ကိုယ့္ကုိယ္ကိုယ္ ရည္းစားေတာ္လိုက္ပါ

သင့္ကို ထားခဲ့တာလား။ သူမရွိတုန္းကလည္း သင္တစ္ေယာက္တည္းပဲေလ။ မင္းအတြက္ မင္းရွိတယ္ ဆိုတဲ့ သီခ်င္းထဲကလိုပါပဲ။ သင့္အတြက္ သင့္ခႏၡာကိုယ္ႀကီးနဲ႔ သင့္ဦးေႏွာက္နဲ႔ စိတ္ဓာတ္အရည္အခ်င္းေတြ ရွိေနပါတယ္။ သူထားသြားလို႔ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈေတြေလ်ာ႔သြားၿပီး အားငယ္ေနတာလား။ ဒါဆိုရင္ ကိုယ့္ကုိယ္ကိုယ္ မွန္ထဲမွာ ေသခ်ာ ေခါင္းကေန ေျခေထာက္အထိ အခုအျပင္အဆင္၊ အဝတ္အစားနဲ႔ မ်က္ႏွာကို ၾကည့္ၿပီး တစ္ခု စဥ္းစားလို္က္ပါ။  မွန္ထဲကသူကို သင္ဆိုရင္ေကာ ခ်စ္သူေတာ္ခ်င္စိတ္ေပါက္သလားလို႔။ မ်က္ရည္လည္ရြဲနဲ႔ မ်က္လံုးေတြ မို႔အစ္ေအာင္ငိုထားတဲ့ ရုပ္ႀကီးကို သင္ ခံစားလို႔ရလား။ ေပတိေပကပ္နဲ႔ ေထာင့္မက်ိဳးတဲ့ မ်က္ႏွာေပးနဲ႔သူတစ္ေယာက္ကို ျမင္ရတဲ့အခါမွာ သင္ ၾကင္နာခ်င္လား။ သင့္အရည္အခ်င္းေတြေကာ၊ မက္ေလာက္စရာ၊ မက္ေမာစရာ ျဖစ္ေနလား။ အရမ္းလွေနတာပဲ မခ်စ္စရာအေၾကာင္းမရွိဘူးလို႔ ထင္ေနတယ္သူလည္းရွိမွာပါ။ ေသခ်ာ မွန္ထဲ စိုက္ၿပီး ၾကည့္ၾကည့္ပါ။ သင္စိတ္ထားေကာင္းေကာင္းထားခဲ့ၿပီး ကိုယ္ခ်င္းစာခဲ့ရဲ့လား။ တကယ္ခ်စ္ခ်င္စရာေကာင္းတယ္လို႔ ထင္တယ္ဆိုရင္ ဘာလိုေသးလို႔လဲ။ သူမ်ားေတြက သင့္ရဲ့တန္ဖိုးကို မသိတာပဲ။ ကိုယ့္ကိုယ္ကိုယ္ ခ်စ္ခ်င္တယ္၊ ခ်စ္သူေတာ္ခ်င္စရာ၊ လက္တဲြခ်င္စရာေကာင္းတယ္လို႔ပဲ ျမင္တယ္ဆိုရင္ေတာ့ သင္သူနဲ႔လမ္းခဲြလိုက္တာ အေကာင္းဆံုးလမ္းကို ေရြးလိုက္တာပါ။ သင္ရဲ့ အခ်စ္ေတြကို အမ်ားဆံုးေပးခဲ့တာ၊ အထိုက္တန္ဆံုးနဲ႔ အရသင့္ဆံုးက သက္ဆိုင္ခဲ့ဖူးသူလို႔ သင္ ထင္ခ်င္ထင္ခဲ့ပါလိမ့္မယ္။ ဒါေပမယ့္ ေလာကမွာ လူတိုင္းက ကိုယ့္ကုိယ္ကိုယ္အခ်စ္ဆံုးပါ။ သင္ နာက်င္ခံစားရတာမ်ားလို႔ လမ္းခဲြၾကတာဆိုရင္လည္း သင္ မနာက်င္ခ်င္ေတာ့တာေၾကာင့္ပါပဲ။ သင္ မွန္ထဲၾကည့္ၿပီး ငါ ဒီေလာက္ျပည့္စံုတာလို႔ ျမင္တယ္ဆိုရင္လည္း သင့္ကိုယ္သင္ ေစာင့္ေရွာက္ၿပီး ကိုယ့္တန္ဖိုးကိုယ္သိေနတာပါ။ စိတ္တိုင္းမက်ဘူး ကိုယ့္ကိုယ္ကိုယ္အားမရဘူးဆိုရင္ေတာ့ သူမ်ားကို အျပစ္တင္မေနပါနဲ႔ေတာ့။ ကိုယ့္ကိုယ္ကိုယ္ ျပန္ခ်စ္ခ်င္စရာ ေကာင္းေအာင္သာ အရင္ ႀကိဳးစားဖို႔ သင့္ပါတယ္။ သင္ေတာင္မွ သေဘာမေတြ႔တာ အျခားလူကို နားမလည္ျဖစ္မေနပါနဲ႔ေတာ့။

ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ပါ

မိမိအားသားခ်က္၊ အားနည္းခ်က္ေတြ သိေအာင္လုပ္ၿပီး ကိုယ့္ကိုယ္ကိုယ္ေလးစားမႈတိုးလာေစမယ့္အလုပ္ေတြ ေရြးလုပ္ပါ။ ငါ ဘာေလး ႀကိဳက္တတ္လဲ၊ ဘာေလး သေဘာက်လဲ ဆိုတာေတြ သိေအာင္ စပ္စုေနပါ။ သင့္ခ်စ္သူလို တျခားသူစိမ္းလူတစ္ေယာက္အေၾကာင္းေတာင္ သိေအာင္လုပ္ႏိုင္၊ မွတ္ထားႏိုင္ေသးတာပဲ။ ကိုယ့္ကိုယ္ကိုယ္ ခ်စ္သူေတာ္ထားတာမို႔လို႔ ငါ့ကိုငါ ဒါေလး လက္ေဆာင္ေပးမယ္၊ ဒီလိုေလး ျပဳစုလိုက္မယ္၊ ဒါေလးခ်က္ေကၽြးမယ္ စသျဖင့္ေတာ့ ဂရုစိုက္ရပါမယ္။ ငါ ဘာေလးလုပ္ေနရရင္ စိတ္ခ်မ္းသာတယ္လို႔ ခံစားရတာေတြ ရွိလား စမ္းစစ္ၾကည့္ပါ။ သင့္စားဝတ္ေနေရး၊ အလုပ္အကိုင္၊ က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရးေတြကို မထိခိုက္ေစဘူးဆိုရင္ သင့္အတြက္ အေကာင္းဆံုးပါပဲ။ ဝါသနာပါတဲ့အရာလိုပါပဲ။ ဂီတနဲ႔ ပတ္သတ္တာ၊ ပန္းခ်ီဆဲြတာ၊ စာေရးတာ စသျဖင့္ သင္ဝါသနာပါတာ တစ္ခုခုကို စိတ္တုိင္းက် ဖန္တီးရတာမ်ိဳးေတြက သင့္ကို စိတ္ထြက္ေပါက္ေပးႏိုင္ပါလိမ့္မယ္။ စိတ္ေကာင္းအျမဲထားတဲ့သူ၊ ၾကင္နာတတ္တဲ့သူ၊ ကိုယ္ခ်င္းစာတတ္တဲ့သူ၊ ႏွစ္ဖက္ေတြး ႏွစ္ဖက္ျမင္တတ္တဲ့သူ၊ သူတစ္ပါးကို ေလးေလးစားစား ယဥ္ယဥ္ေက်းေက်းဆက္ဆံတဲ့သူ၊ အရည္အခ်င္းရွိတဲ့သူကို လူတိုင္းခ်စ္ခင္ၾကတယ္ဆိုတာ သတိရပါ။ ဒီလိုေနရင္းနဲ႔ တစ္ေန႔ထက္တစ္ေန႔ သင့္ကိုယ္သင္ခ်စ္တတ္လာၿပီး စိတ္ခ်မ္းသာ၊ ကိုယ္က်န္းမာနဲ႔ ျဖတ္သန္းသြားေနတာကို ခံစားေတြ႔ႀကံဳလာပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

အချိန်အတိုင်းအတာတစ်ခုအထိ ပတ်သတ်ခဲ့ပြိး ကိုယ့်အကြောင်းသူ့အကြောင်းလည်းသိ၊ နေ့ရက်တွေကိုလည်း တူတူကျော်ဖြတ်ခဲ့ပြီးမှ အကြောင်းတစ်စုံတစ်ရာကြောင့် ချစ်သူနဲ့ လမ်းခွဲလိုက်ကြတယ်။ ရှေ့ဆက်ပြီးတော့ တစ်ယောက်တည်းဖြစ်သွားတယ်ဆိုတာလည်း လက်ခံထားတယ်ပေါ့။ ရုတ်တရက်တော့ တောင်ပံတစ်ဖက်ကျိုးသလို၊ အဖော်မဲ့သလို ခံစားရမယ်။ ရှေ့လျှောက် မနက်ဖြန်တွေမှာ သူ မပါတော့ဘူး။ အေးဆေးပါလို့ ကိုယ့်ကိုယ်ကိုယ်အားတင်းထားပေမယ့်လည်း လောလောဆယ် ညနေစာထမင်း တစ်ယောက်တည်း ပဲစားမယ်။ ဖုန်းကလည်း လာမှာမဟုတ်ဘူး သေချာသိတာတောင် ယောင်ပြီးတော့ လှမ်းကြည့်မိဦးမယ်။

ဆက်ဆံရေးတစ်ခုကို ရပ်စဲလိုက်တဲ့အခါ အနည်ထိုင်အသားကျသွားဖို့ အချိန်အတိုင်းအတာတစ်ခု နဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်သည်းခံမှုတွေ လိုအပ်ပါတယ်။ အချိန်တစ်ခုကြာရင်တော့ မေ့ပျောက်ပြီး တစ်ယောက်တည်း အသားကျသွားမယ်ဆိုတာ သိပြီးသားမဟုတ်လား။ လက်မတွဲဖြစ်ဘူးဆိုတာ ကြိုတင် ခံစားသိထားပြီးသားဆိုရင်တော့ ဒီလိုအခြေအနေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်လိမ့်မယ်။ ရုတ်တရက် ချစ်သူက လမ်းခွဲသွားပြီး ဒီလိုဖြစ်သွားရတာကို လက်မခံနိုင်သေးသူအတွက်တော့ ချက်ချင်းအသားကျပြီး အေးဆေးတည်ငြိမ်နေဖို့က မလွယ်ကူပါဘူး။ ဒါပေမယ့် သင့်အတွက် ဒီလို အားရှိစေမယ့် အကြံဉာဏ်ကောင်းတွေနဲ့ အဖော်ပြုပြီး ကိုယ့်ဘဝကိုယ် ပြန်လည်တည်ဆောက်နိုင်ပါသေးတယ်။ မင်းအတွက် မင်းရှိတယ်ဆိုတဲ့ သီချင်း

သူနဲ့ လုံးဝ လုံးဝ အဆက်အသွယ် မလုပ်ပါနဲ့

ဟုတ်ပါတယ်။ ပြီးတဲ့အရာတွေကို ပြန်တမ်းတမနေပါနဲ့တော့။ ကံမကုန်ရင် တကယ်ကို ပြန်ဆုံနိုင်ပါသေးတယ်။ ဒီတော့ လောလောဆယ် စိတ်အေးချမ်းသက်သာမှုရှိဖို့အတွက် သူနဲ့ ထိတွေ့ အဆက်အသွယ်ရနိုင်မယ့် အခြေအနေသေးသေးလေး ပေးနိုင်တဲ့အရာတွေ အကုန်လုံး ဖယ်ရှားတားဆီးလိုက်ပါ။ ဖုန်း၊ မက်ဆေ့ချ်ပို့တာ၊ Facebook နဲ့လူမှုဆက်ဆံရေးကွန်ရက်မှာ ဆက်သွယ်တာမျိုးတွေ မလုပ်ပါနဲ့။ တစ်သက်လုံး အပြောအဆိုရပ်တန့်ရမယ်လို့ မဆိုလိုပေမယ့် လောလောဆယ်တော့ ဘလော့ခ်ရင်လည်း ဘလော့ခ်လိုက်ပါ။ Unfollow လုပ်ပြီးလည်း မတ်ဆင်ဂျာကနေ အလုံးလေးပေါ်လာဦးမလား မျှော်တာ ကိုယ့်ဘာသာကိုယ် စိတ်ဒုက္ခအကြီးကြီးပေးနေတာပါး လမ်းခွဲလိုက်တဲ့အခါ ပထမဆုံး နဲ့ အလုပ်သင့်ဆုံး အရာလို့ အများက လက်ခံထားကြတဲ့ စည်းကမ်းတစ်ခုရှိပါတယ်။ ရက် (၉၀) တိတိ သက်ဆိုင်ခဲ့ဖူးသူနဲ့ အပြန်အလှန်ကူးလူးဆက်သွယ်တာ လုံးဝမလုပ်ရပါဘူး။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ အကျင့်တစ်ခုကို စွဲမြဲသွားစေဖို့ အချိန် (၃) လပဲ လိုတယ်လို့ဆိုပါတယ်။ ဒီနည်းက တကယ်ကို သင့်အတွက် အများကြီး စိတ်အေးချမ်းပြီး အပူကင်းစေမှာပါ။

ကိုယ့်ကိုယ်ကိုယ် ရည်းစားတော်လိုက်ပါ

သင့်ကို ထားခဲ့တာလား။ သူမရှိတုန်းကလည်း သင်တစ်ယောက်တည်းပဲလေ။ မင်းအတွက် မင်းရှိတယ် ဆိုတဲ့ သီချင်းထဲကလိုပါပဲ။ သင့်အတွက် သင့်ခန္ခာကိုယ်ကြီးနဲ့ သင့်ဦးနှောက်နဲ့ စိတ်ဓာတ်အရည်အချင်းတွေ ရှိနေပါတယ်။ သူထားသွားလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလျော့သွားပြီး အားငယ်နေတာလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ သေချာ ခေါင်းကနေ ခြေထောက်အထိ အခုအပြင်အဆင်၊ အဝတ်အစားနဲ့ မျက်နှာကို ကြည့်ပြီး တစ်ခု စဉ်းစားလိုက်ပါ။  မှန်ထဲကသူကို သင်ဆိုရင်ကော ချစ်သူတော်ချင်စိတ်ပေါက်သလားလို့။ မျက်ရည်လည်ရွဲနဲ့ မျက်လုံးတွေ မို့အစ်အောင်ငိုထားတဲ့ ရုပ်ကြီးကို သင် ခံစားလို့ရလား။ ပေတိပေကပ်နဲ့ ထောင့်မကျိုးတဲ့ မျက်နှာပေးနဲ့သူတစ်ယောက်ကို မြင်ရတဲ့အခါမှာ သင် ကြင်နာချင်လား။ သင့်အရည်အချင်းတွေကော၊ မက်လောက်စရာ၊ မက်မောစရာ ဖြစ်နေလား။ အရမ်းလှနေတာပဲ မချစ်စရာအကြောင်းမရှိဘူးလို့ ထင်နေတယ်သူလည်းရှိမှာပါ။ သေချာ မှန်ထဲ စိုက်ပြီး ကြည့်ကြည့်ပါ။ သင်စိတ်ထားကောင်းကောင်းထားခဲ့ပြီး ကိုယ်ချင်းစာခဲ့ရဲ့လား။ တကယ်ချစ်ချင်စရာကောင်းတယ်လို့ ထင်တယ်ဆိုရင် ဘာလိုသေးလို့လဲ။ သူများတွေက သင့်ရဲ့တန်ဖိုးကို မသိတာပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်ချင်တယ်၊ ချစ်သူတော်ချင်စရာ၊ လက်တွဲချင်စရာကောင်းတယ်လို့ပဲ မြင်တယ်ဆိုရင်တော့ သင်သူနဲ့လမ်းခွဲလိုက်တာ အကောင်းဆုံးလမ်းကို ရွေးလိုက်တာပါ။ သင်ရဲ့ အချစ်တွေကို အများဆုံးပေးခဲ့တာ၊ အထိုက်တန်ဆုံးနဲ့ အရသင့်ဆုံးက သက်ဆိုင်ခဲ့ဖူးသူလို့ သင် ထင်ချင်ထင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် လောကမှာ လူတိုင်းက ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးပါ။ သင် နာကျင်ခံစားရတာများလို့ လမ်းခွဲကြတာဆိုရင်လည်း သင် မနာကျင်ချင်တော့တာကြောင့်ပါပဲ။ သင် မှန်ထဲကြည့်ပြီး ငါ ဒီလောက်ပြည့်စုံတာလို့ မြင်တယ်ဆိုရင်လည်း သင့်ကိုယ်သင် စောင့်ရှောက်ပြီး ကိုယ့်တန်ဖိုးကိုယ်သိနေတာပါ။ စိတ်တိုင်းမကျဘူး ကိုယ့်ကိုယ်ကိုယ်အားမရဘူးဆိုရင်တော့ သူများကို အပြစ်တင်မနေပါနဲ့တော့။ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ချင်စရာ ကောင်းအောင်သာ အရင် ကြိုးစားဖို့ သင့်ပါတယ်။ သင်တောင်မှ သဘောမတွေ့တာ အခြားလူကို နားမလည်ဖြစ်မနေပါနဲ့တော့။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

မိမိအားသားချက်၊ အားနည်းချက်တွေ သိအောင်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်လေးစားမှုတိုးလာစေမယ့်အလုပ်တွေ ရွေးလုပ်ပါ။ ငါ ဘာလေး ကြိုက်တတ်လဲ၊ ဘာလေး သဘောကျလဲ ဆိုတာတွေ သိအောင် စပ်စုနေပါ။ သင့်ချစ်သူလို တခြားသူစိမ်းလူတစ်ယောက်အကြောင်းတောင် သိအောင်လုပ်နိုင်၊ မှတ်ထားနိုင်သေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် ချစ်သူတော်ထားတာမို့လို့ ငါ့ကိုငါ ဒါလေး လက်ဆောင်ပေးမယ်၊ ဒီလိုလေး ပြုစုလိုက်မယ်၊ ဒါလေးချက်ကျွေးမယ် စသဖြင့်တော့ ဂရုစိုက်ရပါမယ်။ ငါ ဘာလေးလုပ်နေရရင် စိတ်ချမ်းသာတယ်လို့ ခံစားရတာတွေ ရှိလား စမ်းစစ်ကြည့်ပါ။ သင့်စားဝတ်နေရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတွေကို မထိခိုက်စေဘူးဆိုရင် သင့်အတွက် အကောင်းဆုံးပါပဲ။ ဝါသနာပါတဲ့အရာလိုပါပဲ။ ဂီတနဲ့ ပတ်သတ်တာ၊ ပန်းချီဆွဲတာ၊ စာရေးတာ စသဖြင့် သင်ဝါသနာပါတာ တစ်ခုခုကို စိတ်တိုင်းကျ ဖန်တီးရတာမျိုးတွေက သင့်ကို စိတ်ထွက်ပေါက်ပေးနိုင်ပါလိမ့်မယ်။ စိတ်ကောင်းအမြဲထားတဲ့သူ၊ ကြင်နာတတ်တဲ့သူ၊ ကိုယ်ချင်းစာတတ်တဲ့သူ၊ နှစ်ဖက်တွေး နှစ်ဖက်မြင်တတ်တဲ့သူ၊ သူတစ်ပါးကို လေးလေးစားစား ယဉ်ယဉ်ကျေးကျေးဆက်ဆံတဲ့သူ၊ အရည်အချင်းရှိတဲ့သူကို လူတိုင်းချစ်ခင်ကြတယ်ဆိုတာ သတိရပါ။ ဒီလိုနေရင်းနဲ့ တစ်နေ့ထက်တစ်နေ့ သင့်ကိုယ်သင်ချစ်တတ်လာပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ဖြတ်သန်းသွားနေတာကို ခံစားတွေ့ကြုံလာပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top