iMyanmarHouse.com - Best Property Website for Myanmar
×
(၂)စိုစွတ်တဲ့ အသားအရေ
(၃)အမွေးရိတ်ခြင်း
(၅)ညဘက်မှာ သုံးပါ
Credit  Shwemom
Unicode Version
ခန္ဓာကိုယ်ကနေ ချွေးနံ့တွေ နံမနေအာင် အနံ့သက်သာစေဖို့ ချွေးနံ့ပျောက်ေ ဆးတွေကို အသုံးပြုလေ့ရှိပါတယ်။ခန္ဓာကိုယ်ဟာ တစ်နေကုန်လန်းဆန်းပြီး အနံ့အသက်တွေ ကောင်းနေစေဖို့ ချွေးနံ့ပျောက်ဆေးကို သုံးကြတာပါ။ဒါပေမယ့် တစ်ခါတစ်ရံမှာ ချွေးနံ့ပျောက်ဆေးသုံးပေမယ့် အနံ့အသက်တွေ မပျောက်ပဲဖြ စ်နေတာမျိုး ရှိတတ်ပါတယ်။မနက်အိမ်ကထွက်လာတဲ့ အထိတော့ အဆင်ပြေေ ပမယ့် ညနေအိမ်ပြန်ပြီဆိုရင် အနံ့အသက်တွေသိပ်မကောင်းတော့တာ မျိုးရှိ တတ်ပါတယ်။အဲ့ဒီလိုတွေ ကြုံရပြီဆိုတာနဲ့ အသုံးပြုနေကျဖြစ်တဲ့ ချွေးနံ့ပျောက်ေ ဆး Brand ကို နောက်တစ်မျိုး ပြောင်းသုံးမယ်ဆိုတဲ့ စိတ်ကူးကို အရင်ဆုံးတွေး မိတတ်ကြပါတယ်။ဒါပေမယ့်  ချွေးနံ့ပျောက်ဆေး အလုပ်မဖြစ်ရတော့တဲ့ (ချွေးနံ့ ကို ထိန်းမပေးနိုင်ရတော့တဲ့) အကြောင်းအရင်းတွေနဲ့ချွေးနံ့ပျောက်ချင်ရင် ေ ဆာင်ရ၊ရှောင်ရမယ့် အချက်တွေကို ပြောပြပေးချင်ပါတယ်။
(၁)ချွေးတိတ်ဆေးနဲ့ချွေးနံ့ပျောက်ဆေးကြားက ကွာခြားချက်
ချွေးတိတ်ဆေးနဲ့ချွေးနံ့ပျောက်ဆေးဆိုတာဟာ မတူပါဘူး။ချွေးတိတ်ဆေးဆို တာက ချွေးထွက်တာကို သက်သာစေကာ၊အဓိက ချွေးနံ့နံရတဲ့ ဇစ်မြစ်ကို ကု စားပေးနိုင်တဲ့ အရာပါ။ချွေးနံ့ပျောက်ဆေးဆိုတာကတော့ ချွေးနံ့ ထွက်လာရင် ဖုံးပေးနိုင်တဲ့ အရာသက်သက်ပါ။ချွေးနံ့ပျောက်ဆေးဆိုတာဟာ ကိုယ်နံ့နံတဲ့ ပြဿ နာကို အမြန်ဆုံးဖြေရှင်းပေးနိုင်တဲ့ နည်းဆိုပေမယ့် ချွေးတိတ်ဆေးကို နံနက်ပိုင်း မှာ အသုံးပြုရင် ပိုအကျိုးရှိစေနိုင်ပါတယ်။
(၂)စိုစွတ်တဲ့ အသားအရေ
ချွေးနံ့ပျောက်ဆေးကို ရေချိုးပြီးပြီးချင်း ကိုယ်ပေါ်က ရေတွေသေချာမခြောက်ပဲ အသုံးပြုမိခဲ့ရင်လည်း ချွေးနံ့ပျောက်ဆေးကို ထင်သလောက် မစွမ်းတာမျိုး ဖြစ်စေ တတ်ပါတယ်။ဒါကြောင့် ချွေးနံ့ပျောက်ဆေးပဲဖြစ်ဖြစ်၊ချွေးတိတ်ဆေးပဲ ဖြစ်ဖြစ် သုံးတော့မယ်ဆိုရင် အရင်ဆုံး ရေခြောက်အောင်သုတ်ပါ။ဒီလို ဆေးတွေဟာ စိုစွတ်နေတဲ့ ကိုယ်ပေါ်မှာ အသုံးပြုရင် အစွမ်းမထက်တော့ပဲ ခြောက်သွေ့တဲ့ ကိုယ်ပေါ်မှာ အသုံးပြုမှသာ အစွမ်းထက်မှာဖြစ်ပါတယ်။
(၃)အမွေးရိတ်ခြင်း
ကိုယ်ပေါ်မှာ ချိုင်းမွေးရိတ်တာ၊နှုတ်တာ အဲ့ဒီလိုတွေ လုပ်ပြီးပြီးချင်းမှာလ ည်း ေ ချွးနံ့ပျောက်ဆေး အသုံးပြုတာကို ရှောင်ရပါမယ်။အမွေးရိတ်ပြီးနောက် ချက်ချ င်း ချွေးနံ့ပျောက်ဆေးလို ဓါတုပစ္စည်းပါတဲ့ အရာတွေကို သုံးတာဟာ အရေပြား ကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတာမျိုးတွေဖြစ်စေတာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။
(၄)ထပ်ခါ ထပ်ခါသုတ်တာ(လိမ်းတာ)
တစ်ချို့တွေက ချွေးနံ့ပျောက်ဆေးသုံးရင် တစ်ထပ်ပြီး တစ်ထပ် အကြိမ်ကြိမ် အ ခါအခါ သုတ်၊လိမ်းတာမျိုးတွေရှိတတ်ပါတယ်။ဒါဟာ ဒီအတိုင်းသာမန်ကြည့်ရင်ေ တာ့ မှန်ကန်တယ်လို့ ထင်ရနိုင်ပေမယ့် တကယ်တော့ ဒီနည်းလမ်းဟာ မှားပါ တယ်။ချွေးနံ့ပျောက်ဆေးကို သန့်ရှင်းတဲ့ အသားအရေမှာ အသုံးပြုရပါမယ်။တ ကယ်လို့ ရေမချိုး၊ကိုယ်လက်မသန့်စင်ရသေးပဲ သုံးတာ၊အနံ့ထွက်နေတဲ့ ကိုယ်ေ ပါ်မှာ အသုံးပြုတာတွေဟာ ချွေးနံ့ပျောက်ဆေးကို ထင်သလောက် အလုပ်ဖြစ်ေ စမှာမဟုတ်ပါဘူး။
(၅)ညဘက်မှာ သုံးပါ
တကယ်လို့ အစွမ်းပိုထက်စေချင်တယ်ဆိုရင် ညဖက်တည်းက အသုံးပြုပေးသင့် တယ်လို့ အလှအပဆိုင်ရာ ကျွမ်းကျင်သူတွေ ကပြောပါတယ်။ချွေးတိတ်ဆေးေ တွဟာ အသုံးပြုပြီးရင် နာရီအနည်းငယ်ကြာမှ အစွမ်းပြလေ့ရှိပါတယ်။ဒါကြောင့် မနက်ကျမှ သုံးတာမျိုးထက် ညတည်းက ကြိုသုံးထားတာမျိုး လုပ်သင့်ပါတယ်။
(၆)ချိုင်းကြားကို အလှဆီလိမ်းပေး
ချိုင်းကြားကို Moisturizer (အလှဆီ)လိမ်းပေးတာမျိုး လုပ်သင့်ပါတယ်။ ချိုင်းကြားအသားအရေဟာလည်း တခြားအသားအရေတွေလိုပဲ အစိုဓါတ်ရှိနေ ဖို့၊Moisturizer  လိမ်းပေးဖို့ လိုပါတယ်။ခြောက်သွေ့ မနေပဲ အစိုဓါတ်ရှိနေခြင်း ဟာ ချိုင်းကြားအသားအရေကို ပိုကျန်းမာစေပြီး အနံ့အသက် ပိုကောင်းစေတယ် လို့ သိရပါတယ်။
Credit  Shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top