iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခါတစ္ေလမွာ သင့္ခ်စ္သူကို သင္ရဲ႕ဘဝလက္တြဲေဖာ္လို႔ရည္ရြယ္ထားေပမဲ႕၊ သင့္မိသားစု သူငယ္ခ်င္းေတြကလည္း သင့္အိမ္ေထာင္ဖက္လို႔ ထင္ထားၾကေပမဲ႕လည္း၊ သင့္ခ်စ္သူဟာ သင့္ကိုလက္ထပ္ခြင့္မေတာင္းေသးလို႔ စိတ္ညစ္ေနရတာမ်ိဳးေတြ ရွိလာျပီးဆိုရင္ေတာ့ သင့္ခ်စ္သူဟာ သင့္ကို တကယ္ပဲ လက္မထပ္ခ်င္တာလား? ဒါမွမဟုတ္ အခ်ိန္အတိုင္းအတာတစ္ခု မေရာက္ေသးလို႔၊ ဘဝေရွ႔ေရးရပ္တည္မႈအတြက္ အခိုင္အမာမရွိေသးလို႔ လက္ထပ္ခြင့္မေတာင္းေသးတာလား ? ဆိုတာ စဥ္းစားဖို႕လိုပါျပီ ။ ဒီေတာ့သင့္ကိုသူတစ္ကယ္လက္ထပ္မယ္ဆိုတာကို ဘယ္လိုသိႏိုင္မလဲ?

(၁) “ငါတို႔” ဆိုတဲ႕ နာမ္စားေလးသံုးရင္

ဘာပဲေျပာေျပာ၊ ဘာပဲလုပ္လုပ္ “ငါတို႔”ဆိုတဲ႔နာမ္စားေလးသံုးရင္ သင့္ခ်စ္သူက သူ႔အစီအစဥ္တိုင္းမွာ သင္အျမဲပါတယ္။ဆိုတဲ႕သေဘာပါ ။ဆံုးျဖတ္ခ်က္ေတြဆိုလည္း သူတစ္ေယာက္တည္းမဟုတ္ပဲ၊ သင္နဲ႕အတူခ်ထားတဲ႕ဆံုးျဖတ္ခ်က္လို႔ဆို
လိုျခင္းပါ ။သူ႕သူငယ္ခ်င္းေတြေရွ႕မွာ “ငါတို႔ “လို႔ေျပာလိုက္တာနဲ႕ သူငယ္ခ်င္းေတြက သင့္ကို သင့္ခ်စ္သူနဲ႔အတူပါဝင္
တယ္ ဆိုတာ တန္းသိသြားသလိုမ်ိဳးေပါ့။

(၂) လက္ထပ္ျခင္းကို တန္ဖိုးထားတဲ႕သူ



ေတာ္ေတာ္မ်ားမ်ားဟာ လက္ထပ္ျခင္းကို တန္ဖိုးမထားတတ္ပါဘူး။ တစ္ခုခု အထစ္အေငါ့ရွိတာနဲ႕ ကြာရွင္းတာမ်ိဳးေတြ လုပ္ၾကပါတယ္။ ဒါေပမယ့္လည္း သင့္ခ်စ္သူဟာ အခက္အခဲေတြေတြ႔လာခဲ႕ရင္ေတာင္၊ “ငါ ဒီမိန္းကေလးကို လက္ထပ္ဖို႕အတြက္ဆိုရင္ ဒီအခက္အခဲေတြ ရင္ဆိုင္ရဖို႔ တန္တယ္” လို႕ ခံယူထားျပီဆိုရင္ သင့္ခ်စ္သူဟာ သင့္ကို တကယ္လက္ထပ္မယ့္သူပါ ။

(၃) မဂၤလာေဆာင္ဓာတ္ပံုေတြေတြ႕တဲ႕အခါ

သင့္ခ်စ္သူဟာ Social Media ေတြမွာ ေတြ႔ရတာေတြကို ႏွစ္ျခိဳက္ေလ့မရွိတဲ႕သူျဖစ္ရင္ေတာင္မွ၊ Facebook ၊ Instagram ေတြမွာ သူမ်ားေတြရဲ႕ မဂၤလာေဆာင္ပံုေတြေတြ႔တိုင္း၊ သင့္နဲ႕လည္း ဘယ္လိုေဆာင္မယ္၊ မဂၤလာေဆာင္ဖို႔ဘာေတြ စီစဥ္ထားတယ္ ဆိုျပီးေျပာရင္ေတာ့ သင့္ခ်စ္သူဟာ သင့္ကို လက္ထပ္မယ့္သူပါ။


(၄) သင္နဲ႕သာဆို အရာရာ သက္ေတာင့္သက္သာျဖစ္႐င္

သင့္ခ်စ္သူဟာ သင္နဲ႕အတူတူရွိတိုင္း ေႏြးေထြးသလိုခံစား႐င္၊ သက္ေတာင့္သက္သာျဖစ္ရင္ ၊ ဟန္ေဆာင္မႈေတြမလိုပဲအရွိကိုအရွိတိုင္း ေျပာဆိုေနထိုင္ရင္ သူဟာ သင့္ကိုဘဝလက္တြဲေဖာ္လို႕ သတ္မွတ္ထားသူပါ ။

(၅) သင့္ခ်စ္သူရဲ႕ မိသားစုေတြကလည္း သင့္ကိုမိသားစုဝင္လိုသေဘာထားရင္

သင့္ခ်စ္သူဟာ သူ႕မိသားစုဝင္ေတြကို သင့္ကိုလက္ထပ္မယ့္အေၾကာင္းေျပာထားလို႕သာ သင့္ကို မိသားစုဝင္လို သေဘာထားတာပါ ။သင့္ခ်စ္သူရဲ႕မိဘေတြ၊ ေဆြမ်ိဳးေတြ ၊ ေမာင္ႏွမေတြနဲ႕ အရင္းအခ်ာလို ရင္းႏွီးမႈရေနျပီဆိုရင္ေတာ့ သင့္ခ်စ္သူလက္ထပ္မယ့္သူဟာ သင္ဆိုတာ ေသခ်ာေနပါျပီ ။

(၆) သင့္ခ်စ္သူရဲ႕အနာဂတ္တိုင္းမွာ သင္ပါဝင္ေနရင္

သင့္ခ်စ္သူဟာသူ႕ဘဝ အနာဂတ္အေၾကာင္းတင္မကပဲ ၊သင္ပါ ဘယ္လိုပါဝင္ေနတယ္ ဆိုတာပါ ေျပာျပပါလိမ့္မယ္။ဥပမာ- သူဘယ္လိုကားေလးဝယ္မယ္ ။ဘယ္လိုအိမ္ေလးေဆာက္မယ္၊ ဝယ္မယ္။ ျပီးရင္သင္နဲ႕အတူတူ အဲ႕အိမ္ ေလးမွာေနမယ္။ အဲ႕ကားေလးနဲ႕ခရီးေတြသြားမယ္ ။ဘယ္အလုပ္မွာ ဘာရာထူးနဲ႕လုပ္မယ္။ ျပီးရင္ အိမ္ျပန္လာမယ္။ အိမ္မွာ
သင္ေစာင့္ႀကိဳေနမယ့္ပံုေလးကို ျမင္ေယာင္ၾကည့္မယ္ ။ဒီလိုမ်ိဳးေျပာရင္ေတာ့ သူ႔ဘဝရဲ႕အခ်ိန္ေတြကို သင္နဲ႕ပဲျဖတ္သန္းခ်င္တာ ေသခ်ာေနပါျပီ။

(၇) အနာဂတ္ သားသားမီးမီးေလးေတြ အေၾကာင္းေျပာရင္

စသလိုလို ေနာက္သလိုပဲျဖစ္ျဖစ္ သားဘယ္ႏွေယာက္ေမြးမယ္ ။ သမီး ဘယ္ႏွေယာက္ေမြးမယ္ ။ အမႊာေလးေတြေမြးမယ္ ။ သင္နဲ႕တူရင္ ဘယ္လိုရုပ္ေလးျဖစ္မယ္ ။ ဘာေတြၾကိဳက္မယ္ စသျဖင့္ေျပာရင္လည္း သင့္ခ်စ္သူဟာ သင္နဲ႕အတူ ဘဝခရီးလမ္းကို ေလ်ွာက္မယ္ဆိုတာ ေသခ်ာပါတယ္။


(၈) အရာအားလံုးကို သင္နဲ႕အတူမ်ွေဝခံစားရင္

သင့္ခ်စ္သူဟာ သူဘာေတြေတြးေနတယ္၊ ဘာေတြေတြ႔ၾကံုေနရတယ္  စသျဖင့္ ေပ်ာ္စရာ ဝမ္းနည္းစရာေတြ မ်ွေဝခံစားရင္ ၊ေနာက္ျပီး ခံစားခ်က္ေတြအျပင္ တျခားအရာေတြ(ဥပမာ-လက္ထပ္ဖို႔အတြက္ ကုန္က်စရိတ္ကို အတူတူမ်ွျပီးစုတာေတြ၊ လက္ထပ္ျပီးအတူေနမယ့္အိမ္၊ တိုက္ခန္းဝယ္ဖို႕၊ ငွားဖို႔ ပိုက္ဆံအတူတူစုထားတာမ်ိဳးေတြ) ကိုပါ မ်ွေဝရင္သင့္ကို္လက္ထပ္ဖို႕ဆိုတာ အေသအခ်ာပါပဲ။

(၉) သင့္စိတ္ကူးထားတဲ႕ မဂၤလာပြဲ အေၾကာင္းေမးလာရင္

သင့္ခ်စ္သူက သင္တို႔ရဲ႕ မဂၤလာပြဲနဲ႕ပတ္သတ္ျပီး ဘယ္လိုေဆာင္ခ်င္လဲ? ဘယ္သူေတြကိုဖိတ္မလဲ ? မဂၤလာပြဲနဲ႕ပတ္သက္ျပီး သင္ဘာေတြႀကိဳက္လဲ ?မဂၤလာလက္စြပ္အတြက္ သင့္လက္အရြယ္အစားကိုေလ့လာေနျပီဆိုရင္ေတာ့သင့္ကိုလက္ထပ္မယ္ဆိုတာ သံသယေတာင္ဝင္စရာအေၾကာင္းေတာင္မရွိေတာ့ပါဘူး။

(၁၀) သင့္ခ်စ္သူဟာ အရင္နဲ႕မတူဘဲ သူတစ္ေယာက္တည္း တစ္ခုခုကို ေယာက္ယက္ခတ္ လုပ္ေနရင္

သင္မသိတဲ႕ တစ္ခုခုကို ေယာက္ယက္ခတ္ လုပ္ေနတာမ်ိဳး ၊ အလုပ္ေတြ အရင္ကထက္ ပိုလုပ္ေနတာမ်ိဳးေတြ ၊ ပိုက္ဆံေတြ ၾကိတ္ျပီးစုေနတာမ်ိဳးေတြ ၊ သင္နဲ႕ပတ္သတ္လာရင္ အရင္ကထက္ ဆက္ဆက္ထိမခံႏိုင္တာမ်ိဳးေတြ ၊ သင့္ကိုအရာရာ အေကာင္းဆံုးလုပ္ျပတာမ်ိဳးေတြ ၊ သင့္အတြက္ အရင္ကထက္ပိုျပီး အရမ္းၾကိဳးစားတာမ်ိဳးေတြ ရွိလာရင္ သင့္ခ်စ္သူဟာ သင့္ကို မၾကာခင္မွာ လက္ထပ္ေတာ့မယ္ဆိုတာ အေသအခ်ာပါပဲ ။

သင့္ကိုတကယ္ လက္ထပ္မယ္ မထပ္ဘူးဆိုတာ သင့္ခ်စ္သူကို ပြင့္ပြင့္လင္းလင္းေမးတာကေတာ့ အေသခ်ာဆံုးပါပဲ။ဒီလို မေမးခ်င္ဘူးဆိုရင္ေတာ့ အေပၚကအခ်က္ေလးေတြ ဖတ္ျပီး ခန္႔မွန္းႏိုင္ပါတယ္။

Credit : Shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ခါတစ်လေမှာ သင့်ချစ်သူကို သင်ရဲ့ဘဝလက်တွဲဖော်လို့ရည်ရွယ်ထားပေမဲ့၊ သင့်မိသားစု သူငယ်ချင်းတွေကလည်း သင့်အိမ်ထောင်ဖက်လို့ ထင်ထားကြပေမဲ့လည်း၊ သင့်ချစ်သူဟာ သင့်ကိုလက်ထပ်ခွင့်မတောင်းသေးလို့ စိတ်ညစ်နေရတာမျိုးတွေ ရှိလာပြီးဆိုရင်တော့ သင့်ချစ်သူဟာ သင့်ကို တကယ်ပဲ လက်မထပ်ချင်တာလား? ဒါမှမဟုတ် အချိန်အတိုင်းအတာတစ်ခု မရောက်သေးလို့၊ ဘဝရှေ့ရေးရပ်တည်မှုအတွက် အခိုင်အမာမရှိသေးလို့ လက်ထပ်ခွင့်မတောင်းသေးတာလား ? ဆိုတာ စဉ်းစားဖို့လိုပါပြီ ။ ဒီတော့သင့်ကိုသူတစ်ကယ်လက်ထပ်မယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ?

(၁) “ငါတို့” ဆိုတဲ့ နာမ်စားလေးသုံးရင်

ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် “ငါတို့”ဆိုတဲ့နာမ်စားလေးသုံးရင် သင့်ချစ်သူက သူ့အစီအစဉ်တိုင်းမှာ သင်အမြဲပါတယ်။ဆိုတဲ့သဘောပါ ။ဆုံးဖြတ်ချက်တွေဆိုလည်း သူတစ်ယောက်တည်းမဟုတ်ပဲ၊ သင်နဲ့အတူချထားတဲ့ဆုံးဖြတ်ချက်လို့ဆို
လိုခြင်းပါ ။သူ့သူငယ်ချင်းတွေရှေ့မှာ “ငါတို့ “လို့ပြောလိုက်တာနဲ့ သူငယ်ချင်းတွေက သင့်ကို သင့်ချစ်သူနဲ့အတူပါဝင်
တယ် ဆိုတာ တန်းသိသွားသလိုမျိုးပေါ့။

(၂) လက်ထပ်ခြင်းကို တန်ဖိုးထားတဲ့သူ



တော်တော်များများဟာ လက်ထပ်ခြင်းကို တန်ဖိုးမထားတတ်ပါဘူး။ တစ်ခုခု အထစ်အငေါ့ရှိတာနဲ့ ကွာရှင်းတာမျိုးတွေ လုပ်ကြပါတယ်။ ဒါပေမယ့်လည်း သင့်ချစ်သူဟာ အခက်အခဲတွေတွေ့လာခဲ့ရင်တောင်၊ “ငါ ဒီမိန်းကလေးကို လက်ထပ်ဖို့အတွက်ဆိုရင် ဒီအခက်အခဲတွေ ရင်ဆိုင်ရဖို့ တန်တယ်” လို့ ခံယူထားပြီဆိုရင် သင့်ချစ်သူဟာ သင့်ကို တကယ်လက်ထပ်မယ့်သူပါ ။

(၃) မင်္ဂလာဆောင်ဓာတ်ပုံတွေတွေ့တဲ့အခါ

သင့်ချစ်သူဟာ Social Media တွေမှာ တွေ့ရတာတွေကို နှစ်ခြိုက်လေ့မရှိတဲ့သူဖြစ်ရင်တောင်မှ၊ Facebook ၊ Instagram တွေမှာ သူများတွေရဲ့ မင်္ဂလာဆောင်ပုံတွေတွေ့တိုင်း၊ သင့်နဲ့လည်း ဘယ်လိုဆောင်မယ်၊ မင်္ဂလာဆောင်ဖို့ဘာတွေ စီစဉ်ထားတယ် ဆိုပြီးပြောရင်တော့ သင့်ချစ်သူဟာ သင့်ကို လက်ထပ်မယ့်သူပါ။


(၄) သင်နဲ့သာဆို အရာရာ သက်တောင့်သက်သာဖြစ်ရင်

သင့်ချစ်သူဟာ သင်နဲ့အတူတူရှိတိုင်း နွေးထွေးသလိုခံစားရင်၊ သက်တောင့်သက်သာဖြစ်ရင် ၊ ဟန်ဆောင်မှုတွေမလိုပဲအရှိကိုအရှိတိုင်း ပြောဆိုနေထိုင်ရင် သူဟာ သင့်ကိုဘဝလက်တွဲဖော်လို့ သတ်မှတ်ထားသူပါ ။

(၅) သင့်ချစ်သူရဲ့ မိသားစုတွေကလည်း သင့်ကိုမိသားစုဝင်လိုသဘောထားရင်

သင့်ချစ်သူဟာ သူ့မိသားစုဝင်တွေကို သင့်ကိုလက်ထပ်မယ့်အကြောင်းပြောထားလို့သာ သင့်ကို မိသားစုဝင်လို သဘောထားတာပါ ။သင့်ချစ်သူရဲ့မိဘတွေ၊ ဆွေမျိုးတွေ ၊ မောင်နှမတွေနဲ့ အရင်းအချာလို ရင်းနှီးမှုရနေပြီဆိုရင်တော့ သင့်ချစ်သူလက်ထပ်မယ့်သူဟာ သင်ဆိုတာ သေချာနေပါပြီ ။

(၆) သင့်ချစ်သူရဲ့အနာဂတ်တိုင်းမှာ သင်ပါဝင်နေရင်

သင့်ချစ်သူဟာသူ့ဘဝ အနာဂတ်အကြောင်းတင်မကပဲ ၊သင်ပါ ဘယ်လိုပါဝင်နေတယ် ဆိုတာပါ ပြောပြပါလိမ့်မယ်။ဥပမာ- သူဘယ်လိုကားလေးဝယ်မယ် ။ဘယ်လိုအိမ်လေးဆောက်မယ်၊ ဝယ်မယ်။ ပြီးရင်သင်နဲ့အတူတူ အဲ့အိမ် လေးမှာနေမယ်။ အဲ့ကားလေးနဲ့ခရီးတွေသွားမယ် ။ဘယ်အလုပ်မှာ ဘာရာထူးနဲ့လုပ်မယ်။ ပြီးရင် အိမ်ပြန်လာမယ်။ အိမ်မှာ
သင်စောင့်ကြိုနေမယ့်ပုံလေးကို မြင်ယောင်ကြည့်မယ် ။ဒီလိုမျိုးပြောရင်တော့ သူ့ဘဝရဲ့အချိန်တွေကို သင်နဲ့ပဲဖြတ်သန်းချင်တာ သေချာနေပါပြီ။

(၇) အနာဂတ် သားသားမီးမီးလေးတွေ အကြောင်းပြောရင်

စသလိုလို နောက်သလိုပဲဖြစ်ဖြစ် သားဘယ်နှယောက်မွေးမယ် ။ သမီး ဘယ်နှယောက်မွေးမယ် ။ အမွှာလေးတွေမွေးမယ် ။ သင်နဲ့တူရင် ဘယ်လိုရုပ်လေးဖြစ်မယ် ။ ဘာတွေကြိုက်မယ် စသဖြင့်ပြောရင်လည်း သင့်ချစ်သူဟာ သင်နဲ့အတူ ဘဝခရီးလမ်းကို လျှောက်မယ်ဆိုတာ သေချာပါတယ်။


(၈) အရာအားလုံးကို သင်နဲ့အတူမျှဝေခံစားရင်

သင့်ချစ်သူဟာ သူဘာတွေတွေးနေတယ်၊ ဘာတွေတွေ့ကြုံနေရတယ်  စသဖြင့် ပျော်စရာ ဝမ်းနည်းစရာတွေ မျှဝေခံစားရင် ၊နောက်ပြီး ခံစားချက်တွေအပြင် တခြားအရာတွေ(ဥပမာ-လက်ထပ်ဖို့အတွက် ကုန်ကျစရိတ်ကို အတူတူမျှပြီးစုတာတွေ၊ လက်ထပ်ပြီးအတူနေမယ့်အိမ်၊ တိုက်ခန်းဝယ်ဖို့၊ ငှားဖို့ ပိုက်ဆံအတူတူစုထားတာမျိုးတွေ) ကိုပါ မျှဝေရင်သင့်ကိုလက်ထပ်ဖို့ဆိုတာ အသေအချာပါပဲ။

(၉) သင့်စိတ်ကူးထားတဲ့ မင်္ဂလာပွဲ အကြောင်းမေးလာရင်

သင့်ချစ်သူက သင်တို့ရဲ့ မင်္ဂလာပွဲနဲ့ပတ်သတ်ပြီး ဘယ်လိုဆောင်ချင်လဲ? ဘယ်သူတွေကိုဖိတ်မလဲ ? မင်္ဂလာပွဲနဲ့ပတ်သက်ပြီး သင်ဘာတွေကြိုက်လဲ ?မင်္ဂလာလက်စွပ်အတွက် သင့်လက်အရွယ်အစားကိုလေ့လာနေပြီဆိုရင်တော့သင့်ကိုလက်ထပ်မယ်ဆိုတာ သံသယတောင်ဝင်စရာအကြောင်းတောင်မရှိတော့ပါဘူး။

(၁၀) သင့်ချစ်သူဟာ အရင်နဲ့မတူဘဲ သူတစ်ယောက်တည်း တစ်ခုခုကို ယောက်ယက်ခတ် လုပ်နေရင်

သင်မသိတဲ့ တစ်ခုခုကို ယောက်ယက်ခတ် လုပ်နေတာမျိုး ၊ အလုပ်တွေ အရင်ကထက် ပိုလုပ်နေတာမျိုးတွေ ၊ ပိုက်ဆံတွေ ကြိတ်ပြီးစုနေတာမျိုးတွေ ၊ သင်နဲ့ပတ်သတ်လာရင် အရင်ကထက် ဆက်ဆက်ထိမခံနိုင်တာမျိုးတွေ ၊ သင့်ကိုအရာရာ အကောင်းဆုံးလုပ်ပြတာမျိုးတွေ ၊ သင့်အတွက် အရင်ကထက်ပိုပြီး အရမ်းကြိုးစားတာမျိုးတွေ ရှိလာရင် သင့်ချစ်သူဟာ သင့်ကို မကြာခင်မှာ လက်ထပ်တော့မယ်ဆိုတာ အသေအချာပါပဲ ။

သင့်ကိုတကယ် လက်ထပ်မယ် မထပ်ဘူးဆိုတာ သင့်ချစ်သူကို ပွင့်ပွင့်လင်းလင်းမေးတာကတော့ အသေချာဆုံးပါပဲ။ဒီလို မမေးချင်ဘူးဆိုရင်တော့ အပေါ်ကအချက်လေးတွေ ဖတ်ပြီး ခန့်မှန်းနိုင်ပါတယ်။

Credit : Shwemom


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top