iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြ စိတ္ညစ္ရတဲ့ကိစၥေတြထဲမွာ အေၾကာျပတ္ရာေတြ ရွိေနျခင္းကလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္ ။ အေၾကာျပတ္ရာေတြဟာ အမ်ဳိးသမီးအျပင္ အမ်ိဳးသားေတြမွာလည္း ျဖစ္ၾကပါတယ္။

ခႏၶာကိုယ္အေလးခ်ိန္ တိုးလာျခင္း ၊ က်သြားျခင္း ၊ ကိုယ္ဝန္ေဆာင္စဥ္ နွင့္ အေလးမ အားကစားလုပ္ျခင္းတို႔ေၾကာင့္ ျဖစ္ေပၚလာျခင္း ျဖစ္ပါတယ္ ။ အမ်ားအားျဖင့္ တင္ပါး၊ေပါင္၊ေျခသလံုး၊ လက္ေမာင္း နွင့္ ရင္ဘတ္ေနရာေတြမွာ အျဖစ္မ်ားၾကပါတယ္။ အေၾကာျပတ္ရာမ်ားကို ေပ်ာက္ကင္းေစမယ့္ နည္းလမ္းေကာင္းေတြ အမ်ာၾကီးထဲကမွ အလြယ္ကူအရုိုးရွင္းဆံုးနည္းလမ္းကို ေကာက္နုတ္ေဖာ္ျပေပးခ်င္ပါတယ္။

၁။ရွားေစာင္းလက္ပတ္
အားလံုးသိျပီးတဲ့အတိုင္း ရွားေစာင္းလက္ပက္ဟာ အသားအေရအတြက္ေရာ က်န္းမာေရးအတြက္ပါ အဖက္ဖက္က ေကာင္းက်ိဳးေတြအမ်ားၾကီးရွိတဲ့ အပင္ပါ။ ေန႔စဥ္ အေၾကာျပတ္ရာရွိေသာ ေနရာကို ရွားေစာင္းလက္ပတ္ဂ်ယ္  ျဖင့္ ၁၅မိနစ္ခန္႔ ပြတ္လိမ္းျပီး ေရေဆးခ်လိုက္ရံုပါပဲ။ လြယ္လြယ္ေလးပါပဲေနာ္။

၂။သၾကား
သဘာဝ သၾကားျဖဴဟာ အေၾကာျပတ္ရာေတြကို ဖယ္ရွားဖို႔အတြက္ အေကာင္းဆံုးပါပဲ။ သၾကားစားပြဲတင္ဇြန္းတစ္ဇြန္းစား နွင့္ မက္မြန္ဆီအနည္းငယ္ ၊ ထို႔ေနာက္ သံပုယုိရည္တစ္စက္ နွစ္စက္ေလာက္နွင့္ ေရာေမႊပါ။ ယင္းေနာက္ အေၾကာျပတ္ရာေပၚသို႔ မိနစ္အနည္းငယ္ ပြတ္လိမ္းေပးပါ။ ေန႔စဥ္ ေရမခ်ိဳးခင္ ထိုအတိုင္းျပဳလုပ္ေပးရမွာျဖစ္ပါတယ္။

၃။ သံလြင္ဆီ
သံလြင္ဆီကို အသံုးျပဳျပီး အေရျပားေပၚသို႔ နာရီဝက္ ၊ တစ္နာရီၾကာေအာင္ နွိပ္နယ္ေပးျခင္းျဖင့္ အေၾကာျပတ္ျခင္းမ်ားကို သက္သာေစနိုင္သလို အသားအေရလည္း စိုေျပလွပေစမွာပါ။

၄။ၾကက္ဥအကာ
ၾကက္ဥအကာကို အေၾကာျပတ္ျခင္းတို႔အတြက္လည္း အသံုးျပဳနုိင္တယ္ဆိုတာ သိပါသလား။ ၾကက္ဥအကာမွာ အမိုင္နိုအက္ဆစ္နွင့္ ပရိုတိန္းဓါတ္ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ၾကက္ဥနွစ္လံုးကို အကာသီးသန္႔ဖယ္၍ မိတ္ကပ္ဘရပ္ရွ္ျဖင့္ ေမႊေပးပါ။ ထို႔ေနာက္ အေၾကာျပတ္ရာရွိေသာ အေရျပားေပၚသို႔ သုတ္လိမး္ပါ။ ေျခာက္သြားလွ်င္ ေရေအးျဖင့္ ေဆးခ်ပါ။ ထို႔ေနာက္ အစုိဓါတ္ထိမ္းေပးရန္ သံလြင္ဆီလိမ္းေပးပါ။ အနည္းဆံုး နွစ္ပါတ္ၾကာ ျပဳလုပ္ေပးပါ။ ေကာငး္မြန္ေသာ ရလဒ္ကို ျမင္ေတြ႕ရမွာပါ။

၅။သံပုယိုသီး
အေရျပားျပႆနာေတြအတြက္ သံပုယိုသီးကလည္း အသံုးဝင္တဲ့ ပစၥည္းတစ္မ်ိဳးပါပဲ ။ သံပုယိုသီးကို အရည္ညွစ္၍ အေၾကာျပတ္ရာေပၚသို႔ စက္ဝိုင္းပံုစံအတိုင္း ညွင္သာစြာ ပြတ္လိမ္းေပးပါ ။ အေရျပားမွ သံပုယိုရည္ကို စုပ္ယူရန္ အခ်ိန္ ၁၀မိနစ္ခန္႔ ထားပါ ။ ျပီးေနာက္ ေရေႏြးေလးျဖင့္
 ေဆးေၾကာပါ။ ေနာက္ဆံုးတြင္ အစိုဓါတ္ထိန္းေပးရန္ သံလြင္ဆီလိမ္းေပးပါ။ သံပုယိုရည္နွင့္ သခြားရည္တို႔ကို ဆတူေရာစပ္၍လည္း အသံုးျပဳနိုင္ပါသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:CHAN (ေရႊအင္းေလး)

Unicode Version

အမျိုးသမီးတွေ စိတ်ညစ်ရတဲ့ကိစ္စတွေထဲမှာ အကြောပြတ်ရာတွေ ရှိနေခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ အကြောပြတ်ရာတွေဟာ အမျိုးသမီးအပြင် အမျိုးသားတွေမှာလည်း ဖြစ်ကြပါတယ်။

ခန္ဓာကိုယ်အလေးချိန် တိုးလာခြင်း ၊ ကျသွားခြင်း ၊ ကိုယ်ဝန်ဆောင်စဉ် နှင့် အလေးမ အားကစားလုပ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ် ။ အများအားဖြင့် တင်ပါး၊ပေါင်၊ခြေသလုံး၊ လက်မောင်း နှင့် ရင်ဘတ်နေရာတွေမှာ အဖြစ်များကြပါတယ်။ အကြောပြတ်ရာများကို ပျောက်ကင်းစေမယ့် နည်းလမ်းကောင်းတွေ အမျာကြီးထဲကမှ အလွယ်ကူအရိုးရှင်းဆုံးနည်းလမ်းကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်။

၁။ရှားစောင်းလက်ပတ်
အားလုံးသိပြီးတဲ့အတိုင်း ရှားစောင်းလက်ပက်ဟာ အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ အဖက်ဖက်က ကောင်းကျိုးတွေအများကြီးရှိတဲ့ အပင်ပါ။ နေ့စဉ် အကြောပြတ်ရာရှိသော နေရာကို ရှားစောင်းလက်ပတ်ဂျယ်  ဖြင့် ၁၅မိနစ်ခန့် ပွတ်လိမ်းပြီး ရေဆေးချလိုက်ရုံပါပဲ။ လွယ်လွယ်လေးပါပဲနော်။

၂။သကြား
သဘာဝ သကြားဖြူဟာ အကြောပြတ်ရာတွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးပါပဲ။ သကြားစားပွဲတင်ဇွန်းတစ်ဇွန်းစား နှင့် မက်မွန်ဆီအနည်းငယ် ၊ ထို့နောက် သံပုယိုရည်တစ်စက် နှစ်စက်လောက်နှင့် ရောမွှေပါ။ ယင်းနောက် အကြောပြတ်ရာပေါ်သို့ မိနစ်အနည်းငယ် ပွတ်လိမ်းပေးပါ။ နေ့စဉ် ရေမချိုးခင် ထိုအတိုင်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၃။ သံလွင်ဆီ
သံလွင်ဆီကို အသုံးပြုပြီး အရေပြားပေါ်သို့ နာရီဝက် ၊ တစ်နာရီကြာအောင် နှိပ်နယ်ပေးခြင်းဖြင့် အကြောပြတ်ခြင်းများကို သက်သာစေနိုင်သလို အသားအရေလည်း စိုပြေလှပစေမှာပါ။

၄။ကြက်ဥအကာ
ကြက်ဥအကာကို အကြောပြတ်ခြင်းတို့အတွက်လည်း အသုံးပြုနိုင်တယ်ဆိုတာ သိပါသလား။ ကြက်ဥအကာမှာ အမိုင်နိုအက်ဆစ်နှင့် ပရိုတိန်းဓါတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကြက်ဥနှစ်လုံးကို အကာသီးသန့်ဖယ်၍ မိတ်ကပ်ဘရပ်ရှ်ဖြင့် မွှေပေးပါ။ ထို့နောက် အကြောပြတ်ရာရှိသော အရေပြားပေါ်သို့ သုတ်လိမ်းပါ။ ခြောက်သွားလျှင် ရေအေးဖြင့် ဆေးချပါ။ ထို့နောက် အစိုဓါတ်ထိမ်းပေးရန် သံလွင်ဆီလိမ်းပေးပါ။ အနည်းဆုံး နှစ်ပါတ်ကြာ ပြုလုပ်ပေးပါ။ ကောင်းမွန်သော ရလဒ်ကို မြင်တွေ့ရမှာပါ။

၅။သံပုယိုသီး
အရေပြားပြဿနာတွေအတွက် သံပုယိုသီးကလည်း အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးပါပဲ ။ သံပုယိုသီးကို အရည်ညှစ်၍ အကြောပြတ်ရာပေါ်သို့ စက်ဝိုင်းပုံစံအတိုင်း ညှင်သာစွာ ပွတ်လိမ်းပေးပါ ။ အရေပြားမှ သံပုယိုရည်ကို စုပ်ယူရန် အချိန် ၁၀မိနစ်ခန့် ထားပါ ။ ပြီးနောက် ရေနွေးလေးဖြင့်
 ဆေးကြောပါ။ နောက်ဆုံးတွင် အစိုဓါတ်ထိန်းပေးရန် သံလွင်ဆီလိမ်းပေးပါ။ သံပုယိုရည်နှင့် သခွားရည်တို့ကို ဆတူရောစပ်၍လည်း အသုံးပြုနိုင်ပါသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:CHAN (ရွှေအင်းလေး)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top