iMyanmarHouse.com - Best Property Website for Myanmar
×

မိခင္နဲ႕ဖခင္မွာဆုိရင္ ဖခင္ေတြကသာ ကိုယ့္ရဲ႕သမီးေတြကို အခ်ိန္ေပး ဂရုစိုက္ရင္း တစ္ဦးနဲ႕တစ္ဦး သံေယာဇဥ္၊ေမေတၱာေတြ အရင္းတည္ကာ ျပဳစုပ်ိဳးေထာင္ေပးသြားဖုိ႕ ပိုအေရးႀကီးတယ္လို႕ ဆုိခ်င္ပါတယ္။ ဘာျဖစ္လုိ႕လဲဆုိေတာ့ မိခင္ေတြကေတာ့ သားျဖစ္ေစ၊ သမီးျဖစ္ေစ အနီးကပ္ ျပဳစုပ်ိဳးေထာင္ ေျပာဆိုသြန္သင္ေပးတတ္ၾကေပမယ့္ ဖခင္ေတြကေတာ့ စီးပြားေရးအလုပ္ေတြေၾကာင့္၊ လူမႈေရးကိစၥေတြေၾကာင့္ သားသမီးေတြနား မကပ္ျဖစ္တာမ်ားလို႕ပါ။ သားနဲ႕သမီးမွာမွ ဖခင္ေတြဟာ သမီးငယ္ေလးေတြကို ငယ္စဥ္ကတည္းက ပိုမုိျပဳစုပ်ိဳးေထာင္ သင္ၾကားေပးသြားမယ္ဆုိ သူတုိ႕ဟာ အရြယ္ေရာက္တဲ့အခါ ပိုထူးခ်ြန္ထက္ျမက္ၾကတယ္လို႕ ဆုိပါတယ္၊ ဒါကို အခ်က္ (၄)ခ်က္နဲ႕ ခြဲျခားေျပာရမယ္ဆုိရင္

ခႏၶာကိုယ္အခ်ိဳးအစား

၂၀၁၅တုန္းက ေလ့လာေတြ႔ရွိခ်က္တစ္ခုကို ခုျပန္ေျပာရရင္ျဖင့္ ဖခင္နဲ႕ ရင္းႏွီးခ်စ္ခင္မႈ၊ ဂရုစိုက္မႈေတြ ရရွိေနတဲ့ သမီးေတြဟာ အစားအစာ စားေသာက္တဲ့အခါ က်န္းမာေရးနဲ႕ပိုသင့္တာေတာ္တဲ့ အစားအစာေတြကို ေရြးခ်ယ္စားေသာက္တတ္ၾကသလို သူတုိ႕ကိုယ္သူတုိ႕ ခႏၶာကိုယ္ဖြဲ႔စည္းမႈအပုိင္းနဲ႕ ပတ္သက္ရင္လည္း ယံုၾကည္မႈရွိတာ ေတြ႔ၾကရပါတယ္။ သူတုိ႕ဟာ ဖခင္ရဲ႕ဂရုစိုက္မႈ၊ အေလးေပးျခင္း မခံရတဲ့ သမီးေတြလို အစားအေသာက္ကို ျဖစ္သလို စားတာမ်ိဳးေတြလည္း သိပ္မရွိဘူးလို႕ ဆိုထားပါတယ္။

လူမႈဘ၀

ကေလးဘ၀တုန္းက ဖခင္နဲ႕အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကစားခဲ့ရတဲ့ မိန္းကေလးေတြဟာ သူတုိ႕အရြယ္နည္းနည္းေရာက္လာတာနဲ႕အမ်ွ လူမႈဆက္ဆံေရးအပုိင္းမွာ ေကာင္းမြန္စြာ အဆင္ေျပေျပ ဆက္ဆံႏိုင္ၾကတယ္လို႕ Fathering ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။ ဒါဘာျဖစ္လုိ႕လဲဆိုေတာ့ ငယ္စဥ္ကေလးဘ၀က ဖခင္နဲ႕အတူ ေဆာ့ကစားရင္း ၾကီးျပင္းလာတဲ့ သမီးငယ္ေတြဟာ သူတုိ႕ရဲ႕စိတ္ေပ်ာ္ရႊင္မႈအပိုင္း၊ စိတ္လႈပ္ရွားမႈ၊ တစ္ခုခုကို လ်ွင္ျမန္စြာ တံု႕ျပန္တတ္မႈအပိုင္း၊ သည္းခံတတ္မႈအပိုင္းေတြကို အဲ့ဒီ ကေလးဘ၀ကတည္းက သင္ယူျပီးခဲ့လို႕ပဲ ျဖစ္ပါတယ္။

ဥာဏ္ရည္ထက္ျမက္မႈ

ကေလးဘ၀တုန္းက ဖခင္နဲ႕အတူ စာဖတ္တာေတြ၊ ျပတုိက္ေတြအတူတူသြားတာေတြ၊ ဂိမ္းအတူတူေဆာ့တာေတြ လုပ္ခဲ့တဲ့သမီးငယ္ေတြဟာ အသက္ ၁၁ႏွစ္ေလာက္မွာကတည္းက သူမ်ားနဲ႕မတူတဲ့ IQကို ရရွိေနပါျပီတဲ့။ ဒါ့ေၾကာင့္ ကေလးဘ၀ကတည္းက ဖခင္ဟာ သမီးငယ္ေတြကို ကုိယ့္ရဲ႕အသိအျမင္၊ အေတြးစတာေတြကို ေ၀မ်ွေပးတတ္မယ္ဆုိရင္ သူတုိ႕ရဲ႔ေရွ႕ေရးဟာ ေတာ္ေတာ္ေလး ေျဖာင့္ျဖဴးသြားမွာပါ။

အလုပ္အကိုင္

Psychological Science ဂ်ာနယ္မွာ ေဖာ္ျပထားခ်က္အရေတာ့ အေမနဲ႕အတူ အိမ္မႈကိစၥေတြကို ခြဲေ၀လုပ္ေနတာကို ျမင္ေတြ႔ရဖန္မ်ားတဲ့ သမီးေတြဟာ တစ္ခ်ိန္မွာ အလုပ္အကိုင္နဲ႕ ပတ္သက္တဲ့ ျမင့္မားတဲ့ ရည္မွန္းခ်က္ ပန္းတုိင္ရွိေနတတ္တယ္လို႕ သိရပါတယ္။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:TrendMyanmar

#Unicode Version

မိခင်နဲ့ဖခင်မှာဆိုရင် ဖခင်တွေကသာ ကိုယ့်ရဲ့သမီးတွေကို အချိန်ပေး ဂရုစိုက်ရင်း တစ်ဦးနဲ့တစ်ဦး သံယောဇဉ်၊မေတ္တောတွေ အရင်းတည်ကာ ပြုစုပျိုးထောင်ပေးသွားဖို့ ပိုအရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိခင်တွေကတော့ သားဖြစ်စေ၊ သမီးဖြစ်စေ အနီးကပ် ပြုစုပျိုးထောင် ပြောဆိုသွန်သင်ပေးတတ်ကြပေမယ့် ဖခင်တွေကတော့ စီးပွားရေးအလုပ်တွေကြောင့်၊ လူမှုရေးကိစ္စတွေကြောင့် သားသမီးတွေနား မကပ်ဖြစ်တာများလို့ပါ။ သားနဲ့သမီးမှာမှ ဖခင်တွေဟာ သမီးငယ်လေးတွေကို ငယ်စဉ်ကတည်းက ပိုမိုပြုစုပျိုးထောင် သင်ကြားပေးသွားမယ်ဆို သူတို့ဟာ အရွယ်ရောက်တဲ့အခါ ပိုထူးချွန်ထက်မြက်ကြတယ်လို့ ဆိုပါတယ်၊ ဒါကို အချက် (၄)ချက်နဲ့ ခွဲခြားပြောရမယ်ဆိုရင်

ခန္ဓာကိုယ်အချိုးအစား

၂၀၁၅တုန်းက လေ့လာတွေ့ရှိချက်တစ်ခုကို ခုပြန်ပြောရရင်ဖြင့် ဖခင်နဲ့ ရင်းနှီးချစ်ခင်မှု၊ ဂရုစိုက်မှုတွေ ရရှိနေတဲ့ သမီးတွေဟာ အစားအစာ စားသောက်တဲ့အခါ ကျန်းမာရေးနဲ့ပိုသင့်တာတော်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်တတ်ကြသလို သူတို့ကိုယ်သူတို့ ခန္ဓာကိုယ်ဖွဲ့စည်းမှုအပိုင်းနဲ့ ပတ်သက်ရင်လည်း ယုံကြည်မှုရှိတာ တွေ့ကြရပါတယ်။ သူတို့ဟာ ဖခင်ရဲ့ဂရုစိုက်မှု၊ အလေးပေးခြင်း မခံရတဲ့ သမီးတွေလို အစားအသောက်ကို ဖြစ်သလို စားတာမျိုးတွေလည်း သိပ်မရှိဘူးလို့ ဆိုထားပါတယ်။

လူမှုဘဝ

ကလေးဘဝတုန်းက ဖခင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ရတဲ့ မိန်းကလေးတွေဟာ သူတို့အရွယ်နည်းနည်းရောက်လာတာနဲ့အမျှ လူမှုဆက်ဆံရေးအပိုင်းမှာ ကောင်းမွန်စွာ အဆင်ပြေပြေ ဆက်ဆံနိုင်ကြတယ်လို့ Fathering ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါဘာဖြစ်လို့လဲဆိုတော့ ငယ်စဉ်ကလေးဘဝက ဖခင်နဲ့အတူ ဆော့ကစားရင်း ကြီးပြင်းလာတဲ့ သမီးငယ်တွေဟာ သူတို့ရဲ့စိတ်ပျော်ရွှင်မှုအပိုင်း၊ စိတ်လှုပ်ရှားမှု၊ တစ်ခုခုကို လျှင်မြန်စွာ တုံ့ပြန်တတ်မှုအပိုင်း၊ သည်းခံတတ်မှုအပိုင်းတွေကို အဲ့ဒီ ကလေးဘဝကတည်းက သင်ယူပြီးခဲ့လို့ပဲ ဖြစ်ပါတယ်။

ဉာဏ်ရည်ထက်မြက်မှု

ကလေးဘဝတုန်းက ဖခင်နဲ့အတူ စာဖတ်တာတွေ၊ ပြတိုက်တွေအတူတူသွားတာတွေ၊ ဂိမ်းအတူတူဆော့တာတွေ လုပ်ခဲ့တဲ့သမီးငယ်တွေဟာ အသက် ၁၁နှစ်လောက်မှာကတည်းက သူများနဲ့မတူတဲ့ IQကို ရရှိနေပါပြီတဲ့။ ဒါ့ကြောင့် ကလေးဘဝကတည်းက ဖခင်ဟာ သမီးငယ်တွေကို ကိုယ့်ရဲ့အသိအမြင်၊ အတွေးစတာတွေကို ဝေမျှပေးတတ်မယ်ဆိုရင် သူတို့ရဲ့ရှေ့ရေးဟာ တော်တော်လေး ဖြောင့်ဖြူးသွားမှာပါ။

အလုပ်အကိုင်

Psychological Science ဂျာနယ်မှာ ဖော်ပြထားချက်အရတော့ အမေနဲ့အတူ အိမ်မှုကိစ္စတွေကို ခွဲဝေလုပ်နေတာကို မြင်တွေ့ရဖန်များတဲ့ သမီးတွေဟာ တစ်ချိန်မှာ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ မြင့်မားတဲ့ ရည်မှန်းချက် ပန်းတိုင်ရှိနေတတ်တယ်လို့ သိရပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:TrendMyanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top