iMyanmarHouse.com - Best Property Website for Myanmar
×
Credit  :Duwun
ပို့သပေးပါတယ်။
#Unicode Version
အလုပ်မှာပဲ ဖြစ်ဖြစ်၊ ကျောင်းမှာပဲ ဖြစ်ဖြစ် ယောကျၤားလေးတွေနဲ့ကတစ်ချိန်လုံး မြင်နေ၊ တွေ့နေရတာ။ ခန့်ပါတယ်၊ အားကိုးချင်စရာ ကောင်းပါတယ်ဆိုပြီး ကောင်မလေးတွေ ရင်ထဲ ဖီးလ်ဖြစ်စေမယ့် ကောင်လေးပုံစံဆိုတာ ဘယ်လိုမျိုး ဖြစ်မလဲ။
သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် နေတတ်သူ
ကောင်မလေးတွေ ကြည့်လိုက်ရင် ရုပ်ချောနေတာထက် နေပုံထိုင်ပုံ သန့်ရှင်းတယ်၊ ဝတ်ပုံစားပုံလည်း သပ်ရပ်မယ်ဆိုု မျက်စိထဲ ကြည့်ကောင်းနေတာပါပဲ။ အကျၤီကိုလည်း သေသေချာချာ မီးပူတိုက်ထားပြီး ဝတ်တယ်။ ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိဘူးဆိုရင် ကြိုက်ဖို့ နေနေသာသာ အနားတောင် မကပ်ချင်ပါဘူး။ မုတ်ဆိတ်မွေးကိုလည်း ပြောင်ရှင်းနေအောင် ရိတ်ထားမယ်။ ဆံပင်ကိုလည်း စတိုင်ကျကျ ပုံမှန်ညှပ်တယ်။ ခြေသည်း၊ လက်သည်းတွေကို ပုံမှန် လှီးဖြတ်ထားမယ်။ ချိုင်းချွေးနဲ့ မနံအောင် ရေမွှေးနံ့ (သို့) Roll On သုံးထားမယ်။ ဒါတွေ အကုန်လုံး ပြည့်စုံတဲ့နေ့ဆိုရင် သေချာ သတိထားကြည့်ပါ။ ကောင်မလေးတွေနဲ့ အဆင်ပြေနေတာကို အံ့သြစရာကောင်းလောက်အောင် တွေ့ရပါလိမ့်မယ်။
ဘယ်သူ့ကိုမဆို ချိုချိုသာသာ ဆက်ဆံတဲ့သူ
အမြဲတမ်း ယဉ်ယဉ်ကျေးကျေး၊ ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာ မျက်နှာကိုကြည့်ပြီး စကားပြောတတ်တယ်။ ဘယ်သူ့ကိုမဆို အဆင့်အတန်းမခွဲခြားပဲ လေးလေးစားစား ဆက်ဆံနိုင်သူကိုတော့ အရမ်းကြိုက်တာပါ။ မိန်းကလေးတွေကို ဦးစားပေးတတ်မယ် ဆိုရင် ပိုလို့တောင် ကြွေသေးတယ်။ ထိုင်ရင်တောင် ထိုင်ခုံလေးကို ဆွဲယူပေးပြီး တံခါးလေးကိုလည်း ကြိုဖွင့်ပေးတာကိုက ချစ်စရာကောင်းပါတယ်။ မိန်းကလေးတွေကို စာနာပြီး ဦးစားပေးတတ်တဲ့ ယောကျၤားလေးတွေက တကယ်ချစ်ဖို့ကောင်းပြီး လူကြီးလူကောင်း (Gentleman) အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားတာပါ။
စည်းကမ်းရှိရှိ စားတတ်သောက်တတ်သူ
အစားအသောက်ကိုလည်း အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် စားသောက်တတ်တဲ့သူတွေပေါ့။ အသန့်တအားကြိုက်တဲ့သူတွေကို မဆိုလိုပါဘူး။ စည်းကမ်းမရှိဘဲ လက်ကြီးနဲ့ ဟိုနှိုက်စား၊ ဒီနှိုက်စားလုပ်တာဆိုရင်တော့ ဂျောင်းလိုက်ပါတော့။
ကိုယ့်ရင်ထဲက စကားတွေကို အမြဲနားထောင်ပေးသူ
စိတ်ညစ်စရာတွေပဲဖြစ်ဖြစ်၊ အခက်တွေ့နေတာတွေပဲ ဖြစ်ဖြစ် ပြောပြချင်တာတွေကို လက်ခံနားထောင်ပေးတတ်သူဆိုရင်လည်း သမီးတို့ အသည်း ဖြစ်လာနိုင်ပါတယ်။ ပေါက်ကရတွေချည်း ထိုင်ပြောမှာတော့ မကြောက်ပါနဲ့။ ကိုယ် ခိုက်နေတဲ့ ကောင်လေးကို ဘယ်သူက စိတ်ဒုက္ခ ပေးချင်မှာလဲနော်။
ကဲ... ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ ကောင်လေး ဘယ်နှစ်ယောက်ရှိလဲ ရှိုးကြည့်လိုက်ရအောင်။
Credit  :Duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top