iMyanmarHouse.com - Best Property Website for Myanmar
×





Credit: PlanetMyanmar

#Unicode Version
မျက်နှာမှာ ပါချိုင့် ပါတဲ့သူတွေက သာမန်လူတွေထက် ချစ်စဖွယ်ပိုကောင်းတယ်လို့ အများစုက လက်ခံထားကြပါတယ်။ ပါးချိုင့် ပါသူတွေရဲ့ အပြုံးဟာ သာမန်လူတွေထက် ပိုပြီးဆွဲဆောင်မှုရှိတာလည်း ငြင်းလို့မရပါဘူး။ ဒါပေမယ့် ပါးချိုင့်ဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။

ဆေးပညာသဘောတရားအရတော့ ပါးချိုင့်တွေဟာ ဓါတ်ချွတ်ယွင်းမှုကြောင့် ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ အရေပြားနဲ့ အရိုးတွေကိုဆက်သွယ်ထားတဲ့ တစ်သျှူးမျှင်တွေ ပုံမှန်အတိုင်းမရှိလို့ ပါးချိုင့်ဖြစ်လာရခြင်းလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။

မျက်နှာကြွက်သားချို့တဲ့တာကြောင့်လို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့်ဆေးပညာသဘောတရားအရတော့ ပါးချိုင့်ရှိတာဟာ ကောင်းတယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့်လည်း ပါချိုင့်ဟာ လူကိုအန္တရာယ်ဖြစ်စေလောက်တဲ့ ဓါတ်ချို့တဲ့မှုမျိုးတော့ မဖြစ်စေလို့ စိုးရိမ်စရာမရှိပါဘူး။

ဓါတ်ချွတ်ယွင်းမှုကြောင့်ဖြစ်လာတဲ့ အချိုင့်ဟာ ပါးမှာပေါ်လာတဲ့အခါ ပါးချိုင့်လို့ခေါ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကျောကုန်အောက်ဘက်နေရာတွေမှာလည်း ဒီလိုအချိုင့်တွေဖြစ်နိုင်ပါသေးတယ်။ ပါးမှာမှ ပေါ်တာမဟုတ်ပါဘူး။ သင့်ရဲ့မေးစေ့မှာလည်း ဒီလိုအချိုင့်ဖြစ်နိုင်ချေရှိပါတယ်။

Credit: PlanetMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top