iMyanmarHouse.com - Best Property Website for Myanmar
×

စြန္႔စားျပီး ကိုယ္ပိုင္စီးပြားေရးလုပ္မယ္ဆို သိထားသင့္တဲ့ အခ်က္ေတြ ျဖစ္ပါတယ္။ စြန္႔စားလုပ္ကိုင္ရတာေၾကာင့္ အခက္အခဲမ်ားစြာ ရွိႏုိင္ပါတယ္။ ဒီလိုအခက္အခဲေတြကို ရဲရဲရင့္ရင့္ေက်ာ္လႊားႏုိင္ဖို႔လည္း ျဖစ္ပါတယ္။

၁ - ျပင္းျပမႈ

စီးပြားေရးလုပ္ငန္းမွ မဟုတ္ပါဘူး။ ဘယ္ကိစၥမဆို ျပင္းျပတက္ၾကြတဲ့စိတ္ထားမ်ိဳး ရွိဖို႔လုိပါတယ္။ ဒီအလုပ္ကို ထပ္ကာ ထပ္ကာ လုပ္တာေတာင္ ပ်င္းရိသြားျခင္းမဘူးဆိုတာ ေသခ်ာဖို႔ လိုပါတယ္။ ဘာျပီးရင္ ဘာလုပ္မယ္ဆိုတဲ့ အစီစဥ္စိတ္ကူးေတြ အျမဲေတြးၾကည့္ေနမိဖို႔လိုပါတယ္။

၂ - စြန္႔စားမႈ

စြန္႔စားျပီး လုပ္တဲ့အတြက္ ၾကံဳရမယ့္အခက္အခဲေတြကိုလည္း ရင္ဆုိင္ႏုိင္ဖို႔ လိုပါတယ္။ အထူးသျဖင့္ စိတ္ပိုင္းဆုိင္ရာ ဖိစီးမႈကို ခံႏုိင္ရည္ရွိဖို႔ လိုပါတယ္။ ဒီလိုအခက္အခဲေတြကို မေၾကာက္ရေလာက္ေအာင္ သင့္ဘက္က စိတ္ျပင္းျပေနဖို႔လည္း လိုပါတယ္။ စီးပြားေရးမွာ စြန္႔စားတယ္ဆိုတာ ေလာင္းကစားလုပ္တာ မဟုတ္ပါဘူး။ သင့္မွာရွိတဲ့ ညဏ္ဏအရင္းျမစ္၊လူသားရင္းျမစ္၊ ေငြေၾကးအင္အားေတြနဲ႔ ျဖစ္ႏုိင္၊မျဖစ္ႏုိင္တြက္ခ်က္ျပီး ရဲရဲဝံ့ဝံ့လုပ္ကိုင္ရဲတာမ်ိဳး ျဖစ္ပါတယ္။

၃ - ယံုၾကည္မႈ

အခက္အခဲေတြရွိလာတဲ့အခါ ေတြေဝမသြားဖို႔လည္း လိုပါတယ္။ ေဘးစကားေတြကို ခ်င့္ခ်ိန္သံုးသပ္ျပီးမွ လက္ခံဖို႔လည္း လိုပါတယ္။ လုပ္ငန္းနဲ႔ပတ္သက္ျပီး ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမရွိဘူးဆိုရင္ေတာ့ အေစာၾကီးကတည္းက မလုပ္တာ အေကာင္းဆံုးပါ။

၄ - ေပ်ာ့ေျပာင္းမႈ

စီးပြားေရးလုပ္တဲ့အခါ အရမ္းၾကီးေခါင္းမာလို႔မရပါဘူး။ ပညာရွင္အေနနဲ႔ စတာပဲ ျဖစ္ျဖစ္၊ ေငြေၾကးရင္းႏွီးျမႇပ္ႏွံသူပဲ ျဖစ္ျဖစ္ ပတ္ဝန္းက်င္အေျခအေနအရ လိုက္ေလ်ာညီေထြျဖစ္ႏုိင္ဖို႔ လိုပါတယ္။ လူေတြနဲ႔ဆက္ဆံေရးမွာ အေျခအေနအရ လိုက္ေလ်ာညီေထြျဖစ္ဖို႔လိုပါတယ္။ သင္လုပ္ကိုင္မယ့္ စီးပြားေရးနယ္ပယ္ဟာ အခ်ိန္နဲ႔အမွ် ေျပာင္းလဲေနတာဆိုရင္ေတာ့ ပိုသတိထားရပါတယ္။ ကိုယ့္ဘက္က တရားေသၾကီး ဆုပ္ကိုင္ထားတာမ်ိဳး မလုပ္ဖို႔ အေရးၾကီးပါတယ္။

၅ - ေငြေၾကး

ေငြေၾကးပိုင္း စီမံခန္႔ခြဲႏုိင္စြမ္းရွိဖို႔လည္း လိုပါတယ္။ လုပ္ငန္းအတြက္ တစ္ႏွစ္အတြင္း ေငြေၾကးဘယ္ေလာက္ရင္းႏွီးမယ္ဆိုတဲ့ ရည္မွန္းခ်က္မ်ိဳးရွိတာေၾကာင့္ ထိထိေရာက္ေရာက္ စီမံခန္႔ခြဲႏုိင္ဖို႔လည္း လိုပါတယ္။ လုပ္ငန္းတစ္ခုေအာင္ျမင္မႈမွာ ေငြေၾကးကို ၁၀၀ ရာခိုင္ႏႈန္း ထိေရာက္စြာ ကိုင္တြယ္ႏုိင္မႈဟာလည္း အေရးၾကီးပါတယ္။

၆ - စီမံကိန္း

စြန္႔စားရမွာ ျဖစ္တာေၾကာင့္ သင္ခ်မွတ္တဲ့ စီမံကိန္းက က်စ္က်စ္လစ္လစ္ျဖစ္ဖို႔ လိုပါတယ္။ လုပ္တတ္ဆံုးအမွားကေတာ့ လိုတာထက္ပိုတဲ့ စီမံကိန္းျဖစ္ပါတယ္။ စစခ်င္းမွာ စိတ္အားတက္ၾကြမႈေတြနဲ႔ ျဖစ္သင့္တာထက္ ပိုမုိၾကီးမားတဲ့ စီမံကိန္းေတြ ဆြဲတတ္ပါတယ္။ ဒီအစား လက္ေတြ႕ေအာင္ျမင္ႏုိင္တဲ့ ရည္မွန္းခ်က္မ်ိဳးကိုသာ ထားသင့္တာပါ။

၇ - ကြန္ယက္

အဆက္အသြယ္၊ မိတ္ေဆြအေပါင္းအသင္း က်ယ္ျပန္႔ဖို႔လိုပါတယ္။ ကိုယ္လုပ္မယ္ဆုိ ကူညီမယ္ဆိုတဲ့ သူငယ္ခ်င္းမ်ိဳး လိုပါတယ္။ သင္လုပ္မယ့္လုပ္ငန္းနဲ႔ပတ္သက္တဲ့ အခ်ိတ္အဆက္ကြန္ယက္ေတြ က်ယ္က်ယ္ျပန္႔ျပန္႔ရွိရင္ အေကာင္းဆံုးပါပဲ။


Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version


စွန့်စားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆို သိထားသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ စွန့်စားလုပ်ကိုင်ရတာကြောင့် အခက်အခဲများစွာ ရှိနိုင်ပါတယ်။ ဒီလိုအခက်အခဲတွေကို ရဲရဲရင့်ရင့်ကျော်လွှားနိုင်ဖို့လည်း ဖြစ်ပါတယ်။

၁ - ပြင်းပြမှု

စီးပွားရေးလုပ်ငန်းမှ မဟုတ်ပါဘူး။ ဘယ်ကိစ္စမဆို ပြင်းပြတက်ကြွတဲ့စိတ်ထားမျိုး ရှိဖို့လိုပါတယ်။ ဒီအလုပ်ကို ထပ်ကာ ထပ်ကာ လုပ်တာတောင် ပျင်းရိသွားခြင်းမဘူးဆိုတာ သေချာဖို့ လိုပါတယ်။ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အစီစဉ်စိတ်ကူးတွေ အမြဲတွေးကြည့်နေမိဖို့လိုပါတယ်။

၂ - စွန့်စားမှု

စွန့်စားပြီး လုပ်တဲ့အတွက် ကြုံရမယ့်အခက်အခဲတွေကိုလည်း ရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ဒီလိုအခက်အခဲတွေကို မကြောက်ရလောက်အောင် သင့်ဘက်က စိတ်ပြင်းပြနေဖို့လည်း လိုပါတယ်။ စီးပွားရေးမှာ စွန့်စားတယ်ဆိုတာ လောင်းကစားလုပ်တာ မဟုတ်ပါဘူး။ သင့်မှာရှိတဲ့ ညဏ်ဏအရင်းမြစ်၊လူသားရင်းမြစ်၊ ငွေကြေးအင်အားတွေနဲ့ ဖြစ်နိုင်၊မဖြစ်နိုင်တွက်ချက်ပြီး ရဲရဲဝံ့ဝံ့လုပ်ကိုင်ရဲတာမျိုး ဖြစ်ပါတယ်။

၃ - ယုံကြည်မှု

အခက်အခဲတွေရှိလာတဲ့အခါ တွေဝေမသွားဖို့လည်း လိုပါတယ်။ ဘေးစကားတွေကို ချင့်ချိန်သုံးသပ်ပြီးမှ လက်ခံဖို့လည်း လိုပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုရင်တော့ အစောကြီးကတည်းက မလုပ်တာ အကောင်းဆုံးပါ။

၄ - ပျော့ပြောင်းမှု

စီးပွားရေးလုပ်တဲ့အခါ အရမ်းကြီးခေါင်းမာလို့မရပါဘူး။ ပညာရှင်အနေနဲ့ စတာပဲ ဖြစ်ဖြစ်၊ ငွေကြေးရင်းနှီးမြှပ်နှံသူပဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်အခြေအနေအရ လိုက်လျောညီထွေဖြစ်နိုင်ဖို့ လိုပါတယ်။ လူတွေနဲ့ဆက်ဆံရေးမှာ အခြေအနေအရ လိုက်လျောညီထွေဖြစ်ဖို့လိုပါတယ်။ သင်လုပ်ကိုင်မယ့် စီးပွားရေးနယ်ပယ်ဟာ အချိန်နဲ့အမျှ ပြောင်းလဲနေတာဆိုရင်တော့ ပိုသတိထားရပါတယ်။ ကိုယ့်ဘက်က တရားသေကြီး ဆုပ်ကိုင်ထားတာမျိုး မလုပ်ဖို့ အရေးကြီးပါတယ်။

၅ - ငွေကြေး

ငွေကြေးပိုင်း စီမံခန့်ခွဲနိုင်စွမ်းရှိဖို့လည်း လိုပါတယ်။ လုပ်ငန်းအတွက် တစ်နှစ်အတွင်း ငွေကြေးဘယ်လောက်ရင်းနှီးမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးရှိတာကြောင့် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့လည်း လိုပါတယ်။ လုပ်ငန်းတစ်ခုအောင်မြင်မှုမှာ ငွေကြေးကို ၁၀၀ ရာခိုင်နှုန်း ထိရောက်စွာ ကိုင်တွယ်နိုင်မှုဟာလည်း အရေးကြီးပါတယ်။

၆ - စီမံကိန်း

စွန့်စားရမှာ ဖြစ်တာကြောင့် သင်ချမှတ်တဲ့ စီမံကိန်းက ကျစ်ကျစ်လစ်လစ်ဖြစ်ဖို့ လိုပါတယ်။ လုပ်တတ်ဆုံးအမှားကတော့ လိုတာထက်ပိုတဲ့ စီမံကိန်းဖြစ်ပါတယ်။ စစချင်းမှာ စိတ်အားတက်ကြွမှုတွေနဲ့ ဖြစ်သင့်တာထက် ပိုမိုကြီးမားတဲ့ စီမံကိန်းတွေ ဆွဲတတ်ပါတယ်။ ဒီအစား လက်တွေ့အောင်မြင်နိုင်တဲ့ ရည်မှန်းချက်မျိုးကိုသာ ထားသင့်တာပါ။

၇ - ကွန်ယက်

အဆက်အသွယ်၊ မိတ်ဆွေအပေါင်းအသင်း ကျယ်ပြန့်ဖို့လိုပါတယ်။ ကိုယ်လုပ်မယ်ဆို ကူညီမယ်ဆိုတဲ့ သူငယ်ချင်းမျိုး လိုပါတယ်။ သင်လုပ်မယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့ အချိတ်အဆက်ကွန်ယက်တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိရင် အကောင်းဆုံးပါပဲ။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top