iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္ဥထဲတြင္ ပါဝင္သည့္ ဓါတ္တစ္မ်ိဳးမွာ စိတ္က် ေရာဂါကို သက္သာေစ ႏိုင္ေၾကာင္းဂ်ပန္ ႏိုင္ငံရွိ သုေတသနပညာရွင္မ်ားမွ ေတြ႔ရွိခဲ့ျပီ ျဖစ္သည္။

Kyushu တကၠသိုလ္ ဘဲြရမ်ား ေက်ာင္းမွ ပါေမာကၡ Mitsuhiro Furuse ဦးေဆာင္သည့္ သုေတသန အဖြဲ႔ တစ္ခုမွာ လြန္ခဲ့သည့္ ဗုဒၶဟူး ေန႔က ဂ်ပန္ရွိ Society of Animal Science ကြန္ဖရင့္တြင္ အဆိုပါ သုေတ သန ရလာဒ္ကို ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ သုေတသနကို ပံုမွန္ လႈပ္လႈပ္ရွားရွား ေနတတ္သည့္ ၾကြက္မ်ား ထက္ အနည္းငယ္ ျငိမ္သက္သည့္ စိတ္က်ေရာဂါ လကၡဏာကို ျပသသည့္ ၾကြက္မ်ားကို ေရြးခ်ယ္ျပီး တစ္လၾကာ ၾကက္ဥ အရည္မ်ား တိုက္ေကၽြးျပီး စမ္းသပ္ခဲ့ျခင္းျဖစ္ကာ ယခင္ကထက္ပိုျပီး လႈပ္လႈပ္ရွားရွား ေနထိုင္သည္
ကို ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ယင္းစမ္းသပ္ခ်က္ အရ အဆိုပါ ၾကြက္မ်ား အတြင္းတြင္ ၾကက္ဥရည္ ေသာက္ရသည့္ ၾကြက္မ်ားမွာ အျခား ၾကြက္မ်ားထက္ ၁.၃ ဆ ပိုမိုျပီး ေရကူးႏိုင္ေၾကာင္း ေတြ႔ရွိ ခဲ့ျခင္း ျဖစ္သည္။

ထို႔ ျပင္ tryptophan ေခၚ အမိုင္ႏိုအက္ဆစ္ဓါတ္ တိုးလာသည္ကို ေတြ႔ခဲ့ရျပီး ယင္းဓါတ္မွာ စိတ္က် ေရာဂါကို တိုက္ဖ်က္ရာတြင္ ကူညီသည့္ ဓါတ္တစ္မ်ိဳး လည္း ျဖစ္သည္။

Credit:thithtoolwin


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကြက်ဥထဲတွင် ပါဝင်သည့် ဓါတ်တစ်မျိုးမှာ စိတ်ကျ ရောဂါကို သက်သာစေ နိုင်ကြောင်းဂျပန် နိုင်ငံရှိ သုတေသနပညာရှင်များမှ တွေ့ရှိခဲ့ပြီ ဖြစ်သည်။

Kyushu တက္ကသိုလ် ဘွဲရများ ကျောင်းမှ ပါမောက္ခ Mitsuhiro Furuse ဦးဆောင်သည့် သုတေသန အဖွဲ့ တစ်ခုမှာ လွန်ခဲ့သည့် ဗုဒ္ဓဟူး နေ့က ဂျပန်ရှိ Society of Animal Science ကွန်ဖရင့်တွင် အဆိုပါ သုတေ သန ရလာဒ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သုတေသနကို ပုံမှန် လှုပ်လှုပ်ရှားရှား နေတတ်သည့် ကြွက်များ ထက် အနည်းငယ် ငြိမ်သက်သည့် စိတ်ကျရောဂါ လက္ခဏာကို ပြသသည့် ကြွက်များကို ရွေးချယ်ပြီး တစ်လကြာ ကြက်ဥ အရည်များ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ခြင်းဖြစ်ကာ ယခင်ကထက်ပိုပြီး လှုပ်လှုပ်ရှားရှား နေထိုင်သည်
ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းစမ်းသပ်ချက် အရ အဆိုပါ ကြွက်များ အတွင်းတွင် ကြက်ဥရည် သောက်ရသည့် ကြွက်များမှာ အခြား ကြွက်များထက် ၁.၃ ဆ ပိုမိုပြီး ရေကူးနိုင်ကြောင်း တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ထို့ ပြင် tryptophan ခေါ် အမိုင်နိုအက်ဆစ်ဓါတ် တိုးလာသည်ကို တွေ့ခဲ့ရပြီး ယင်းဓါတ်မှာ စိတ်ကျ ရောဂါကို တိုက်ဖျက်ရာတွင် ကူညီသည့် ဓါတ်တစ်မျိုး လည်း ဖြစ်သည်။

Credit:thithtoolwin




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top