iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္စဥ္ႏွစ္တိုင္း ေဖေဖာ္၀ါရီေရာက္ၿပီးဆိုလွ်င္ လူငယ္ေတြၾကားမွာ လႈပ္လႈပ္ရွားရွား ျဖစ္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အားလံုးသိၾကတဲ့အတိုင္း Valentine’s Day လို႕ ေခၚတဲ့ ခ်စ္သူမ်ားေန႔ဟာ ေဖေဖာ္၀ါရီလ ဆယ့္ေလးရက္ေန႔ျဖစ္ေနလုိ႔ပါပဲ။ "သေဘာနားလည္သူၾကင္သည္ကို၊ ဆိမ့္ၾကည့္ေလးပင္၊ ျမင္းတို႔ခ်င္ငဲ့" ဆိုတဲ့ ဆရာမၾကည္ေအးေရးခဲ့ဖူးတဲ့ စာသားေလးအတိုင္းပါပဲ လူငယ္ဆိုတာ အခ်စ္ဆိုတဲ့အရာကို ျမည္းတို႔ခ်င္တဲ့စိတ္ ကေလးေတြရွိၾကတာ သဘာ၀ပါ။  အဲဒီလုိခ်စ္တတ္တဲ့လူငယ္ေလးေတြက ခ်စ္သူမ်ားေန႔ဆိုတာကို ရင္ခုန္စြာနဲ႔ ေမွ်ာ္လင့္တႀကီးေစာင့္ေမွ်ာ္ေနတတ္တာကို အျပစ္တစ္ခုရယ္လို႕ မဆိုခ်င္ပါ။

ဟုတ္ပါတယ္။ ေဖေဖာ္၀ါရီလ ေရာက္ၿပီးဆိုရင္ Valentine’s Day ဆိုတဲ့ ရက္ေလးတစ္ရက္အတြက္ လူေတာ္ေတာ္မ်ားမ်ား အလုပ္ရႈပ္ၾကရပါတယ္။ ပန္းစည္းေတြမွာဖုိ႔၊ ေခ်ာကလက္၀ယ္ဖုိ႔၊ လက္ေဆာင္ပစၥည္း၀ယ္ဖုိ႔နဲ႔ စံုေနတာပါပဲ။
ဒါနဲ႔ ဘာရယ္ေၾကာင့္မ်ား ေဖေဖာ္၀ါရီလ တစ္ဆယ့္ေလးရက္ေန႕ကို Valentine’s Day ဆိုၿပီး နာမည္ေပးထားပါလိမ္႔။ ၾကည္ႏူးဖြယ္ရာ ေန႕ရက္ေလးရဲ႕ ေနာက္ကြယ္မွာ ရင္နင့္စရာ ဒ႑ာရီေလးတစ္ပုဒ္ရွိခဲ့ပါတယ္။ တကယ္ေတာ့ St.Valentine ကို ရည္စူးၿပီး Valentine’s Day လို႕ နာမည္ေပးခဲ့တာပါ။ St. Valentine အေၾကာင္းျပန္ေျပာရမယ္ဆိုရင္ ရင္နင့္စရာေကာင္းလွေပမယ့္ ေဖေဖာ္၀ါရီလဆိုတဲ့ လေလးကေတာ့ ကၽြန္မတို႔အတြက္ ခ်စ္ျခင္းေမတၱာေတြနဲ႔ ထံုမြမ္းထားတဲ့ ႏွစ္သက္စရာလေလးတစ္လပါပဲ။

ဒ႑ာရီတစ္ခုမွာေတာ့ St.Valentine’s ဆိုတာ သံုးရာစုႏွစ္ေလာက္တုန္းက ေရာမႏိုင္ငံမွာရွိတဲ့ ဘုန္းေတာ္ႀကီးတစ္ပါးရဲ႔အမည္လုိ႔ အခိုင္အမာေျပာဆိုထားပါတယ္။ အဲဒီအခ်ိန္တုန္းက ေရာမအင္ပါယာႀကီး တစခုလံုးကို အုပ္ခ်ဳပ္တဲ့သူဟာ Cladius (II) တဲ့ ။ သူကသူ႔ရဲ႕ စစ္တပ္ထဲမွာ လူပ်ဳိစစ္သားေတြပဲထားလုိတယ္။ လူပ်ဳိဆိုေတာ့ အိမ္ေထာင္သည္ စစ္သားေတြလုိ ဇနီးမယားနဲ႔ သားသမီးေတြကို လြမ္းဆြတ္တဲ့ အေႏွာင္အဖြဲ႔ သံေယာဇဥ္ေတြ မရွိဘူးေလ။ ဒါေၾကာင့္ တုိင္းျပည္မွာရွိတဲ့ လူငယ္ေတြ လံုး၀လက္မထပ္ရဆိုတဲ့ဥပေဒ တစ္ရပ္ကို ထုတ္ျပန္ခဲ့ပါတယ္။ St. Valentine က ဒီလုိဥပေဒမ်ဳိး ဟာ လံုး၀မတရားဘူးဆိုၿပီး တစ္ဦးနဲ႔တစ္ဦး ေမတၱာသက္၀င္ ခ်စ္ခင္ေနၾကတဲ့ လူငယ္ေတြကို တိတ္တဆိတ္လက္ထပ္ေပးပါတယ္။ ဒီလုိတရားမ၀င္တဲ့ မဂၤလာပြဲေတြကို က်င္းပေပးတဲ့ St. Valentine’s အေၾကာင္းကို ဧကရာဇ္ဘုရင္မင္းျမတ္ သိရွိသြားတဲ့အခါမွာေတာ့ မ်က္မာန္ေတာ္ရွလုိ႔ ေထာင္သြင္းအက်ဥ္းခ်ၿပီး ေသမိန္႔ေပးလုိက္ပါေတာ့တယ္။

St. Valentine ဟာ သူေထာင္က်ေနတုန္း ေထာင္၀င္စာလာေတြတဲ့  ေကာင္မေလးနဲ႔ ေမတၱာမွ်ခဲ့တယ္လုိ႔ တခ်ိဳ႕ေတြက ေျပာၾကပါေသးတယ္။ သူမေသခင္ ေကာင္မေလးကို မင္းရဲ႕ Valentine’s လုိ႔ လက္မွတ္ထုိးၿပီး စာတစ္ေစာင္ေပးခဲ့ပါတယ္။ အဲ့ဒီလိုနဲ႕ ကိုယ့္ခ်စ္သူကို မင္းရဲ႔ Valentine’s လုိ႔ေရးေပးတဲ့ အေရးအသားမ်ိဳး ေပၚေပါက္လာတာ ျဖစ္ပါတယ္။  တစ္ခ်ဳိ႔ေတြက St. Valentine က ေခါင္းျဖတ္သတ္ခံရတယ္လုိ႔ ေျပာၾကတယ္။ တခ်ဳိ႕ကေတာ့ အက်ဥ္းက်ေနတုန္းမွာ အဖ်ား၀င္ၿပီး ဆံုးတာလုိ႔လည္း  ဆိုျပန္တယ္။ St. Valentine’s ေသဆံုးမႈကို ဒီလုိပဲ ေတာ့ လူေတြက ထင္ျမင္ခ်က္ေတြ အမ်ဳိးမ်ဳိး ေပးခဲ့ၾကပါတယ္။

ဘီစီ ႏွစ္ရာေက်ာ္ေလာက္မွာေတာ႔ မယ္သီလရွင္ႏွစ္ပါးဟာ St. Valentine’s ေသဆံုးခဲ့တဲ့ ေဖေဖာ္၀ါရီ ဆယ့္ေလးရက္ေန႔ကို ခ်စ္သူမ်ားေန႔ရယ္လုိ႔ စတင္ သတ္မွတ္ခဲ့ၿပီး ပြဲေတြက်င္းပၾကပါတယ္။ Valentine’s Day မွာ မိန္းကေလးတစ္ေယာက္ဟာ လက္ေဆာင္ပစၥည္းတစ္ခုရၿပီးဆိုရင္ ဒီလက္ေဆာင္ဟာ ဘယ္သူေပးတာ ျဖစ္မလဲဆိုတာ ခန္႔မွန္းရပါတယ္။ အကယ္၍မ်ား ေယာက်ၤားေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကို အဲဒီေန႔မွာ အက်ၤီလက္ေဆာင္ေပးခဲ့မယ္ဆိုင္ ငါမင္းကိုလက္ထပ္ပါရေစ ဆိုတဲ့ အဓိပၸါယ္ပါ။ မိန္းကေလးက လက္ခံခဲ့မယ္ဆိုရင္ ငါမင္းနဲ႔ လက္ထပ္ပါမယ္လို႔ ကတိေပးလုိက္သလုိပါပဲတဲ့။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း တစ္ရာေလာက္ဆိုရင္ အဂၤလန္မွာ ကေလးေလးေတြက လူႀကီးေတြလုိ ၀တ္ၿပီး သီခ်င္းေတြလုိက္ဆိုၾကပါတယ္။

Valentine’s Day နဲ႕ ပတ္သတ္ၿပီး တခ်ဳိ႔လူေတြက အခုိင္အမာ ေျပာဆိုလက္ခံထားတာ တစ္ခုရွိပါေသးတယ္။ အဲ့ဒါ က Valentine’s Day မေရာက္ခင္ ညမွာ မိမိအနာဂတ္ရဲ႔ ဖူးစာရွင္ကို အိမ္မက္ထဲမွာ ျမင္ရတတ္တယ္တဲ့။ နည္းနည္းေတာ့ ယံုတမ္းပံုျပင္ဆန္ေပမယ့္ ရင္ခုန္စရာေကာင္းတာမို႕ မအိပ္ခင္ စိတ္ကူးယဥ္လို႕ ရတာေပါ့ေနာ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit;trend myanmar

#Unicode Version

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီရောက်ပြီးဆိုလျှင် လူငယ်တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း Valentine’s Day လို့ ခေါ်တဲ့ ချစ်သူများနေ့ဟာ ဖေဖော်ဝါရီလ ဆယ့်လေးရက်နေ့ဖြစ်နေလို့ပါပဲ။ "သဘောနားလည်သူကြင်သည်ကို၊ ဆိမ့်ကြည့်လေးပင်၊ မြင်းတို့ချင်ငဲ့" ဆိုတဲ့ ဆရာမကြည်အေးရေးခဲ့ဖူးတဲ့ စာသားလေးအတိုင်းပါပဲ လူငယ်ဆိုတာ အချစ်ဆိုတဲ့အရာကို မြည်းတို့ချင်တဲ့စိတ် ကလေးတွေရှိကြတာ သဘာဝပါ။  အဲဒီလိုချစ်တတ်တဲ့လူငယ်လေးတွေက ချစ်သူများနေ့ဆိုတာကို ရင်ခုန်စွာနဲ့ မျှော်လင့်တကြီးစောင့်မျှော်နေတတ်တာကို အပြစ်တစ်ခုရယ်လို့ မဆိုချင်ပါ။

ဟုတ်ပါတယ်။ ဖေဖော်ဝါရီလ ရောက်ပြီးဆိုရင် Valentine’s Day ဆိုတဲ့ ရက်လေးတစ်ရက်အတွက် လူတော်တော်များများ အလုပ်ရှုပ်ကြရပါတယ်။ ပန်းစည်းတွေမှာဖို့၊ ချောကလက်ဝယ်ဖို့၊ လက်ဆောင်ပစ္စည်းဝယ်ဖို့နဲ့ စုံနေတာပါပဲ။
ဒါနဲ့ ဘာရယ်ကြောင့်များ ဖေဖော်ဝါရီလ တစ်ဆယ့်လေးရက်နေ့ကို Valentine’s Day ဆိုပြီး နာမည်ပေးထားပါလိမ့်။ ကြည်နူးဖွယ်ရာ နေ့ရက်လေးရဲ့ နောက်ကွယ်မှာ ရင်နင့်စရာ ဒဏ္ဍာရီလေးတစ်ပုဒ်ရှိခဲ့ပါတယ်။ တကယ်တော့ St.Valentine ကို ရည်စူးပြီး Valentine’s Day လို့ နာမည်ပေးခဲ့တာပါ။ St. Valentine အကြောင်းပြန်ပြောရမယ်ဆိုရင် ရင်နင့်စရာကောင်းလှပေမယ့် ဖေဖော်ဝါရီလဆိုတဲ့ လလေးကတော့ ကျွန်မတို့အတွက် ချစ်ခြင်းမေတ္တာတွေနဲ့ ထုံမွမ်းထားတဲ့ နှစ်သက်စရာလလေးတစ်လပါပဲ။

ဒဏ္ဍာရီတစ်ခုမှာတော့ St.Valentine’s ဆိုတာ သုံးရာစုနှစ်လောက်တုန်းက ရောမနိုင်ငံမှာရှိတဲ့ ဘုန်းတော်ကြီးတစ်ပါးရဲ့အမည်လို့ အခိုင်အမာပြောဆိုထားပါတယ်။ အဲဒီအချိန်တုန်းက ရောမအင်ပါယာကြီး တစခုလုံးကို အုပ်ချုပ်တဲ့သူဟာ Cladius (II) တဲ့ ။ သူကသူ့ရဲ့ စစ်တပ်ထဲမှာ လူပျိုစစ်သားတွေပဲထားလိုတယ်။ လူပျိုဆိုတော့ အိမ်ထောင်သည် စစ်သားတွေလို ဇနီးမယားနဲ့ သားသမီးတွေကို လွမ်းဆွတ်တဲ့ အနှောင်အဖွဲ့ သံယောဇဉ်တွေ မရှိဘူးလေ။ ဒါကြောင့် တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လုံးဝလက်မထပ်ရဆိုတဲ့ဥပဒေ တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ St. Valentine က ဒီလိုဥပဒေမျိုး ဟာ လုံးဝမတရားဘူးဆိုပြီး တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ဝင် ချစ်ခင်နေကြတဲ့ လူငယ်တွေကို တိတ်တဆိတ်လက်ထပ်ပေးပါတယ်။ ဒီလိုတရားမဝင်တဲ့ မင်္ဂလာပွဲတွေကို ကျင်းပပေးတဲ့ St. Valentine’s အကြောင်းကို ဧကရာဇ်ဘုရင်မင်းမြတ် သိရှိသွားတဲ့အခါမှာတော့ မျက်မာန်တော်ရှလို့ ထောင်သွင်းအကျဉ်းချပြီး သေမိန့်ပေးလိုက်ပါတော့တယ်။

St. Valentine ဟာ သူထောင်ကျနေတုန်း ထောင်ဝင်စာလာတွေတဲ့  ကောင်မလေးနဲ့ မေတ္တာမျှခဲ့တယ်လို့ တချို့တွေက ပြောကြပါသေးတယ်။ သူမသေခင် ကောင်မလေးကို မင်းရဲ့ Valentine’s လို့ လက်မှတ်ထိုးပြီး စာတစ်စောင်ပေးခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ကိုယ့်ချစ်သူကို မင်းရဲ့ Valentine’s လို့ရေးပေးတဲ့ အရေးအသားမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။  တစ်ချို့တွေက St. Valentine က ခေါင်းဖြတ်သတ်ခံရတယ်လို့ ပြောကြတယ်။ တချို့ကတော့ အကျဉ်းကျနေတုန်းမှာ အဖျားဝင်ပြီး ဆုံးတာလို့လည်း  ဆိုပြန်တယ်။ St. Valentine’s သေဆုံးမှုကို ဒီလိုပဲ တော့ လူတွေက ထင်မြင်ချက်တွေ အမျိုးမျိုး ပေးခဲ့ကြပါတယ်။

ဘီစီ နှစ်ရာကျော်လောက်မှာတော့ မယ်သီလရှင်နှစ်ပါးဟာ St. Valentine’s သေဆုံးခဲ့တဲ့ ဖေဖော်ဝါရီ ဆယ့်လေးရက်နေ့ကို ချစ်သူများနေ့ရယ်လို့ စတင် သတ်မှတ်ခဲ့ပြီး ပွဲတွေကျင်းပကြပါတယ်။ Valentine’s Day မှာ မိန်းကလေးတစ်ယောက်ဟာ လက်ဆောင်ပစ္စည်းတစ်ခုရပြီးဆိုရင် ဒီလက်ဆောင်ဟာ ဘယ်သူပေးတာ ဖြစ်မလဲဆိုတာ ခန့်မှန်းရပါတယ်။ အကယ်၍များ ယောကျၤားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အဲဒီနေ့မှာ အကျၤီလက်ဆောင်ပေးခဲ့မယ်ဆိုင် ငါမင်းကိုလက်ထပ်ပါရစေ ဆိုတဲ့ အဓိပ္ပါယ်ပါ။ မိန်းကလေးက လက်ခံခဲ့မယ်ဆိုရင် ငါမင်းနဲ့ လက်ထပ်ပါမယ်လို့ ကတိပေးလိုက်သလိုပါပဲတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်ဆိုရင် အင်္ဂလန်မှာ ကလေးလေးတွေက လူကြီးတွေလို ဝတ်ပြီး သီချင်းတွေလိုက်ဆိုကြပါတယ်။

Valentine’s Day နဲ့ ပတ်သတ်ပြီး တချို့လူတွေက အခိုင်အမာ ပြောဆိုလက်ခံထားတာ တစ်ခုရှိပါသေးတယ်။ အဲ့ဒါ က Valentine’s Day မရောက်ခင် ညမှာ မိမိအနာဂတ်ရဲ့ ဖူးစာရှင်ကို အိမ်မက်ထဲမှာ မြင်ရတတ်တယ်တဲ့။ နည်းနည်းတော့ ယုံတမ်းပုံပြင်ဆန်ပေမယ့် ရင်ခုန်စရာကောင်းတာမို့ မအိပ်ခင် စိတ်ကူးယဉ်လို့ ရတာပေါ့နော်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit;trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top