iMyanmarHouse.com - Best Property Website for Myanmar
×

ဗယ္လင္တုိင္းလက္ေဆာင္ေပးတာ ပိုက္ဆံမ်ားမ်ားစားစား မကုန္ေပမယ့္ ေသခ်ာစဥ္းစားေပးတတ္ဖုိ႔ေတာ့ လုိပါတယ္။ တကယ္လုိ႔ ကုိယ္ခ်စ္ရသူကို သူတကယ္ၾကိဳက္ႏွစ္သက္မယ့္ အမွတ္တရလက္ေဆာင္ပစၥည္းေလးတစ္ခု ေပးခ်င္ရင္ ဒီလက္ေဆာင္ပစၥည္းမ်ဳိးေပးတာ သတိထားေရွာင္ၾကဥ္ပါ။

Gym အသင္းဝင္ကဒ္

သင့္မွာ ေကာင္းမြန္တဲ့ရည္ရြယ္ခ်က္ ရိွေကာင္းရိွႏုိင္ေပမယ့္ မိမိကိုယ္ကုိယ္ျပင္ဆင္မြမ္းမံဖုိ႔ အရိပ္အျမြက္ျပ ေစာ္ကားတဲ့သေဘာ သက္ေရာက္ေစႏုိင္ပါတယ္။

ဘယ္ေတာ့မွ မဝတ္မယ့္ လက္ဝတ္လက္စား

လက္ဝက္လက္စားေပးတာ သိပ္ေကာင္းတဲ့အၾကံအဥာဏ္တစ္ခုဆိုေပမယ့္ အရမ္းပုဂၢိဳလ္ေရးဆန္ျပီး သူနဲ႔ အံကိုက္ျဖစ္ဖုိ႔ မလြယ္ပါဘူး။ အဲဒီထက္ ဝတ္ေနက်ဖန္စီပစၥည္းေတြထဲ သူမကိုယ္တုိင္ ေရြးခုိင္းတာ ပုိေကာင္းပါတယ္။

မတ္ခြက္

ဒီပစၥည္းမ်ဳိးက လူတုိင္းမွာ ရိွေနျပီးသား ျဖစ္ပါတယ္။

ကစားစရာဝက္ဝံရုပ္ၾကီး

ဒီအရုပ္ေတြက ၅ ႏွစ္အရြယ္ကေလးေတြအတြက္သာ ေကာင္းမြန္သင့္ေတာ္တဲ့ လက္ေဆာင္ပစၥည္းတစ္ခုပါ။

တစ္ဆင့္ျပန္ေပးတဲ့ ပစၥည္းေတြ

Holiday ျဖစ္ျဖစ္၊ ေန႔ထူးေန႔ျမတ္ျဖစ္ျဖစ္ ဒီလက္ေဆာင္ပစၥည္းမ်ဳိး လုံးဝ မေပးသင့္ပါဘူး။

အေရးအေၾကာင္းနဲ႔ အုိမင္းရင့္ေရာ္မႈထိန္းသိမ္းပစၥည္း

ေစာ္ကားသလုိ ျဖစ္ေစတဲ့ ဒီလက္ေဆာင္ပစၥည္းေတြက ေက်နပ္ဖြယ္လက္ေဆာင္မ်ိဳး မဟုတ္ျပန္ပါဘူး။

မလွမပဓာတ္ပုံေတြ

မလွမပ ကဲ့ရဲ႕စရာ ဓာတ္ပုံေတြကို  ဘယ္သူမွ တန္ဖိုးမထားပါဘူး။ ဖုိတုိေရွာ့ပ္ျပင္ထားတဲ့ ဓာတ္ပုံဆို ပိုေတာင္ဆုိးေသး။ ႏွစ္ေယာက္အတူျဖတ္သန္းခဲ့တဲ့ အမွတ္ရစရာအခ်ိန္ေလးကို ထင္ဟပ္ေစတဲ့ ဓာတ္ပုံေလးတစ္ပုံနဲ႔သာ ရိုးရုိးနဲ႔ထူးျခားေအာင္ လုပ္ပါ။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:trend myanmar

#Unicode Version



ဗယ်လင်တိုင်းလက်ဆောင်ပေးတာ ပိုက်ဆံများများစားစား မကုန်ပေမယ့် သေချာစဉ်းစားပေးတတ်ဖို့တော့ လိုပါတယ်။ တကယ်လို့ ကိုယ်ချစ်ရသူကို သူတကယ်ကြိုက်နှစ်သက်မယ့် အမှတ်တရလက်ဆောင်ပစ္စည်းလေးတစ်ခု ပေးချင်ရင် ဒီလက်ဆောင်ပစ္စည်းမျိုးပေးတာ သတိထားရှောင်ကြဉ်ပါ။

Gym အသင်းဝင်ကဒ်

သင့်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက် ရှိကောင်းရှိနိုင်ပေမယ့် မိမိကိုယ်ကိုယ်ပြင်ဆင်မွမ်းမံဖို့ အရိပ်အမြွက်ပြ စော်ကားတဲ့သဘော သက်ရောက်စေနိုင်ပါတယ်။

ဘယ်တော့မှ မဝတ်မယ့် လက်ဝတ်လက်စား

လက်ဝက်လက်စားပေးတာ သိပ်ကောင်းတဲ့အကြံအဉာဏ်တစ်ခုဆိုပေမယ့် အရမ်းပုဂ္ဂိုလ်ရေးဆန်ပြီး သူနဲ့ အံကိုက်ဖြစ်ဖို့ မလွယ်ပါဘူး။ အဲဒီထက် ဝတ်နေကျဖန်စီပစ္စည်းတွေထဲ သူမကိုယ်တိုင် ရွေးခိုင်းတာ ပိုကောင်းပါတယ်။

မတ်ခွက်

ဒီပစ္စည်းမျိုးက လူတိုင်းမှာ ရှိနေပြီးသား ဖြစ်ပါတယ်။

ကစားစရာဝက်ဝံရုပ်ကြီး

ဒီအရုပ်တွေက ၅ နှစ်အရွယ်ကလေးတွေအတွက်သာ ကောင်းမွန်သင့်တော်တဲ့ လက်ဆောင်ပစ္စည်းတစ်ခုပါ။

တစ်ဆင့်ပြန်ပေးတဲ့ ပစ္စည်းတွေ

Holiday ဖြစ်ဖြစ်၊ နေ့ထူးနေ့မြတ်ဖြစ်ဖြစ် ဒီလက်ဆောင်ပစ္စည်းမျိုး လုံးဝ မပေးသင့်ပါဘူး။

အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်မှုထိန်းသိမ်းပစ္စည်း

စော်ကားသလို ဖြစ်စေတဲ့ ဒီလက်ဆောင်ပစ္စည်းတွေက ကျေနပ်ဖွယ်လက်ဆောင်မျိုး မဟုတ်ပြန်ပါဘူး။

မလှမပဓာတ်ပုံတွေ

မလှမပ ကဲ့ရဲ့စရာ ဓာတ်ပုံတွေကို  ဘယ်သူမှ တန်ဖိုးမထားပါဘူး။ ဖိုတိုရှော့ပ်ပြင်ထားတဲ့ ဓာတ်ပုံဆို ပိုတောင်ဆိုးသေး။ နှစ်ယောက်အတူဖြတ်သန်းခဲ့တဲ့ အမှတ်ရစရာအချိန်လေးကို ထင်ဟပ်စေတဲ့ ဓာတ်ပုံလေးတစ်ပုံနဲ့သာ ရိုးရိုးနဲ့ထူးခြားအောင် လုပ်ပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top