iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြက လက္တြဲေဖာ္ကို ဘယ္လိုေရြးတယ္ဆိုတာ သိပါသလား။ တျခားသူေတြ မဝံ့မရဲ ျဖစ္ေနတုန္း သင္က ကိုယ့္ဘာသာ ယံုၾကည္မႈ႐ွိၿပီး ပြင့္လင္းေနရင္ လူၾကားထဲမွာ ထင္႐ွားေနပါလိမ့္မယ္။ မိန္းမပ်ိဳေတြအတြက္ စိတ္အေႏွာက္အယွက္ အျဖစ္ဆံုးကေတာ့ မပြင့္လင္းတဲ့ မဝံ့မရဲျဖစ္ၿပီး ကိုယ့္ဘာသာ ယံုၾကည္မႈမ႐ွိတဲ့ ေယာက္်ားေတြပါ။ အဲလို ေယာက္်ားေတြက ခ်စ္ဇာတ္လမ္းကို ေပ်ာ္စရာကေန စိတ္ညစ္စရာျဖစ္ေအာင္ လုပ္ပစ္ႏိုင္ပါတယ္။

အမ်ိဳးသမီးေတြဟာ ပြင့္လင္းရဲရင့္တဲ့ ေယာက္်ားမ်ိဳးကို ႀကိဳက္ပါတယ္။ သူမခ်စ္သူမွာ ဦးတည္ခ်က္ ရည္မွန္းခ်က္ ႐ွိေနရင္ သူမတို႔ စိတ္သက္သာပါတယ္။ ေပ်ာ့ညံ့ညံ့ဆိုရင္ေတာ့ ေနာက္တစ္ေယာက္ေနာက္ ပါသြားမွာပါ။

အမ်ိဳးသမီးေတြက ပြင့္လင္းရဲရင့္တဲ့ ေယာက္်ားေတြကို ႀကိဳက္ရတဲ့ အေၾကာင္း ၄ ခ်က္ ေအာက္မွာ ေပးထားပါတယ္။ သင္ ပြင့္လင္းရဲရင့္ခ်င္ရင္ေတာ့ အဲဒိအခ်က္ေတြကို လိုက္နာၾကည့္ပါ။

၁. ပြင့္လင္းရဲရင့္သူေတြမွာ စိတ္ဖိစီးမႈ မ႐ွိပါဘူး

ခ်စ္ဇာတ္လမ္းဆိုတာ ေပ်ာ္စရာပဲ ျဖစ္သင့္ပါတယ္။ စိတ္ဖိစီးစရာ မျဖစ္သင့္ပါဘူး။ ေပ်ာ့ညံညံသူေတြကို ဒိတ္လုပ္ရတာ ၾကာလာတဲ့အမ်ွ အမ်ိဳးသမီးေတြရဲ႕ စိတ္ဖိစီးမႈဟာ ျမင့္တက္လာပါတယ္။ ရဲရင့္သူေတြဟာ သူတို႔ရဲ႕ခ်စ္သူကို လံုျခံဳစိတ္ခ်ေစပါတယ္။ ခ်စ္ျခင္းမွာ လ်ိႈ့ဝွက္တာ မ႐ွိသင့္ပါဘူး။ ႐ိုး႐ိုးသားသား ပြင့္ပြင့္လင္းလင္းနဲ႔ သင့္ခ်စ္သူကို ခ်စ္ျပလိုက္ပါ။

၂. ပြင့္လင္းရဲရင့္သူေတြမွာ ကိုယ့္ကိုယ္ကို ယံုၾကည္စိတ္ အရမ္းျမင့္ပါတယ္

ကိုယ့္ကိုယ္ကို ယံုၾကည္သူေတြဟာ ဆြဲေဆာင္မႈ အရမ္းေကာင္းပါတယ္။ ပြင့္လင္းရဲရင့္ဖို႔အတြက္ ကိုယ့္ဘာသာ ယံုၾကည္ဖို႔ လိုအပ္ပါတယ္။ အဲဒိ အခ်က္ႏွစ္ခုကို အမ်ိဳးသမီးေတြ အရမ္း သေဘာက်ပါတယ္။ သဘာဝ ပီယေဆးေတြပါ။ အမ်ိဳးသမီးေတြ လိုအပ္တာက ဥစၥာေရႊေငြ မဟုတ္ပါဘူး။ ယံုၾကည္ခ်က္၊ ေအာင္ျမင္မႈ၊ ပြင့္လင္းမႈနဲ႔ ေပ်ာ္ရႊင္မႈေတြပါ။ ယံုၾကည္မႈ ျပင္းထန္တဲ့ ေယာက္်ားတစ္ေယာက္ဟာ သူခ်စ္တဲ့ အမ်ိဳးသမီးအတြက္ အနာဂါတ္အစီအစဥ္ေတြ ခ်ထားပါလိမ့္မယ္။

၃. ပြင့္လင္းရဲရင့္သူေတြဟာ အမ်ိဳးသမီးေတြရဲ႕ အခ်ိန္ကို အလဟသ မျဖဳန္းပါဘူး

ပြင့္လင္းသူေတြဟာ တစ္ေခါက္ ႏွစ္ေခါက္ ခ်ိန္းေတြ႕အၿပီးမွာ အခ်စ္ကို ခံစားမလာရဘူးဆို ႐ိုး႐ိုးသားသား ေျပာျပတတ္ပါတယ္။ ခ်စ္တယ္ဆိုရင္လဲ ခ်စ္ေၾကာင္းကို ရဲရင့္စြာ ေျပာျပႏိုင္ပါတယ္။ ေပ်ာ့ညံသူေတြက် ခ်စ္သလား မခ်စ္ဘူးလား ကိုယ့္ဘာသာ ေဝခြဲမရပဲ ေဝေဝဝါးဝါးနဲ႔ အခ်ိန္ေတြ ျဖဳန္းတီးတတ္ပါတယ္။ သင့္မွာ အဆင္မေျပတာ တစ္ခုခု႐ွိေနရင္ ပြင့္ပြင့္လင္းလင္းေျပာတာကို အမ်ိဳးသမီးေတြ ႀကိဳက္ပါတယ္။ ပြင့္ပြင့္လင္းလင္းမ႐ွိရင္ေတာ့ သူတို႔ကို တကယ္ႀကိဳက္တာ မဟုတ္ဖူးလို႔ အမ်ိဳးသမီးေတြ ထင္သြားၾကပါလိမ့္မယ္။

၄. ပြင့္လင္းရဲရင့္သူေတြဟာ ႏွလံုးသားကို ခ်ျပတတ္ၾကပါတယ္

သူတို႔ဟာ အျငင္းခံရမွာစိုးလို႔ မေျပာရဲတာမ်ိဳး၊ အဟားခံရမွာစိုးလို႔ လန္႔ထြက္သြားတာမ်ိဳး မ႐ွိပါဘူး။ သူထင္တာ၊ သူခံစားရတာကို ႐ွင္း႐ွင္းလင္းလင္း ေျပာျပႏိုင္ပါတယ္။ မိန္းကေလးေတြ စိတ္ဖိစီးရတာဟာ သူတို႔အတြဲ ဘာခံစားေနရလဲဆိုတာ မမွန္းတတ္လို႔ပါ။ အဲဒါဟာ ျပသနာေတြရဲ႕အစနဲ႔ ခ်စ္ဇာတ္လမ္းရဲ႕အဆံုး ျဖစ္လာႏိုင္ပါတယ္။ ဆယ္ေက်ာ္သက္ေတြကေတာ့ လ်ိႈ့ဝွက္ၿပီး ႐ုပ္႐ွင္ဆန္တဲ့ အခ်စ္မ်ိဳးကို စိတ္ကူးယဥ္တတ္ၾကမွာပါ။ အမ်ိဳးသမီးေတြမွာေတာ့ အဲဒါမ်ိဳးအတြက္ အခ်ိန္မ႐ွိေတာ့ပါဘူး။ တစ္ခုခုခံစားေနရရင္ ေရငံုႏႈတ္ပိတ္ေနမယ့္အစား သူတို႔ကို ေျပာျပတာကို ပိုႀကိဳက္ၾကပါတယ္။
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Gentleman Magazine

#Unicode Version

 မိန်းကလေးတွေက လက်တွဲဖော်ကို ဘယ်လိုရွေးတယ်ဆိုတာ သိပါသလား။ တခြားသူတွေ မဝံ့မရဲ ဖြစ်နေတုန်း သင်က ကိုယ့်ဘာသာ ယုံကြည်မှုရှိပြီး ပွင့်လင်းနေရင် လူကြားထဲမှာ ထင်ရှားနေပါလိမ့်မယ်။ မိန်းမပျိုတွေအတွက် စိတ်အနှောက်အယှက် အဖြစ်ဆုံးကတော့ မပွင့်လင်းတဲ့ မဝံ့မရဲဖြစ်ပြီး ကိုယ့်ဘာသာ ယုံကြည်မှုမရှိတဲ့ ယောက်ျားတွေပါ။ အဲလို ယောက်ျားတွေက ချစ်ဇာတ်လမ်းကို ပျော်စရာကနေ စိတ်ညစ်စရာဖြစ်အောင် လုပ်ပစ်နိုင်ပါတယ်။

အမျိုးသမီးတွေဟာ ပွင့်လင်းရဲရင့်တဲ့ ယောက်ျားမျိုးကို ကြိုက်ပါတယ်။ သူမချစ်သူမှာ ဦးတည်ချက် ရည်မှန်းချက် ရှိနေရင် သူမတို့ စိတ်သက်သာပါတယ်။ ပျော့ညံ့ညံ့ဆိုရင်တော့ နောက်တစ်ယောက်နောက် ပါသွားမှာပါ။

အမျိုးသမီးတွေက ပွင့်လင်းရဲရင့်တဲ့ ယောက်ျားတွေကို ကြိုက်ရတဲ့ အကြောင်း ၄ ချက် အောက်မှာ ပေးထားပါတယ်။ သင် ပွင့်လင်းရဲရင့်ချင်ရင်တော့ အဲဒိအချက်တွေကို လိုက်နာကြည့်ပါ။

၁. ပွင့်လင်းရဲရင့်သူတွေမှာ စိတ်ဖိစီးမှု မရှိပါဘူး

ချစ်ဇာတ်လမ်းဆိုတာ ပျော်စရာပဲ ဖြစ်သင့်ပါတယ်။ စိတ်ဖိစီးစရာ မဖြစ်သင့်ပါဘူး။ ပျော့ညံညံသူတွေကို ဒိတ်လုပ်ရတာ ကြာလာတဲ့အမျှ အမျိုးသမီးတွေရဲ့ စိတ်ဖိစီးမှုဟာ မြင့်တက်လာပါတယ်။ ရဲရင့်သူတွေဟာ သူတို့ရဲ့ချစ်သူကို လုံခြုံစိတ်ချစေပါတယ်။ ချစ်ခြင်းမှာ လျှို့ဝှက်တာ မရှိသင့်ပါဘူး။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့ သင့်ချစ်သူကို ချစ်ပြလိုက်ပါ။

၂. ပွင့်လင်းရဲရင့်သူတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အရမ်းမြင့်ပါတယ်

ကိုယ့်ကိုယ်ကို ယုံကြည်သူတွေဟာ ဆွဲဆောင်မှု အရမ်းကောင်းပါတယ်။ ပွင့်လင်းရဲရင့်ဖို့အတွက် ကိုယ့်ဘာသာ ယုံကြည်ဖို့ လိုအပ်ပါတယ်။ အဲဒိ အချက်နှစ်ခုကို အမျိုးသမီးတွေ အရမ်း သဘောကျပါတယ်။ သဘာဝ ပီယဆေးတွေပါ။ အမျိုးသမီးတွေ လိုအပ်တာက ဥစ္စာရွှေငွေ မဟုတ်ပါဘူး။ ယုံကြည်ချက်၊ အောင်မြင်မှု၊ ပွင့်လင်းမှုနဲ့ ပျော်ရွှင်မှုတွေပါ။ ယုံကြည်မှု ပြင်းထန်တဲ့ ယောက်ျားတစ်ယောက်ဟာ သူချစ်တဲ့ အမျိုးသမီးအတွက် အနာဂါတ်အစီအစဉ်တွေ ချထားပါလိမ့်မယ်။

၃. ပွင့်လင်းရဲရင့်သူတွေဟာ အမျိုးသမီးတွေရဲ့ အချိန်ကို အလဟသ မဖြုန်းပါဘူး

ပွင့်လင်းသူတွေဟာ တစ်ခေါက် နှစ်ခေါက် ချိန်းတွေ့အပြီးမှာ အချစ်ကို ခံစားမလာရဘူးဆို ရိုးရိုးသားသား ပြောပြတတ်ပါတယ်။ ချစ်တယ်ဆိုရင်လဲ ချစ်ကြောင်းကို ရဲရင့်စွာ ပြောပြနိုင်ပါတယ်။ ပျော့ညံသူတွေကျ ချစ်သလား မချစ်ဘူးလား ကိုယ့်ဘာသာ ဝေခွဲမရပဲ ဝေဝေဝါးဝါးနဲ့ အချိန်တွေ ဖြုန်းတီးတတ်ပါတယ်။ သင့်မှာ အဆင်မပြေတာ တစ်ခုခုရှိနေရင် ပွင့်ပွင့်လင်းလင်းပြောတာကို အမျိုးသမီးတွေ ကြိုက်ပါတယ်။ ပွင့်ပွင့်လင်းလင်းမရှိရင်တော့ သူတို့ကို တကယ်ကြိုက်တာ မဟုတ်ဖူးလို့ အမျိုးသမီးတွေ ထင်သွားကြပါလိမ့်မယ်။

၄. ပွင့်လင်းရဲရင့်သူတွေဟာ နှလုံးသားကို ချပြတတ်ကြပါတယ်

သူတို့ဟာ အငြင်းခံရမှာစိုးလို့ မပြောရဲတာမျိုး၊ အဟားခံရမှာစိုးလို့ လန့်ထွက်သွားတာမျိုး မရှိပါဘူး။ သူထင်တာ၊ သူခံစားရတာကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါတယ်။ မိန်းကလေးတွေ စိတ်ဖိစီးရတာဟာ သူတို့အတွဲ ဘာခံစားနေရလဲဆိုတာ မမှန်းတတ်လို့ပါ။ အဲဒါဟာ ပြသနာတွေရဲ့အစနဲ့ ချစ်ဇာတ်လမ်းရဲ့အဆုံး ဖြစ်လာနိုင်ပါတယ်။ ဆယ်ကျော်သက်တွေကတော့ လျှို့ဝှက်ပြီး ရုပ်ရှင်ဆန်တဲ့ အချစ်မျိုးကို စိတ်ကူးယဉ်တတ်ကြမှာပါ။ အမျိုးသမီးတွေမှာတော့ အဲဒါမျိုးအတွက် အချိန်မရှိတော့ပါဘူး။ တစ်ခုခုခံစားနေရရင် ရေငုံနှုတ်ပိတ်နေမယ့်အစား သူတို့ကို ပြောပြတာကို ပိုကြိုက်ကြပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Gentleman Magazine
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top