iMyanmarHouse.com - Best Property Website for Myanmar
×







Unicode Version

ကျန်းမာရေးကောင်းမွန်ဖို့အတွက် အားဆေးများ၊ အားဖြည့်အချိုရည်များ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်များကို သောက်သုံးကြပါတယ်။

 လူအတော်များများဟာ ထမင်းမချက်ခင် ဆန်ကို အရင်ဆေးကြောတဲ့အခါ ထွက်တဲ့ ဆန်ဆေးရည်ကို သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးရရှိနိုင်တယ်ဆိုတာ မေ့လျော့နေပါတယ်။ အလုပ်မရှုပ်စေဘဲ လွယ်လွယ်ကူကူ ထမင်းချက်တဲ့အခါ ဆန်ဆေးရည်လေး ဖယ်ထားပြီး သောက်ပေးမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်နိုင်တဲ့ အချက်အလက်များကို ဖော်ပြပေးလိုက်ပါတယ်။

ဆန်ဆေးရည်သောက်သုံးပေးမယ်ဆိုရင် အစာအိမ်အတွက် ကောင်းမွန်စေပြီး အစာခြေဖျက်စနစ်အတွက် ကောင်းမွန်စေသလို ဝမ်းချုပ်ခြင်းအတွက် အထောက်အကူပြုပါတယ်။

ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပါတယ်။ ရေဓါတ်ကုန်ခန်းခြင်းကို မဖြစ်စေဘဲ ခန္ဓာကိုယ်စွမ်းအင်တိုးစေပါတယ်။ အသားအရေကို ကြည်လင်စေပြီး ဆံပင်နက်မှောင်သန်စွမ်းစေပါတယ်။ အစာအိမ်အောင့်ခြင်း၊ အစာအိမ်နာခြင်းတွေအတွက် ဆန်ဆေးရည်ကို သောက်သုံးပေးသင့်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Mother Nature World

http://www.bahuthuta.com/2016/12/blog-post_13.html
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top