iMyanmarHouse.com - Best Property Website for Myanmar
×






Credit: DrMyanmar

#Unicode Version
 အိမ် ထောင်ပြုသားမွေးကြတဲ့အမျိုးသမီး လောကမှာဗိုက်ခွဲမွေးဖွားခြင်းဟာ သားဦးကိုယ်ဝန်ဆိုရင် ကိုယ်ဝန်ဆောင်10 ယောက်မှာတဝက်နီးပါးလောက်ကဗိုက်ခွဲမွေးနေကြပါတယ်။
မျက်မှောက်ခေတ်ကာလသက်နှောင်းမိခင်များကလည်းနဂိုက ကောင်းကောင်းမွေးလာသည့်တိုင်အောင်
အကြောင်းအမျိုးမျိုးကြောင့်ခွဲမွေးလာကြပါတယ်။

 ဗိုက်ခွဲမွေးခြင်းသည် အကြီးစားခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် သားအိမ်ကို အနားပေးတဲ့အနေနဲ့  2 နှစ်ခြားသင့်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားကို အာဟာရဓာတ်မျှဝေပေးရခြင်း၊ မွေးဖွားတဲ့အခါ သွေးထွက်ခြင်းတို့ကြောင့် မိခင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သံဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ သံဓာတ်ဆုံးရှုံးသွားခြင်းကြောင့် Iron Deficiency Anemia လို့ခေါ်တဲ့ သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။

သံဓာတ်ချို့တဲ့ပြီးသွေးအားနည်းနေချိန်တွင် နောက်ထပ်ကိုယ်ဝန်ရလာပါကမိခင်ရောသန္ဓေသားအတွက်ပါ
 မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် 2 နှစ်မစောင့်နိုင်ရင်တောင် အနည်းဆုံး 1 နှစ်ခြားသင့်ပါတယ်။ မတော်တဆ ကိုယ်ဝန်ရှိလာပါကလည်း ပိုပြီးဂရုစိုက်ပေးသင့်ပါတယ်။ ဒါပေမဲ့အနည်းဆုံး (6) လအတွင်း ကိုယ်ဝန်မရှိအောင် ထိထိရောက်ရောက် သားဆက်ခြားသင့်ပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: DrMyanmar


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top