iMyanmarHouse.com - Best Property Website for Myanmar
×

ငွက္ေပ်ာသီးအခြံမွာ အမည္းေရာင္အစက္ အေပ်ာက္ေလးေတြကေန အေရျပား ကင္ဆာကို ေရာဂါျဖစ္ေန မွန္း ျမန္ျမန္သိေစႏိုင္လို႔ ေဆးျမန္ျမန္ကုရင္ အသက္ကိုကယ္ႏိုင္တယ္လို႔ ပဲရစ္ကလာတဲ့ လြန္ခဲ့တဲ့ သတင္းကဆိုပါတယ္ ။

ငွက္ေပ်ာသီးဟာ မွည့္လာရင္ အနက္ေရာင္အဝိုင္းေလးေတြျဖစ္လာတယ္။ အဲတာက Tyrosinase လို႔ေခၚတဲ့ အင္ဇိုင္း အေျပာင္းအလဲကေနျဖစ္ေစတယ္ ။ အလားတူအင္ဇိုင္းမ်ိဳး လူ႔အေရျပားေပၚမွာလည္း ရွိတယ္ ။ မယ္လင္ႏိုးမားေခၚ အေရျပာကင္ဆာျဖစ္ေနရင္ အဲတာေတြအမ်ားၾကီးရွိေလိမ့္မယ္။
ဆြစ္ဇာလန္မွာရွိတဲ့ Laboratory of Physical and Analytical Electrochemistry ဓါတ္ခြဲခန္းမွာ စမ္းသပ္ ေလ့လာခဲ့ပါတယ္။ ေကာက္ခ်က္ကေတာ့ အဲဒီအင္ဇိုင္းမ်ားျခင္းဟာ အေရျပားကင္ဆာ ရွိေနမယ္လို ႔ေျပာႏိုင္ပါတယ္ ။

ကင္ဆာ အဆင့္ (၁) မွာ အဲဒီအင္ဇိုင္းက မသိသာေသးပါ။ အဆင့္ (၂) ဆိုရင္ တေျပးညီျပန္႔ေနၾကျပီ။ အဆင့္ (၃) ဆိုရင္ မညီမညာျပန္႔ေနၾကျပီ။
အေရျပား ကင္ဆာဟာ ေစာေစာသိေလ သက္သာေလျဖစ္တယ္ ။ American Cancer Society အေမရိကန္ကင္ဆာအသင္း အဆိုအရ မယ္လင္ႏိုးမားကင္ဆာကို အဆင့္ (၁) မွာသိရင္ (၁ဝ) ႏွစ္အသက္ရွင္ႏွဳန္း ၉၅% ရွိတယ္ ။ အဆင့္ (၃) ဆိုရင္ ၄၃% သာရွိတယ္ ။
Scanner တီထြင္ထားတဲ့စကင္နာမွာ ေကြးႏိုင္ဆန္႔ႏိုင္တဲ့ မိုက္ကရိုအီလက္ထရုတ္ (၈) ခုတပ္ထားျပီး အေရျပားမွာ Tyrosinase အင္ဇိုင္းအေရအတြက္ကိုတိုင္းတာေပးမယ္ ။ တေန႔မွာ အဲဒီစကင္နာနဲ႔ ကင္ဆာအက်ိတ္ကိုပါ ဖ်က္ဆီးေပးႏိုုင္ဘို႔ ေမွ်ာ္လင့္ရပါတယ္ ။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
https://www.yahoo.com/…/bananas-may-help-detect-cure-skin-c…
Credit:ေဒါက္တာတင့္ေဆြ

Unicode Version

ငှက်ပျောသီးအခွံမှာ အမည်းရောင်အစက် အပျောက်လေးတွေကနေ အရေပြား ကင်ဆာကို ရောဂါဖြစ်နေ မှန်း မြန်မြန်သိစေနိုင်လို့ ဆေးမြန်မြန်ကုရင် အသက်ကိုကယ်နိုင်တယ်လို့ ပဲရစ်ကလာတဲ့ လွန်ခဲ့တဲ့ သတင်းကဆိုပါတယ် ။

ငှက်ပျောသီးဟာ မှည့်လာရင် အနက်ရောင်အဝိုင်းလေးတွေဖြစ်လာတယ်။ အဲတာက Tyrosinase လို့ခေါ်တဲ့ အင်ဇိုင်း အပြောင်းအလဲကနေဖြစ်စေတယ် ။ အလားတူအင်ဇိုင်းမျိုး လူ့အရေပြားပေါ်မှာလည်း ရှိတယ် ။ မယ်လင်နိုးမားခေါ် အရေပြာကင်ဆာဖြစ်နေရင် အဲတာတွေအများကြီးရှိလေိမ့်မယ်။
ဆွစ်ဇာလန်မှာရှိတဲ့ Laboratory of Physical and Analytical Electrochemistry ဓါတ်ခွဲခန်းမှာ စမ်းသပ် လေ့လာခဲ့ပါတယ်။ ကောက်ချက်ကတော့ အဲဒီအင်ဇိုင်းများခြင်းဟာ အရေပြားကင်ဆာ ရှိနေမယ်လို့ပြောနိုင်ပါတယ် ။

ကင်ဆာ အဆင့် (၁) မှာ အဲဒီအင်ဇိုင်းက မသိသာသေးပါ။ အဆင့် (၂) ဆိုရင် တပြေးညီပြန့်နေကြပြီ။ အဆင့် (၃) ဆိုရင် မညီမညာပြန့်နေကြပြီ။
အရေပြား ကင်ဆာဟာ စောစောသိလေ သက်သာလေဖြစ်တယ် ။ American Cancer Society အမေရိကန်ကင်ဆာအသင်း အဆိုအရ မယ်လင်နိုးမားကင်ဆာကို အဆင့် (၁) မှာသိရင် (၁ဝ) နှစ်အသက်ရှင်နှုန်း ၉၅% ရှိတယ် ။ အဆင့် (၃) ဆိုရင် ၄၃% သာရှိတယ် ။
Scanner တီထွင်ထားတဲ့စကင်နာမှာ ကွေးနိုင်ဆန့်နိုင်တဲ့ မိုက်ကရိုအီလက်ထရုတ် (၈) ခုတပ်ထားပြီး အရေပြားမှာ Tyrosinase အင်ဇိုင်းအရေအတွက်ကိုတိုင်းတာပေးမယ် ။ တနေ့မှာ အဲဒီစကင်နာနဲ့ ကင်ဆာအကျိတ်ကိုပါ ဖျက်ဆီးပေးနိုုင်ဘို့ မျှော်လင့်ရပါတယ် ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
https://www.yahoo.com/…/bananas-may-help-detect-cure-skin-c…
Credit:ဒေါက်တာတင့်ဆွေ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top