iMyanmarHouse.com - Best Property Website for Myanmar
×

 
ကေလးမ်ားတြင္ ျဖစ္ပြားေသာ ၀ဲေရာဂါသည္ ခႏၶာကိုယ္အႏွံ႔ပါ ကူးစက္ပ်ံ႕ႏွံ႔ႏုိင္ၿပီး အထူးသျဖင့္ မိခင္ထံမွ ကူးစက္ခံရျခင္းပိုမိုမ်ားေၾကာင္း အေရျပားအထူးကုဆရာ၀န္ႀကီး ေဒါက္တာေက်ာ္ေက်ာ္က ေျပာသည္။

‘‘၀ဲေရာဂါကူးစက္မႈက ျမန္ တယ္။ အေမမွာ ဒီေရာဂါရွိေနရင္ ကေလးကိုကူးတာပဲ။ ေနာက္ၿပီး ကေလးကိုခ်စ္စရာေကာင္းလုိ႔ဆုိ ၿပီး ခ်ီၾက၊ နမ္းၾကနဲ႔ တစ္ေယာက္  ေယာက္မွာ ၀ဲပိုးရွိေနရင္ ကူးမွာပဲ။ မူႀကိဳကေလးအခ်င္းခ်င္းလည္း လက္ပြန္းတတီးေနရာက ၀ဲရွိတဲ့ ကေလးဆီကေန ေနာက္ကေလး တစ္ဦးကို ကူးတယ္’’ ဟု ၎ကဆုိ သည္။

၀ဲေရာဂါသည္ ဆင္းရဲခ်မ္း သာလူတန္းစားမေရြး၊ ရာသီမေရြး ျဖစ္ပြားႏုိင္ၿပီး မိသားစု၀င္တစ္ဦး ဦး၌ ေရာဂါျဖစ္ပြားေနပါက မိသားစုတစ္ခုလုံးကိုပါ ကူးစက္ပ်ံ႕ႏွံ႔ႏုိင္ ေၾကာင္း၊ ေႏြရာသီကဲ့သို႔ ေရရွားပါး သည့္အခ်ိန္မ်ား၌ တစ္ကုိယ္ေရ သန္႔ရွင္းမႈအားနည္းၿပီး အခ်ဳိ႕ေက်းရြာမ်ား၌ ၀ဲေရာဂါအစုလုိက္ျဖစ္ ပြားျခင္းမ်ားရွိေၾကာင္း ေဒါက္တာ ေက်ာ္ေက်ာ္က ဆုိသည္။

 ၀ဲေရာဂါကူးစက္မႈသည္ ကေလးမ်ား၌ ခႏၶာကိုယ္အႏွံ႔ျဖစ္ ပြားတတ္ၿပီး လူႀကီးမ်ားတြင္ လက္ေကာက္၀တ္ႏွင့္ လက္ေခ်ာင္းမ်ား အၾကား၊ ခ်ဳိင္း၊ ခ်က္၊ လိင္အဂၤါတစ္၀ိုက္ႏွင့္ ခႏၶာကိုယ္အေကြးအ ဆန္႔ေနရာမ်ား၌ ပိုမိုျဖစ္ပြားတတ္ သည္ဟု ဆုိသည္။

‘‘၀ဲေရာဂါျဖစ္ေစတဲ့ ကပ္ပါး ပိုးက ပူတဲ့ရာသီဥတုကိုပိုႀကိဳက္ တယ္။ ၀ဲပိုးဥခ်တဲ့အခ်ိန္ အေကာင္ထြက္လာတဲ့အခ်ိန္မွာ ပိုလႈပ္ရွား ၿပီး ပိုယားတယ္။ လူအမ်ားစုေ၀း တဲ့ေနရာေတြမွာ ပုိကူးတယ္။ ကူး စက္ခံရၿပီး ႏွစ္ပတ္အတြင္း လကၡ ဏာျပတယ္။ အယားဖုေလးေတြ ထြက္လာတယ္။ အရမ္းယားတယ္။ဟန္ေဆာင္လို႔ မရဘူး။ ကေလးေတြမွာ ေခါင္းထဲအထိျဖစ္ႏုိင္တယ္။ လူႀကီးမွာေတာ့ မ်က္ႏွာမွာျဖစ္ ခဲတယ္’’ဟု ေဒါက္တာေက်ာ္ ေက်ာ္က ေျပာသည္။

၀ဲပိုးသည္ ခႏၶာကိုယ္အျပင္ ဘက္တြင္ တစ္ရက္၊ ႏွစ္ရက္ခန္႔ ေနႏုိင္ၿပီး လူတစ္ဦးႏွင့္တစ္ဦး နီးကပ္စြာေနျခင္း၊ လိင္ဆက္ဆံျခင္း၊ အ၀တ္အစားဖလွယ္၀တ္ျခင္းမ်ား မွတစ္ဆင့္လည္း ကူးစက္ႏုိင္သျဖင့္ တစ္ကုိယ္ေရသန္႔ရွင္းေရး အထူးအေလးထားရန္ လုိအပ္သည္။

‘‘အိပ္ရာခင္းတို႔၊ ေခါင္းအုံး စြပ္တို႔ သန္႔ရွင္းဖုိ႔လုိတယ္။ တစ္ ကိုယ္ေရသုံးပစၥည္းေတြ သီးသန္႔ သုံးသင့္တယ္။ ၀ဲေရာဂါကုသတဲ့ ေနရာမွာ လိမ္းေဆးကအဓိကပဲ။ အိမ္မွာယားတဲ့သူ တစ္ေယာက္ရွိ ရင္ တစ္အိမ္လုံးလိမ္းပဲ။ ေျခဆုံးေခါင္းဆုံးလိမ္းရတယ္။ တစ္ခါတစ္ရံ ၀ဲေရာဂါ ကုတဲ့ေဆးႀကိဳတုိက္ရတာ ရွိတယ္။ အဓိကကတစ္ ကိုယ္ေရသန္႔ရွင္းေရး ဂ႐ုစုိက္ဖုိ႔ လိုတယ္’’ဟု ေဒါက္တာေက်ာ္ေက်ာ္ က ဆုိသည္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: 7day daily

#Unicode Version

 ကလေးများတွင် ဖြစ်ပွားသော ဝဲရောဂါသည် ခန္ဓာကိုယ်အနှံ့ပါ ကူးစက်ပျံ့နှံ့နိုင်ပြီး အထူးသဖြင့် မိခင်ထံမှ ကူးစက်ခံရခြင်းပိုမိုများကြောင်း အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်ကျော်က ပြောသည်။

‘‘ဝဲရောဂါကူးစက်မှုက မြန် တယ်။ အမေမှာ ဒီရောဂါရှိနေရင် ကလေးကိုကူးတာပဲ။ နောက်ပြီး ကလေးကိုချစ်စရာကောင်းလို့ဆို ပြီး ချီကြ၊ နမ်းကြနဲ့ တစ်ယောက်  ယောက်မှာ ဝဲပိုးရှိနေရင် ကူးမှာပဲ။ မူကြိုကလေးအချင်းချင်းလည်း လက်ပွန်းတတီးနေရာက ဝဲရှိတဲ့ ကလေးဆီကနေ နောက်ကလေး တစ်ဦးကို ကူးတယ်’’ ဟု ၎င်းကဆို သည်။

ဝဲရောဂါသည် ဆင်းရဲချမ်း သာလူတန်းစားမရွေး၊ ရာသီမရွေး ဖြစ်ပွားနိုင်ပြီး မိသားစုဝင်တစ်ဦး ဦး၌ ရောဂါဖြစ်ပွားနေပါက မိသားစုတစ်ခုလုံးကိုပါ ကူးစက်ပျံ့နှံ့နိုင် ကြောင်း၊ နွေရာသီကဲ့သို့ ရေရှားပါး သည့်အချိန်များ၌ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းပြီး အချို့ကျေးရွာများ၌ ဝဲရောဂါအစုလိုက်ဖြစ် ပွားခြင်းများရှိကြောင်း ဒေါက်တာ ကျော်ကျော်က ဆိုသည်။

 ဝဲရောဂါကူးစက်မှုသည် ကလေးများ၌ ခန္ဓာကိုယ်အနှံ့ဖြစ် ပွားတတ်ပြီး လူကြီးများတွင် လက်ကောက်ဝတ်နှင့် လက်ချောင်းများ အကြား၊ ချိုင်း၊ ချက်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် ခန္ဓာကိုယ်အကွေးအ ဆန့်နေရာများ၌ ပိုမိုဖြစ်ပွားတတ် သည်ဟု ဆိုသည်။

‘‘ဝဲရောဂါဖြစ်စေတဲ့ ကပ်ပါး ပိုးက ပူတဲ့ရာသီဥတုကိုပိုကြိုက် တယ်။ ဝဲပိုးဥချတဲ့အချိန် အကောင်ထွက်လာတဲ့အချိန်မှာ ပိုလှုပ်ရှား ပြီး ပိုယားတယ်။ လူအများစုဝေး တဲ့နေရာတွေမှာ ပိုကူးတယ်။ ကူး စက်ခံရပြီး နှစ်ပတ်အတွင်း လက္ခ ဏာပြတယ်။ အယားဖုလေးတွေ ထွက်လာတယ်။ အရမ်းယားတယ်။ဟန်ဆောင်လို့ မရဘူး။ ကလေးတွေမှာ ခေါင်းထဲအထိဖြစ်နိုင်တယ်။ လူကြီးမှာတော့ မျက်နှာမှာဖြစ် ခဲတယ်’’ဟု ဒေါက်တာကျော် ကျော်က ပြောသည်။

ဝဲပိုးသည် ခန္ဓာကိုယ်အပြင် ဘက်တွင် တစ်ရက်၊ နှစ်ရက်ခန့် နေနိုင်ပြီး လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာနေခြင်း၊ လိင်ဆက်ဆံခြင်း၊ အဝတ်အစားဖလှယ်ဝတ်ခြင်းများ မှတစ်ဆင့်လည်း ကူးစက်နိုင်သဖြင့် တစ်ကိုယ်ရေသန့်ရှင်းရေး အထူးအလေးထားရန် လိုအပ်သည်။

‘‘အိပ်ရာခင်းတို့၊ ခေါင်းအုံး စွပ်တို့ သန့်ရှင်းဖို့လိုတယ်။ တစ် ကိုယ်ရေသုံးပစ္စည်းတွေ သီးသန့် သုံးသင့်တယ်။ ဝဲရောဂါကုသတဲ့ နေရာမှာ လိမ်းဆေးကအဓိကပဲ။ အိမ်မှာယားတဲ့သူ တစ်ယောက်ရှိ ရင် တစ်အိမ်လုံးလိမ်းပဲ။ ခြေဆုံးခေါင်းဆုံးလိမ်းရတယ်။ တစ်ခါတစ်ရံ ဝဲရောဂါ ကုတဲ့ဆေးကြိုတိုက်ရတာ ရှိတယ်။ အဓိကကတစ် ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့ လိုတယ်’’ဟု ဒေါက်တာကျော်ကျော် က ဆိုသည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: 7day daily


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top