iMyanmarHouse.com - Best Property Website for Myanmar
×

သင္က အင္တာဗ်ဴးနဲ႔ပတ္သက္တဲ့ ေမးခြန္းေတြ၊ သိသင့္တာေတြ ျပင္ဆင္ထားၿပီးျဖစ္လို႔ လံုေလာက္ၿပီလုိ႔ ထင္ေနပါလား။ မထင္လိုက္ပါနဲ႔။ သင္အင္တာဗ်ဴးေျဖေနစဥ္မွာ ေမ႔ေကာင္းေမ့ႏိုင္တဲ့၊ မွားယြင္းသြားႏိုင္တဲ့ အခ်က္ေတြ ရွိေနပါတယ္။ ဒီအခ်က္ေတြကပဲ သင့္အလုပ္ကို ဆံုးရွံုးသြားေစႏိုင္ပါတယ္။ အင္တာဗ်ဴးေျဖေနစဥ္မွာ ဒီအခ်က္ေလးေတြကို သတိထားလိုက္ပါ။ မဟုတ္ရင္ေတာ့ သင့္ကို အလုပ္က Bye Byeျပသြားပါလိမ့္မယ္။

၁။သင့္ကိုယ္သင္ အမႊန္းတင္လြန္းတာ
သင့္ကိုယ္သင္ အမႊန္းတင္လြန္းတာေတြကို ေရွာင္ပါ။ သူတို႔ေမးတဲ့ ေမးခြန္းေတြကိုေျဖတဲ့အခါမွာ သင္ဘာကိုလိုခ်င္တယ္ဆိုတာ မေျပာသင့္ပါဘူး အဲဒီအစား ကုမၸဏီကို ဘယ္လိုတိုးတက္ေအာင္ ကိုယ္လုပ္ေပးႏိုင္လဲဆိုတာကိုပဲ ေျပာပါ။သင့္လိုအပ္ခ်က္ေတြအေၾကာင္း ေျပာခ်င္တယ္ဆိုရင္ေတာ့ ကုမၸဏီရဲ႕ေအာင္ျမင္မႈနဲ႔ တစ္တန္းတည္းျဖစ္ေအာင္ေသခ်ာမွေျပာပါ။

၂။အေျဖအတြက္ အခ်ိန္မယူတာ
လူေတာ္ေတာ္မ်ားမ်ားက ေမးခြန္းတစ္ခုေမးလိုက္ၿပီဆုိရင္ ခ်က္ခ်င္းကိုျပန္ေျဖတတ္ၾကပါတယ္။ တစ္ခါတစ္ေလမွာ သင့္စိတ္ထဲမွာရွိၿပီးသားအေျဖကိုတန္းေပးတာက စမတ္မက်သလို အေျဖေကာင္းလည္းမျဖစ္ႏိုင္ပါဘူး။သင့္ရဲ႕အေတြးေတြကို စုစည္းဖို႔ အခ်ိန္ယူပါ။ ကိုယ့္မွာအေျဖရွိေနၿပီးသားဆိုရင္ေတာင္ ခဏေလာက္ပဲျဖစ္ျဖစ္ျငိမ္ျငိမ္ေလးေနၾကည့္ပါ။ အင္တာဗ်ဴးတဲ့လူက သင့္ခဏစဥ္းစားေနတဲ့အေပၚ စိတ္ကြက္သြားမွာကို မစိုးရိမ္ပါနဲ႔။ သူ႔အေနနဲ႔ သင္အခ်ိန္ယူၿပီးစဥ္းစားတာကို ခ်ီးက်ဴးေနမွာပါ။

၃။မသြယ္၀ိုက္ပါနဲ႔။
လုိအပ္တဲ့အခ်က္ကို ေျပာပါ။ သင္ေျပာခ်င္တာ၊ သင္ဆိုလိုခ်င္တာကိုပဲ ေျပာပါ။ မလိုအပ္ဘဲေကြ႔၀ိုက္ေနတာက အင္တာဗ်ဴးသမားကို စိတ္ပ်က္ေစပါတယ္။ အဓိကအခ်က္ကို စဥ္းစားပါ။ခ်က္က်လက္က်နဲ႔ တစ္ခ်က္ခ်င္းစီကို ရွင္းျပပါ။တိုတိုရွင္းရွင္းနဲ႔ မွတ္မိလြယ္မယ့္ အေျဖမ်ိဳးပဲ ေျဖပါ။

၄။ကိုယ္ေလွ်ာက္တဲ့ ကုမၸဏီနဲ႔ ပစၥည္းကို နားမလည္တာ။
ကိုယ္ေလွ်ာက္တဲ့ ကုမၸဏီနဲ႔ ပစၥည္းကို နားမလည္တာက သင့္အေနနဲ႔ အင္တာဗ်ဴးအတြက္အေျခခံ ေလ့လာမႈေတာင္ မလုပ္ခဲ့ဘူးလို႔ ရည္ညႊန္းပါတယ္။ သင့္အေနနဲ႔ဘာအားစိုက္ထုတ္မႈမွလုပ္မထားဘူးလို႔ ထင္သြားႏိုင္ပါတယ္။ အနည္းဆံုးေတာ့ ကိုယ္အလုပ္ေလွ်ာက္မယ့္ေနရာရဲ႕ အေျခခံအခ်က္ေတြကို သိထားသင့္ပါတယ္။

၅။သင္က စိတ္၀င္စားဖို႔ မေကာင္းတာ။
သင့္အေနနဲ႔စကားေျပာတဲ့ အခါမွာ ေလးတိေလးကန္ျဖစ္ေနတာ၊ တက္ၾကြမႈမရွိတာက အမွတ္ေလွ်ာ့ခံရမယ့္ အခ်က္ေတြထဲကတစ္ခ်က္ပါ။ သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးေတြျပၿပီး သင္ဘာလဲဆိုတာ ျပသပါ။စကားေျပာတဲ့ တက္တက္ၾကြၾကြနဲ႔တစ္ဖက္သားစိတ္ပါ၀င္စားလာေအာင္ ေျပာပါ။

၆။ေတာင္းပန္လြန္းတာ။
သင္က ဒီအလုပ္ကို အရမ္းအေရးၾကီးလို႔ လိုအပ္ေနေၾကာင္း မေျပာမိပါေစနဲ႔။ မီတာခေတြ၊ ဖုန္းေဘလ္ေတြမေဆာင္နိုင္လို႔ ဒီအလုပ္ကိုေလွ်ာက္ပါတယ္ဆိုတာမ်ိဳးေပါ့။ သင့္အတြက္အေရးၾကီးေနေပမယ့္ ကုမၸဏီအတြက္ေတာ့ အေရးၾကီးမွာမဟုတ္ပါဘူး။ ကုမၸဏီက သူတို႔လိုအပ္ခ်က္အတြက္ သင့္ကိုေခၚတာပါ။ သင့္လိုအပ္ခ်က္ေတြကို လိုက္ျဖည့္စည္းေပးဖုိ႔မဟုတ္ပါဘူး။ ဒါေၾကာင့္သင္လိုအပ္ခ်က္အတြက္ အသနားခံမယ့္အစား သူတို႔အေနနဲ႔ သင္ရွိေနလို႔ ဘယ္လိုအလုပ္ျဖစ္ေၾကာင္း၊ သင့္ကိုရတာ ဘယ္ေလာက္ကံေကာင္းေၾကာင္းေျပာပါ။

၇။ကိုယ္ကအရင္လစာေတြနဲ႔ အက်ိဳးအျမတ္အေၾကာင္း စကားစတာ။
ဒါကလည္း အေရးၾကီးပါတယ္။ ဒီေနရာမွာသင့္ကိုယ္သင္ မဦးေဆာင္ခိုင္းပါနဲ႔။ အင္တာဗ်ဴးတဲ့သူေတြ စမေမးခင္မွာ လစာဘယ္ေလာက္လုိခ်င္ပါတယ္။ ဒီအလုပ္ကေနဘယ္လုိအကိ်ဳးအျမတ္ရမလဲ ဆိုတာေတြကို လံုး၀လံုး၀ မေျပာပါနဲ႔။ သင့္ကိုလံုး၀ အမွတ္ေလ်ာ့သြားေစမယ့္ ကိစၥပါ။ သူတို႔စၿပီး လစာဘယ္ေလာက္လုိခ်င္လဲလို႔ေမးမွ ကိုယ့္ရဲ႕ေမွ်ာ္မွန္းလစာကိုေျပာပါ။

၈။ပထမ အလုပ္ရွင္နဲ႔ပတ္သက္ၿပီး မေကာင္းေျပာတာ။
သင့္မွာ ဆိုး၀ါးတဲ့အလုပ္ရွင္ ရွိေကာင္းရွိႏိုင္ခဲ့ပါလိမ့္မယ္။ ဒါေပမယ့္ အလုပ္ရွင္ရဲ႕ မေကာင္းတာေတြခဏေမ့ထားလိုက္ပါ။ ကၽြန္ေတာ္/ကၽြန္မရဲ႕အလုပ္ရွင္ေဟာင္းက ဘာျဖစ္လုိ႔ပါ ညာျဖစ္လုိ႕ပါလို႔ ေျပာလုိက္ျခင္းအားျဖင့္ သင္အခုေလွ်ာက္တဲ့အလုပ္ကေနထြက္သြားရင္ ဒီလိုမ်ိဳးေျပာဦးမွာပဲလို႔ ထင္သြားနိုင္ပါတယ္။ သင့္မွာ အခြင့္အေရးကတစ္ခုပဲရွိတာပါ။မလိုလားအပ္တဲ့ အတိတ္ကအရာေတြေၾကာင့္ အခြင့္အေရးကို မဆံုးရွဳးံပါေစနဲ႔။

၉။ဘာေမးခြန္းမွ မေမးတာ
ေမးခြန္းေတြျပန္ေမးတာကလည္း သင့္မွာအင္တာဗ်ဴးအေပၚ၊ အလုပ္အေပၚ စိတ္၀င္စားမႈရွိတယ္ဆိုတာကို ျပသႏိုင္တဲ့နည္းတစ္ခုပါ။ ေသခ်ာမွန္ကန္တဲ့ေမးခြန္းေတြ ျဖစ္ဖို႔ေတာ့လိုတာေပါ့။ သင္ေမးတဲ့ေမးခြန္းေတြက သင္အလုပ္ကိုဘယ္ေလာက္စိတ္၀င္စားလဲ၊ ကုမၸဏီနဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္ဂရုစိုက္လဲဆိုတာ သိသာေစဖို႔ လိုပါတယ္။မွန္ကန္ၿပီးစဥ္းစားစရာေတြ ေပးႏိုင္မယ့္ ေမးခြန္းေတြဟာ အင္တာဗ်ဴးတဲ့သူေတြကို အထင္ၾကီးေစပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်က အင်တာဗျူးနဲ့ပတ်သက်တဲ့ မေးခွန်းတွေ၊ သိသင့်တာတွေ ပြင်ဆင်ထားပြီးဖြစ်လို့ လုံလောက်ပြီလို့ ထင်နေပါလား။ မထင်လိုက်ပါနဲ့။ သင်အင်တာဗျူးဖြေနေစဉ်မှာ မေ့ကောင်းမေ့နိုင်တဲ့၊ မှားယွင်းသွားနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။ ဒီအချက်တွေကပဲ သင့်အလုပ်ကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ အင်တာဗျူးဖြေနေစဉ်မှာ ဒီအချက်လေးတွေကို သတိထားလိုက်ပါ။ မဟုတ်ရင်တော့ သင့်ကို အလုပ်က Bye Byeပြသွားပါလိမ့်မယ်။

၁။သင့်ကိုယ်သင် အမွှန်းတင်လွန်းတာ
သင့်ကိုယ်သင် အမွှန်းတင်လွန်းတာတွေကို ရှောင်ပါ။ သူတို့မေးတဲ့ မေးခွန်းတွေကိုဖြေတဲ့အခါမှာ သင်ဘာကိုလိုချင်တယ်ဆိုတာ မပြောသင့်ပါဘူး အဲဒီအစား ကုမ္ပဏီကို ဘယ်လိုတိုးတက်အောင် ကိုယ်လုပ်ပေးနိုင်လဲဆိုတာကိုပဲ ပြောပါ။သင့်လိုအပ်ချက်တွေအကြောင်း ပြောချင်တယ်ဆိုရင်တော့ ကုမ္ပဏီရဲ့အောင်မြင်မှုနဲ့ တစ်တန်းတည်းဖြစ်အောင်သေချာမှပြောပါ။

၂။အဖြေအတွက် အချိန်မယူတာ
လူတော်တော်များများက မေးခွန်းတစ်ခုမေးလိုက်ပြီဆိုရင် ချက်ချင်းကိုပြန်ဖြေတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ သင့်စိတ်ထဲမှာရှိပြီးသားအဖြေကိုတန်းပေးတာက စမတ်မကျသလို အဖြေကောင်းလည်းမဖြစ်နိုင်ပါဘူး။သင့်ရဲ့အတွေးတွေကို စုစည်းဖို့ အချိန်ယူပါ။ ကိုယ့်မှာအဖြေရှိနေပြီးသားဆိုရင်တောင် ခဏလောက်ပဲဖြစ်ဖြစ်ငြိမ်ငြိမ်လေးနေကြည့်ပါ။ အင်တာဗျူးတဲ့လူက သင့်ခဏစဉ်းစားနေတဲ့အပေါ် စိတ်ကွက်သွားမှာကို မစိုးရိမ်ပါနဲ့။ သူ့အနေနဲ့ သင်အချိန်ယူပြီးစဉ်းစားတာကို ချီးကျူးနေမှာပါ။

၃။မသွယ်ဝိုက်ပါနဲ့။
လိုအပ်တဲ့အချက်ကို ပြောပါ။ သင်ပြောချင်တာ၊ သင်ဆိုလိုချင်တာကိုပဲ ပြောပါ။ မလိုအပ်ဘဲကွေ့ဝိုက်နေတာက အင်တာဗျူးသမားကို စိတ်ပျက်စေပါတယ်။ အဓိကအချက်ကို စဉ်းစားပါ။ချက်ကျလက်ကျနဲ့ တစ်ချက်ချင်းစီကို ရှင်းပြပါ။တိုတိုရှင်းရှင်းနဲ့ မှတ်မိလွယ်မယ့် အဖြေမျိုးပဲ ဖြေပါ။

၄။ကိုယ်လျှောက်တဲ့ ကုမ္ပဏီနဲ့ ပစ္စည်းကို နားမလည်တာ။
ကိုယ်လျှောက်တဲ့ ကုမ္ပဏီနဲ့ ပစ္စည်းကို နားမလည်တာက သင့်အနေနဲ့ အင်တာဗျူးအတွက်အခြေခံ လေ့လာမှုတောင် မလုပ်ခဲ့ဘူးလို့ ရည်ညွှန်းပါတယ်။ သင့်အနေနဲ့ဘာအားစိုက်ထုတ်မှုမှလုပ်မထားဘူးလို့ ထင်သွားနိုင်ပါတယ်။ အနည်းဆုံးတော့ ကိုယ်အလုပ်လျှောက်မယ့်နေရာရဲ့ အခြေခံအချက်တွေကို သိထားသင့်ပါတယ်။

၅။သင်က စိတ်ဝင်စားဖို့ မကောင်းတာ။
သင့်အနေနဲ့စကားပြောတဲ့ အခါမှာ လေးတိလေးကန်ဖြစ်နေတာ၊ တက်ကြွမှုမရှိတာက အမှတ်လျှော့ခံရမယ့် အချက်တွေထဲကတစ်ချက်ပါ။ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေပြပြီး သင်ဘာလဲဆိုတာ ပြသပါ။စကားပြောတဲ့ တက်တက်ကြွကြွနဲ့တစ်ဖက်သားစိတ်ပါဝင်စားလာအောင် ပြောပါ။

၆။တောင်းပန်လွန်းတာ။
သင်က ဒီအလုပ်ကို အရမ်းအရေးကြီးလို့ လိုအပ်နေကြောင်း မပြောမိပါစေနဲ့။ မီတာခတွေ၊ ဖုန်းဘေလ်တွေမဆောင်နိုင်လို့ ဒီအလုပ်ကိုလျှောက်ပါတယ်ဆိုတာမျိုးပေါ့။ သင့်အတွက်အရေးကြီးနေပေမယ့် ကုမ္ပဏီအတွက်တော့ အရေးကြီးမှာမဟုတ်ပါဘူး။ ကုမ္ပဏီက သူတို့လိုအပ်ချက်အတွက် သင့်ကိုခေါ်တာပါ။ သင့်လိုအပ်ချက်တွေကို လိုက်ဖြည့်စည်းပေးဖို့မဟုတ်ပါဘူး။ ဒါကြောင့်သင်လိုအပ်ချက်အတွက် အသနားခံမယ့်အစား သူတို့အနေနဲ့ သင်ရှိနေလို့ ဘယ်လိုအလုပ်ဖြစ်ကြောင်း၊ သင့်ကိုရတာ ဘယ်လောက်ကံကောင်းကြောင်းပြောပါ။

၇။ကိုယ်ကအရင်လစာတွေနဲ့ အကျိုးအမြတ်အကြောင်း စကားစတာ။
ဒါကလည်း အရေးကြီးပါတယ်။ ဒီနေရာမှာသင့်ကိုယ်သင် မဦးဆောင်ခိုင်းပါနဲ့။ အင်တာဗျူးတဲ့သူတွေ စမမေးခင်မှာ လစာဘယ်လောက်လိုချင်ပါတယ်။ ဒီအလုပ်ကနေဘယ်လိုအကျိုးအမြတ်ရမလဲ ဆိုတာတွေကို လုံးဝလုံး၀ မပြောပါနဲ့။ သင့်ကိုလုံး၀ အမှတ်လျော့သွားစေမယ့် ကိစ္စပါ။ သူတို့စပြီး လစာဘယ်လောက်လိုချင်လဲလို့မေးမှ ကိုယ့်ရဲ့မျှော်မှန်းလစာကိုပြောပါ။

၈။ပထမ အလုပ်ရှင်နဲ့ပတ်သက်ပြီး မကောင်းပြောတာ။
သင့်မှာ ဆိုးဝါးတဲ့အလုပ်ရှင် ရှိကောင်းရှိနိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အလုပ်ရှင်ရဲ့ မကောင်းတာတွေခဏမေ့ထားလိုက်ပါ။ ကျွန်တော်/ကျွန်မရဲ့အလုပ်ရှင်ဟောင်းက ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါလို့ ပြောလိုက်ခြင်းအားဖြင့် သင်အခုလျှောက်တဲ့အလုပ်ကနေထွက်သွားရင် ဒီလိုမျိုးပြောဦးမှာပဲလို့ ထင်သွားနိုင်ပါတယ်။ သင့်မှာ အခွင့်အရေးကတစ်ခုပဲရှိတာပါ။မလိုလားအပ်တဲ့ အတိတ်ကအရာတွေကြောင့် အခွင့်အရေးကို မဆုံးရှုးံပါစေနဲ့။

၉။ဘာမေးခွန်းမှ မမေးတာ
မေးခွန်းတွေပြန်မေးတာကလည်း သင့်မှာအင်တာဗျူးအပေါ်၊ အလုပ်အပေါ် စိတ်ဝင်စားမှုရှိတယ်ဆိုတာကို ပြသနိုင်တဲ့နည်းတစ်ခုပါ။ သေချာမှန်ကန်တဲ့မေးခွန်းတွေ ဖြစ်ဖို့တော့လိုတာပေါ့။ သင်မေးတဲ့မေးခွန်းတွေက သင်အလုပ်ကိုဘယ်လောက်စိတ်ဝင်စားလဲ၊ ကုမ္ပဏီနဲ့ ပတ်သက်ပြီး ဘယ်လောက်ဂရုစိုက်လဲဆိုတာ သိသာစေဖို့ လိုပါတယ်။မှန်ကန်ပြီးစဉ်းစားစရာတွေ ပေးနိုင်မယ့် မေးခွန်းတွေဟာ အင်တာဗျူးတဲ့သူတွေကို အထင်ကြီးစေပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top