iMyanmarHouse.com - Best Property Website for Myanmar
×

မနက္အိပ္ရာထခ်ိန္ မ်က္လုံးေတြ ပြတ္သပ္တဲ့အက်င့္ ရိွပါသလား။ သုိ႔မဟုတ္ စိတ္ျငီးေငြ႔ေနတဲ့အခါ မ်က္လုံးေတြ ပြတ္သပ္ေလ့ရိွပါသလား။ မ်က္လုံးပြတ္တာ မ်က္ရည္ေတြ ထြက္ေစျပီး အမိႈက္ေတြ ဖယ္ရွားေပးတာေၾကာင့္ အႏၱရာယ္မရိွဘူးလုိ႔ ယူဆေကာင္းယူဆပါလိမ့္မယ္။ ဒါေပမယ့္ ဒါဟာ အေကာင္းဘက္က ေတြးျမင္ထားတာပဲ ရိွပါေသးတယ္။ အႏၱရာယ္ျဖစ္ေစတဲ့ အပုိင္းေရာ သိပါသလား။

တစ္ခ်ိန္လုံး မ်က္လုံးေတြပြတ္သပ္တာက အႏၱရာယ္ျဖစ္ေစႏုိင္ပါတယ္။ ျပီးေတာ့ ၾကမ္းတမ္းစြာ ပြတ္သပ္ပါက မ်က္လုံးနဲ႔ပတ္သက္တဲ့ ျပသနာေပါင္းမ်ားစြာ ရင္ဆုိင္ရပါလိမ့္မယ္။

၁။ အျမင္အာရုံထိခုိက္ေစျခင္း

မ်က္လုံးကို ၾကမ္းၾကမ္းတမ္းတမ္း ပြတ္တာက ျပသနာမ်ားစြာ ျဖစ္ေစတတ္ပါတယ္။ ပြတ္ဖန္မ်ားရင္ အျမင္အာရုံၾကည္လင္ျပတ္သားမႈေလ်ာ့နည္းျပီး အေျခအေန ပိုမိုဆုိးရြားႏုိင္ပါတယ္။ ဒီလုိ မ်က္စိျပသနာတစ္ခုခုျဖစ္ပါက မ်က္လုံးပြတ္ျခင္းကို လံုးဝ ေရွာင္ၾကဥ္ပါ။ အျမင္အာရုံ အားနည္းျပီး နာဗ္ေၾကာေတြ ပ်က္စီးႏုိင္ပါတယ္။ ဒီ့ျပင္ မ်က္လုံးလည္း ကန္းသြားႏုိင္ပါတယ္။

၂။ မ်က္ၾကည္လႊာ ေပါက္ျပဲျခင္း

မ်က္လုံးကို ျပင္းထန္စြာ ပြတ္သပ္ျခင္းက မ်က္ၾကည္လႊာကို ပ်က္စီးေစတတ္ျပီး စိုးရိမ္ရတဲ့ ျပသနာ ျဖစ္ေစႏုိင္ပါတယ္။ တခါတေလ မ်က္လုံးထဲ အမႈိက္စ ဝင္တဲ့အခါ အဲဒီအရာဝတၱဳကို ဖယ္ရွားဖုိ႔ ကြ်ႏု္ပ္တုိ႔အမ်ားစု မ်က္လုံးကို ပြတ္ေလ့ရိွပါတယ္။ ဒါေပမယ့္ တကယ္တမ္း ပြတ္သပ္ေပးတာက မ်က္ၾကည္လႊာကို ေပါက္ျပဲ သုိ႔မဟုတ္ ပြန္းပဲ့ေစႏုိင္တာေၾကာင့္ ေရွာင္ရွားသင့္ပါတယ္။

၃။ အေရျပားက်ိန္းစပ္ျခင္း

လက္ညစ္ညစ္ပတ္ပတ္နဲ႔ မ်က္လုံးေတြ ပြတ္တဲ့အခါ ေရာဂါပုိးေတြ မ်က္လုံးထဲ ဝင္ေရာက္ျပီး ျပသနာ စတင္ျဖစ္ေပၚပါတယ္။ ေရာဂါပိုးေတြက ေနာက္ပိုင္း မ်က္ေျမွးေရာင္နာစတဲ့ ေရာဂါကူးစက္မႈေတြ ျဖစ္ပြားေစပါတယ္။ ဒါေၾကာင့္ မ်က္ကပ္မွန္တပ္တုိင္း မိမိလက္ကို သတိထားပါ။ တိုတုိေျပာရရင္ လက္ကို သန္႔ေအာင္ လုပ္ပါ။

၄။ မ်က္ကြင္းညိဳျခင္း

အလွအပအေလးထားသူေတြဟာ မ်က္ကြင္းညိဳျခင္းစတဲ့ ကိစၥေတြကို ဂရုစုိက္ၾကပါတယ္။ ဒီေတာ့ မ်က္ႏွာ လွပေနေစဖုိ႔ မ်က္လုံးကို မပြတ္မိပါေစနဲ႔။ မ်က္ကြင္းေတြ ညိဳမည္းေစရုံမက ေသြးေၾကာေတြပါ ပ်က္စီးေစပါတယ္။ 

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မနက်အိပ်ရာထချိန် မျက်လုံးတွေ ပွတ်သပ်တဲ့အကျင့် ရှိပါသလား။ သို့မဟုတ် စိတ်ငြီးငွေ့နေတဲ့အခါ မျက်လုံးတွေ ပွတ်သပ်လေ့ရှိပါသလား။ မျက်လုံးပွတ်တာ မျက်ရည်တွေ ထွက်စေပြီး အမှိုက်တွေ ဖယ်ရှားပေးတာကြောင့် အန္တရာယ်မရှိဘူးလို့ ယူဆကောင်းယူဆပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အကောင်းဘက်က တွေးမြင်ထားတာပဲ ရှိပါသေးတယ်။ အန္တရာယ်ဖြစ်စေတဲ့ အပိုင်းရော သိပါသလား။

တစ်ချိန်လုံး မျက်လုံးတွေပွတ်သပ်တာက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ကြမ်းတမ်းစွာ ပွတ်သပ်ပါက မျက်လုံးနဲ့ပတ်သက်တဲ့ ပြသနာပေါင်းများစွာ ရင်ဆိုင်ရပါလိမ့်မယ်။

၁။ အမြင်အာရုံထိခိုက်စေခြင်း

မျက်လုံးကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တာက ပြသနာများစွာ ဖြစ်စေတတ်ပါတယ်။ ပွတ်ဖန်များရင် အမြင်အာရုံကြည်လင်ပြတ်သားမှုလျော့နည်းပြီး အခြေအနေ ပိုမိုဆိုးရွားနိုင်ပါတယ်။ ဒီလို မျက်စိပြသနာတစ်ခုခုဖြစ်ပါက မျက်လုံးပွတ်ခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။ အမြင်အာရုံ အားနည်းပြီး နာဗ်ကြောတွေ ပျက်စီးနိုင်ပါတယ်။ ဒီ့ပြင် မျက်လုံးလည်း ကန်းသွားနိုင်ပါတယ်။

၂။ မျက်ကြည်လွှာ ပေါက်ပြဲခြင်း

မျက်လုံးကို ပြင်းထန်စွာ ပွတ်သပ်ခြင်းက မျက်ကြည်လွှာကို ပျက်စီးစေတတ်ပြီး စိုးရိမ်ရတဲ့ ပြသနာ ဖြစ်စေနိုင်ပါတယ်။ တခါတလေ မျက်လုံးထဲ အမှိုက်စ ဝင်တဲ့အခါ အဲဒီအရာဝတ္တုကို ဖယ်ရှားဖို့ ကျွနု်ပ်တို့အများစု မျက်လုံးကို ပွတ်လေ့ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်း ပွတ်သပ်ပေးတာက မျက်ကြည်လွှာကို ပေါက်ပြဲ သို့မဟုတ် ပွန်းပဲ့စေနိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။

၃။ အရေပြားကျိန်းစပ်ခြင်း

လက်ညစ်ညစ်ပတ်ပတ်နဲ့ မျက်လုံးတွေ ပွတ်တဲ့အခါ ရောဂါပိုးတွေ မျက်လုံးထဲ ဝင်ရောက်ပြီး ပြသနာ စတင်ဖြစ်ပေါ်ပါတယ်။ ရောဂါပိုးတွေက နောက်ပိုင်း မျက်မြှေးရောင်နာစတဲ့ ရောဂါကူးစက်မှုတွေ ဖြစ်ပွားစေပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တပ်တိုင်း မိမိလက်ကို သတိထားပါ။ တိုတိုပြောရရင် လက်ကို သန့်အောင် လုပ်ပါ။

၄။ မျက်ကွင်းညိုခြင်း

အလှအပအလေးထားသူတွေဟာ မျက်ကွင်းညိုခြင်းစတဲ့ ကိစ္စတွေကို ဂရုစိုက်ကြပါတယ်။ ဒီတော့ မျက်နှာ လှပနေစေဖို့ မျက်လုံးကို မပွတ်မိပါစေနဲ့။ မျက်ကွင်းတွေ ညိုမည်းစေရုံမက သွေးကြောတွေပါ ပျက်စီးစေပါတယ်။ 


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top