iMyanmarHouse.com - Best Property Website for Myanmar
×




Credit : Trend Myanmar



Unicode Version

သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွေမှာ ဂတ်စ်သွားဖြည့်၊ ဆီတွေသွားထည့်တဲ့အခါ ဂတ်စ်၊ ဆီတွေ ပိုရနိုင်တဲ့ နည်းလမ်းတစ်ခုရှိတာ သင်သိပြီးပြီလား။ ရိုးရှင်းပြီး မယုံနိုင်ဖွယ်ဖြစ်တဲ့အပြင် ပိုက်ဆံခြွေတာပေးမယ့်အချက်လည်း ဖြစ်ပါတယ်။

အဲဒါကတော့ ဂတ်စ်၊ ဆီကို တနေ့တာရဲ့ အအေးဆုံးအချိန် မနက်စောစော သွားထည့်ဖို့ပါပဲ။ တကယ်လို့ တစ်ပတ်တာအတွက် ရာသီဥတုသတင်းတွေ ကြည့်ဖြစ်ပါက ဂတ်စ်၊ ကားဆီထည့်ဖို့အတွက် တစ်ပတ်တာအတွင်း အအေးဆုံးရက်ကို မှတ်ထားပြီး အဲဒီနေ့မနက် စောစော ဂတ်စ်၊ ကားဆီသွားဖြည့်လိုက်ပါ။

နေ့ဘက် အပူချိန်ပမာဏနဲ့ အချိန်က ဘာကြောင့် အရေးပါသလဲဆိုရင် ရာသီဥတုအေးနေတဲ့အချိန်မှာ ဓာတ်ငွေ့က သိပ်သည်းဆ ပိုများပြီး များများပိုဝင်ပါတယ်။ ဓာတ်ငွေ့ကို မြေအောက်မှာ သိုလှောင်ထားတာဖြစ်တဲ့အတွက် မနက်ခင်အချိန်လေး သွားဖြည့်ဖို့ အရေးကြီးပါတယ်။ ဓာတ်ငွေ့ဟာ မြေအောက်ကနေ ထွက်လာပြီးနောက် ပိုနွေးပြီး သိပ်သည်းဆ လျော့နည်းလာပါတယ်။ အကယ်၍ ရာသီဥတုအေးစက်တဲ့ မနက်စောစောစီးစီးမှာ သွားဖြည့်မယ်ဆိုပါက ဓာတ်ငွေ့ပိုရဖို့ အလားအလာရှိပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top