iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္မ က Facebook သံုးရတာ ႏွစ္သက္တဲ့ လူငယ္တစ္ေယာက္ပါ ။ ကြ်န္မ ရဲ႕ အလုပ္ ကလည္း အင္တာနက္ကို အဓိက အားကိုးျပီး လုပ္ရတဲ့အလုပ္ဆိုေတာ့ ကြ်န္မ အတြက္ Facebook ဆိုတာ မရွိမျဖစ္ပါဘဲ ။ ေနာက္ျပီး အနီးအနားက သူငယ္ခ်င္းေတြ ၊ ရပ္ေဝးေျမျခားက သူငယ္ခ်င္းေတြ ၊ ကြဲကြာေနတာ ၾကာျပီ ျဖစ္တဲ့ သူငယ္ခ်င္းေတြ အားလံုး အားလံုး နဲ႕ အဆက္အသြယ္ မျပတ္ေအာင္ ဆံုစည္းေပးလို႕ ကြ်န္မတအားကို သေဘာက်ပါတယ္ ။ ဒါေပမယ့္ Facebook နဲ႕ ပတ္သတ္ျပီး အေရးၾကီးတဲ့ အရာတစ္ခုရွိပါတယ္ ။ ခုတေလာ ့ ကမၻာတစ္ဝွမ္းမွာ Facebook ေၾကာင့္ ခ်စ္သူစံုတြဲေတြ လမ္းခြဲရတဲ့ အျဖစ္သနစ္ေတြ ဒုနဲ႕ေဒး ၾကားေနရသလို အိမ္ေထာင္ရွင္ေတြ ေတာင္ ကြဲၾကကြာၾကတာေတြ ျဖစ္လာၾကပါတယ္ ။

အဲ့ဒါေၾကာင့္ အိမ္ ေထာင္ရွင္ေတြ လက္ထပ္ဖို႔ ရည္ရြယ္ထားတဲ့ ခ်စ္သူရွိသူေတြ အေနနဲ႕ေတာ့ သတိထားဖို႕လိုအပ္ပါတယ္ ။ Facebook အသံုးျပဳသူ စံုတြဲေတြ အတြက္ ကြ်န္မ နည္းလမ္းေကာင္း တခ်ိဳ႕ေပးပါရေစ ။ ေအာက္မွာ ေဖာ္ျပထားတဲ့ နည္းလမ္းေလးေတြကို လိုက္နာၾကည့္ရင္း ျပသနာတခ်ိဳ႕ ေလ်ာ့နည္းသြားေစလိမ့္မယ္လို႕ထင္ပါတယ္ ။

(၁) အတိတ္က ကိစၥရပ္ေတြအတြက္ ပစၥဳပၸါန္မွာ မုန္တိုင္း မထန္ပါေစနဲ႕
တစ္ည သင္ Facebook သံုးေနတုန္း ရည္းစားေဟာင္း (သို႕) အီစီကလီ လုပ္ဖူးတဲ့ တစ္ေယာက္ေယာက္က သင့္ကို သတိရတယ္ ဘာညာ နဲ႕ စကားလာေျပာတယ္ ဆိုပါေတာ့ ။ လ်စ္လ်ဴ႐ႈလိုက္သင့္တယ္လို႕ သင္ ထင္ပါသလား ။ သိပ္ဟုတ္တာေပါ့ ။ လ်စ္လ်ဴ႐ႈလိုက္ပါ ။ အေရးမပါတဲ့လူေတြ အတြက္ သင္တို႕ရဲ႕ အခ်စ္ေရး အိမ္ေထာင္ေရးမွာ မုန္တိုင္းလည္း မထန္သင့္ပါဘူး ။ ေလျပင္းလည္း မတိုက္သင့္ပါဘူး ။ အကယ္၍ ဟိုဘက္က ဆိုးဆိုးဝါးဝါး ပတ္သတ္လာခ်င္တယ္ ဆိုရင္ေတာ့ သင့္မွာ ခ်စ္သူရွိေၾကာင္း သင္ ဘယ္ေလာက္ ျမတ္ႏိုးေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာျပလိုက္ပါ ။ အဲ့ဒါ ကိုမွ ဆက္ျပီး ပတ္သတ္ခ်င္လာရင္ သူတို႕ရဲ႕ ကိုယ္က်င့္တရားနဲ႕ အဆင့္အတန္း ကို သူတို႕ ကိုယ္တုိင္ ဆံုးျဖတ္ပါလိမ့္ေစ ။

(၂) သင္က အတိတ္ကို ျပန္လည္ တူးေဖာ္ခ်င္ေနတာလား
အကယ္၍ သင္နဲ႕ ပတ္သတ္ရာ ပတ္သတ္ေၾကာင္းေတြက သင့္ကို မရွာဘူးထားပါေတာ့ ။ သင္ ကေရာ သူတို႕ကို သတိတရ ျပန္ရွာေနသင့္လား ။ ကြ်န္မ သိတယ္ ။ သင္ ဒီစာကို ဖတ္ေနရင္း အေၾကာင္းျပခ်က္ေတြ တသီတသန္း ၾကီး ထြက္ လာမယ္ ဆိုတာကို ေလ ။ သင္ေျပာလိမ့္မယ္ ။ သူတို႕ ခုဘာေတြ လုပ္ေနလဲ ၊ အိမ္ေထာင္က်ျပီလား ၊ ေအာင္ျမင္တဲ့ လုပ္ငန္းရွင္ တစ္ေယာက္ ျဖစ္ေနျပီလား ၊ လက္ရွိတြဲေနတဲ့လူ က သင့္ထက္သာရဲ႕လား စသည္ျဖင့္ အေၾကာင္းျပခ်က္ေတြ သင္ ေပးႏိုင္ပါတယ္ ။ ဒါေပမယ့္ ေတြးၾကည့္လိုက္ပါ ။ သင့္လက္တြဲ ေဖာ္ကလည္း သူနဲ႕ အရင္ ပတ္သတ္ခဲ့ ဖူးတဲ့ လူေတြ ကို လိုက္ရွာ ၊ ပံုေတြ လိုက္ၾကည့္ ျပီး Like ေပး ၊ ေနေကာင္းလား ဘာလုပ္ေနလဲ ဘာညာနဲ႕ လိုက္ေျပာေနရင္ သင့္ရင္ထဲ ဘယ္လို ခံစားရမလဲ ။ ကိုယ္ခ်င္းစာျခင္း ငဲ့ညာတတ္ျခင္း ဆိုတာ ဒါပါပဲ ။

(၃) မက္ေဆ့ခ်္ ပို႕ျခင္း
ဒါကေတာ့ သင့္လက္တြဲေဖာ္ အေပၚမွာပဲ မူတည္ပါတယ္ ။ သူက သဝန္တိုတတ္တဲ့သူဆိုရင္ေတာ့ သင္ အမ်ားၾကီး ဆင္ျခင္သင့္တယ္ ။ သင့္ ရဲ႕ ဆန္႕က်င္ဘက္ လိင္ မိတ္ေဆြ ေတြနဲ႕ စကားေျပာတဲ့အခါ အေရးမၾကီးသည့္ ကိစၥမ်ားကို ႏွစ္ကိုယ္ၾကား ဘယ္ေတာ့မွ မေျပာေလနဲ႕ ။

(၄) Facebook ေပၚမွာ စိတ္ကူးယဥ္ ဇာတ္လမ္းေတြ မထြင္ခ်င္ပါနဲ႕
သင္ တအား Romantic ဆန္ဆန္ေလး ခ်စ္ခ်င္ေနသလား ။ သင့္လက္တြဲေဖာ္ ကို သာ Surprise ေတြ အမွတ္တရေတြ လုပ္ေပးလိုက္ပါ ။ Facebook ေပၚမွာေတာ့ ပါးစပ္အရသာ ခံျပီး ေလလႈိုင္းေပၚက ေန အတုအေယာင္ သယာမႈေတြ မလိုခ်င္ပါနဲ႕ ။ အတုအေယာင္ ဆိုတာ တဒဂၤ စိတ္ခ်မ္းေျမ႕႐ံုေလးပါ ။ သင္ ေနထိုင္ မေကာင္း ျဖစ္ၾကည့္လိုက္ပါ ။ သင့္ေဘးမွာ ရွိေနတဲ့ လက္တြဲေဖာ္က သာ သင့္ကို ျပဳစုယုယေပးမွာ ။ ေလလႈိုင္း ေပၚ က လူေတြက "ဟယ္ ေနမေကာင္းဘူးလား သနားပါတယ္ မြခ်ိ မြခ်ိ ေဆးေသာက္ေနာ္" ဆိုတာ ေလာက္ပဲ ေျပာႏိုင္မွာ ။ တကယ္ အပင္ပန္းခံ ျပီး လုပ္ေပးမွာ သင့္ေဘးမွာ ရွိေနတဲ့ လက္ေတြ႕ဘဝထဲ က လက္တဲြ ေဖာ္ ။

(၅) ကြန္ပ်ဴတာ စခရင္ေပၚ မွာ အေပ်ာ္ရွာဖို႕ထက္ သင့္လက္တြဲေဖာ္ ကို အခ်ိန္ပိုေပးလိုက္ပါ
ကြ်န္မတို႕ႏိုင္ငံမွာ အင္တာနက္ အသံုးျပဳမႈ တြင္က်ယ္လာၿပီး လက္ကိုင္ဖုန္းမ်ား ေပါမ်ားလာျပီးတဲ့ေနာက္ လူမႈဆက္ဆံေရး က်င့္ဝတ္ေတြ အားနည္းလာၾကတယ္ ဆုိတာ လက္မခံခ်င္လည္း လက္ခံရမယ္ ။ သင့္ခ်စ္သူ နဲ႕ တူတူ ရွိေနတဲ့အခါ ဖုန္းထက္ သူ႕ကို ပို ဂရုစိုက္ေပးပါ ။ ဒါဆို ေသခ်ာတယ္ အင္တာနက္ေၾကာင့္ျဖစ္ရတဲ့ ျပသနာ သံုးပံုတစ္ပံုေလာက္ေတာ့ ေလ်ာ့သြားမွာ ။

(၆) သင့္မွာ လက္တြဲေဖာ္ ရွိေၾကာင္း လူမႈ ကြန္ယက္မွာလည္း လွစ္ဟာျပရဲပါေစ
ယခု မ်က္ေမွာက္ ေခတ္ကို က လူပ်ိဳ လား လူအိုလား မသဲကြဲတဲ့ ေခတ္ ။ အိမ္ေထာင္သည္နဲ႕ အပိ်ဳ နဲ႕ အျပိဳင္အဆိုင္ ဖလန္းၾကတဲ့ ေခတ္ ။  သင့္ကိုယ္ပိုင္ လူမႈကြန္ယက္ စာမ်က္ႏွာမွာ သင့္မွာ လက္တြဲေဖာ္ရွိေၾကာင္း ေဖာ္ျပထားျခင္း အားျဖင့္ သာမန္ အေသးစား ျပသနာေလးေတြ ကို ေျဖရွင္းျပီးသား ျဖစ္သြားပါလိမ့္မယ္ ။ ဒါေပမယ့္ ဒီနည္းလမ္းက အလုပ္ျဖစ္သလား မျဖစ္သလားေတာ့ သိပ္မေသခ်ာပါဘူး ။ ဘာလို႕လဲ ဆိုေတာ့ လူတစ္ဦးခ်င္းစီရဲ႕ ခံယူခ်က္ ကိုယ္က်င့္တရား စာရိတၱနဲ႕ ဆိုင္လို႕ပါပဲ ။ ကိုယ့္ခ်စ္သူ ကို ကိုယ့္ထက္ သူက ပိုသိတဲ့ ဒီဇို္င္းနဲ႕ ဂရုစိုက္ျပတတ္တဲ့ ေယာက်္ားေတြ မိန္းမေတြ ေလာက မွာ အပံုၾကီးပါပဲ ။
ကဲ . . . ဒီေလာက္ဆိုရင္ေတာ့ လံုေလာက္ျပီ ထင္ပါတယ္ ။

အခ်စ္စစ္နဲ႕ ့ျမတ္ႏိုးစံုမက္ၾကသူတိုင္း အသက္ထက္ဆံုး စိတ္ခ်မ္းသာစြာ ေနထိုင္ သြားႏိုင္ၾကပါေစ ။

Credit : Trend  Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ကျွန်မ က Facebook သုံးရတာ နှစ်သက်တဲ့ လူငယ်တစ်ယောက်ပါ ။ ကျွန်မ ရဲ့ အလုပ် ကလည်း အင်တာနက်ကို အဓိက အားကိုးပြီး လုပ်ရတဲ့အလုပ်ဆိုတော့ ကျွန်မ အတွက် Facebook ဆိုတာ မရှိမဖြစ်ပါဘဲ ။ နောက်ပြီး အနီးအနားက သူငယ်ချင်းတွေ ၊ ရပ်ဝေးမြေခြားက သူငယ်ချင်းတွေ ၊ ကွဲကွာနေတာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံး အားလုံး နဲ့ အဆက်အသွယ် မပြတ်အောင် ဆုံစည်းပေးလို့ ကျွန်မတအားကို သဘောကျပါတယ် ။ ဒါပေမယ့် Facebook နဲ့ ပတ်သတ်ပြီး အရေးကြီးတဲ့ အရာတစ်ခုရှိပါတယ် ။ ခုတလော့ ကမ္ဘာတစ်ဝှမ်းမှာ Facebook ကြောင့် ချစ်သူစုံတွဲတွေ လမ်းခွဲရတဲ့ အဖြစ်သနစ်တွေ ဒုနဲ့ဒေး ကြားနေရသလို အိမ်ထောင်ရှင်တွေ တောင် ကွဲကြကွာကြတာတွေ ဖြစ်လာကြပါတယ် ။

အဲ့ဒါကြောင့် အိမ်ထောင်ရှင်တွေ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူရှိသူတွေ အနေနဲ့တော့ သတိထားဖို့လိုအပ်ပါတယ် ။ Facebook အသုံးပြုသူ စုံတွဲတွေ အတွက် ကျွန်မ နည်းလမ်းကောင်း တချို့ပေးပါရစေ ။ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာကြည့်ရင်း ပြသနာတချို့ လျော့နည်းသွားစေလိမ့်မယ်လို့ထင်ပါတယ် ။

(၁) အတိတ်က ကိစ္စရပ်တွေအတွက် ပစ္စုပ္ပါန်မှာ မုန်တိုင်း မထန်ပါစေနဲ့
တစ်ည သင် Facebook သုံးနေတုန်း ရည်းစားဟောင်း (သို့) အီစီကလီ လုပ်ဖူးတဲ့ တစ်ယောက်ယောက်က သင့်ကို သတိရတယ် ဘာညာ နဲ့ စကားလာပြောတယ် ဆိုပါတော့ ။ လျစ်လျူရှုလိုက်သင့်တယ်လို့ သင် ထင်ပါသလား ။ သိပ်ဟုတ်တာပေါ့ ။ လျစ်လျူရှုလိုက်ပါ ။ အရေးမပါတဲ့လူတွေ အတွက် သင်တို့ရဲ့ အချစ်ရေး အိမ်ထောင်ရေးမှာ မုန်တိုင်းလည်း မထန်သင့်ပါဘူး ။ လေပြင်းလည်း မတိုက်သင့်ပါဘူး ။ အကယ်၍ ဟိုဘက်က ဆိုးဆိုးဝါးဝါး ပတ်သတ်လာချင်တယ် ဆိုရင်တော့ သင့်မှာ ချစ်သူရှိကြောင်း သင် ဘယ်လောက် မြတ်နိုးကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါ ။ အဲ့ဒါ ကိုမှ ဆက်ပြီး ပတ်သတ်ချင်လာရင် သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ အဆင့်အတန်း ကို သူတို့ ကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်စေ ။

(၂) သင်က အတိတ်ကို ပြန်လည် တူးဖော်ချင်နေတာလား
အကယ်၍ သင်နဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေက သင့်ကို မရှာဘူးထားပါတော့ ။ သင် ကရော သူတို့ကို သတိတရ ပြန်ရှာနေသင့်လား ။ ကျွန်မ သိတယ် ။ သင် ဒီစာကို ဖတ်နေရင်း အကြောင်းပြချက်တွေ တသီတသန်း ကြီး ထွက် လာမယ် ဆိုတာကို လေ ။ သင်ပြောလိမ့်မယ် ။ သူတို့ ခုဘာတွေ လုပ်နေလဲ ၊ အိမ်ထောင်ကျပြီလား ၊ အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေပြီလား ၊ လက်ရှိတွဲနေတဲ့လူ က သင့်ထက်သာရဲ့လား စသည်ဖြင့် အကြောင်းပြချက်တွေ သင် ပေးနိုင်ပါတယ် ။ ဒါပေမယ့် တွေးကြည့်လိုက်ပါ ။ သင့်လက်တွဲ ဖော်ကလည်း သူနဲ့ အရင် ပတ်သတ်ခဲ့ ဖူးတဲ့ လူတွေ ကို လိုက်ရှာ ၊ ပုံတွေ လိုက်ကြည့် ပြီး Like ပေး ၊ နေကောင်းလား ဘာလုပ်နေလဲ ဘာညာနဲ့ လိုက်ပြောနေရင် သင့်ရင်ထဲ ဘယ်လို ခံစားရမလဲ ။ ကိုယ်ချင်းစာခြင်း ငဲ့ညာတတ်ခြင်း ဆိုတာ ဒါပါပဲ ။

(၃) မက်ဆေ့ချ် ပို့ခြင်း
ဒါကတော့ သင့်လက်တွဲဖော် အပေါ်မှာပဲ မူတည်ပါတယ် ။ သူက သဝန်တိုတတ်တဲ့သူဆိုရင်တော့ သင် အများကြီး ဆင်ခြင်သင့်တယ် ။ သင့် ရဲ့ ဆန့်ကျင်ဘက် လိင် မိတ်ဆွေ တွေနဲ့ စကားပြောတဲ့အခါ အရေးမကြီးသည့် ကိစ္စများကို နှစ်ကိုယ်ကြား ဘယ်တော့မှ မပြောလေနဲ့ ။

(၄) Facebook ပေါ်မှာ စိတ်ကူးယဉ် ဇာတ်လမ်းတွေ မထွင်ချင်ပါနဲ့
သင် တအား Romantic ဆန်ဆန်လေး ချစ်ချင်နေသလား ။ သင့်လက်တွဲဖော် ကို သာ Surprise တွေ အမှတ်တရတွေ လုပ်ပေးလိုက်ပါ ။ Facebook ပေါ်မှာတော့ ပါးစပ်အရသာ ခံပြီး လေလှိုင်းပေါ်က နေ အတုအယောင် သယာမှုတွေ မလိုချင်ပါနဲ့ ။ အတုအယောင် ဆိုတာ တဒင်္ဂ စိတ်ချမ်းမြေ့ရုံလေးပါ ။ သင် နေထိုင် မကောင်း ဖြစ်ကြည့်လိုက်ပါ ။ သင့်ဘေးမှာ ရှိနေတဲ့ လက်တွဲဖော်က သာ သင့်ကို ပြုစုယုယပေးမှာ ။ လေလှိုင်း ပေါ် က လူတွေက "ဟယ် နေမကောင်းဘူးလား သနားပါတယ် မွချိ မွချိ ဆေးသောက်နော်" ဆိုတာ လောက်ပဲ ပြောနိုင်မှာ ။ တကယ် အပင်ပန်းခံ ပြီး လုပ်ပေးမှာ သင့်ဘေးမှာ ရှိနေတဲ့ လက်တွေ့ဘဝထဲ က လက်တွဲ ဖော် ။

(၅) ကွန်ပျူတာ စခရင်ပေါ် မှာ အပျော်ရှာဖို့ထက် သင့်လက်တွဲဖော် ကို အချိန်ပိုပေးလိုက်ပါ
ကျွန်မတို့နိုင်ငံမှာ အင်တာနက် အသုံးပြုမှု တွင်ကျယ်လာပြီး လက်ကိုင်ဖုန်းများ ပေါများလာပြီးတဲ့နောက် လူမှုဆက်ဆံရေး ကျင့်ဝတ်တွေ အားနည်းလာကြတယ် ဆိုတာ လက်မခံချင်လည်း လက်ခံရမယ် ။ သင့်ချစ်သူ နဲ့ တူတူ ရှိနေတဲ့အခါ ဖုန်းထက် သူ့ကို ပို ဂရုစိုက်ပေးပါ ။ ဒါဆို သေချာတယ် အင်တာနက်ကြောင့်ဖြစ်ရတဲ့ ပြသနာ သုံးပုံတစ်ပုံလောက်တော့ လျော့သွားမှာ ။

(၆) သင့်မှာ လက်တွဲဖော် ရှိကြောင်း လူမှု ကွန်ယက်မှာလည်း လှစ်ဟာပြရဲပါစေ
ယခု မျက်မှောက် ခေတ်ကို က လူပျို လား လူအိုလား မသဲကွဲတဲ့ ခေတ် ။ အိမ်ထောင်သည်နဲ့ အပျို နဲ့ အပြိုင်အဆိုင် ဖလန်းကြတဲ့ ခေတ် ။  သင့်ကိုယ်ပိုင် လူမှုကွန်ယက် စာမျက်နှာမှာ သင့်မှာ လက်တွဲဖော်ရှိကြောင်း ဖော်ပြထားခြင်း အားဖြင့် သာမန် အသေးစား ပြသနာလေးတွေ ကို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ် ။ ဒါပေမယ့် ဒီနည်းလမ်းက အလုပ်ဖြစ်သလား မဖြစ်သလားတော့ သိပ်မသေချာပါဘူး ။ ဘာလို့လဲ ဆိုတော့ လူတစ်ဦးချင်းစီရဲ့ ခံယူချက် ကိုယ်ကျင့်တရား စာရိတ္တနဲ့ ဆိုင်လို့ပါပဲ ။ ကိုယ့်ချစ်သူ ကို ကိုယ့်ထက် သူက ပိုသိတဲ့ ဒီဇိုင်းနဲ့ ဂရုစိုက်ပြတတ်တဲ့ ယောကျ်ားတွေ မိန်းမတွေ လောက မှာ အပုံကြီးပါပဲ ။
ကဲ . . . ဒီလောက်ဆိုရင်တော့ လုံလောက်ပြီ ထင်ပါတယ် ။

အချစ်စစ်နဲ့မြတ်နိုးစုံမက်ကြသူတိုင်း အသက်ထက်ဆုံး စိတ်ချမ်းသာစွာ နေထိုင် သွားနိုင်ကြပါစေ ။



Credit : Trend  Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...









 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top