iMyanmarHouse.com - Best Property Website for Myanmar
×

သံပုရာသီးမွာ ျဖည့္စြက္အာဟာရေတြမ်ားစြာပါ၀င္ပါတယ္။ဗီတာမင္ C ၊ဗီတာမင္ B မ်ား၊ကယ္ဆီယမ္၊သံဓာတ္၊မက္ဂနီဆီယမ္၊ပုိက္တက္ဆီယမ္၊ဖုိင္ဘာ စတဲ့ ဓာတ္ေတြပါ၀င္ပါတယ္။သံပုရာသီးမွာ ဆစ္ထရစ္အက္ဆစ္ (CITRIC ACID ) ၅%ကေန၆% အထိပါ၀င္ျပီး PH (potential Hydrogen) တန္ဖုိးကေတာ့ ၂.၂ ရွိအက္ဆစ္ဓာတ္ျမင့္မားတဲ့ အသီးတစ္မ်ဳိးျဖစ္ပါတယ္။ဒီသံပုရာသီးကုိ မနက္ပုိင္း မနက္စာမစားခင္ ၁၅ မိနစ္ကေန ၃၀ မိနစ္အတြင္းပုံမွန္ေသာက္သုံးေပးရင္ ရႏုိင္မဲ့ က်န္းမာေရး အက်ဳိးေက်းဇူးေတြကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ခႏၶာကုိယ္ ကုိယ္ခံအားကုိျမင့္တက္ေစတယ္။

သံပုရာသီး ၁၀၀ ဂရမ္မွာဗီတာမင္ C ၅၃ မီလီဂရမ္ ပါ၀င္ျပီးဒီပမာဏဟာ တစ္ေန႕တာ လုိအပ္တဲ့ ဗီတာမင္ C ပမာဏရဲ႕ ၆၄ % ရွိတာ ျဖစ္ပါတယ္။ဗီတာမင္ C ဟာ ကၽြန္ေတာ္တုိ႕ ကုိယ္ခံအားအတြက္ အေရးပါတဲ့ ဓာတ္ပမာဏျဖစ္ျပီးေတာ့ သင္မွာ စိတ္ဖိစီးမႈမ်ားလာတဲ့ အခါ ဗီတာမင္ C ကုိ သုံးေဆာင္ေပးဖုိ႕ အေရးၾကီးပါတယ္။ဒါေၾကာင့္ စိတ္ဖိစီးမႈကုိ ေလွ်ာ့ခ်ေပးတဲ့ ေဆးေတြရဲ႕ အဓိက ပါ၀င္ ပစၥည္းတစ္ခု ဟာ ဗီတာမင္ C ျဖစ္ေနတာျဖစ္ပါတယ္။သံပုရာသီးဟာ ပုိတက္ဆီယမ္ပါ၀င္မႈလည္း ျမင့္မားျပီး ၁၀၀ ဂရမ္မွာ  ၁၃၈  mg ပါ၀င္ပါျပီး ပုိတက္ဆီယမ္ဟာ သင္ရဲ႕ ဦးေႏွာက္နဲ႕ အာရုံေၾကာစနစ္အတြက္ လုိအပ္တဲ့ အာဟာရတစ္ခုျဖစ္ပါတယ္။

၂။အစာေျခစနစ္ကုိကူညီေပးတယ္။

သံပုရာသီးေဖ်ာ္ရည္ဟာ သင္ရဲ႕ အစာေျချခင္းကုိ ကူညီေပးရုံသာမက  အစာေျခလမ္းေၾကာင္းတစ္ေလွ်ာက္ရွိ အဆိပ္အေတာက္ေတြကုိလည္း ဖယ္ရွားေပးပါတယ္။သံပုရာရည္ဟာ ရင္ပူျခင္း၊ေလတက္ျခင္း၊ေလပြျခင္းစတဲ ေ၀ဒနာေတြကုိ သက္သာေစပါတယ္။

၃။သင့္ရဲ႕ ခံတြင္းနံ႕ ကုိေမႊးပ်ံေစတယ္။

သံပုရာသီးဟာ သြားကုိက္ျခင္းနဲ႕ သြားဖုံးေရာင္ျခင္းတုိ႕ကုိ သက္သာေစေပမဲ့ မနက္ပုိင္းမွာ သံပုရည္ေသာက္မယ္ဆုိရင္ ဆစ္ထရစ္အက္ဆစ္ဟာ သြားရဲ႕ ေၾကြသားေတြကုိ တုိက္စားႏုိင္တဲ့အတြက္ သံပရာမေသာက္ခင္ သြားကုိ အရင္တုိက္ထားသင့္ပါတယ္။

၄။အေရျပားကုိ အစက္အေျပာက္ကင္းေ၀းေစတယ္။

သံပုရာသီးမွာပါ၀င္တဲ့  အန္တီေအာက္စီဒန္႕ ဟာ အေရျပားတြန္႕ျခင္းကုိကာကြယ္ေပးျပီး အမည္းစက္ေတြကုိ လည္းေပ်ာက္ကင္းေစပါတယ္။သံပုရာ ရည္ဟာ ေသြးတြင္းပါ၀င္တဲ့ အဆိပ္အေတာက္ေတြကုိ ဖယ္ရွားေပးႏုိင္တဲ့ အတြက္ အမာရြတ္ေတြနဲ႕ အစက္ေပ်ာက္ေတြကုိလည္း ေပ်ာက္ကင္းေစပါတယ္။

၅။အဆစ္အျမစ္ေရာင္ယမ္းျခင္းကုိေလွ်ာ့ခ်ေပးပါတယ္။

ေန႔တုိင္း သံပုရာပုရာရည္ကုိပုံမွန္ေသာက္သုံးေပးမယ္ဆုိရင္ သင့္ခႏၶာကုိယ္ေသြးတြင္းက က်န္းမာေရးအတြက္ မေကာင္းတဲ့ အက္ဆစ္ဓာတ္ပမာဏ ေလွ်ာ့ပါးေစပါတယ္။ဥပမာ အဆစ္အျမစ္ေရာင္ေစေသာ ယူရစ္ အက္ဆစ္(uric acid)ကုိေလွ်ာ့ခ်ေပးျခင္း။


၆။ကဖင္းဓာတ္စြဲလန္းျခင္းကုိ ျဖတ္ေတာက္ေပးတယ္။

မနက္ပုိင္ေကာ္ဖီတစ္ခြက္ေနရာမွာ သံပုရာတစ္ခြက္ ကုိေျပာင္းလဲေသာက္သုံးလုိက္ ရင္ သင္က်န္းမာေရးအတြက္မေကာင္းတဲ့ ကဖင္းဓာတ္ကုိ ျဖတ္ေတာက္ရာမွာ ကူညီေပးျပီး သင့္ရဲ႕ အာရုံေၾကာစနစ္ကုိ ပုိမုိေကာင္းမြန္လာေစမွာျဖစ္ပါတယ္။

Credit : (Shwemom)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သံပုရာသီးမှာ ဖြည့်စွက်အာဟာရတွေများစွာပါဝင်ပါတယ်။ဗီတာမင် C ၊ဗီတာမင် B များ၊ကယ်ဆီယမ်၊သံဓာတ်၊မက်ဂနီဆီယမ်၊ပိုက်တက်ဆီယမ်၊ဖိုင်ဘာ စတဲ့ ဓာတ်တွေပါဝင်ပါတယ်။သံပုရာသီးမှာ ဆစ်ထရစ်အက်ဆစ် (CITRIC ACID ) ၅%ကနေ၆% အထိပါဝင်ပြီး PH (potential Hydrogen) တန်ဖိုးကတော့ ၂.၂ ရှိအက်ဆစ်ဓာတ်မြင့်မားတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ဒီသံပုရာသီးကို မနက်ပိုင်း မနက်စာမစားခင် ၁၅ မိနစ်ကနေ ၃၀ မိနစ်အတွင်းပုံမှန်သောက်သုံးပေးရင် ရနိုင်မဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ခန္ဓာကိုယ် ကိုယ်ခံအားကိုမြင့်တက်စေတယ်။

သံပုရာသီး ၁၀၀ ဂရမ်မှာဗီတာမင် C ၅၃ မီလီဂရမ် ပါဝင်ပြီးဒီပမာဏဟာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် C ပမာဏရဲ့ ၆၄ % ရှိတာ ဖြစ်ပါတယ်။ဗီတာမင် C ဟာ ကျွန်တော်တို့ ကိုယ်ခံအားအတွက် အရေးပါတဲ့ ဓာတ်ပမာဏဖြစ်ပြီးတော့ သင်မှာ စိတ်ဖိစီးမှုများလာတဲ့ အခါ ဗီတာမင် C ကို သုံးဆောင်ပေးဖို့ အရေးကြီးပါတယ်။ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ ဆေးတွေရဲ့ အဓိက ပါဝင် ပစ္စည်းတစ်ခု ဟာ ဗီတာမင် C ဖြစ်နေတာဖြစ်ပါတယ်။သံပုရာသီးဟာ ပိုတက်ဆီယမ်ပါဝင်မှုလည်း မြင့်မားပြီး ၁၀၀ ဂရမ်မှာ  ၁၃၈  mg ပါဝင်ပါပြီး ပိုတက်ဆီယမ်ဟာ သင်ရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်အတွက် လိုအပ်တဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။

၂။အစာခြေစနစ်ကိုကူညီပေးတယ်။

သံပုရာသီးဖျော်ရည်ဟာ သင်ရဲ့ အစာခြေခြင်းကို ကူညီပေးရုံသာမက  အစာခြေလမ်းကြောင်းတစ်လျှောက်ရှိ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။သံပုရာရည်ဟာ ရင်ပူခြင်း၊လေတက်ခြင်း၊လေပွခြင်းစတဲ ဝေဒနာတွေကို သက်သာစေပါတယ်။

၃။သင့်ရဲ့ ခံတွင်းနံ့ ကိုမွှေးပျံစေတယ်။

သံပုရာသီးဟာ သွားကိုက်ခြင်းနဲ့ သွားဖုံးရောင်ခြင်းတို့ကို သက်သာစေပေမဲ့ မနက်ပိုင်းမှာ သံပုရည်သောက်မယ်ဆိုရင် ဆစ်ထရစ်အက်ဆစ်ဟာ သွားရဲ့ ကြွေသားတွေကို တိုက်စားနိုင်တဲ့အတွက် သံပရာမသောက်ခင် သွားကို အရင်တိုက်ထားသင့်ပါတယ်။

၄။အရေပြားကို အစက်အပြောက်ကင်းဝေးစေတယ်။

သံပုရာသီးမှာပါဝင်တဲ့  အန်တီအောက်စီဒန့် ဟာ အရေပြားတွန့်ခြင်းကိုကာကွယ်ပေးပြီး အမည်းစက်တွေကို လည်းပျောက်ကင်းစေပါတယ်။သံပုရာ ရည်ဟာ သွေးတွင်းပါဝင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အတွက် အမာရွတ်တွေနဲ့ အစက်ပျောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။

၅။အဆစ်အမြစ်ရောင်ယမ်းခြင်းကိုလျှော့ချပေးပါတယ်။

နေ့တိုင်း သံပုရာပုရာရည်ကိုပုံမှန်သောက်သုံးပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်သွေးတွင်းက ကျန်းမာရေးအတွက် မကောင်းတဲ့ အက်ဆစ်ဓာတ်ပမာဏ လျှော့ပါးစေပါတယ်။ဥပမာ အဆစ်အမြစ်ရောင်စေသော ယူရစ် အက်ဆစ်(uric acid)ကိုလျှော့ချပေးခြင်း။


၆။ကဖင်းဓာတ်စွဲလန်းခြင်းကို ဖြတ်တောက်ပေးတယ်။

မနက်ပိုင်ကော်ဖီတစ်ခွက်နေရာမှာ သံပုရာတစ်ခွက် ကိုပြောင်းလဲသောက်သုံးလိုက် ရင် သင်ကျန်းမာရေးအတွက်မကောင်းတဲ့ ကဖင်းဓာတ်ကို ဖြတ်တောက်ရာမှာ ကူညီပေးပြီး သင့်ရဲ့ အာရုံကြောစနစ်ကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

Credit : (Shwemom)


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top