iMyanmarHouse.com - Best Property Website for Myanmar
×

သက္ရွိသတၱ၀ါတုိင္းဟာ အသက္ေရရွည္တည္ၿမဲေစဖုိ႔အတြက္ အစားအစာကို မစားမျဖစ္ စားေပးရပါတယ္။ ေရေတြကို ေသာက္ေပးရပါတယ္။ ဒီရဲ႕အက်ိဳးဆက္အျဖစ္ မစင္စြန္႔ျခင္းနဲ႔ က်င္ငယ္စြန္႔ျခင္းကို မျဖစ္မေန လုပ္ေဆာင္ရပါေတာ့တယ္။ အစာစားတဲ့သူတုိင္း မကင္းႏုိင္တဲ့ ကိစၥရပ္ေတြထဲမွာ ေလလည္ျခင္းကလည္း တစ္ခု အပါအ၀င္ ျဖစ္ပါတယ္။

ေလလည္တာကုိ လူ႔ယဥ္ေက်းမႈေတာ္ေတာ္မ်ားမ်ားက ရယ္စရာ ရွက္စရာအျဖစ္ ျမင္ေနၾကတဲ့အတြက္ လူၾကားထဲမွာ အသံေတာ္ေတာ္စူးစူးနဲ႔ ေလလည္ခဲ့မိသူဟာ မိမိကုိယ္ကုိယ္ ပင္ကုိယ္စိတ္ထားအရ ရွက္စရာ၊ ရယ္စရာအျဖစ္ ခံယူလုိက္မိၿပီးသား ျဖစ္သြားပါတယ္။ ဒီေတာ့ လူၾကားထဲမွာ ေလလည္မိရင္ အလြယ္တကူ ဖုံးကြယ္လုိ႔ရတဲ့ နည္းလမ္းေတြကို္ ဗဟုသုတအေနနဲ႔ ေဖာ္ျပလုိက္ပါတယ္။
(၁) ဆူညံသံနဲ႔ ေရာလႊတ္ပါ

လူၾကားသူၾကားထဲကို ကုိယ္က ေရာက္ေနလုိ႔ အင္မတိအင္မတန္ ေလလည္ခ်င္သပဆုိ အလြယ္ဆုံးနည္းလမ္းေလးေတြ ရွိပါတယ္။ အူေၾကာင္ေၾကာင္ေတာ့ နည္းနည္း ႏုိင္တာေပါ့။ ဥပမာ စာသင္ခန္းလုိေနရာမ်ိဳးမွာ ေလလည္တာကို အသံတစ္ခုခုနဲ႔ ေရာခ်ဖုိ႔ဆုိတာ သိပ္မလြယ္ပါဘူး။ ဒါေပမယ့္ စာအုပ္လြတ္က်သလိုလုိနဲ႔ ေရာလႊတ္ပါ၊ ဘက္စ္ကားဂိတ္လုိေနရာမ်ိဳးဆုိ သာလႊတ္လုိ႔ ေကာင္းေသး၊ လႊတ္သြားတဲ့ ဘက္စ္ကားကို အျပစ္တင္တာလုိလုိနဲ႔ ေအာ္က်ယ္ေအာ္က်ယ္လုပ္ကာ ေရာခ်လုိက္ပါ။
(၂) အျခားတစ္ေယာက္ပဲ ေလလည္လိုက္သလို နည္းနည္းအထာေပးပါ။

သင့္ဆီကေန အနံ႔စူးစူး ထြက္လာတယ္ဆုိတာ မွန္ေပမယ့္ မ်က္ႏွာ တစ္ခ်က္မပ်က္ပါနဲ႔။ ကိုယ္နဲ႔ အနီးအနားမွာရွိေနတဲ့ လူတစ္ခ်ိဳ႕ကုိ ေလလည္တဲ့တရားခံလုိလုိ မ်က္ေမွာင္ကုတ္ၿပီး လုိက္ၾကည့္လုိက္ပါ။ တကယ္လုိ႔ သင္ေလလည္ၿပီး မၾကာမီ တစ္စုံတစ္ေယာက္က အဆုိပါေနရာက ထြက္သြားတယ္ဆုိရင္ အဲဒီလူကို စူးစူး၀ါး၀ါးၾကည့္ၿပီး ႏွာေခါင္းကို ယပ္ခပ္သလုိလုိ ဘာလုိလုိ လုပ္လုိက္ပါ။

(၃) အနံ႔ယဥ္ယဥ္ကေလးနဲ႔ ေရာလႊတ္ပါ

ေကာင္မေလးကုိ ပန္းစည္ေပးတဲ့အခိ်န္မ်ိဳး၊ ေရေမြးေပးတဲ့ အခ်ိ္န္မ်ိဳးမွာ မေအာင့္ႏုိင္လုိ႔ ေလလည္မိတဲ့အခါ သူ အနံ႔ကုိ မရိပ္မိေစဖုိ႔ ပန္းစည္းကို သူ႕ႏွာေခါင္းနား ကပ္ၿပီး၊ ေမႊးၾကည့္ပါလား ေမႊးၾကည့္ပါလား စသျဖင့္လုပ္လုိက္ပါ။ ေရေမႊးလက္ေဆာင္ေပးရင္ ေလလည္ဖုိ႔ ပုိလုိ႔ေတာင္ အဆင္ေျပပါေသးတယ္။ ေရေမြးဘူးေလး ဖြင့္ၿပီး ပရွစ္ပရွစ္ဆုိ ခ်စ္သူေရွ႕မွာ တစ္ခ်က္ႏွစ္ခ်က္ေလာက္ ပန္းလုိက္ၿပီး ေမႊးတယ္ေနာ္ .. စသျဖင့္ ေရာခ်လုိက္ပါ။
(၄) လြတ္ရာကုိ ခပ္တည္တည္ ေရွာင္ထြက္ပါ

တစ္ခ်ိဳ႕က ဒီနည္းကို ေတာ္ေတာ္မ်ားမ်ား သုံးၾကပါတယ္။ ကိုယ္က လူၾကားထဲ ေလလည္ၿပီးၿပီဆုိရင္ ခပ္တည္တည္ သူမ်ားထက္ ႏွာေခါင္းကို ဦးေအာင္ပိတ္ၿပီး၊ ထြီ .. အေတာ္ဆုိးတဲ့ အနံ႔ပဲကြာ .. ဆုိၿပီး မွတ္ခ်က္ေပးကာ ေရွာင္ဖယ္တက္ၾကပါတယ္ … ဒါကလည္း လူၾကားထဲ ေလလည္ျခင္းအတတ္ပညာထဲမွာ တစ္ခု အပါအ၀င္ ျဖစ္ပါတယ္။
(၅) ကားထဲမွာဆုိ သ႐ုပ္ေဆာင္ ပိရိဖုိ႔လုိ

ကားထဲလုိေနရာမ်ိဳးမွာဆုိရင္ေတာ့ မေနတတ္ရင္ အီးတရားခံ ျဖစ္တတ္ပါတယ္။ တစ္ခ်ိဳ႕က လူေရွ႕သူေရွ႕ ေလခ်ဥ္တက္မိရင္ေတာ့ ေဆာရီးဆုိၿပီး ေျပာတတ္ေပမယ့္ ေလလည္ရင္ေတာ့ ခပ္တည္တည္ မွိန္းေနၾကပါတယ္ … အခုလည္း ကားေပၚမွာဆုိ ခပ္တည္တည္ မွိန္းေနလုိက္ပါ၊ ဒါမွမဟုတ္ အနံ႔တစ္ခုခု ကိုယ့္၀န္းက်င္က ရသလုိလုိနဲ႔ ေဘးလူေတြကုိ မဲ့ကာရြဲ႕ကာ ၾကည့္ၿပီး ေနရာေျပာင္းလုိက္ပါ။

(၆) ကုိယ္မဟုတ္သလုိလုိနဲ႔ ရြဲ႕ၿပီးေတာ့ ၀န္ခံပါ

တစ္ခါတေလ အေပါင္းအသင္းၾကားမွာ ေလလည္မိတာမ်ိဳး ရွိတတ္ပါတယ္။ ဒီၾကားထဲမွာ ခ်စ္သူပါ ပါလာရင္ ကိုယ္ေလလည္တာ သိသြားရင္ ရွက္စရာႀကီးေလ။ ဒါ့အျပင္ အေပါင္းအသင္းေတြျဖစ္ေနေတာ့ သင့္ကုိ အားနာမွာမဟုတ္တဲ့အတြက္ ” ေဟ့ေကာင္ မင္း ေလလည္လုိက္ၿပီ မဟုတ္လား … “ဆုိၿပီး ေျပာၾကမွာပါဘဲ၊ ဒီေတာ့ ကိုယ္ဟုတ္ေပမယ့္ မဟုတ္သလုိလုိနဲ႔ ” ေအးပါကြာ ငါပဲ ထားလုိက္ပါ .. မင္းတုိ႔ေကာင္ေတြက ေလလည္ၿပီဆုိ ငါ့ကုိပဲ လႊဲခ်ေနတာပဲ “ဆုိၿပီး ေျပာလိုက္ပါ။

(၇) ဓားစာခံရွာပါ

ကေလးသူငယ္ေတြပါ၀င္တဲ့ လူ အစုအဖြဲ႕လုိ ေနရာမ်ိဳးဆုိ အီးတရားခံ ရွာရတာ အေတာ္လြယ္ပါတယ္။ ကာယကံရွင္က ကုိယ္ဆုိေပမယ့္ ကေလးတစ္ေယာက္ေယာက္ကို ေနာက္သလုိလုိနဲ႔ ” ဟဲ့ေကာင္ေလး လူၾကားထဲ လာၿပီး ေလလည္ေနေသးတယ္ … သြား သြား ေ၀းေ၀း … အခုေခတ္ ကေလးေတြ အေတာ္ခက္ပ “ဆုိၿပီး ခပ္တည္တည္ ေျပာလုိက္ပါ။ အထက္ပါ ပညာရပ္ေတြဟာ လူၾကားထဲ မွင္ေသေသနဲ႔ ေလလည္ျခင္း အတတ္ပညာရပ္ေတြလုိ႔ မွတ္ယူလုိက မွတ္ယူႏုိင္ပါေၾကာင္း။

Credit :  (Shwemom)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သက်ရှိသတ္တဝါတိုင်းဟာ အသက်ရေရှည်တည်မြဲစေဖို့အတွက် အစားအစာကို မစားမဖြစ် စားပေးရပါတယ်။ ရေတွေကို သောက်ပေးရပါတယ်။ ဒီရဲ့အကျိုးဆက်အဖြစ် မစင်စွန့်ခြင်းနဲ့ ကျင်ငယ်စွန့်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ရပါတော့တယ်။ အစာစားတဲ့သူတိုင်း မကင်းနိုင်တဲ့ ကိစ္စရပ်တွေထဲမှာ လေလည်ခြင်းကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။

လေလည်တာကို လူ့ယဉ်ကျေးမှုတော်တော်များများက ရယ်စရာ ရှက်စရာအဖြစ် မြင်နေကြတဲ့အတွက် လူကြားထဲမှာ အသံတော်တော်စူးစူးနဲ့ လေလည်ခဲ့မိသူဟာ မိမိကိုယ်ကိုယ် ပင်ကိုယ်စိတ်ထားအရ ရှက်စရာ၊ ရယ်စရာအဖြစ် ခံယူလိုက်မိပြီးသား ဖြစ်သွားပါတယ်။ ဒီတော့ လူကြားထဲမှာ လေလည်မိရင် အလွယ်တကူ ဖုံးကွယ်လို့ရတဲ့ နည်းလမ်းတွေကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။
(၁) ဆူညံသံနဲ့ ရောလွှတ်ပါ

လူကြားသူကြားထဲကို ကိုယ်က ရောက်နေလို့ အင်မတိအင်မတန် လေလည်ချင်သပဆို အလွယ်ဆုံးနည်းလမ်းလေးတွေ ရှိပါတယ်။ အူကြောင်ကြောင်တော့ နည်းနည်း နိုင်တာပေါ့။ ဥပမာ စာသင်ခန်းလိုနေရာမျိုးမှာ လေလည်တာကို အသံတစ်ခုခုနဲ့ ရောချဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် စာအုပ်လွတ်ကျသလိုလိုနဲ့ ရောလွှတ်ပါ၊ ဘက်စ်ကားဂိတ်လိုနေရာမျိုးဆို သာလွှတ်လို့ ကောင်းသေး၊ လွှတ်သွားတဲ့ ဘက်စ်ကားကို အပြစ်တင်တာလိုလိုနဲ့ အော်ကျယ်အော်ကျယ်လုပ်ကာ ရောချလိုက်ပါ။
(၂) အခြားတစ်ယောက်ပဲ လေလည်လိုက်သလို နည်းနည်းအထာပေးပါ။

သင့်ဆီကနေ အနံ့စူးစူး ထွက်လာတယ်ဆိုတာ မှန်ပေမယ့် မျက်နှာ တစ်ချက်မပျက်ပါနဲ့။ ကိုယ်နဲ့ အနီးအနားမှာရှိနေတဲ့ လူတစ်ချို့ကို လေလည်တဲ့တရားခံလိုလို မျက်မှောင်ကုတ်ပြီး လိုက်ကြည့်လိုက်ပါ။ တကယ်လို့ သင်လေလည်ပြီး မကြာမီ တစ်စုံတစ်ယောက်က အဆိုပါနေရာက ထွက်သွားတယ်ဆိုရင် အဲဒီလူကို စူးစူးဝါးဝါးကြည့်ပြီး နှာခေါင်းကို ယပ်ခပ်သလိုလို ဘာလိုလို လုပ်လိုက်ပါ။

(၃) အနံ့ယဉ်ယဉ်ကလေးနဲ့ ရောလွှတ်ပါ

ကောင်မလေးကို ပန်းစည်ပေးတဲ့အချိန်မျိုး၊ ရေမွေးပေးတဲ့ အချိန်မျိုးမှာ မအောင့်နိုင်လို့ လေလည်မိတဲ့အခါ သူ အနံ့ကို မရိပ်မိစေဖို့ ပန်းစည်းကို သူ့နှာခေါင်းနား ကပ်ပြီး၊ မွှေးကြည့်ပါလား မွှေးကြည့်ပါလား စသဖြင့်လုပ်လိုက်ပါ။ ရေမွှေးလက်ဆောင်ပေးရင် လေလည်ဖို့ ပိုလို့တောင် အဆင်ပြေပါသေးတယ်။ ရေမွေးဘူးလေး ဖွင့်ပြီး ပရှစ်ပရှစ်ဆို ချစ်သူရှေ့မှာ တစ်ချက်နှစ်ချက်လောက် ပန်းလိုက်ပြီး မွှေးတယ်နော် .. စသဖြင့် ရောချလိုက်ပါ။
(၄) လွတ်ရာကို ခပ်တည်တည် ရှောင်ထွက်ပါ

တစ်ချို့က ဒီနည်းကို တော်တော်များများ သုံးကြပါတယ်။ ကိုယ်က လူကြားထဲ လေလည်ပြီးပြီဆိုရင် ခပ်တည်တည် သူများထက် နှာခေါင်းကို ဦးအောင်ပိတ်ပြီး၊ ထွီ .. အတော်ဆိုးတဲ့ အနံ့ပဲကွာ .. ဆိုပြီး မှတ်ချက်ပေးကာ ရှောင်ဖယ်တက်ကြပါတယ် … ဒါကလည်း လူကြားထဲ လေလည်ခြင်းအတတ်ပညာထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။
(၅) ကားထဲမှာဆို သရုပ်ဆောင် ပိရိဖို့လို

ကားထဲလိုနေရာမျိုးမှာဆိုရင်တော့ မနေတတ်ရင် အီးတရားခံ ဖြစ်တတ်ပါတယ်။ တစ်ချို့က လူရှေ့သူရှေ့ လေချဉ်တက်မိရင်တော့ ဆောရီးဆိုပြီး ပြောတတ်ပေမယ့် လေလည်ရင်တော့ ခပ်တည်တည် မှိန်းနေကြပါတယ် … အခုလည်း ကားပေါ်မှာဆို ခပ်တည်တည် မှိန်းနေလိုက်ပါ၊ ဒါမှမဟုတ် အနံ့တစ်ခုခု ကိုယ့်ဝန်းကျင်က ရသလိုလိုနဲ့ ဘေးလူတွေကို မဲ့ကာရွဲ့ကာ ကြည့်ပြီး နေရာပြောင်းလိုက်ပါ။

(၆) ကိုယ်မဟုတ်သလိုလိုနဲ့ ရွဲ့ပြီးတော့ ဝန်ခံပါ

တစ်ခါတလေ အပေါင်းအသင်းကြားမှာ လေလည်မိတာမျိုး ရှိတတ်ပါတယ်။ ဒီကြားထဲမှာ ချစ်သူပါ ပါလာရင် ကိုယ်လေလည်တာ သိသွားရင် ရှက်စရာကြီးလေ။ ဒါ့အပြင် အပေါင်းအသင်းတွေဖြစ်နေတော့ သင့်ကို အားနာမှာမဟုတ်တဲ့အတွက် ” ဟေ့ကောင် မင်း လေလည်လိုက်ပြီ မဟုတ်လား … “ဆိုပြီး ပြောကြမှာပါဘဲ၊ ဒီတော့ ကိုယ်ဟုတ်ပေမယ့် မဟုတ်သလိုလိုနဲ့ ” အေးပါကွာ ငါပဲ ထားလိုက်ပါ .. မင်းတို့ကောင်တွေက လေလည်ပြီဆို ငါ့ကိုပဲ လွှဲချနေတာပဲ “ဆိုပြီး ပြောလိုက်ပါ။

(၇) ဓားစာခံရှာပါ

ကလေးသူငယ်တွေပါဝင်တဲ့ လူ အစုအဖွဲ့လို နေရာမျိုးဆို အီးတရားခံ ရှာရတာ အတော်လွယ်ပါတယ်။ ကာယကံရှင်က ကိုယ်ဆိုပေမယ့် ကလေးတစ်ယောက်ယောက်ကို နောက်သလိုလိုနဲ့ ” ဟဲ့ကောင်လေး လူကြားထဲ လာပြီး လေလည်နေသေးတယ် … သွား သွား ဝေးဝေး … အခုခေတ် ကလေးတွေ အတော်ခက်ပ “ဆိုပြီး ခပ်တည်တည် ပြောလိုက်ပါ။ အထက်ပါ ပညာရပ်တွေဟာ လူကြားထဲ မှင်သေသေနဲ့ လေလည်ခြင်း အတတ်ပညာရပ်တွေလို့ မှတ်ယူလိုက မှတ်ယူနိုင်ပါကြောင်း။

Credit :  (Shwemom)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top