iMyanmarHouse.com - Best Property Website for Myanmar
×

ေငြဟာ မီးလိုပဲ သံုးတတ္ရင္ အလြန္အက်ိဳးရွိသလို မသံုးတတ္ရင္ေတာ့ ေဘးဒုကၡေပးႏုိင္ပါတယ္။ ေငြေၾကးျပည့္စံုတဲ့သူေတြၾကည့္မယ္ဆိုရင္ အမ်ားစုဟာ ေငြကို စနစ္တက် စီမံခန္႔ခြဲၾကသူေတြျဖစ္တယ္။ သူတို႔ဟာ ဘယ္လိုပင္ေသးငယ္ေသာ အသံုးျဖစ္ပါေစ သတိရွိၾကတယ္။ အသံုးနဲ႔ အျဖဳန္းကို နားလည္ၾကပါတယ္။ ဒါဆို ေငြကို အက်ိဳးရွိစြာ သံုးစြဲႏိုင္ဖို႔ မီလံ်နာေတြ ေျပာျပတဲ့ ေအာက္ပါ အခ်က္ေလးေတြကုိ သတိထားဖို႔လိုပါတယ္.......

၁။ သူတို႔ဟာ ရွာသည္ထက္ ပိုၿပီး မသံုးၾကပါဘူး။ ျမန္မာျပည္မွာလည္း ခရက္ဒစ္ကဒ္ေတြ ေပၚလာေတာ့မွာမို႔ အေၾကြး၀ယ္စနစ္နဲ႔ ပိုၿပီးအသံုးျပဳတာေတြ ျဖစ္လာႏိုင္ပါတယ္။

၂။ ေန႔စဥ္အသံုးစရိတ္ေတြကို အျမဲေလ့လာေနေလ့ရွိပါတယ္။ ဘာေတြမွာ ဘယ္ေလာက္ကုန္လဲ သိႏိုင္ေစမယ့္ မိုးဘိုင္းအပလီေကးရွင္းေတြ ရွိပါတယ္။

၃။ သူတို႔ မသံုးတဲ့ အမွာစာေတြကို မမွာၾကပါဘူး။ အထူးသျဖင့္ သတင္းစာ၊ ဂ်ာနယ္၊ အခေပး ဖုန္း Call back Ringtone ေတြျဖစ္ပါတယ္။ မသံုးရင္ unsubscribed လုပ္တာ အေကာင္းဆံုးပါ။

၄။ ေသးငယ္တဲ့ အသံုးစရိတ္ေတြကိုလည္း လ်စ္လ်ဴမရႈ႕ၾကပါဘူး။ ဘာလို႔လဲဆိုေတာ့ တစ္ခုခ်င္းသာ ေသးငယ္တာပါ။ အမ်ားႀကီးေပါင္းလိုက္ရင္ ႀကီးမားတဲ့အသံုးစရိတ္ျဖစ္လာႏိုင္လို႔ပါ။

၅။ ရုတ္တရက္ရလာတဲ့ ေငြေၾကးေတြကို အရမ္းကာေရာမသံုးၾကပါဘူး။ ဥပမာ ေမြးေန႔လက္ေဆာင္ရတာ၊ ကံစမ္းမဲေပါက္တာ စသျဖင့္ေပါ့။

၆။ စိတ္ေပ်ာ္ေအာင္လို႔ Shopping မထြက္ၾကပါဘူး။ ဘာလို႔လဲဆိုေတာ့ စိတ္ညစ္ေနတဲ့အခ်ိန္မွာ စိတ္ေပ်ာ္ေအာင္ ပစၥည္းေတြလိုက္၀ယ္မယ္ဆိုရင္ ကိုယ္စိတ္ျပန္ၾကည္တဲ့အခ်ိန္မွာ ေနာင္တရတတ္ပါတယ္။

၇။ အခ်ိန္နီးမွ လက္ေဆာင္ေတြ မ၀ယ္ၾကပါ။ ဘာလို႔လဲဆိုေတာ့ အခ်ိန္နီးကပ္ေနမွ လက္ေဆာင္၀ယ္မယ္ဆိုရင္ ကိုယ္ဂရုမစိုက္မိတာကို ဖံုးဖိဖို႔အတြက္ ေစ်းၾကီးတာေတြကို မစဥ္းစားဘဲ ၀ယ္မိတတ္ၾကတယ္။

၈။ အျမဲတမ္း အျပင္မွာ ထြက္မစားၾကပါ။ အျပင္မွာ တစ္ခါစားရင္ အိမ္မွာ ခ်က္ျပဳတ္စားတာထက္ အနည္းဆံုး ႏွစ္ဆေလာက္ပုိ ကုန္ပါတယ္။

၉။ အက်န္ေတြကို လြယ္လြယ္နဲ႔ မလႊင့္ပစ္ၾကပါ။ ဆိုင္မွာ စားလို႔ပိုသြားရင္ မထားခဲ့ပဲနဲ႔ ပါဆယ္ထုတ္လာပါ။ ဒါဆို ေနာက္ထပ္ တစ္နပ္အတြက္ အသံုးတည့္ပါလိမ့္မယ္။

၁၀။ သက္တမ္းကုန္ခါနီး အစာေတြ မ၀ယ္ၾကပါဘူး။ သူတို႔ဟာ သံုးေလးရက္ တစ္ခါေလာက္ ေစ်း၀ယ္ေလ့ရွိၾကသူေတြျဖစ္ၿပီး အေၾကာင္းကေတာ့ တစ္ပါတ္စာအတြက္ ေလွာင္ထားရင္ တခါတေလ အစာေတြ ပုပ္သြားတတ္ၾကလို႔ပါ။

၁၁။ ေသခ်ာမစဥ္းစား မဆင္ျခင္ပဲနဲ႔ ပိုက္ဆံသံုးေလ့မရွိပါ။ သူတို႔ေတြေမးေလ့ရွိတာက ငါတကယ္လိုရဲ႕လား ပဲျဖစ္ပါတယ္။

၁၂။ ပံုမွန္မ၀တ္တဲ့ အ၀တ္အစားေတြကို ၀ယ္ေလ့မရွိပါ။ ဘာလို႔လဲဆိုရင္ အ၀တ္အစားေတြက အမ်ားႀကီး တကယ္၀တ္လို႔ျဖစ္တဲ့ အ၀တ္က နည္းနည္းေလးျဖစ္မွာကို မလိုလားၾကလို႔ ျဖစ္ပါတယ္။

၁၃။ ေလ်ာ့ေစ်းနဲ႔ ေပးထားလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ပစၥည္းေတြ၀ယ္ေလ့ မရွိပါဘူး။ တကယ္လိုအပ္တဲ့ အရာမ်ိဳး ေလ်ာ့ေစ်းနဲ႔ ေပးထားရင္ေတာ့ သူတို႔ေတြ လက္လႊတ္မခံၾကပါဘူး။

၁၄။ ေစ်းႏႈန္းကို မေမးဘဲ ဘယ္ေတာ့မွ ပစၥည္းမ၀ယ္ၾကပါ။ အဲဒါက ကိုယ့္ကို အထင္ေသးမွာစိုးလို႔ ခက္ခဲတဲ့ ေမးခြန္းျဖစ္ေပမယ့္လဲ ေစ်းမေမးမိလို႔ ေစ်းၾကီးေပး၀ယ္ရတာနဲ႔စာရင္ တန္ပါတယ္။

၁၅။ အနာဂတ္မွာလိုအပ္လာမယ့္ အသံုးေတြကို ႏွေမ်ာေလ့မရွိၾကပါ။ ဥပမာ သြားပိုးေပါက္ေသေသးေလး ေတြ႕တယ္ဆိုပါစို႔။ သူတို႔ေတြ ခ်က္ခ်င္းဆိုသလို သြားဆရာ၀န္ဆီး သြားျပမွာပါ။ ဒီလိုမွမဟုတ္ဘဲ ပိုးေပါက္ႀကီးလာၿပီး ပိုဆိုးလာမယ္ဆိုရင္ ေငြကုန္ေၾကးက်ပိုမ်ားမွာ ျဖစ္ပါတယ္။

၁၆။ ျဖတ္လမ္းနည္းနဲ႔ ခ်မ္းသာမယ့္နည္းလမ္းေတြ မသံုးၾကပါဘူး။ ဥပမာ ေလာင္းကစားျခင္း၊ ကံစမ္းမဲ၀ယ္ျခင္း၊ စသျဖင့္။

၁၇။ ေငြေၾကးရည္မွန္းခ်က္ေတြကို မေမ့ဘဲ ခ်မွတ္ေလ့ရွိၾကပါတယ္။ ဒါမွသာ ကိုယ္သြားမယ့္လမ္းေၾကာင္း ရွိေနတဲ့အတြက္ ကိုယ့္ေငြေၾကး အိပ္မက္ျပည့္၀မွာ ျဖစ္ပါတယ္။

၁၈။ အရင္က မွားခဲ့တာေတြေၾကာင့္ အနာဂါတ္တိုးတက္မႈကို မေႏွာင့္ေႏွးေစပါဘူး။ အရင္က အသံုးအျဖဳန္း
Credit: myanmaentrepreneurs

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ငွေဟာ မီးလိုပဲ သုံးတတ်ရင် အလွန်အကျိုးရှိသလို မသုံးတတ်ရင်တော့ ဘေးဒုက္ခပေးနိုင်ပါတယ်။ ငွေကြေးပြည့်စုံတဲ့သူတွေကြည့်မယ်ဆိုရင် အများစုဟာ ငွေကို စနစ်တကျ စီမံခန့်ခွဲကြသူတွေဖြစ်တယ်။ သူတို့ဟာ ဘယ်လိုပင်သေးငယ်သော အသုံးဖြစ်ပါစေ သတိရှိကြတယ်။ အသုံးနဲ့ အဖြုန်းကို နားလည်ကြပါတယ်။ ဒါဆို ငွေကို အကျိုးရှိစွာ သုံးစွဲနိုင်ဖို့ မီလံျနာတွေ ပြောပြတဲ့ အောက်ပါ အချက်လေးတွေကို သတိထားဖို့လိုပါတယ်.......

၁။ သူတို့ဟာ ရှာသည်ထက် ပိုပြီး မသုံးကြပါဘူး။ မြန်မာပြည်မှာလည်း ခရက်ဒစ်ကဒ်တွေ ပေါ်လာတော့မှာမို့ အကြွေးဝယ်စနစ်နဲ့ ပိုပြီးအသုံးပြုတာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ နေ့စဉ်အသုံးစရိတ်တွေကို အမြဲလေ့လာနေလေ့ရှိပါတယ်။ ဘာတွေမှာ ဘယ်လောက်ကုန်လဲ သိနိုင်စေမယ့် မိုးဘိုင်းအပလီကေးရှင်းတွေ ရှိပါတယ်။

၃။ သူတို့ မသုံးတဲ့ အမှာစာတွေကို မမှာကြပါဘူး။ အထူးသဖြင့် သတင်းစာ၊ ဂျာနယ်၊ အခပေး ဖုန်း Call back Ringtone တွေဖြစ်ပါတယ်။ မသုံးရင် unsubscribed လုပ်တာ အကောင်းဆုံးပါ။

၄။ သေးငယ်တဲ့ အသုံးစရိတ်တွေကိုလည်း လျစ်လျူမရှု့ကြပါဘူး။ ဘာလို့လဲဆိုတော့ တစ်ခုချင်းသာ သေးငယ်တာပါ။ အများကြီးပေါင်းလိုက်ရင် ကြီးမားတဲ့အသုံးစရိတ်ဖြစ်လာနိုင်လို့ပါ။

၅။ ရုတ်တရက်ရလာတဲ့ ငွေကြေးတွေကို အရမ်းကာရောမသုံးကြပါဘူး။ ဥပမာ မွေးနေ့လက်ဆောင်ရတာ၊ ကံစမ်းမဲပေါက်တာ စသဖြင့်ပေါ့။

၆။ စိတ်ပျော်အောင်လို့ Shopping မထွက်ကြပါဘူး။ ဘာလို့လဲဆိုတော့ စိတ်ညစ်နေတဲ့အချိန်မှာ စိတ်ပျော်အောင် ပစ္စည်းတွေလိုက်ဝယ်မယ်ဆိုရင် ကိုယ်စိတ်ပြန်ကြည်တဲ့အချိန်မှာ နောင်တရတတ်ပါတယ်။

၇။ အချိန်နီးမှ လက်ဆောင်တွေ မဝယ်ကြပါ။ ဘာလို့လဲဆိုတော့ အချိန်နီးကပ်နေမှ လက်ဆောင်ဝယ်မယ်ဆိုရင် ကိုယ်ဂရုမစိုက်မိတာကို ဖုံးဖိဖို့အတွက် ဈေးကြီးတာတွေကို မစဉ်းစားဘဲ ဝယ်မိတတ်ကြတယ်။

၈။ အမြဲတမ်း အပြင်မှာ ထွက်မစားကြပါ။ အပြင်မှာ တစ်ခါစားရင် အိမ်မှာ ချက်ပြုတ်စားတာထက် အနည်းဆုံး နှစ်ဆလောက်ပို ကုန်ပါတယ်။

၉။ အကျန်တွေကို လွယ်လွယ်နဲ့ မလွှင့်ပစ်ကြပါ။ ဆိုင်မှာ စားလို့ပိုသွားရင် မထားခဲ့ပဲနဲ့ ပါဆယ်ထုတ်လာပါ။ ဒါဆို နောက်ထပ် တစ်နပ်အတွက် အသုံးတည့်ပါလိမ့်မယ်။

၁၀။ သက်တမ်းကုန်ခါနီး အစာတွေ မဝယ်ကြပါဘူး။ သူတို့ဟာ သုံးလေးရက် တစ်ခါလောက် ဈေးဝယ်လေ့ရှိကြသူတွေဖြစ်ပြီး အကြောင်းကတော့ တစ်ပါတ်စာအတွက် လှောင်ထားရင် တခါတလေ အစာတွေ ပုပ်သွားတတ်ကြလို့ပါ။

၁၁။ သေချာမစဉ်းစား မဆင်ခြင်ပဲနဲ့ ပိုက်ဆံသုံးလေ့မရှိပါ။ သူတို့တွေမေးလေ့ရှိတာက ငါတကယ်လိုရဲ့လား ပဲဖြစ်ပါတယ်။

၁၂။ ပုံမှန်မဝတ်တဲ့ အဝတ်အစားတွေကို ဝယ်လေ့မရှိပါ။ ဘာလို့လဲဆိုရင် အဝတ်အစားတွေက အများကြီး တကယ်ဝတ်လို့ဖြစ်တဲ့ အဝတ်က နည်းနည်းလေးဖြစ်မှာကို မလိုလားကြလို့ ဖြစ်ပါတယ်။

၁၃။ လျော့ဈေးနဲ့ ပေးထားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ္စည်းတွေဝယ်လေ့ မရှိပါဘူး။ တကယ်လိုအပ်တဲ့ အရာမျိုး လျော့ဈေးနဲ့ ပေးထားရင်တော့ သူတို့တွေ လက်လွှတ်မခံကြပါဘူး။

၁၄။ ဈေးနှုန်းကို မမေးဘဲ ဘယ်တော့မှ ပစ္စည်းမဝယ်ကြပါ။ အဲဒါက ကိုယ့်ကို အထင်သေးမှာစိုးလို့ ခက်ခဲတဲ့ မေးခွန်းဖြစ်ပေမယ့်လဲ ဈေးမမေးမိလို့ ဈေးကြီးပေးဝယ်ရတာနဲ့စာရင် တန်ပါတယ်။

၁၅။ အနာဂတ်မှာလိုအပ်လာမယ့် အသုံးတွေကို နှမျောလေ့မရှိကြပါ။ ဥပမာ သွားပိုးပေါက်သေသေးလေး တွေ့တယ်ဆိုပါစို့။ သူတို့တွေ ချက်ချင်းဆိုသလို သွားဆရာဝန်ဆီး သွားပြမှာပါ။ ဒီလိုမှမဟုတ်ဘဲ ပိုးပေါက်ကြီးလာပြီး ပိုဆိုးလာမယ်ဆိုရင် ငွေကုန်ကြေးကျပိုများမှာ ဖြစ်ပါတယ်။

၁၆။ ဖြတ်လမ်းနည်းနဲ့ ချမ်းသာမယ့်နည်းလမ်းတွေ မသုံးကြပါဘူး။ ဥပမာ လောင်းကစားခြင်း၊ ကံစမ်းမဲဝယ်ခြင်း၊ စသဖြင့်။

၁၇။ ငွေကြေးရည်မှန်းချက်တွေကို မမေ့ဘဲ ချမှတ်လေ့ရှိကြပါတယ်။ ဒါမှသာ ကိုယ်သွားမယ့်လမ်းကြောင်း ရှိနေတဲ့အတွက် ကိုယ့်ငွေကြေး အိပ်မက်ပြည့်ဝမှာ ဖြစ်ပါတယ်။

၁၈။ အရင်က မှားခဲ့တာတွေကြောင့် အနာဂါတ်တိုးတက်မှုကို မနှောင့်နှေးစေပါဘူး။ အရင်က အသုံးအဖြုန်း

Credit: myanmaentrepreneurs



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top