iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာမိန္းကေလးေတြ အိမ္ေထာင္ဘက္ေရြးတဲ့အခါ ဒါေတြကုိသိထားသင့္တယ္...

တစ္မိသားစုႏွင့္ တစ္မိသားစု အခ်ိန္တန္ အရြယ္ေရာက္လာေသာ္ တစ္ဦးႏွင့္တစ္ဦး
အေၾကာင္းေပါင္းဖက္ရသည္မွာ ဓမၼမွာပင္ျဖစ္ေပသည္။ ယခုဘဝတြင္ ဘဝတစ္သက္တာ
ေပ်ာ္ရႊင္ခ်မ္းေျမ့ဖြယ္ အိမ္ေထာင္တစ္ခု ျဖစ္နိုင္ဖို ့ရာအတြက္ …

( ၁ ) အိမ္ေထာင္ဖက္သည္ ေရာဂါဘယ ကင္းရွင္းၿပီး က်န္းမာေရးေကာင္းဖို ့လိုပါသည္။
( ၂ ) ဘဲြ ့ရေခတ္ပညာတတ္ႀကီး မဟုတ္လင့္ကစား သင့္တင့္ေသာ ပညာရွိဖို ့လိုပါသည္။
( ၃ ) ႏွစ္ဦးႏွစ္ဖက္ သင့္တင့္ေသာ စီးပြားေရးရွိဖို ့လိုပါသည္။
တူႏွစ္ကုိယ္တဲအိုပ်က္မွာ ထ
မင္းရည္ပူ လ်က္ရေစေတာ့ဟူသည္ သီခ်င္းထဲမွာပဲ ရွိသည္။
( ၄ ) ပတ္ဝန္းက်င္ႏွင့္ သဟဇာတျဖစ္ေအာင္ ေပါင္းသင္းဆက္ဆံဖို ့၊ လူဝင္ဆံ့ဖို ့လည္းလို
အပ္ပါသည္။
( ၅ ) စိတ္ေကာင္း၊ ႏွလံုးေကာင္း၊ သေဘာထားေကာင္းသူျဖစ္ဖို ့လိုအပ္သကဲ့သို႔ အက်င့္
စာရိတၱေကာင္းမြန္သူျဖစ္ရန္လည္း အေရးႀကီးသည္။
အိမ္ေထာင္ဖက္ေရြးခ်ယ္ျခင္းႏွင့္ ပတ္သက္ၿပီး “ ပါသံုးပါ၊
ခ်ာသံုးခ်ာ၊ ကြာသံုးကြာ”
ဟူေသာ ေရွးရိုးစဥ္လာ စကားမွာလည္း မွတ္သားလိုက္နာဖြယ္ေကာင္းလွသည္။၄င္းတို ့မွာ..

“ ပါသံုးပါ “ ဟူသည္
( ၁ ) အေၾကြးေတြပါလာသူ၊
( ၂ ) ေရာဂါဘယ ပါလာသူ၊
( ၃ ) အပိုစားမည့္သူ ပါလာသူ၊

“ ခ်ာသံုးခ်ာ “ ဟူသည္
( ၁ ) ပညာအရည္အခ်င္း နံဳခ်ာသူ၊
( ၂ ) အက်င့္စာရိတၱ နံဳခ်ာသူ၊
( ၃ ) အလုပ္အကိုင္ နံဳခ်ာသူ၊

“ ကြာသံုးကြာ “ ဟူသည္
( ၁ ) တိုင္းနိုင္ငံႏွင့္ လူမ်ဳိးမတူ ကြာျခားသူ၊
( ၂ ) အယူဝါဒမတူ ကြာျခားသူ၊
( ၃ ) စိတ္သေဘာမတူ ကြာျခားသူတို ့ျဖစ္ၾကသည္။

ေရွးလူႀကီးသူမမ်ား၏ ေျပာျပခ်က္အရ ယင္းအခ်က္ကုိးခ်က္ႏွင့္ မကိုက္ညီေသာ အိမ္
ေထာင္ေရးမ်ားသည္ စိတ္ဆင္းရဲ၊ ကုိယ္ဆင္းရဲ ျဖစ္တတ္ၾကၿပီး၊ ကိုက္ညီေသာ အိမ္ေထာင္ေရး
မ်ားသည္ မ်ားေသာအားျဖင့္ အဆင္ေျပေခ်ာေမြ ့ၿပီး စိတ္ခ်မ္းသာ၊ ကုိယ္ခ်မ္းသာရွိၾကသည္ဟု
ဆိုသည္။

Credit : shwemantarlaywaiyan
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မြန်မာမိန်းကလေးတွေ အိမ်ထောင်ဘက်ရွေးတဲ့အခါ ဒါတွေကိုသိထားသင့်တယ်...

တစ်မိသားစုနှင့် တစ်မိသားစု အချိန်တန် အရွယ်ရောက်လာသော် တစ်ဦးနှင့်တစ်ဦး
အကြောင်းပေါင်းဖက်ရသည်မှာ ဓမ္မမှာပင်ဖြစ်ပေသည်။ ယခုဘဝတွင် ဘဝတစ်သက်တာ
ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခု ဖြစ်နိုင်ဖို့ရာအတွက် …

( ၁ ) အိမ်ထောင်ဖက်သည် ရောဂါဘယ ကင်းရှင်းပြီး ကျန်းမာရေးကောင်းဖို့လိုပါသည်။
( ၂ ) ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာရှိဖို့လိုပါသည်။
( ၃ ) နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေးရှိဖို့လိုပါသည်။
တူနှစ်ကိုယ်တဲအိုပျက်မှာ ထ
မင်းရည်ပူ လျက်ရစေတော့ဟူသည် သီချင်းထဲမှာပဲ ရှိသည်။
( ၄ ) ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းဆက်ဆံဖို့၊ လူဝင်ဆံ့ဖို့လည်းလို
အပ်ပါသည်။
( ၅ ) စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့လိုအပ်သကဲ့သို့ အကျင့်
စာရိတ္တကောင်းမွန်သူဖြစ်ရန်လည်း အရေးကြီးသည်။
အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး “ ပါသုံးပါ၊
ချာသုံးချာ၊ ကွာသုံးကွာ”
ဟူသော ရှေးရိုးစဉ်လာ စကားမှာလည်း မှတ်သားလိုက်နာဖွယ်ကောင်းလှသည်။၎င်းတို့မှာ..

“ ပါသုံးပါ “ ဟူသည်
( ၁ ) အကြွေးတွေပါလာသူ၊
( ၂ ) ရောဂါဘယ ပါလာသူ၊
( ၃ ) အပိုစားမည့်သူ ပါလာသူ၊

“ ချာသုံးချာ “ ဟူသည်
( ၁ ) ပညာအရည်အချင်း နုံချာသူ၊
( ၂ ) အကျင့်စာရိတ္တ နုံချာသူ၊
( ၃ ) အလုပ်အကိုင် နုံချာသူ၊

“ ကွာသုံးကွာ “ ဟူသည်
( ၁ ) တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ၊
( ၂ ) အယူဝါဒမတူ ကွာခြားသူ၊
( ၃ ) စိတ်သဘောမတူ ကွာခြားသူတို့ဖြစ်ကြသည်။

ရှေးလူကြီးသူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့် မကိုက်ညီသော အိမ်
ထောင်ရေးများသည် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်တတ်ကြပြီး၊ ကိုက်ညီသော အိမ်ထောင်ရေး
များသည် များသောအားဖြင့် အဆင်ပြေချောမွေ့ပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရှိကြသည်ဟု
ဆိုသည်။

Credit : shwemantarlaywaiyan
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top