iMyanmarHouse.com - Best Property Website for Myanmar
×

ေအာ္ဂဲနစ္အသီးအရြက္ပဲျဖစ္ျဖစ္ ဘက္တီးရီးယားပုိးအႏၱရာယ္ေတြ ေလ်ာ့နည္းေအာင္ ေသခ်ာေဆးေၾကာသန္႔စင္ေပးဖုိ႔ အေရးၾကီးပါတယ္။ ဘက္တီးရီးယားပိုး၊ ဖေယာင္းနဲ႔ ပုိးသတ္ေဆးအက်န္ေတြ ဖယ္ရွားဖုိ႔အတြက္ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးဝလံေတြကို ေသခ်ာေရေဆးဖုိ႔ သိေကာင္းစရာ (၆) ခုရိွပါတယ္။

၁။ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္းရြက္ေတြ တန္းခ်က္မစားေသးပဲ  သိမ္းဆည္းထားမယ္ဆုိရင္ေတာ့ သိမ္းဆည္းခါနီး ေရေဆးျခင္းက ပုပ္သိုးျမန္ျပီး ဘက္တီးရီးယားဖြံ႕ျဖိဳးမႈ ပိုမိုအားေပးပါတယ္။

၂။  အျပင္ဘက္မွာ ကပ္ေနႏုိင္တဲ့ ပိုးသတ္ေဆးအၾကြင္းအက်န္နဲ႔ ဘက္တီးရီးယားပိုးေတြကို ဖယ္ရွားဖုိ႔အတြက္ ေကာ္ပီထုပ္၊ တရုတ္နံနံၾကီး၊ ဆလတ္ရြက္နဲ႔ တျခားဟင္းသီးဟင္းရြက္ေတြရဲ႕ အေပၚယံအလႊာေတြ ျဖတ္ထုတ္ေပးသင့္ပါတယ္။

၃။ ဆလတ္ရြက္စတဲ့ ဟင္းသီးဟင္းရြက္စိမ္းေတြကို တစ္ရြက္ခ်င္း ေရေဆးေပးတာ အေကာင္းဆုံးပါပဲ။ အရမ္းၾကီးတဲ့ အရြက္ေတြကို ခြဲျပီး ေရနဲ႔ စိမ္ပါ။ ခဏေလးစိမ္ျပီးရင္ ေရနဲ႔ ေဆးခ်ႏုိင္ပါတယ္။ ျပီးေတာ့ ေရေတြ စင္ေအာင္ ခါထုတ္ေပးရပါမယ္။

၄။ ရွာလကာရည္က ဗိုင္းရပ္စ္၊ ဘက္တီးရီးယားေတြ ေသေစျပီး ဖေယာင္းေတြ ခြ်တ္ခ်ေပးႏုိင္ပါတယ္။ ရွာလကာရည္က ဗိုင္းရပ္စ္ ၉၅% နဲ႔ ဘက္တီးရီးယား ၉၀% ေလ်ာ့နည္းေစေၾကာင္း ေလ့လာမႈေတြက ေဖာ္ျပခဲ့ပါတယ္။

၅။ တရုတ္မုန္လာ၊ အာလူး၊ ပန္းသီး၊ မုန္လာဥနီ၊ သခြားသီးစတဲ့ အစားအစာတုိ႔ကို ေသခ်ာေရေဆးျပီး ဘက္တီးယားပိုးနဲ႔ ဖေယာင္းေတြ ခြ်တ္ဖုိ႔ brush နဲ႔ပြတ္ေပးပါ။

၆။ ဖရဲသီးလုိ အသီးေတြကို ေသခ်ာေရေဆးသင့္ပါတယ္။ ဘာလုိ႔လဲဆုိေတာ့ ခြဲလိုက္တဲ့ခါမွာ အခြံေတြ အသားနဲ႔ ထိေတြ႔မိျပီး ဘက္တီးရီးယားပုိးေတြ ကူးႏုိင္လုိ႔ပဲ ျဖစ္ပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အော်ဂဲနစ်အသီးအရွက်ပဲဖြစ်ဖြစ် ဘက်တီးရီးယားပိုးအန္တရာယ်တွေ လျော့နည်းအောင် သေချာဆေးကြောသန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ဘက်တီးရီးယားပိုး၊ ဖယောင်းနဲ့ ပိုးသတ်ဆေးအကျန်တွေ ဖယ်ရှားဖို့အတွက် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို သေချာရေဆေးဖို့ သိကောင်းစရာ (၆) ခုရှိပါတယ်။

၁။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ တန်းချက်မစားသေးပဲ  သိမ်းဆည်းထားမယ်ဆိုရင်တော့ သိမ်းဆည်းခါနီး ရေဆေးခြင်းက ပုပ်သိုးမြန်ပြီး ဘက်တီးရီးယားဖွံ့ဖြိုးမှု ပိုမိုအားပေးပါတယ်။

၂။  အပြင်ဘက်မှာ ကပ်နေနိုင်တဲ့ ပိုးသတ်ဆေးအကြွင်းအကျန်နဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားဖို့အတွက် ကော်ပီထုပ်၊ တရုတ်နံနံကြီး၊ ဆလတ်ရွက်နဲ့ တခြားဟင်းသီးဟင်းရွက်တွေရဲ့ အပေါ်ယံအလွှာတွေ ဖြတ်ထုတ်ပေးသင့်ပါတယ်။

၃။ ဆလတ်ရွက်စတဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေကို တစ်ရွက်ချင်း ရေဆေးပေးတာ အကောင်းဆုံးပါပဲ။ အရမ်းကြီးတဲ့ အရွက်တွေကို ခွဲပြီး ရေနဲ့ စိမ်ပါ။ ခဏလေးစိမ်ပြီးရင် ရေနဲ့ ဆေးချနိုင်ပါတယ်။ ပြီးတော့ ရေတွေ စင်အောင် ခါထုတ်ပေးရပါမယ်။

၄။ ရှာလကာရည်က ဗိုင်းရပ်စ်၊ ဘက်တီးရီးယားတွေ သေစေပြီး ဖယောင်းတွေ ချွတ်ချပေးနိုင်ပါတယ်။ ရှာလကာရည်က ဗိုင်းရပ်စ် ၉၅% နဲ့ ဘက်တီးရီးယား ၉၀% လျော့နည်းစေကြောင်း လေ့လာမှုတွေက ဖော်ပြခဲ့ပါတယ်။

၅။ တရုတ်မုန်လာ၊ အာလူး၊ ပန်းသီး၊ မုန်လာဥနီ၊ သခွားသီးစတဲ့ အစားအစာတို့ကို သေချာရေဆေးပြီး ဘက်တီးယားပိုးနဲ့ ဖယောင်းတွေ ချွတ်ဖို့ brush နဲ့ပွတ်ပေးပါ။

၆။ ဖရဲသီးလို အသီးတွေကို သေချာရေဆေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခွဲလိုက်တဲ့ခါမှာ အခွံတွေ အသားနဲ့ ထိတွေ့မိပြီး ဘက်တီးရီးယားပိုးတွေ ကူးနိုင်လို့ပဲ ဖြစ်ပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top