iMyanmarHouse.com - Best Property Website for Myanmar
×

သင့္လက္ေခ်ာင္းေတြထဲက လက္သူၾကြယ္ရဲ႕ အတုိအရွည္ကို ၾကည့္ျပီး သင္ဘယ္လိုလူမ်ိဳးလဲဆိုတာ ေဘးလူတစ္ဦးက ခန္႕မွန္းႏိုင္ပါတယ္။ ဒီလိုခန္႕မွန္းႏိုင္ဖုိ႕  လက္ညႈိး နဲ႕ ႏႈိင္းယွဥ္ ရမွာ ျဖစ္ပါတယ္။ သူတုိ႕ထက္ တုိေနရင္၊ ရွည္ေနရင္၊ ညီတူျဖစ္နရင္ ဘယ္လိုစရိုက္လကၡဏာ ရွိသလဲဆိုတာ ေျပာျပေပးသြားပါမယ္။

၁။သင့္ရဲ႔လက္သူၾကြယ္ဟာ လက္ညႈိးထက္ ရွည္ေနမယ္ဆုိရင္

သင္ဟာ သင္တုိ႕အုပ္စုထဲမွာေတာ့ တစ္ခုခုဆုိရင္ စိတ္အားထက္သန္စြာ လုပ္ေဆာင္တတ္ျပီး ယံုၾကည္စိတ္ခ်ရတဲ့ သူတစ္ေယာက္ပါ။ သင့္သူငယ္ခ်င္းေတြဟာ သူတုိ႕ျပသနာတစ္ခုခုတက္တာနဲ႕ သင့္ဆီကိုသာ အေျပးလာတတ္ၾကတယ္။ ေနာက္တစ္ဖက္က ျပန္ေတြးရင္ေတာ့ သင္ဟာ တစ္ခါတစ္ေလ စိတ္လိုက္မာန္ပါျဖစ္သြားတတ္တာမ်ိဳး၊ ရန္လိုတတ္တဲ့အခ်ိန္ေတြလည္း ရွိေနတတ္ပါတယ္။

၂။သင့္ရဲ႕လက္သူၾကြယ္ဟာ လက္ညႈိးထက္ တိုေနမယ္ဆုိရင္

သတင္းေကာင္းပါပဲ။ ဒါက ဘာကိုျပေနသလဲဆိုရင္ သင္ဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိတဲ့သူ၊ အရာရာကို ဆံုးျဖတ္ႏိုင္စြမ္းရွိသူနဲ႕ အလုပ္ၾကိဳးစားသူတစ္ေယာက္ျဖစ္တယ္လို႕ ဆုိပါတယ္။ တစ္ခါတစ္ေလ အထီးက်န္ဆန္သလို ခံစားေနရတတ္ေပမယ့္ ဒါကလည္း သင့္ကိုယ္သင္တိုးတက္ေအာင္ တြန္းအားေပးေနတာေၾကာင့္ ခံစားေနရတာမ်ိဳးပါ။

၃။သင့္ရဲ႕လက္သူၾကြယ္ဟာ လက္ညႈိးနဲ႕ အရွည္အတူတူပဲဆုိရင္

သင္ဟာ ေအးေဆးေနတတ္တဲ့သူ တစ္ေယာက္ျဖစ္ျပီး ထိပ္တိုက္ရင္ဆုိင္ရတဲ့အရာမ်ိဳးေတြ မုန္းတဲ့သူပါ။ ဒါေပမယ့္ သင္ဟာအမွားလုပ္ဖုိ႕ ၀န္ေလးတတ္သလို ၿငိမ္းခ်မ္းေရးကို တန္ဖိုးထားတတ္သူပါတဲ့။ ဒီလိုလူမ်ိဳးဟာ ကိုယ့္အတြက္ ကိုယ္ရပ္တည္သြားဖုိ႕၊ ကိုယ့္အခြင့္အေရးအတြက္ ရပ္တည္ျပဖုိ႕ ဘယ္ေတာ့မွ ေနာက္တြန္႕မေနတတ္ဘူးလို႕လည္း ဆိုထားပါတယ္။

Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်လက်ချောင်းတွေထဲက လက်သူကြွယ်ရဲ့ အတိုအရှည်ကို ကြည့်ပြီး သင်ဘယ်လိုလူမျိုးလဲဆိုတာ ဘေးလူတစ်ဦးက ခန့်မှန်းနိုင်ပါတယ်။ ဒီလိုခန့်မှန်းနိုင်ဖို့  လက်ညှိုး နဲ့ နှိုင်းယှဉ် ရမှာ ဖြစ်ပါတယ်။ သူတို့ထက် တိုနေရင်၊ ရှည်နေရင်၊ ညီတူဖြစ်နရင် ဘယ်လိုစရိုက်လက္ခဏာ ရှိသလဲဆိုတာ ပြောပြပေးသွားပါမယ်။

၁။သင့်ရဲ့လက်သူကြွယ်ဟာ လက်ညှိုးထက် ရှည်နေမယ်ဆိုရင်

သင်ဟာ သင်တို့အုပ်စုထဲမှာတော့ တစ်ခုခုဆိုရင် စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်ပြီး ယုံကြည်စိတ်ချရတဲ့ သူတစ်ယောက်ပါ။ သင့်သူငယ်ချင်းတွေဟာ သူတို့ပြသနာတစ်ခုခုတက်တာနဲ့ သင့်ဆီကိုသာ အပြေးလာတတ်ကြတယ်။ နောက်တစ်ဖက်က ပြန်တွေးရင်တော့ သင်ဟာ တစ်ခါတစ်လေ စိတ်လိုက်မာန်ပါဖြစ်သွားတတ်တာမျိုး၊ ရန်လိုတတ်တဲ့အချိန်တွေလည်း ရှိနေတတ်ပါတယ်။

၂။သင့်ရဲ့လက်သူကြွယ်ဟာ လက်ညှိုးထက် တိုနေမယ်ဆိုရင်

သတင်းကောင်းပါပဲ။ ဒါက ဘာကိုပြနေသလဲဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ အရာရာကို ဆုံးဖြတ်နိုင်စွမ်းရှိသူနဲ့ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ခါတစ်လေ အထီးကျန်ဆန်သလို ခံစားနေရတတ်ပေမယ့် ဒါကလည်း သင့်ကိုယ်သင်တိုးတက်အောင် တွန်းအားပေးနေတာကြောင့် ခံစားနေရတာမျိုးပါ။

၃။သင့်ရဲ့လက်သူကြွယ်ဟာ လက်ညှိုးနဲ့ အရှည်အတူတူပဲဆိုရင်

သင်ဟာ အေးဆေးနေတတ်တဲ့သူ တစ်ယောက်ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ရတဲ့အရာမျိုးတွေ မုန်းတဲ့သူပါ။ ဒါပေမယ့် သင်ဟာအမှားလုပ်ဖို့ ဝန်လေးတတ်သလို ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ်သူပါတဲ့။ ဒီလိုလူမျိုးဟာ ကိုယ့်အတွက် ကိုယ်ရပ်တည်သွားဖို့၊ ကိုယ့်အခွင့်အရေးအတွက် ရပ်တည်ပြဖို့ ဘယ်တော့မှ နောက်တွန့်မနေတတ်ဘူးလို့လည်း ဆိုထားပါတယ်။


Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top