iMyanmarHouse.com - Best Property Website for Myanmar
×

Jean Marie လုိ႔ အမည္ရတဲ့ အမ်ိဳးသမီးဟာ ၿဗိတိန္တစ္ခြင္မွာေတာ့ အလြန္ေပၚျပဴလာျဖစ္တဲ့ အေျမႇာင္ဇာတ္လမ္းပုိင္ရွင္ပါ။ သူမကုိ တစ္ခ်ိဳ႕က ဘနဖူး သုိက္တူးတယ္လုိ႔ ဆုိၾကပါတယ္။ တစ္ခ်ိဳ႕က ငိုစားရယ္စားလုိ႔ ေျပာၾကျပန္ပါတယ္။ Jean ဟာ ဒီအေျပာေတြၾကားမွာ ထုသားေပသား က်ခဲ့ပါၿပီ။ သိပ္မမႈေတာ့ပါဘူး။ တကယ္လည္း သူမဟာ ပေရာ္ဖတ္ရွင္နယ္ အေျမႇာင္မယားဘ၀ေတြမွာ ေပ်ာ္ေမြ႕ရင္း စည္းစိမ္သုခဘုံေပၚမွာ စံျမန္းႏုိင္သူတစ္ေယာက္ပါဘဲ။

သူမက အမ်ိဳးသမီးေတြအတြက္ ကိုယ့္ခင္ပြန္းဟာ ဘယ္လုိအေျခအေနပုံစံေတြမွာ ေဖာက္ျပန္ေလ့ရွိသလဲဆုိတာကို အက်ိဳးလုိလားစြာနဲ႔ ရွင္းလင္းေျပာျပခဲ့ပါေသးတယ္။ ဒီအခ်က္ေတြကို သိၿပီး၊ မိမိတုိ႔ ခင္ပြန္းေတြရဲ႕ အမွားလမ္းေၾကာင္းေတြကို အျမန္ထိန္းသိမ္းႏုိင္ဖုိ႔ ရည္ရြယ္တယ္လုိ႔ သိရပါတယ္။ ဒီေတာ့း သိသင့္သိထုိက္တာေလးေတြ သိထားေတာ့ ႀကိဳတင္ကာကြယ္ႏုိင္တာေပါ့။
(၁) ပုံမွန္မဟုတ္ဘဲ ေငြအထြက္ၾကမ္းတဲ့ အေျခအေန

အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ့္ခင္ပြန္းရဲ႕ ေငြ၀င္ေပါက္ကိုပဲ သိထား႐ုံနဲ႔ မရပါဘူး။ ေငြထြက္ေပါက္ကုိလည္း သိထားရပါမယ္။ ေပါင္းေဟာင္းသင္းေဟာင္းနဲ႔ ေတြ႕လုိ႔ ေသာက္လုိက္စားလုိက္ေလာက္က ကိစၥမရွိပါဘူး။ ဒါက သာမန္အေျခအေနပါ။ ဒါေပမယ့္ သာမန္မဟုတ္ဘဲ၊ မသကၤာစရာေကာင္းတဲ့ ေငြထြက္ျခင္းေတြရွိတယ္၊ သင့္ကိုလည္း လွ်ိဳ႕၀ွက္ထားတယ္ဆုိရင္ ေသခ်ာေပါက္ သင့္ခင္ပြန္း ေဖာက္ျပန္ေနပါၿပီ။

(၂) လင္မယားကိစၥမွာ ယခင္ကလုိ ဖြယ္ဖြယ္ရာရာမရွိေတာ့ရင္

အိမ္ေထာင္သည္ဘ၀ရဲ႕ အဓိက သုခခ်မ္းသာဟာ ကာမဂုံခ်မ္းသာပါဘဲ။ ဒါကို စုံတြဲေတာ္ေတာ္မ်ားမ်ား လက္ထပ္ၿပီး သုံးလေလာက္အထိ လက္ခံၾကပါတယ္။ အဲဒီေနာက္ပုိင္းမွာ တျဖည္းျဖည္း က်ဲသြားပါလိမ့္မယ္။ ဒါေပမယ့္ မူကိုေတာ့ သတိထားရမယ္။ သူ တစ္ျခားဆီစိတ္ေရာက္ေနသလား၊ စိတ္ပါလက္ပါ မရွိဘူးလား၊ လင္မယားကိစၥျပဳလုပ္ေနခ်ိန္မွာေတာင္ စိတ္လြင့္ပ်ံ႕ေနတဲ့ သေဘာရွိသလား .. ဒါကိုလည္း မ်က္စိမွိတ္မေနဘဲ အကဲခတ္ၾကည့္ရမွာပါ။
(၃) ဖုန္းကိုယူကုိင္တာ မႀကိဳက္တဲ့လကၡဏာ ျပလာရင္

အမ်ားအားျဖင္ေတာ့ ေနာက္ပုိင္း ေဖာက္ျပန္မႈေတြဟာ ဖုန္းေတြနဲ႔ စတင္ေလ့ရွိပါတယ္။ ဒီဖုန္းေတြထဲမွာ သူတုိ႔ အျခားသူကို သတိမေပးလုိပဲ သိမ္းထားတဲ့ ဖုိင္ေတြပုံေတြ ရွိတတ္ပါတယ္။ ယခင္က လင္နဲ႔မယားရယ္လုိ႔ သူ႕ဖုန္းကိုယ့္ဖုန္း မခြဲဘဲ ကုိင္ျခင္းျပဳျခင္း အဆင္ေျပေနေပမယ့္ ေနာက္ပုိင္းမွာ သူ႕ဖုန္းကို ယူကိုင္တာ မႀကိဳက္တာမ်ိဳးေတြ၊ သင္သိေနတဲ့ Lock မဟုတ္ေတာ့တဲ့ အေနအထားမ်ိဳးေတြမွာ နည္းနည္း စူးစမ္းဖုိ႔ လုိလာတဲ့ သေဘာပါ။

(၄) နဂုိထက္ ပုိၿပီး စတုိင္ထြားရင္၊ ျပင္ျပင္ဆင္ဆင္ လုပ္လာၿပီဆုိရင္

သင့္ခင္ပြန္းအျပင္ထြက္တဲ့အခါ သင္ သတိထားမိေနတဲ့ပုံစံမဟုတ္ပဲ ပုိပုိသာသာေလး ျပင္ဆင္ျခင္း၊ ၿဖီးလိမ္းျခင္းမ်ိဳး ရံဖန္ရံခါေလာက္ လုပ္လာတယ္ဆုိရင္လည္း သံသယျဖစ္ဖြယ္ အေျခေနပါဘဲ။ ရံဖန္ရံခါဆုိတာက သူနဲ႔ တိတ္တိတ္ပုန္းေနတဲ့ အမ်ိဳးသမီးနဲ႔ အၿမဲလုိလုိ မေတြ႕ႏုိင္ေသးတဲ့အေျခအေနမုိ႔ တစ္ခါတေလမွသာ ျပင္ဆင္တာမ်ိဳးဟာ သင့္အတြက္ သတိထားမိစရာ အခ်က္ျဖစ္ပါတယ္။
(၅) ေနစဥ္နီးပါး အလုပ္ျပန္ေနာက္က်ျခင္း

အမ်ိဳးသားေတြကေတာ့ ေျပာတတ္ပါတယ္။ အစည္းအေ၀း တက္ေနရလုိ႔၊ အခ်ိန္ုပိုဆင္းေနရလုိ႔၊ သူငယ္ခ်င္းေတြနဲ႔ စကားလက္ဆုံ က်ေနလုိ႔ ဆုိတဲ့ အေၾကာင္းျပခ်က္ေတြေပါ့။ ဒါေတြကို ဉာဏ္နဲ႔ဆင္ျခင္ၿပီး ယုံသင့္ပါတယ္။ အရင္က ဒီလုိမျဖစ္ဖူးဘူး၊ အခုေနာက္ပိုင္းမွ သူ႕အေၾကာင္းျပခ်က္ေတြက ထပ္လာခဲ့တယ္ဆုိရင္ သင္ ေကာင္းေကာင္း သတိထားရေတာ့မယ့္ အခ်ိန္ပါဘဲ။

Credit: (Shwemom)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Jean Marie လို့ အမည်ရတဲ့ အမျိုးသမီးဟာ ဗြိတိန်တစ်ခွင်မှာတော့ အလွန်ပေါ်ပြူလာဖြစ်တဲ့ အမြှောင်ဇာတ်လမ်းပိုင်ရှင်ပါ။ သူမကို တစ်ချို့က ဘနဖူး သိုက်တူးတယ်လို့ ဆိုကြပါတယ်။ တစ်ချို့က ငိုစားရယ်စားလို့ ပြောကြပြန်ပါတယ်။ Jean ဟာ ဒီအပြောတွေကြားမှာ ထုသားပေသား ကျခဲ့ပါပြီ။ သိပ်မမှုတော့ပါဘူး။ တကယ်လည်း သူမဟာ ပရော်ဖတ်ရှင်နယ် အမြှောင်မယားဘဝတွေမှာ ပျော်မွေ့ရင်း စည်းစိမ်သုခဘုံပေါ်မှာ စံမြန်းနိုင်သူတစ်ယောက်ပါဘဲ။

သူမက အမျိုးသမီးတွေအတွက် ကိုယ့်ခင်ပွန်းဟာ ဘယ်လိုအခြေအနေပုံစံတွေမှာ ဖောက်ပြန်လေ့ရှိသလဲဆိုတာကို အကျိုးလိုလားစွာနဲ့ ရှင်းလင်းပြောပြခဲ့ပါသေးတယ်။ ဒီအချက်တွေကို သိပြီး၊ မိမိတို့ ခင်ပွန်းတွေရဲ့ အမှားလမ်းကြောင်းတွေကို အမြန်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဒီတော့း သိသင့်သိထိုက်တာလေးတွေ သိထားတော့ ကြိုတင်ကာကွယ်နိုင်တာပေါ့။
(၁) ပုံမှန်မဟုတ်ဘဲ ငွေအထွက်ကြမ်းတဲ့ အခြေအနေ

အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ခင်ပွန်းရဲ့ ငွေဝင်ပေါက်ကိုပဲ သိထားရုံနဲ့ မရပါဘူး။ ငွေထွက်ပေါက်ကိုလည်း သိထားရပါမယ်။ ပေါင်းဟောင်းသင်းဟောင်းနဲ့ တွေ့လို့ သောက်လိုက်စားလိုက်လောက်က ကိစ္စမရှိပါဘူး။ ဒါက သာမန်အခြေအနေပါ။ ဒါပေမယ့် သာမန်မဟုတ်ဘဲ၊ မသင်္ကာစရာကောင်းတဲ့ ငွေထွက်ခြင်းတွေရှိတယ်၊ သင့်ကိုလည်း လျှို့ဝှက်ထားတယ်ဆိုရင် သေချာပေါက် သင့်ခင်ပွန်း ဖောက်ပြန်နေပါပြီ။

(၂) လင်မယားကိစ္စမှာ ယခင်ကလို ဖွယ်ဖွယ်ရာရာမရှိတော့ရင်

အိမ်ထောင်သည်ဘဝရဲ့ အဓိက သုခချမ်းသာဟာ ကာမဂုံချမ်းသာပါဘဲ။ ဒါကို စုံတွဲတော်တော်များများ လက်ထပ်ပြီး သုံးလလောက်အထိ လက်ခံကြပါတယ်။ အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်း ကျဲသွားပါလိမ့်မယ်။ ဒါပေမယ့် မူကိုတော့ သတိထားရမယ်။ သူ တစ်ခြားဆီစိတ်ရောက်နေသလား၊ စိတ်ပါလက်ပါ မရှိဘူးလား၊ လင်မယားကိစ္စပြုလုပ်နေချိန်မှာတောင် စိတ်လွင့်ပျံ့နေတဲ့ သဘောရှိသလား .. ဒါကိုလည်း မျက်စိမှိတ်မနေဘဲ အကဲခတ်ကြည့်ရမှာပါ။
(၃) ဖုန်းကိုယူကိုင်တာ မကြိုက်တဲ့လက္ခဏာ ပြလာရင်

အများအားဖြင်တော့ နောက်ပိုင်း ဖောက်ပြန်မှုတွေဟာ ဖုန်းတွေနဲ့ စတင်လေ့ရှိပါတယ်။ ဒီဖုန်းတွေထဲမှာ သူတို့ အခြားသူကို သတိမပေးလိုပဲ သိမ်းထားတဲ့ ဖိုင်တွေပုံတွေ ရှိတတ်ပါတယ်။ ယခင်က လင်နဲ့မယားရယ်လို့ သူ့ဖုန်းကိုယ့်ဖုန်း မခွဲဘဲ ကိုင်ခြင်းပြုခြင်း အဆင်ပြေနေပေမယ့် နောက်ပိုင်းမှာ သူ့ဖုန်းကို ယူကိုင်တာ မကြိုက်တာမျိုးတွေ၊ သင်သိနေတဲ့ Lock မဟုတ်တော့တဲ့ အနေအထားမျိုးတွေမှာ နည်းနည်း စူးစမ်းဖို့ လိုလာတဲ့ သဘောပါ။

(၄) နဂိုထက် ပိုပြီး စတိုင်ထွားရင်၊ ပြင်ပြင်ဆင်ဆင် လုပ်လာပြီဆိုရင်

သင့်ခင်ပွန်းအပြင်ထွက်တဲ့အခါ သင် သတိထားမိနေတဲ့ပုံစံမဟုတ်ပဲ ပိုပိုသာသာလေး ပြင်ဆင်ခြင်း၊ ဖြီးလိမ်းခြင်းမျိုး ရံဖန်ရံခါလောက် လုပ်လာတယ်ဆိုရင်လည်း သံသယဖြစ်ဖွယ် အခြေနေပါဘဲ။ ရံဖန်ရံခါဆိုတာက သူနဲ့ တိတ်တိတ်ပုန်းနေတဲ့ အမျိုးသမီးနဲ့ အမြဲလိုလို မတွေ့နိုင်သေးတဲ့အခြေအနေမို့ တစ်ခါတလေမှသာ ပြင်ဆင်တာမျိုးဟာ သင့်အတွက် သတိထားမိစရာ အချက်ဖြစ်ပါတယ်။
(၅) နေစဉ်နီးပါး အလုပ်ပြန်နောက်ကျခြင်း

အမျိုးသားတွေကတော့ ပြောတတ်ပါတယ်။ အစည်းအဝေး တက်နေရလို့၊ အချိန်ုပိုဆင်းနေရလို့၊ သူငယ်ချင်းတွေနဲ့ စကားလက်ဆုံ ကျနေလို့ ဆိုတဲ့ အကြောင်းပြချက်တွေပေါ့။ ဒါတွေကို ဉာဏ်နဲ့ဆင်ခြင်ပြီး ယုံသင့်ပါတယ်။ အရင်က ဒီလိုမဖြစ်ဖူးဘူး၊ အခုနောက်ပိုင်းမှ သူ့အကြောင်းပြချက်တွေက ထပ်လာခဲ့တယ်ဆိုရင် သင် ကောင်းကောင်း သတိထားရတော့မယ့် အချိန်ပါဘဲ။

Credit: (Shwemom)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top