iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူျဖစ္ၿပီဆုိတာနဲ႔ နမ္းခြင့္ ေအာ္တုိမက္တစ္ ရတာမ်ိဳးမဟုတ္ပါဘူး။ ဒါေပမယ့္ တစ္ခါတေလေတာ့ ခ်စ္သူမျဖစ္ခင္ကတည္းက အနမ္းေတြနဲ႔ လြန္က်ဴးထားၾကသူေတြေတာ့ ရွိႏုိင္ေကာင္းပါတယ္။ တကယ္ေတာ့ အနမ္းဆုိတာ ႏွစ္ဦးသေဘာတူတဲ့အခ်ိန္မ်ိဳးမွာ ဦးဦးဖ်ားဖ်ား နမ္းရျခင္းသာ ပုိၿပီး ျမတ္တယ္လုိ႔ ဆုိရမွာပါ။ ဒီေတာ့ ခ်စ္သူကုိ နမ္းလုိစိတ္ ျဖစ္ေနၿပီဆုိရင္ သိထားသင့္တဲ့ အခ်က္ကေလးေတြ ေျပာျပခ်င္ပါတယ္။

(၁) သီးသန္႔ရွိခ်ိန္ကို ဂ႐ုစုိက္ပါ

နမ္းမယ္ဆုိ အရင္ဆုံး ေသခ်ာေအာင္ လုပ္ရမွာက လူ ရွင္းမရွင္း ပတ္၀န္းက်င္ကို အကဲခတ္ပါ။ ဒီလုိ မဟုတ္ပဲ န႐ူးမူးထုိး သြားနမ္းလုိ႔ ဟုိဘက္က ဒူးစာေကၽြးရင္ ကိုယ့္အျပစ္နဲ႔ ကို္ယ္ေနာ္။ ဒီေတာ့ လူရွင္းၿပီဆုိရင္ နမ္းလုိ႔ရၿပီလား … မနမ္းပါေသးနဲ႔ဦး … ေအာက္မွာ ဖတ္ရန္ေတြ က်န္ပါေသးတယ္။

(၂) အနမ္းအေၾကာင္း မေျပာရ

လူရွင္းၿပီဆုိတာနဲ႔ မ်က္ႏွာႀကီးက ၿပီတီတီ စပ္ၿဖီးၿဖီးႀကီး ျဖစ္မေနဘုိ႔ လုိပါတယ္။ ဒါမွ ကိုယ္က ေျခြတဲ့အနမ္းကို အေျခြခံရသူက ေလးေလးစားစားနဲ႔ ခံယူမွာပါ။ ဒီေတာ့ မ်က္လုံးေတြ၊ အမူအယာေတြ၊ အကုိင္အတြက္ေတြဟာ သူ႕ကုိ သင္က သိပ္
ခ်စ္ေၾကာင္း သူ သိေနပါေစ။ တစ္ခု သတိထားရမွာက …အနမ္းအေၾကာင္း ဆရာႀကီးလုပ္ၿပီး သြားမေျပာပါနဲ႔။ မိန္းကေလးပဲ ရွက္မွာေပါ့ … ေတာ္ၾကာ ဒီယုန္ျမင္လုိ႔ ဒီၿခဳံထြင္တာလား … ေ၀းေ၀းေန … ဆုိရင္ ပြဲက ၿပီးၿပီ။


(၃) နမ္းလုိ႔ရမလား မေမးရ

ေနာက္တစ္ခ်က္ သတိထားရမွာက … ငါ မင္းကုိ နမ္းလုိ႔ရမလား … ဆုိၿပီး မႏၱေလးေစ်းခ်ိဴထဲမွာ ထုိးမုန္႔အစစ္ေတာင္းသလုိ ေတာင္းၾကည့္ဖုိ႔ မသင့္ဘူး။ သူကလည္း ရပါတယ္ရွင္ … အစမ္းသေဘာ နမ္းၾကည့္ပါ ဆုိၿပီး … ကေရကရာေရာင္းသလုိ ႏႈိက္ျမည္းခုိင္းမွာ မဟုတ္တာေတာ့ ေသခ်ာပါတယ္။ ဒီေတာ့ အဲဒီစကားကုိ မေမးမိပါေစနဲ႔ဗ်ာ။

(၄) ပုိၿပီးနီးကပ္ေအာင္ ႀကိဳးစားပါ

နမ္းမယ္လုိ႔ စိတ္ကူးတာနဲ႔ လူႏွစ္ေယာက္ ထပ္ေနေအာင္ ဖက္ထားလုိက္ပါ။ ဒီေလာက္ဆုိရင္ကို သူ႕ဘက္က သေဘာေပါက္ေနေလာက္ပါၿပီ။ သေဘာမေပါက္လည္း ကိုယ္က ေပါက္ေအာင္ လုပ္ေပးရမွာပါ။ ဒီလုိ တင္းတင္းၾကပ္ၾကပ္ ဖက္
ထားရင္းကေန သူမ်က္ႏွာကို အျမတ္တႏုိး စိမ့္စိမ့္ေလး ၾကည့္ေနလုိက္ပါ။ တစ္ခ်ိဳ႕ေကာင္မေလးဆုိရင္ ဒီလုိအေျခအေနမွာ မ်က္လုံးေလးေတြ မွိတ္ၿပီး ေစာင့္ေနၾကၿပီ။

(၅) ခ်ိဳျမျမႏႈတ္ခမ္းတစ္စုံကို စုိက္ၾကည့္ေနလုိက္ပါ

သူ႕ရဲ႕ မဖူးတဖူးေလး ခပ္ဟဟေလး ျဖစ္ေနတဲ့ ႏႈတ္ခမ္းတစ္စုံကုိ ခ်စ္ခင္ႏွစ္သက္စြာ စုိက္ၾကည့္ေနလုိက္ပါ။ ဒီလုိအခ်ိန္ဆုိ ေကာင္မေလးကလည္း အထာနပ္သြားပါၿပီ။ သူ႕ဘက္ကလည္း ရွက္သလုိ ဘာလုိလုိ အမူအယာေလးေတြနဲ႔ အဖက္ခံထားရတဲ့ဆီကေန ႐ုန္းေယာင္ ျပဳပါလိမ့္မယ္ … မစုိးရိမ္ပါနဲ႔ … လႊတ္မေပးပါနဲ႔ … ဒါဟာ သူ႕ ဆႏၵနဲ႔ ဆန္႔က်င္ဘက္ဆုိတာ ေသခ်ာပါတယ္။

(၆) အေကာင္းဆုံးအခ်ိန္

အထက္ပါ အဆင့္ဆင့္ကို ျဖတ္ေက်ာ္ဖုိ႔ အခ်ိန္အားျဖင့္ မိနစ္ပုိင္းေလာက္သာ လုိပါတယ္။ မိမိရဲ႕ ႀကိဳးစားမႈ ထိေရာက္ျခင္းရွိမရွိေပၚမူတည္ၿပီး စကၠန္႔ုပိုင္းအတြင္းမွာလည္း ျဖစ္သြားႏုိင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ သူက ႏႈတ္ခမ္းေလးကို မပြင့္တပြင့္ေလး လုပ္ၿပီး မ်က္လုံးကို မွိတ္လုိက္ခ်ိန္ဟာ ျမန္မာဗြီဒီယုိဇာတ္ကားထဲမွာလုိ ေကာင္းခန္းမွာ မီးျပတ္ခ်ိန္လုိ႔ ဆုိရင္ မမွားပါဘူး။

Credit : (Shwemom)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူဖြစ်ပြီဆိုတာနဲ့ နမ်းခွင့် အော်တိုမက်တစ် ရတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေတော့ ချစ်သူမဖြစ်ခင်ကတည်းက အနမ်းတွေနဲ့ လွန်ကျူးထားကြသူတွေတော့ ရှိနိုင်ကောင်းပါတယ်။ တကယ်တော့ အနမ်းဆိုတာ နှစ်ဦးသဘောတူတဲ့အချိန်မျိုးမှာ ဦးဦးဖျားဖျား နမ်းရခြင်းသာ ပိုပြီး မြတ်တယ်လို့ ဆိုရမှာပါ။ ဒီတော့ ချစ်သူကို နမ်းလိုစိတ် ဖြစ်နေပြီဆိုရင် သိထားသင့်တဲ့ အချက်ကလေးတွေ ပြောပြချင်ပါတယ်။


(၁) သီးသန့်ရှိချိန်ကို ဂရုစိုက်ပါ


နမ်းမယ်ဆို အရင်ဆုံး သေချာအောင် လုပ်ရမှာက လူ ရှင်းမရှင်း ပတ်ဝန်းကျင်ကို အကဲခတ်ပါ။ ဒီလို မဟုတ်ပဲ နရူးမူးထိုး သွားနမ်းလို့ ဟိုဘက်က ဒူးစာကျွေးရင် ကိုယ့်အပြစ်နဲ့ ကိုယ်နော်။ ဒီတော့ လူရှင်းပြီဆိုရင် နမ်းလို့ရပြီလား … မနမ်းပါသေးနဲ့ဦး … အောက်မှာ ဖတ်ရန်တွေ ကျန်ပါသေးတယ်။


(၂) အနမ်းအကြောင်း မပြောရ


လူရှင်းပြီဆိုတာနဲ့ မျက်နှာကြီးက ပြီတီတီ စပ်ဖြီးဖြီးကြီး ဖြစ်မနေဘို့ လိုပါတယ်။ ဒါမှ ကိုယ်က ခြွေတဲ့အနမ်းကို အခြွေခံရသူက လေးလေးစားစားနဲ့ ခံယူမှာပါ။ ဒီတော့ မျက်လုံးတွေ၊ အမူအယာတွေ၊ အကိုင်အတွက်တွေဟာ သူ့ကို သင်က သိပ်

ချစ်ကြောင်း သူ သိနေပါစေ။ တစ်ခု သတိထားရမှာက …အနမ်းအကြောင်း ဆရာကြီးလုပ်ပြီး သွားမပြောပါနဲ့။ မိန်းကလေးပဲ ရှက်မှာပေါ့ … တော်ကြာ ဒီယုန်မြင်လို့ ဒီခြုံထွင်တာလား … ဝေးဝေးနေ … ဆိုရင် ပွဲက ပြီးပြီ။



(၃) နမ်းလို့ရမလား မမေးရ


နောက်တစ်ချက် သတိထားရမှာက … ငါ မင်းကို နမ်းလို့ရမလား … ဆိုပြီး မန္တလေးဈေးချိူထဲမှာ ထိုးမုန့်အစစ်တောင်းသလို တောင်းကြည့်ဖို့ မသင့်ဘူး။ သူကလည်း ရပါတယ်ရှင် … အစမ်းသဘော နမ်းကြည့်ပါ ဆိုပြီး … ကရေကရာရောင်းသလို နှိုက်မြည်းခိုင်းမှာ မဟုတ်တာတော့ သေချာပါတယ်။ ဒီတော့ အဲဒီစကားကို မမေးမိပါစေနဲ့ဗျာ။


(၄) ပိုပြီးနီးကပ်အောင် ကြိုးစားပါ


နမ်းမယ်လို့ စိတ်ကူးတာနဲ့ လူနှစ်ယောက် ထပ်နေအောင် ဖက်ထားလိုက်ပါ။ ဒီလောက်ဆိုရင်ကို သူ့ဘက်က သဘောပေါက်နေလောက်ပါပြီ။ သဘောမပေါက်လည်း ကိုယ်က ပေါက်အောင် လုပ်ပေးရမှာပါ။ ဒီလို တင်းတင်းကြပ်ကြပ် ဖက်

ထားရင်းကနေ သူမျက်နှာကို အမြတ်တနိုး စိမ့်စိမ့်လေး ကြည့်နေလိုက်ပါ။ တစ်ချို့ကောင်မလေးဆိုရင် ဒီလိုအခြေအနေမှာ မျက်လုံးလေးတွေ မှိတ်ပြီး စောင့်နေကြပြီ။


(၅) ချိုမြမြနှုတ်ခမ်းတစ်စုံကို စိုက်ကြည့်နေလိုက်ပါ


သူ့ရဲ့ မဖူးတဖူးလေး ခပ်ဟဟလေး ဖြစ်နေတဲ့ နှုတ်ခမ်းတစ်စုံကို ချစ်ခင်နှစ်သက်စွာ စိုက်ကြည့်နေလိုက်ပါ။ ဒီလိုအချိန်ဆို ကောင်မလေးကလည်း အထာနပ်သွားပါပြီ။ သူ့ဘက်ကလည်း ရှက်သလို ဘာလိုလို အမူအယာလေးတွေနဲ့ အဖက်ခံထားရတဲ့ဆီကနေ ရုန်းယောင် ပြုပါလိမ့်မယ် … မစိုးရိမ်ပါနဲ့ … လွှတ်မပေးပါနဲ့ … ဒါဟာ သူ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဆိုတာ သေချာပါတယ်။


(၆) အကောင်းဆုံးအချိန်


အထက်ပါ အဆင့်ဆင့်ကို ဖြတ်ကျော်ဖို့ အချိန်အားဖြင့် မိနစ်ပိုင်းလောက်သာ လိုပါတယ်။ မိမိရဲ့ ကြိုးစားမှု ထိရောက်ခြင်းရှိမရှိပေါ်မူတည်ပြီး စက္ကန့်ုပိုင်းအတွင်းမှာလည်း ဖြစ်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူက နှုတ်ခမ်းလေးကို မပွင့်တပွင့်လေး လုပ်ပြီး မျက်လုံးကို မှိတ်လိုက်ချိန်ဟာ မြန်မာဗွီဒီယိုဇာတ်ကားထဲမှာလို ကောင်းခန်းမှာ မီးပြတ်ချိန်လို့ ဆိုရင် မမှားပါဘူး။


Credit : (Shwemom)



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top