iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူဘ၀မွာ ေယာက္်ားေလးကပဲ ထားသြားတာပဲျဖစ္ျဖစ္၊ မိန္းကေလးကပဲ ထားသြားတာပဲျဖစ္ျဖစ္ က်န္ရစ္ျဖစ္ခဲ့ရသူေတြရင္ထဲမွာ သိပ္ကို နာရပါတယ္။ တစ္ခ်ိဳ႕ကက်ေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ခ်စ္သူအျဖစ္က ရပ္ဆဲၾကတယ္၊ တစ္ခ်ိဳ႕က ဘာရယ္လုိ႔ ဟုတ္တိပတ္တိမရွိဘဲ ခ်စ္သူကို သစ္စိမ္းခ်ိဳး ခ်ိဳးၿပီး ထားရစ္ခဲ့ၾကတယ္။ ဒီေတာ့  ခ်စ္သူ ေကာင္မေလးက ထားသြားတာ ခံရသူေတြဆုိရင္ ေအာက္ပါ အခ်က္ကေလးေတြ လုိက္နာၾကည့္ပါလို႔ တုိက္တြန္းခ်င္ပါတယ္။

(၁) အလုပ္႐ႈပ္ေနလုိက္ပါ

ခ်စ္သူက ထားခဲ့ရင္ အိပ္ယာထဲမွာပဲ ေခြေခါက္ၿပီး သူ႕အေၾကာင္းကို စဥ္းစားမေနစမ္းပါနဲ႔။ အနည္းဆုံး အသည္းကြဲၿပီး ႏွစ္ရက္ေလာက္မွာ ကိုယ့္ကိုယ္ကုိ အရင္အတုိင္း ထိန္းသိမ္းႏုိင္ဖုိ႔ ႀကိဳးစားပါ။ ဒီေတာ့ တစ္ျခား အလုပ္ေတြကို အာ႐ုံပုိ႔ၿပီး သူ႕အေၾကာင္းကို ေမ့ပစ္ပါ။ အလုပ္ေတြ ရႈပ္ေနေလ ပုိေကာင္းေလပဲ။ ဘာမွ လုပ္စရာမရွိရင္ လမ္းေလွ်ာက္ထြက္တာ၊ ခရီး
ထြက္္တာမ်ိဳး လုပ္ပါ … ေမ့ႏုိင္သြားမွာပါ။

(၂) သူငယ္ခ်င္းေတြနဲ႔ ရယ္ရယ္ေမာေမာ အခ်ိန္ျဖဳန္းပါ

သူငယ္ခ်င္းေတြနဲ႔ ဟီးေလးဟားေလး အခ်ိန္ျဖဳန္းဖုိ႔ စီစဥ္ပါ။ သင့္သူငယ္ခ်င္းထဲမွာ 12 ရာသီ အခြက္ေျပာင္တဲ့သူ ရွိေလ သင့္အတြက္ စိတ္ထြက္ေပါက္ေတြ ရၿပီး အဆင္ေျပေလပါဘဲ … တက္ႏုိ္င္ရင္ လက္ဖက္ရည္ေလး ဘာေလး ဒကာခံၿပီး ထားသြားသူကို ေမ့သြားေအာင္လုပ္ေပးတဲ့ သူငယ္ခ်င္းေတြကို ပူေဇာ္ပါ၊ ပ,သ ပါ။

(၃) စိတ္ေပ်ာ္မယ္ထင္တဲ့ဟာ အကုန္လုပ္ပါ

ဒီအခ်ိန္ စည္းဆုိတာ ေလာေလာဆယ္ ထားမေနပါနဲ႔။ ဘာလုပ္ရင္ စိတ္ေပ်ာ္ရမလဲ … ေဘာလုံးကန္၊ ႐ုပ္ရွင္ၾကည့္၊ သူငယ္ခ်င္းေတြကို လိုက္ၿပီး ၾကပ္တာမ်ိဳးေတြ သင့္စိတ္ထဲမွာ ေပ်ာ္ေနတယ္ဆုိရင္ ဒီအခ်ိန္မွာ ခၽြင္းခ်က္အေနနဲ႔ အကုန္လုပ္ပစ္လုိက္ပါ … မေကာင္းတဲ့ ဟာေတြ လုပ္ဖုိ႔ေတာ့ မတုိက္တြန္းပါဘူး။ ေပ်ာ္ဖုိ႔ဆုိတာ မေကာင္းတာလုပ္မွ ေပ်ာ္ရတယ္ဆုိ
ရင္လည္း နည္းလမ္း မမွန္ေသးဘူးေလ။

(၄) သူငယ္ခ်င္းေတြကို သူ႕အေၾကာင္း မေျပာဖုိ႔ ျပတ္ျပတ္သားသားတားျမစ္ပါ

သင့္သူငယ္ခ်င္းေတြက သူ႕အေၾကာင္း တစ္စြန္းတစ္စ ေျပာလာရင္လည္း မ်က္ေထာင့္နီႀကီးနဲ႔ စားပြဲကို ငါးခ်က္ေလာက္႐ုိက္ၿပီး ” မင္းတုိ႔ေကာင္ေတြ ငါ့ကို ခင္ရင္ အဲဒီဟာမအေၾကာင္း တစ္ခြန္းမွ မဟနဲ႔ “ဆုိၿပီး ျပတ္ျပတ္သားသား တားျမစ္ပါ။ ဒီလူေတြလည္း ရွိန္သြားၿပီး သင့္အဆက္ေဟာင္းကို ဒီအေၾကာင္း ေျပာတဲ့အခါ သူ စိတ္ဆုိးရင္ သင္ သူ႕ကုိ တစ္ဂုိးသြင္းႏုိင္
ၿပီမွတ္။


(၅) ဇာတ္လမ္းမွန္သမွ် အကုန္ျဖတ္

သူ႕ ဖုန္းနံပတ္၊ သူ႕ Facebook အေကာင့္ အကုန္ Delete လုပ္ Block လုပ္၊ ဓာတ္ပုံေတြ ဗြီဒီယုိေတြကို ဖုန္းထဲ အေလးခံၿပီး ထည့္မထားေတာ့နဲ႔ ျဖတ္၊ သူ႔နဲ႔ သြားခဲ့ဖူးတဲ့ စားခဲ့ဖူးတဲ့ အစားအစာေတြ ေလာေလာဆယ္ ေျခဦးမလွည့္နဲ႔ ေမ့ထား …
ျဖစ္ႏုိင္ရင္ သူ႕ရဲ႕ မိန္းကေလးသူငယ္ခ်င္းေတြပါ သုံးလေလာက္ အေပါင္းအသင္း မလုပ္ေသးနဲ႔ဦး၊ သူ႕ဘက္က ျပန္ဆက္ခ်င္တဲ့ အရိပ္အေယာင္ျပရင္ သင္က အျခားေကာင္မေလးတစ္ေယာက္ကုိ စိတ္၀င္စားသလုိလုိ သတင္းလႊင့္လုိက္၊ ဒါက သူ႕ကို ပြဲသိမ္းဂုိးသြင္းလုိက္ျခင္းပဲ။

Credit: (Shwemom)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူဘဝမှာ ယောက်ျားလေးကပဲ ထားသွားတာပဲဖြစ်ဖြစ်၊ မိန်းကလေးကပဲ ထားသွားတာပဲဖြစ်ဖြစ် ကျန်ရစ်ဖြစ်ခဲ့ရသူတွေရင်ထဲမှာ သိပ်ကို နာရပါတယ်။ တစ်ချို့ကကျတော့ အကြောင်းအမျိုးမျိုးပြပြီး ချစ်သူအဖြစ်က ရပ်ဆဲကြတယ်၊ တစ်ချို့က ဘာရယ်လို့ ဟုတ်တိပတ်တိမရှိဘဲ ချစ်သူကို သစ်စိမ်းချိုး ချိုးပြီး ထားရစ်ခဲ့ကြတယ်။ ဒီတော့  ချစ်သူ ကောင်မလေးက ထားသွားတာ ခံရသူတွေဆိုရင် အောက်ပါ အချက်ကလေးတွေ လိုက်နာကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

(၁) အလုပ်ရှုပ်နေလိုက်ပါ

ချစ်သူက ထားခဲ့ရင် အိပ်ယာထဲမှာပဲ ခွေခေါက်ပြီး သူ့အကြောင်းကို စဉ်းစားမနေစမ်းပါနဲ့။ အနည်းဆုံး အသည်းကွဲပြီး နှစ်ရက်လောက်မှာ ကိုယ့်ကိုယ်ကို အရင်အတိုင်း ထိန်းသိမ်းနိုင်ဖို့ ကြိုးစားပါ။ ဒီတော့ တစ်ခြား အလုပ်တွေကို အာရုံပို့ပြီး သူ့အကြောင်းကို မေ့ပစ်ပါ။ အလုပ်တွေ ရှုပ်နေလေ ပိုကောင်းလေပဲ။ ဘာမှ လုပ်စရာမရှိရင် လမ်းလျှောက်ထွက်တာ၊ ခရီး
ထွက်တာမျိုး လုပ်ပါ … မေ့နိုင်သွားမှာပါ။

(၂) သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမော အချိန်ဖြုန်းပါ

သူငယ်ချင်းတွေနဲ့ ဟီးလေးဟားလေး အချိန်ဖြုန်းဖို့ စီစဉ်ပါ။ သင့်သူငယ်ချင်းထဲမှာ 12 ရာသီ အခွက်ပြောင်တဲ့သူ ရှိလေ သင့်အတွက် စိတ်ထွက်ပေါက်တွေ ရပြီး အဆင်ပြေလေပါဘဲ … တက်နိုင်ရင် လက်ဖက်ရည်လေး ဘာလေး ဒကာခံပြီး ထားသွားသူကို မေ့သွားအောင်လုပ်ပေးတဲ့ သူငယ်ချင်းတွေကို ပူဇော်ပါ၊ ပ,သ ပါ။

(၃) စိတ်ပျော်မယ်ထင်တဲ့ဟာ အကုန်လုပ်ပါ

ဒီအချိန် စည်းဆိုတာ လောလောဆယ် ထားမနေပါနဲ့။ ဘာလုပ်ရင် စိတ်ပျော်ရမလဲ … ဘောလုံးကန်၊ ရုပ်ရှင်ကြည့်၊ သူငယ်ချင်းတွေကို လိုက်ပြီး ကြပ်တာမျိုးတွေ သင့်စိတ်ထဲမှာ ပျော်နေတယ်ဆိုရင် ဒီအချိန်မှာ ချွင်းချက်အနေနဲ့ အကုန်လုပ်ပစ်လိုက်ပါ … မကောင်းတဲ့ ဟာတွေ လုပ်ဖို့တော့ မတိုက်တွန်းပါဘူး။ ပျော်ဖို့ဆိုတာ မကောင်းတာလုပ်မှ ပျော်ရတယ်ဆို
ရင်လည်း နည်းလမ်း မမှန်သေးဘူးလေ။

(၄) သူငယ်ချင်းတွေကို သူ့အကြောင်း မပြောဖို့ ပြတ်ပြတ်သားသားတားမြစ်ပါ

သင့်သူငယ်ချင်းတွေက သူ့အကြောင်း တစ်စွန်းတစ်စ ပြောလာရင်လည်း မျက်ထောင့်နီကြီးနဲ့ စားပွဲကို ငါးချက်လောက်ရိုက်ပြီး ” မင်းတို့ကောင်တွေ ငါ့ကို ခင်ရင် အဲဒီဟာမအကြောင်း တစ်ခွန်းမှ မဟနဲ့ “ဆိုပြီး ပြတ်ပြတ်သားသား တားမြစ်ပါ။ ဒီလူတွေလည်း ရှိန်သွားပြီး သင့်အဆက်ဟောင်းကို ဒီအကြောင်း ပြောတဲ့အခါ သူ စိတ်ဆိုးရင် သင် သူ့ကို တစ်ဂိုးသွင်းနိုင်
ပြီမှတ်။


(၅) ဇာတ်လမ်းမှန်သမျှ အကုန်ဖြတ်

သူ့ ဖုန်းနံပတ်၊ သူ့ Facebook အကောင့် အကုန် Delete လုပ် Block လုပ်၊ ဓာတ်ပုံတွေ ဗွီဒီယိုတွေကို ဖုန်းထဲ အလေးခံပြီး ထည့်မထားတော့နဲ့ ဖြတ်၊ သူ့နဲ့ သွားခဲ့ဖူးတဲ့ စားခဲ့ဖူးတဲ့ အစားအစာတွေ လောလောဆယ် ခြေဦးမလှည့်နဲ့ မေ့ထား …
ဖြစ်နိုင်ရင် သူ့ရဲ့ မိန်းကလေးသူငယ်ချင်းတွေပါ သုံးလလောက် အပေါင်းအသင်း မလုပ်သေးနဲ့ဦး၊ သူ့ဘက်က ပြန်ဆက်ချင်တဲ့ အရိပ်အယောင်ပြရင် သင်က အခြားကောင်မလေးတစ်ယောက်ကို စိတ်ဝင်စားသလိုလို သတင်းလွှင့်လိုက်၊ ဒါက သူ့ကို ပွဲသိမ်းဂိုးသွင်းလိုက်ခြင်းပဲ။

Credit: (Shwemom)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top