iMyanmarHouse.com - Best Property Website for Myanmar
×

တခါတရံ သံေယာဇဥ္တြယ္တာမႈကို အခ်စ္နဲ႔ ဇေဝဇဝါ ေရာေထြးတတ္ၾကပါတယ္။ သံေယာဇဥ္တြယ္တာ ဘာအမွားမွမရိွေပမယ့္ သံေယာဇဥ္ရဲ႕ ေႏွာင္ဖြဲ႔မႈ ပိုမ်ားေနတဲ့အခါ အခ်စ္ကို ပိုအေလးေပးသင့္ပါတယ္။ အခ်စ္ေရးမွာ သံေယာဇဥ္တြယ္တာမႈကုိ အစပထမပိုင္း ႏွစ္လုိဖြယ္ေကာင္းတဲ့ ေတြ႔ၾကဳံခံစားမႈတစ္ခုလုိ႔ ထင္ရႏိုင္ပါတယ္။

ဒါေပမယ့္ အခ်ိန္ကာလၾကာလာတာနဲ႔အမွ် သံေယာဇဥ္ဟာ စြဲလမ္းမႈအျဖစ္ ေျပာင္းလဲသြားႏိုင္ျပီး မိမိကုိယ္ကုိယ္ ယုံၾကည္မႈနည္းပါးျခင္းနဲ႔ မုန္းတီးမႈလည္း ျဖစ္ေပၚေစႏုိင္ပါတယ္။ အခ်စ္နဲ႔ သံေယာဇဥ္တြယ္တာမႈအေၾကာင္း ထပ္ၾကည့္ရေအာင္။

၁။ တစ္စုံတစ္ဦးနဲ႔ ခ်စ္ၾကိဳက္မိတဲ့အခါ အဲဒီလူအတြက္ အျပဳသေဘာေဆာင္တဲ့ ခံစားခ်က္ေတြသာ ရိွပါလိမ့္မယ္။ ဒါေပမယ့္ တစ္စုံတစ္ဦးကို သံေယာဇဥ္တြယ္တာမိတဲ့အခါ စိုးရိမ္စိတ္၊ ေၾကာက္စိတ္နဲ႔ မိမိကုိယ္ကုိယ္ မယုံၾကည္မႈနည္းပါးမႈေတြ ရိွႏုိင္ပါတယ္။

၂။ ခ်စ္တယ္ဆုိတာ ကုိယ္က်ဳိးမငဲ့ျခင္းထက္ ပိုပါတယ္။ သံေယာဇဥ္တြယ္တာမႈက တစ္ကုိယ္ေကာင္းဆန္ျခင္းတစ္မ်ဳိး ျဖစ္ပါတယ္။ တြယ္တာလြန္းေနရင္ အဲဒီလူကို မိမိအနားမွာပဲ အျမဲတမ္း ရိွေနဖုိ႔ ဆႏၵရိွျဖစ္ေပၚတတ္ပါတယ္။

၃။ ခ်စ္ျမတ္ႏုိးတာက ယဥ္ေက်းသိမ္ေမြ႔ျပီး တစ္ေယာက္ကိုတစ္ေယာက္ တုိးတက္မႈရေအာင္ ေဖးမကူညီေပးပါတယ္။ ဒါေပမယ့္ သံေယာဇဥ္သက္သက္ပဲဆုိရင္ သင့္လက္တြဲေဖာ္ကို ကုိယ္နဲ႔ တစ္လက္မေတာင္ မကြာရိွေစခ်င္ပါလိမ့္မယ္။

၄။ အခ်စ္က လြတ္လပ္မႈကို ေပးပါတယ္။ သံေယာဇဥ္တြယ္တာမႈက်ေတာ့ ရင္အုပ္မကြာ ထားလုိစိတ္ျဖစ္ေစႏုိင္ပါတယ္။ တြယ္တာမႈက်ေတာ့ သင့္လက္တြဲေဖာ္ဟာ အျခားသူတစ္ေယာက္ေယာက္နဲ႔ အခ်ိန္ကုန္ဆုံးေစဖုိ႔ ၾကိဳးစားရင္ေတာင္ အလုိလုိ ယုံၾကည္စိတ္ခ်မႈ ေလ်ာ့သြားတတ္ပါတယ္။

၅။ ခ်စ္ျခင္းေမတၱာက သင့္ကို လက္တြဲေဖာ္အတြက္ ဘာမဆုိ လုပ္ေဆာင္ေစပါတယ္။ ဒါေပမယ့္ သံေယာဇဥ္ကေတာ့ သင့္လက္တြဲေဖာ္ သင့္အနီးအနား ေႏြးေထြးမႈေပးေနရင္ေတာင္ တစ္စုံတစ္ခု လုပ္ေနရသလို ခံစားေစပါတယ္။

၆။ ခ်စ္ျမတ္ႏိုးမႈက ဘဝကို လွပေစျပီး သံေယာဇဥ္တြယ္တာမႈက ေရရွည္မွာ နာက်င္မႈ ေမြးဖြားေပးႏုိင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:trend myanmar

#Unicode Version

တခါတရံ သံယောဇဉ်တွယ်တာမှုကို အချစ်နဲ့ ဇဝေဇဝါ ရောထွေးတတ်ကြပါတယ်။ သံယောဇဉ်တွယ်တာ ဘာအမှားမှမရှိပေမယ့် သံယောဇဉ်ရဲ့ နှောင်ဖွဲ့မှု ပိုများနေတဲ့အခါ အချစ်ကို ပိုအလေးပေးသင့်ပါတယ်။ အချစ်ရေးမှာ သံယောဇဉ်တွယ်တာမှုကို အစပထမပိုင်း နှစ်လိုဖွယ်ကောင်းတဲ့ တွေ့ကြုံခံစားမှုတစ်ခုလို့ ထင်ရနိုင်ပါတယ်။

ဒါပေမယ့် အချိန်ကာလကြာလာတာနဲ့အမျှ သံယောဇဉ်ဟာ စွဲလမ်းမှုအဖြစ် ပြောင်းလဲသွားနိုင်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်းနဲ့ မုန်းတီးမှုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အချစ်နဲ့ သံယောဇဉ်တွယ်တာမှုအကြောင်း ထပ်ကြည့်ရအောင်။

၁။ တစ်စုံတစ်ဦးနဲ့ ချစ်ကြိုက်မိတဲ့အခါ အဲဒီလူအတွက် အပြုသဘောဆောင်တဲ့ ခံစားချက်တွေသာ ရှိပါလိမ့်မယ်။ ဒါပေမယ့် တစ်စုံတစ်ဦးကို သံယောဇဉ်တွယ်တာမိတဲ့အခါ စိုးရိမ်စိတ်၊ ကြောက်စိတ်နဲ့ မိမိကိုယ်ကိုယ် မယုံကြည်မှုနည်းပါးမှုတွေ ရှိနိုင်ပါတယ်။

၂။ ချစ်တယ်ဆိုတာ ကိုယ်ကျိုးမငဲ့ခြင်းထက် ပိုပါတယ်။ သံယောဇဉ်တွယ်တာမှုက တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ တွယ်တာလွန်းနေရင် အဲဒီလူကို မိမိအနားမှာပဲ အမြဲတမ်း ရှိနေဖို့ ဆန္ဒရှိဖြစ်ပေါ်တတ်ပါတယ်။

၃။ ချစ်မြတ်နိုးတာက ယဉ်ကျေးသိမ်မွေ့ပြီး တစ်ယောက်ကိုတစ်ယောက် တိုးတက်မှုရအောင် ဖေးမကူညီပေးပါတယ်။ ဒါပေမယ့် သံယောဇဉ်သက်သက်ပဲဆိုရင် သင့်လက်တွဲဖော်ကို ကိုယ်နဲ့ တစ်လက်မတောင် မကွာရှိစေချင်ပါလိမ့်မယ်။

၄။ အချစ်က လွတ်လပ်မှုကို ပေးပါတယ်။ သံယောဇဉ်တွယ်တာမှုကျတော့ ရင်အုပ်မကွာ ထားလိုစိတ်ဖြစ်စေနိုင်ပါတယ်။ တွယ်တာမှုကျတော့ သင့်လက်တွဲဖော်ဟာ အခြားသူတစ်ယောက်ယောက်နဲ့ အချိန်ကုန်ဆုံးစေဖို့ ကြိုးစားရင်တောင် အလိုလို ယုံကြည်စိတ်ချမှု လျော့သွားတတ်ပါတယ်။

၅။ ချစ်ခြင်းမေတ္တာက သင့်ကို လက်တွဲဖော်အတွက် ဘာမဆို လုပ်ဆောင်စေပါတယ်။ ဒါပေမယ့် သံယောဇဉ်ကတော့ သင့်လက်တွဲဖော် သင့်အနီးအနား နွေးထွေးမှုပေးနေရင်တောင် တစ်စုံတစ်ခု လုပ်နေရသလို ခံစားစေပါတယ်။

၆။ ချစ်မြတ်နိုးမှုက ဘဝကို လှပစေပြီး သံယောဇဉ်တွယ်တာမှုက ရေရှည်မှာ နာကျင်မှု မွေးဖွားပေးနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top