iMyanmarHouse.com - Best Property Website for Myanmar
×

အသားျဖဴတာဟာ မိန္းမေတြအတြက္ လိုလားေတာင္းတအပ္တဲ့ အလွအပ တစ္ခုပဲ ျဖစ္ပါတယ္။ အသားညိဳတဲ့သူေတြ အတြက္ေတာ့ အသားျဖဴဝင္း လွပဖို႔ဆိုတာ ဘဝအတြက္ ႀကိဳးစားရမယ့္ ပန္းတိုင္ တစ္ခုလိုပါပဲ။

အသားျဖဴေစတဲ့ အလွကုန္ေတြ ေပါသလို အသားျဖဴေစတဲ့ သဘာဝျဖစ္နည္းေတြ လည္း ရွိပါတယ္။ အသားျဖဴခ်င္သူမ်ား အတြက္ သိသင့္သိထိုက္စရာ အျဖာျဖာကို ေဖာ္ျပလိုက္ရပါတယ္။

သဘာဝျဖစ္ အသားျဖဴနည္းမ်ား

သဘာဝျဖစ္ ပစၥည္းေတြနဲ႔ အသားျဖဴေအာင္ လုပ္တဲ့နည္းေတြ အရင္ေဖာ္ျပသြားပါမယ္။ ကရိကထလည္း မမ်ား၊ ေစ်းလည္း မကုန္တဲ့ ပစၥည္းေတြနဲ႔ အမ်ားသူငါ လက္လွမ္းမီ သံုးလုိ႔ရတာေတြကို ဦးစားေပး တင္ျပသြားမွာ ျဖစ္ပါတယ္။

လိေမၼာ္ခြံနဲ႔ အသားျဖဴနည္း

လိေမၼာ္သီးအခြံကို ေနပူထဲ လွမ္းေပးပါ။ လံုးလံုးေျခာက္ေသြ႕သြားတဲ့ အခ်ိန္မွာ ႀကိတ္ၿပီး ေပါင္ဒါလို အမုန္႔ျဖစ္သြားေအာင္ လုပ္ပါ။ ၿပီးမွ ႏို႔အစိမ္းနဲ႔ ေရာၿပီး ပ်စ္ခဲေနေအာင္ ေဖ်ာ္ပါ။ အဲဒီ့အရည္ကို အေရျပားကို လိမ္းပါ။ ေန႔စဥ္ လိမ္းေပးပါ။ လိမ္းၿပီးသြားလို႔ အေရျပားေပၚ လံုးလံုး ေျခာက္ေသြ႕သြားတဲ့ အခ်ိန္က်ရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာသန္႔စင္ေပးပါ။

ခရမ္းခ်ဥ္သီးနဲ႔ အလွျပင္မယ္

ခရမ္းခ်ဥ္သီး ၂-၃ လံုးေလာက္ကို ႀကိတ္ၿပီး အရည္ညႇစ္ခ်ပါ။ အဲဒီ့ အရည္ထဲကို သံပရာရည္ တစ္စက္ ႏွစ္စက္ထည့္ၿပီး မ်က္ႏွာကို လိမ္းေပးပါ။ မိနစ္ ႏွစ္ဆယ္ေလာက္ အေျခာက္ထားၿပီးမွ ေဆးေၾကာသန္႔စင္ေပးပါ။ တစ္ေန႔ကို ၂ ႀကိမ္ လုပ္ေပးပါ။ ၁၅ ရက္ကေန ရက္ ၂၀ အတြင္း သိသာထင္ရွားလာပါလိမ့္မယ္။

အမဲကြက္နဲ႔ အစက္အေျပာက္ေတြ ေပ်ာက္ေဆး

အာလူးအစိမ္းတစ္လံုးကို ယူၿပီး ပါးပါးလွီးပါ။ လွီးထားတဲ့ အစိတ္ေလးေတြကို မ်က္ႏွာေပၚ ကပ္ေပးပါ။ မ်က္ႏွာေပၚက မွဲ႔ေျခာက္ေတြ။ တျခားအမဲကြက္ေတြကို ေပ်ာက္ေစပါတယ္။

ေနပူေလာင္အတြက္

ေနပူေလာင္ ခံထားရတဲ့ အသားေရမ်ားအတြက္ နႏြင္းမႈန္႔နဲ႔ သံပုရာရည္ ေရာၿပီး လိမ္းေပးပါ။ ေနေလာင္ဒဏ္ခံရတဲ့ အသားေရေတြအတြက္ အရမ္းေကာင္းပါတယ္။

နႏြင္းကို တျခားအမယ္ပစၥည္းေတြနဲ႔ ေရာစပ္ၿပီး အသံုးျပဳႏုိင္ပါေသးတယ္။ နႏြင္းဟာ အသားေရ ျဖဴဝင္းလွပဖို႔အတြက္ အေကာင္းဆံုး သဘာဝပစၥည္းတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ အိပ္ရာထဲ မဝင္ခင္ တစ္နာရီ အလိုမွာ ႏြားႏို႔ေႏြးေႏြး တစ္ဖန္ခြက္ထဲကို နႏြင္းမႈန္႔ ဇြန္းဝက္ခန္႔(လက္ဖက္ရည္ဇြန္း) ေရာစပ္ေပးပါ။ အခ်ိဳႀကိဳက္ရင္ သၾကား အနည္းငယ္ ထည့္ေပးပါ။ ဒါေပမဲ့ သၾကားနည္းေလ ပိုေကာင္းေလ ျဖစ္ပါတယ္။

အဲဒါကို လအနည္းငယ္ခန္႔ေလာက္ ေသာက္သံုးေပးတာနဲ႔ သိသာထင္ရွားလာပါလိမ့္မယ္။ ဒါေပမဲ့ ပူျပင္းတဲ့ ေႏြရာသီလို ကာလမ်ိဳးမွာေတာ့ ဒီနည္းကို အသံုးမျပဳပါနဲ႔။ နႏြင္းဟာ ကိုယ္တြင္းအပူခ်ိန္ကို ျမႇင့္တင္ေပးတာမို႔ ေအးျမတဲ့ အခ်ိန္ေတြမွာ အသံုးျပဳႏိုင္ပါတယ္။ က်န္တဲ့ အခ်ိန္ေတြမွာေတာ့ စိတ္ခ်လက္ခ် အသံုးျပဳႏုိင္ပါတယ္။

အိမ္တြင္းျဖစ္ အသားျဖဴ Lotion

သခြားသီးအရည္ (စားပြဲတင္ဇြန္း) တစ္ဇြန္းထဲကို သံပရာရည္ တစ္စက္ ႏွစ္စက္ေရာေပးပါ။ သမေအာင္ေရာၿပီးသြားရင္ အဲဒီ့အရည္ကို မ်က္ႏွာနဲ႔ လည္ပင္းကို လိမ္းေပးပါ။ နာရီဝက္ေလာက္ အေျခာက္ခံၿပီးသြားရင္ မပူမေအး ေရေႏြးေႏြးေလးနဲ႔ ေဆးေၾကာ သန္႔စင္ေပးပါ။ ပ်ိဳတို႔ရဲ႕ အသားေရဟာ အရင္ကထက္ ပိုၿပီး ေတာက္ေျပာင ္ရြန္းလဲ့ လာပါလိမ့္မယ္။

အိမ္တြင္းျဖစ္ Facial Mask

ပ်ားရည္တစ္ဇြန္း (စားပြဲတင္ဇြန္း)၊ သေဘၤာသီး အရည္တစ္ဇြန္း (စားပြဲတင္ဇြန္း)တို႔ေရာၿပီး လိမ္းေပးပါ။ ၁၅ မိနစ္ ခန္႔ေစာင့္ၿပီးမွ ေရနဲ႔ ျပန္ေဆးေၾကာေပးပါ။

ေရွာင္ၾကဥ္ရမည့္ အခ်က္မ်ား

အသားျဖဴခ်င္တဲ့သူေတြ ေရွာင္ၾကဥ္ရမယ့္ အခ်က္ေတြ ရွိပါတယ္။ Whitening Product မ်ား ဝယ္ရတာကအစ သတိထားသင့္တဲ့ အခ်က္ေတြ ရွိပါတယ္။

ပ်ိဳတို႔အေနနဲ႔ Whitening Product ေတြ ဝယ္ယူသံုးစြဲတဲ့ အခါမွာ မဝယ္ခင္ ကိုယ့္အသားအေရရဲ႕ အမ်ိဳးအစားကို သိၿပီးမွ အသားအေရ အမ်ိဳးအစား အလိုက္ ေရြးခ်ယ္ဝယ္ယူသံုးစြဲသင့္ပါတယ္။တခ်ိဳ႕အသားျဖဴ အလွကုန္ေတြဟာ အဆီျပန္တဲ့ အသားအေရ၊ ေျခာက္ေသြ႕တဲ့ အသားအေရ အမ်ိဳးအစားေတြနဲ႔ သင့္ေတာ္ျခင္း မရွိလုိ႔ ျဖစ္ပါတယ္။ အဆီမ်ားတဲ့ အစားအစာေတြ၊ ပူစပ္တဲ့ အစားအစာမ်ား၊ ဆီေၾကာ္အစားအစာမ်ားကိုလည္း မစားပါနဲ႔။ ဒီအစားအစာေတြဟာ အေရျပားေပၚက ေရဓာတ္ေျခာက္ခမ္းမႈကို ျဖစ္ေပၚေစၿပီး အေရျပားကုိ ေျခာက္ေသြ႕မည္းကြက္ လာေစပါတယ္။ ဘယ္ေလာက္ပဲ Whitening Product သံုးသံုး၊ အသားျဖဴေဆး သံုးသံုး ကိုယ္ကာယ ေလ့က်င့္ခန္းေတြ မလုပ္လို႔ကေတာ့ အက်ိဳးထိေရာက္မႈ မရွိပါဘူး။ ကာယေလ့က်င့္ခန္းကို ေန႔စဥ္မွန္မွန္ ျပဳလုပ္ေပးသင့္ပါတယ္။ ဒါမွ ေသြးေလလည္ပတ္မႈ ေကာင္းမြန္ၿပီး အသားထဲ ေဆးစိမ့္ဝင္မႈ ပိုမိုျမန္ဆန္ႏိုင္မွာ ျဖစ္ပါတယ္။


Credit:ပ်ိဳေမ၊ေမာင္မယ္မ်ားအာလုံး ျဖဴစင္ေသာအလွမ်ားပုိင္ဆုိင္နုိင္ၾကပါေစ..


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသားဖြူတာဟာ မိန်းမတွေအတွက် လိုလားတောင်းတအပ်တဲ့ အလှအပ တစ်ခုပဲ ဖြစ်ပါတယ်။ အသားညိုတဲ့သူတွေ အတွက်တော့ အသားဖြူဝင်း လှပဖို့ဆိုတာ ဘဝအတွက် ကြိုးစားရမယ့် ပန်းတိုင် တစ်ခုလိုပါပဲ။

အသားဖြူစေတဲ့ အလှကုန်တွေ ပေါသလို အသားဖြူစေတဲ့ သဘာဝဖြစ်နည်းတွေ လည်း ရှိပါတယ်။ အသားဖြူချင်သူများ အတွက် သိသင့်သိထိုက်စရာ အဖြာဖြာကို ဖော်ပြလိုက်ရပါတယ်။

သဘာဝဖြစ် အသားဖြူနည်းများ

သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ ဈေးလည်း မကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

လိမ္မော်ခွံနဲ့ အသားဖြူနည်း

လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်ပြီး ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် လုပ်ပါ။ ပြီးမှ နို့အစိမ်းနဲ့ ရောပြီး ပျစ်ခဲနေအောင် ဖျော်ပါ။ အဲဒီ့အရည်ကို အရေပြားကို လိမ်းပါ။ နေ့စဉ် လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ် လုံးလုံး ခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်

ခရမ်းချဉ်သီး ၂-၃ လုံးလောက်ကို ကြိတ်ပြီး အရည်ညှစ်ချပါ။ အဲဒီ့ အရည်ထဲကို သံပရာရည် တစ်စက် နှစ်စက်ထည့်ပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။ ၁၅ ရက်ကနေ ရက် ၂၀ အတွင်း သိသာထင်ရှားလာပါလိမ့်မယ်။

အမဲကွက်နဲ့ အစက်အပြောက်တွေ ပျောက်ဆေး

အာလူးအစိမ်းတစ်လုံးကို ယူပြီး ပါးပါးလှီးပါ။ လှီးထားတဲ့ အစိတ်လေးတွေကို မျက်နှာပေါ် ကပ်ပေးပါ။ မျက်နှာပေါ်က မှဲ့ခြောက်တွေ။ တခြားအမဲကွက်တွေကို ပျောက်စေပါတယ်။

နေပူလောင်အတွက်

နေပူလောင် ခံထားရတဲ့ အသားရေများအတွက် နနွင်းမှုန့်နဲ့ သံပုရာရည် ရောပြီး လိမ်းပေးပါ။ နေလောင်ဒဏ်ခံရတဲ့ အသားရေတွေအတွက် အရမ်းကောင်းပါတယ်။

နနွင်းကို တခြားအမယ်ပစ္စည်းတွေနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါသေးတယ်။ နနွင်းဟာ အသားရေ ဖြူဝင်းလှပဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အိပ်ရာထဲ မဝင်ခင် တစ်နာရီ အလိုမှာ နွားနို့နွေးနွေး တစ်ဖန်ခွက်ထဲကို နနွင်းမှုန့် ဇွန်းဝက်ခန့်(လက်ဖက်ရည်ဇွန်း) ရောစပ်ပေးပါ။ အချိုကြိုက်ရင် သကြား အနည်းငယ် ထည့်ပေးပါ။ ဒါပေမဲ့ သကြားနည်းလေ ပိုကောင်းလေ ဖြစ်ပါတယ်။

အဲဒါကို လအနည်းငယ်ခန့်လောက် သောက်သုံးပေးတာနဲ့ သိသာထင်ရှားလာပါလိမ့်မယ်။ ဒါပေမဲ့ ပူပြင်းတဲ့ နွေရာသီလို ကာလမျိုးမှာတော့ ဒီနည်းကို အသုံးမပြုပါနဲ့။ နနွင်းဟာ ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးတာမို့ အေးမြတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

အိမ်တွင်းဖြစ် အသားဖြူ Lotion

သခွားသီးအရည် (စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက် နှစ်စက်ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီ့အရည်ကို မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ နာရီဝက်လောက် အခြောက်ခံပြီးသွားရင် မပူမအေး ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ပျိုတို့ရဲ့ အသားရေဟာ အရင်ကထက် ပိုပြီး တောက်ပြောင ်ရွန်းလဲ့ လာပါလိမ့်မယ်။

အိမ်တွင်းဖြစ် Facial Mask

ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ သင်္ဘောသီး အရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)တို့ရောပြီး လိမ်းပေးပါ။ ၁၅ မိနစ် ခန့်စောင့်ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးပါ။

ရှောင်ကြဉ်ရမည့် အချက်များ

အသားဖြူချင်တဲ့သူတွေ ရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။ Whitening Product များ ဝယ်ရတာကအစ သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

ပျိုတို့အနေနဲ့ Whitening Product တွေ ဝယ်ယူသုံးစွဲတဲ့ အခါမှာ မဝယ်ခင် ကိုယ့်အသားအရေရဲ့ အမျိုးအစားကို သိပြီးမှ အသားအရေ အမျိုးအစား အလိုက် ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။တချို့အသားဖြူ အလှကုန်တွေဟာ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားတွေနဲ့ သင့်တော်ခြင်း မရှိလို့ ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ပူစပ်တဲ့ အစားအစာများ၊ ဆီကြော်အစားအစာများကိုလည်း မစားပါနဲ့။ ဒီအစားအစာတွေဟာ အရေပြားပေါ်က ရေဓာတ်ခြောက်ခမ်းမှုကို ဖြစ်ပေါ်စေပြီး အရေပြားကို ခြောက်သွေ့မည်းကွက် လာစေပါတယ်။ ဘယ်လောက်ပဲ Whitening Product သုံးသုံး၊ အသားဖြူဆေး သုံးသုံး ကိုယ်ကာယ လေ့ကျင့်ခန်းတွေ မလုပ်လို့ကတော့ အကျိုးထိရောက်မှု မရှိပါဘူး။ ကာယလေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးလေလည်ပတ်မှု ကောင်းမွန်ပြီး အသားထဲ ဆေးစိမ့်ဝင်မှု ပိုမိုမြန်ဆန်နိုင်မှာ ဖြစ်ပါတယ်။


Credit:ပျိုမေ၊မောင်မယ်များအာလုံး ဖြူစင်သောအလှများပိုင်ဆိုင်နိုင်ကြပါစေ..




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top