iMyanmarHouse.com - Best Property Website for Myanmar
×

(၁) အာဟာရျဖည္႕စြက္ရန္ လိုအပ္ျခင္း

အာဟာရ ညီညႊတ္မွ်တစြာ စားေသာက္ တာက မိန္းမကိုယ္ ေျခာက္ေသြ႔မႈကို ေလ်ာ့နည္း သက္သာေစ ပါတယ္။ သင္စားတဲ့ အစားအေသာက္ထဲမွာ မေဟာ္ မုန္းအီစထ႐ိုဂ်င္ပါဝင္ေအာင္ စားပါ။ ေမ်ာက္ဥ၊ အာလူး၊ တ႐ုတ္နံနံ၊ ေကာက္ႏွံ တစ္ခုလံုး၊ ပန္းသီး၊ တိုဟူးနဲ႔ ဂုန္ေလွ်ာေစ့ စတာေတြထဲက တစ္ခုခုကို သင္ေန႔စဥ္ စားေသာက္တဲ့ အစားအစာထဲမွာ ထည့္ စားေပးပါ။ ဒါ့အျပင္ ခႏၶာကိုယ္မွာ ေရ ဓာတ္ ခန္းေျခာက္မႈ မျဖစ္ေအာင္ ေရဝ ေအာင္ ေသာက္ေပးပါ။

(၂) ဗီတာမင္ႏွင့္ သတၱဳဓာတ္မ်ား ခ်ိဳ႔တဲ့ေနျခင္း

မိန္းမကိုယ္ေျခာက္ေသြ႕ေနပါက ဗီ တာမင္နဲ႔ သတၲဳဓာတ္ေတြ ျဖည့္စြက္ ေသာက္သံုးဖို႔ လိုအပ္ပါတယ္။ ဗီတာမင္ ေအ၊ ဘီ၊ အီး၊ အိုမီဂါ-၃၊ ဇင့္ေတြကို အဓိ က ျဖည့္စြက္ေသာက္သံုးပါ။ ဒီလို ျဖည့္စြက္ေပးတာက အဆစ္ေတြ၊ အရြတ္ေတြ ရဲ႕ လႈပ္ရွားမႈကို ပိုမိုေကာင္းမြန္ေစၿပီး ၾကြက္သားေတြကို ပိုမိုသန္မာေစပါတယ္။ ဗီတာမင္ဘီက မိန္းမကိုယ္ေျခာက္ေသြ႕မႈ ကို ေလ်ာ့နည္းေစၿပီး ဗီတာမင္ေအက မိန္းမကိုယ္လမ္းေၾကာင္းရဲ႕ က်ံဳ႕ႏိုင္ဆန္႔ ႏိုင္အားကို ေကာင္းမြန္ေစပါတယ္။

(၃) က်န္းမာေရးႏွင္႕ ညီညႊတ္ေသာ အမူအက်င္႕မ်ားရွိျခင္း

သင္ရဲ႕ အမူအက်င့္ေတြ ေျပာင္းလဲ လိုက္တာေၾကာင့္ လည္း မိန္းမကိုယ္ ေျခာက္ေသြ႕တာကို ေလ်ာ့နည္းသက္သာ ေစပါတယ္။ အရက္ေသာက္တာ၊ ေကာ္ ဖီအလြန္အကြ်ံေသာက္တာ၊ အခ်ိဳရည္ ေတြ ေသာက္တာကို ေလွ်ာ့ခ်ၿပီး ေရမ်ား မ်ားေသာက္ပါ။ ျဖဴေဖြးေအာင္ အဆင့္ ဆင့္ျပဳျပင္ထားတဲ့ ကာဗိုဟိုက္ဒရိတ္ေတြ က မိန္းမကိုယ္ေျခာက္ေသြ႕မႈကို ျဖစ္ေစ တာေၾကာင့္ ေရွာင္သင့္ပါတယ္။

(၄) ေဆးဝါးအခ်ိဳ ့ေသာက္သံုးေနျခင္း

တခ်ိဳ႕ေဆးဝါးေတြေၾကာင့္လည္း မိန္းမကိုယ္ေျခာက္ေသြ႕တာကို ခံစားရ ႏိုင္ပါတယ္။ အေအးမိႏွာေစးေပ်ာက္ ေဆး၊ ဓာတ္မတည့္တာကို သက္သာေစ တဲ့ေဆးနဲ႔ ပဋိသေႏၶတားေဆးေတြက မိန္းမကိုယ္ေျခာက္ေသြ႕မႈကို ျဖစ္ေစတာ ေၾကာင့္ လိုအပ္ပါက ဆရာဝန္နဲ႔ တိုင္ပင္ ျပသပါ။

(၅) အလြန္အမင္း သန့္စင္ျခင္း

ဘယ္ေရာဂါမဆို ျဖစ္လာမွ ကုသတာထက္ မျဖစ္ခင္က ႀကိဳတင္ကာကြယ္တာက အေကာင္းဆံုးနည္းလမ္းပါ။ အ ေမႊးနံ႔ျပင္းၿပီး ဓာတုပစၥည္းေတြ ပါဝင္တဲ့ မိန္းမကိုယ္ သန္႔စင္ေဆးရည္ေတြကို အလြန္အမင္းသံုးစြဲတာ၊ ေယာနိ လမ္းေၾကာင္း အတြင္းထဲအထိ သန္႔စင္ေဆးေၾကာတာ ေတြကို ေရွာင္ပါ။


Credit:Good Health


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

(၁) အာဟာရဖြည့်စွက်ရန် လိုအပ်ခြင်း

အာဟာရ ညီညွှတ်မျှတစွာ စားသောက် တာက မိန်းမကိုယ် ခြောက်သွေ့မှုကို လျော့နည်း သက်သာစေ ပါတယ်။ သင်စားတဲ့ အစားအသောက်ထဲမှာ မဟော် မုန်းအီစထရိုဂျင်ပါဝင်အောင် စားပါ။ မျောက်ဥ၊ အာလူး၊ တရုတ်နံနံ၊ ကောက်နှံ တစ်ခုလုံး၊ ပန်းသီး၊ တိုဟူးနဲ့ ဂုန်လျှောစေ့ စတာတွေထဲက တစ်ခုခုကို သင်နေ့စဉ် စားသောက်တဲ့ အစားအစာထဲမှာ ထည့် စားပေးပါ။ ဒါ့အပြင် ခန္ဓာကိုယ်မှာ ရေ ဓာတ် ခန်းခြောက်မှု မဖြစ်အောင် ရေဝ အောင် သောက်ပေးပါ။

(၂) ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့နေခြင်း

မိန်းမကိုယ်ခြောက်သွေ့နေပါက ဗီ တာမင်နဲ့ သတ္တုဓာတ်တွေ ဖြည့်စွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ဗီတာမင် အေ၊ ဘီ၊ အီး၊ အိုမီဂါ-၃၊ ဇင့်တွေကို အဓိ က ဖြည့်စွက်သောက်သုံးပါ။ ဒီလို ဖြည့်စွက်ပေးတာက အဆစ်တွေ၊ အရွတ်တွေ ရဲ့ လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေပြီး ကြွက်သားတွေကို ပိုမိုသန်မာစေပါတယ်။ ဗီတာမင်ဘီက မိန်းမကိုယ်ခြောက်သွေ့မှု ကို လျော့နည်းစေပြီး ဗီတာမင်အေက မိန်းမကိုယ်လမ်းကြောင်းရဲ့ ကျုံ့နိုင်ဆန့် နိုင်အားကို ကောင်းမွန်စေပါတယ်။

(၃) ကျန်းမာရေးနှင့် ညီညွှတ်သော အမူအကျင့်များရှိခြင်း

သင်ရဲ့ အမူအကျင့်တွေ ပြောင်းလဲ လိုက်တာကြောင့် လည်း မိန်းမကိုယ် ခြောက်သွေ့တာကို လျော့နည်းသက်သာ စေပါတယ်။ အရက်သောက်တာ၊ ကော် ဖီအလွန်အကျွံသောက်တာ၊ အချိုရည် တွေ သောက်တာကို လျှော့ချပြီး ရေများ များသောက်ပါ။ ဖြူဖွေးအောင် အဆင့် ဆင့်ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ က မိန်းမကိုယ်ခြောက်သွေ့မှုကို ဖြစ်စေ တာကြောင့် ရှောင်သင့်ပါတယ်။

(၄) ဆေးဝါးအချို့သောက်သုံးနေခြင်း

တချို့ဆေးဝါးတွေကြောင့်လည်း မိန်းမကိုယ်ခြောက်သွေ့တာကို ခံစားရ နိုင်ပါတယ်။ အအေးမိနှာစေးပျောက် ဆေး၊ ဓာတ်မတည့်တာကို သက်သာစေ တဲ့ဆေးနဲ့ ပဋိသန္ဓေတားဆေးတွေက မိန်းမကိုယ်ခြောက်သွေ့မှုကို ဖြစ်စေတာ ကြောင့် လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင် ပြသပါ။

(၅) အလွန်အမင်း သန့်စင်ခြင်း

ဘယ်ရောဂါမဆို ဖြစ်လာမှ ကုသတာထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးနည်းလမ်းပါ။ အ မွှေးနံ့ပြင်းပြီး ဓာတုပစ္စည်းတွေ ပါဝင်တဲ့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို အလွန်အမင်းသုံးစွဲတာ၊ ယောနိ လမ်းကြောင်း အတွင်းထဲအထိ သန့်စင်ဆေးကြောတာ တွေကို ရှောင်ပါ။


Credit:Good Health




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top